၂၀၂၂
အားပေးမှုအမွေအနှစ်—ကောက်နုတ်ချက်များ
နိုဝင်ဘာ ၂၀၂၂


လစဉ် လီယဟိုနာ အမှာစကား၊ နိုဝင်ဘာ ၂၀၂၂

အားပေးမှုအမွေအနှစ်

ကောက်နုတ်ချက်များ

ရုပ်ပုံ
လေယာဉ်ပုံရိပ်နှင့် စက္ကူလေယာဉ်

ကျွန်တော့် အမေကပြောခဲ့သလိုပါပဲ တစ်ခုခုခက်ခဲတယ်လို့ ညည်းညူတဲ့အခါ၊ “အို ဟားလ်၊ ဟုတ်တာပေါ့၊ ခက်တာပေါ့။ အဲသလိုပဲဖြစ်ရမှာ။ ဘဝဆိုတာ စာမေးပွဲ တစ်ခုပဲ”

သူမကအဲဒါကို ပြုံးရင်းနဲ့တောင်၊ အဲဒါကို အေးအေးဆေးဆေး ပြောနိုင်ခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် အကြောင်းအရာနှစ်ခုကို သိလို့ပါ။ ရုန်းကန်မှု မည်သို့ပင်ရှိပါစေ၊ သူမ၏ကောင်းကင်ဘုံရှင်အဖနှင့်အတူနေရန် အိမ်ပြန်ဖို့မှာ အရေးကြီးဆုံးအရာဖြစ်ပါတယ်။ သူမရဲ့ ကယ်တင်ရှင်ကို ယုံကြည်ခြင်းအားဖြင့် သူမအဲဒီလိုလုပ်နိုင်တယ်ဆိုတာကိုလည်း သူမသိပါတယ်။

ကျွန်တော်တို့အတွက် သူမ ထားခဲ့တဲ့ အားပေးမှု အမွေအနှစ်ကို မော်ရော်နိုင်း ၇ မှာအကောင်းဆုံးဖော်ပြထားပါတယ်၊ အဲဒီမှာ မော်မုန်က သူ့သား မော်ရော်နိုင်းနဲ့ သူ့လူမျိုးတွေကို အားပေးပါတယ်။

သူက သူတို့၏ကောင်းကင်အိမ်သို့သွားရာလမ်းပေါ်တွင် ရုန်းကန်နေသူများအား အားပေးမှုပြုရာတွင် အောင်မြင်သူအားလုံးနည်းတူ၊ ယေရှုခရစ်တော်ကို ပထမဦးစားပေးပါတယ်။

မော်မုန်ဟာ သိမ်မွေ့အောက်ကျို့ခြင်းကို သူတို့၏ယုံကြည်ခြင်းခိုင်ခံ့မှု၏ သက်သေသာဓကအဖြစ် ရှုမြင်ခဲ့ပါတယ်။

ထို့နောက် မော်မုန်က သူတို့ဟာ ခရစ်တော်ရဲ့ စင်ကြယ်သောမေတ္တာနဲ့ပြည့်နေတဲ့ နှလုံးသားဆုကျေးဇူးကို ရရှိရာလမ်းပေါ်မှာ ရှိကြတဲ့ အကြောင်းကို သက်သေခံခြင်းဖြင့် သူတို့ကို အားပေးပါတယ်။

နောက်ကြောင်းပြန်ကြည့်တဲ့အခါ၊ မေတ္တာဆုကျေးဇူး—ခရစ်တော်ရဲ့စင်ကြယ်တဲ့ချစ်ခြင်းမေတ္တာ—ဟာ ကျွန်တော့်အမေကို အိမ်အပြန်လမ်း ရုန်းကန်မှုမှာ ဘယ်လိုခွန်အား ဖြည့်ပေးခဲ့၊ လမ်းညွှန်ခဲ့ ၊ ပြောင်းလဲပေးခဲ့တယ်ဆိုတာ ကျွန်တော်အခု သိပါပြီ။

ကယ်တင်ရှင်က သင်ရဲ့ ရုန်းကန်မှုတွေကို အသေးစိတ်သိပါတယ်။ ကိုယ်တော်ရှင်က ယုံကြည်ခြင်း၊ မျှော်လင့်ချက်နဲ့ မေတ္တာတွေမှာ ကြီးထွားလာနိုင်တဲ့ သင့်ရဲ့ ကြီးမားတဲ့အလားအလာကို သိပါတယ်။

သင့်ကို ကိုယ်တော်ပေးတဲ့ ပညတ်ချက်တွေနဲ့ ပဋိညာဉ်တွေဟာ သင့်ကို ထိန်းချုပ်ဖို့ စမ်းသပ်မှုတွေမဟုတ်ပါဘူး။ ၎င်းတို့ဟာ ဘုရားသခင်၏ဆုကျေးဇူးအားလုံးကို လက်ခံရရှိစေရန်နှင့် သင့်ကိုချစ်မြတ်နိုးသော၊ ကောင်းကင်ဘုံရှင်အဖနှင့် ကိုယ်တော်ရှင်ထံ ပြန်ပို့ပေးရန် သင့်ကို မြှင့်တင်ပေးတဲ့ ဆုကျေးဇူးတစ်ခုဖြစ်ပါတယ်။

ပုံနှိပ်သည်