၂၀၂၃
ခရစ်တော်ယခုထမြောက်တော်မူပြီ
စက်တင်ဘာ ၂၀၂၃


“ခရစ်တော်ယခုထမြောက်တော်မူပြီ၊“လူငယ်တို့အတွက်ခွန်အား၊ စက်၊ ၂၀၂၃။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ စက်တင်ဘာ ၂၀၂၃

ခရစ်တော်ယခုထမြောက်တော်မူပြီ

ယေရှုခရစ်တော်၏ပြန်လည်ရှင်ပြန်ထမြောက်ခြင်းအကြောင်း၌ ရှင်ပေါလု မည်သည့်အရာကို သင်ကြားခဲ့ကြောင်း လေ့လာပါ။

ရုပ်ပုံ
ရှင်ပြန်ထမြောက်တော်မူသည့် ယေရှုခရစ်တော်

ရှင်ပြန်ထမြောက်တော်မူသည့်ခရစ်တော် ၊ ဝဲလ်ဆင်န် ဂျေ၊ အုန်ဂ် မှ

ခရစ်တော်သည် ယခုသေခြင်းမှ ထမြောက်တော်မူပြီ

ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင်သေခဲ့၏၊ သင်္ချိုင်းဂူတွင် ခေါင်းချခဲ့ပြီး၊ ၃ရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့၏။

အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး

အဦးသီးသောအသီးသည် ဂရိဘာသာစကားတွင် တစ်နှစ်တာ၏ အစောဆုံးသီးနှံကို ဆိုလိုသည်။ ပထမဆုံး ရိတ်သိမ်းရမည့်အသီးဖြစ်ပြီး — နောင်ပွင့်မည့်အသီးတို့၏ ပထမဆုံးဖြစ်သည်။

အိပ်ပျော်သောသူတို့ဆိုသည့်စကားရပ်သည် “သေဆုံးသွားခဲ့ပြီးသော‌သူတို့“ ကိုဆိုလိုသည်။

ယေရှုခရစ်တော်သည် ပထမဆုံးရှင်ပြန်ထမြောက်သူဖြစ်ပြီး၊ သူရှင်ပြန်ထမြောက်ပြီးနောက် လူသားအားလုံး ရှင်ပြန်ထမြောက်ကြလိမ့်မည်။

လူသားအားဖြင့် သေခြင်းသို့ရောက်၏

ဤအရာသည် အာဒံကို ရည်ညွှန်းခြင်းဖြစ်၏။ သူ၏ကျရှုံးခြင်းသည် ဤကမ္ဘာမြေပေါ်သို့လာသည့် လူသားများအားလုံးတို့သေခြင်းသို့ ရောက်ကြရကြောင်းဖြစ်သည်။ (ရှု မောရှေ ၄။)

ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့

ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့သောကြောင့်၊ လူသားအားလုံးတို့ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ဆိုလိုသည်မှာ အသက်ရှင်ခဲ့ကြသောလူများအားလုံး (သို့) နောင်အသက်ရှင်နေထိုင်မည့်လူအားလုံးတို့သည် ရှင်ပြန်ထမြောက်ခြင်းသို့ ရောက်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝိညာဥ်များသည် ခန္ဓာကိုယ်များနှင့် ပြန်ပေါင်းစည်းကြပြီး၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များသည် ပြီးပြည့်စုံပြီး သေခြင်းမရှိရာသို့‌ရောက်ကြလိမ့်မည်။ (ရှု အယ်လမာ ၁၁း၄၃-၄၅ ။)

ပုံနှိပ်သည်