ဧပြီ ၂၀၁၈ တနင်္ဂနွေနေ့ နေ့လည်ပိုင်းကဏ္ဍ တနင်္ဂနွေနေ့ နေ့လည်ပိုင်းကဏ္ဍ ဂျရစ်ဒဗလျူ၊ ဂေါင်ကိုယ်တော်ရှင်ခရစ်တော်ယနေ့ထမြောက်ပြီရှင်ပြန်ထမြောက်တဲ့ ကယ်တင်ရှင်၊ ယေရှုခရစ်တော်အကြောင်းနှင့် ယနေ့ခေတ်သူ၏ပရောဖက်များအကြောင်း မိမိ၏အားကောင်းသောသက်သေကို အယ်လ်ဒါဂေါင်ကဝေငှပါသည်။ ယူလစ်ဆက်ဆောပရောဖက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဟောပြောကြ၏ပရောဖက်များဟာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဦးဆောင်ခံရပြီး၊ ယေရှုခရစ်တော်အကြောင်းသွန်သင်ကြသည်ကို အယ်လ်ဒါဆောက သက်သေခံပါတယ်။ ရပ်ဆဲလ်အမ်၊ နယ်လဆင်အမှုတော်ဆောင်ခြင်းအခြားသူများကို ကြည့်ရှုစောင့်ရှောက်ခြင်းနဲ့ အမှုတော်ဆောင်ခြင်းအတွက်၊ ပိုပြီးသစ်လွင်တဲ့၊ ပိုပြီးသန့်ရှင်းတဲ့နည်းလမ်းကို ဥက္ကဌနယ်လဆင်က စတင်ပါတယ်။ ဂျဖရီ အာ၊ ဟော်လန်“သူတို့နှင့်အတူရှိပြီးခွန်အားဖြည့်ပေးပါ”ကျွန်တော်တို့သည် အခြားသူများကို ဂရုစိုက်ခြင်းနဲ့ အမှုဆောင်ခြင်းအတွက် ပို၍ကတိကဝတ်ထားလာသည်နှင့်အမျှ၊ ခရစ်တော်၏စင်ကြယ်သောချစ်ခြင်းအားဖြင့် တွန်းအားကိုရရှိသင့်ကြောင်း အယ်လဒါဟော်လန်က သွန်သင်ပေးပါသည်။ ဂျင်း ဘီ ဘင်ဟမ်ကယ်တင်ရှင်ပြုတော်မူသကဲ့သို့ အမှုတော်ဆောင်ခြင်းညီအစ်မဘင်ဟမ်က အချင်းချင်းအမှုတော်ဆောင်ခြင်းအကြောင်းကို သွန်သင်ပြီး၊ ရိုးရှင်းသောအပြုအမူများအားဖြင့် ကယ်တင်ရှင်၏ချစ်သောအစေခံခြင်းပုံသက်သေကို ကျွန်မတို့ ဘယ်လိုလိုက်လျှောက်နိုင်သလဲဆိုတဲ့ ပုံသက်သေများပေးပါတယ်။ ဒီးတာ အက်ဖ်၊ ဥဒေါ့လူသားကို ကြည့်ကြလော့သမိုင်းတွင် အကြီးမြတ်ဆုံးနေ့မှာ ကယ်တင်ရှင်က အပြစ်နှင့်သေခြင်းကို အောင်နိုင်သည့်နေ့ဖြစ်ကြောင်း အယ်လဒါ ဥဒေါ့က သက်သေခံပါသည်။ ကျွန်တော်တို့သည် သူဘယ်သူလဲဆိုတာသိမြင်ခြင်းဖြင့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို တွေ့နိုင်ပါသည်။ ဂျရဒ်ကော့စ်လူသာပဓာနအခြားသူများကို ဂရုစိုက်ခြင်းအားဖြင့်၊ ခရစ်တော်၏ အကြီးမြင့်ဆုံးပုံသေက်သေနောက်ကို လိုက်လျှောက်ဖို့ နေ့တိုင်းကြိုးစားကြတဲ့၊ သူ့တပည့်တော်သန်းပေါင်းများစွာရဲ့နေ့စဉ်အပြုအမူများဆီကနေ အသင်းတော်၏ခွန်အားဖြစ်လာကြောင်း သင်းအုပ်ကော့စ်ကသွန်သင်ပါသည်။ ကွန်တင် အယ်လ်၊ ကွတ်ဘုရားသခင်နှင့်တွေ့ဖို့ပြင်ဆင်လော့ကျွန်တော်တို့သည် သာသနာပြုလုပ်ငန်း၊ ဗိမာန်တော်လုပ်ငန်း၊ ထို့အတူ အသင်းတော်အသင်းသားများကို ခွန်အားဖြည့်ပေးခြင်းတို့တွင် မြင့်မြတ်စွာပေးထားသည့် တာဝန်များကို ပြီးပြည့်စေခြင်းအားဖြင့် ဘုရားသခင်နှင့်တွေ့ဖို့ ပြင်ဆင်ကြကြောင်း အယ်လဒါကွတ်က သွန်သင်ပါသည်။ ရပ်ဆဲလ် အမ်၊ နယ်လဆင်ကျွန်တော်တို့အားလုံးဆက်လျှောက်ကြပါစို့ဒီသမိုင်းတွင်တဲ့ ဒီအထွေထွေညီလာခံအမှာစကားများကို လေ့လာဖို့ ကျွန်တော်တို့ကို ဥက္ကဌနယ်လဆင်က တိုက်တွန်းပါသည်။ ဗိမာန်တော်အသစ်ခုနစ်ခုတည်ဆောက်ခြင်းကို သူကြေညာပါသည်။