၂၀၁၉
“လာလော့၊ ငါ့နောက်ကိုလိုက်လော့”
ပထမဥက္ကဌအဖွဲ့အမှာစကား၊ မေ ၂၀၁၉


ပထမဥက္ကဌအဖွဲ့အမှာစကား၊ မေ ၂၀၁၉

“လာလော့၊ ငါ့နောက်ကိုလိုက်လော့”

ကျွန်တော်တို့၏ ကောင်းကင်ဘုံမိဘများနှင့် ကျွန်တော်တို့ချစ်ရသူများထံသို့ပြန်သွားစေနိုင်သည့် ပဋိညာဥ်လမ်းကြောင်းကို လိုက်လျှောက်ရန် ယေရှုခရစ်တော်က ကျွန်တော်တို့ကို ဖိတ်ခေါ်ပါတယ်။

ကျွန်တော်ရဲ့ ချစ်ရပါသော ညီအစ်ကိုမောင်နှမများ ခင်ဗျာ၊ ကျွန်တော့်ဇနီး ဝင်ဒီနဲ့ ကျွန်တော်တို့က ဒီလို ဥပုသ်နေ့ နံနက်ခင်းမှာ ခင်ဗျားတို့နဲ့ အတူရှိနေရလို့ ဝမ်းသာရပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံး အထွေထွေညီလာခံပြီးကတည်းက တော်တော်များများ တိုးတက်ခဲ့ပါတယ်။ ဗိမာန်တော်အသစ်တွေကို ချီလီနိုင်ငံ ကွန်ဆက်ပီယွန်မြို့၊ ကိုလမ်ဘီယာနိုင်ငံ ဘာရန်ကွီလာ၊မြို့နှင့် အီတလီနိုင်ငံ ရောမမြို့တွေမှာ ဆက်ကပ်ထားပါတယ်။ ဒီသန့်ရှင်းစင်ကြယ်သော ပွဲတွေမှာ ဝိညာဉ်တော်၏များစွာသွန်းလောင်းတော်မူခြင်းကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။

မကြာခင်ကပဲ မော်မုန်ကျမ်းကို ဖတ်ပြီး ဝမ်းမြောက်ခြင်းနဲ့ လျှို့ဝှက်ရတနာများကို ကို ရှာတွေ့ထားတဲ့ အမျိုးသမီးတွေ (အမျိုးသား) တွေအတွက် ဝမ်းမြောက်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ ကြုံတွေ့ထားတဲ့ အလွန်တရာအံ့ဩဖွယ်အမှုတွေ အကြောင်း ကိုယ်ရေးမှတ်တမ်းတွေက ကျွန်တော့်ကို လမ်းပြလှုံ့ဆော်ပေးပါတယ်။

ယခုအခါ သင်းထောက်တွေအဖြစ်နဲ့ တနင်္ဂနွေနေ့တိုင်းမှာ ပွဲတော်ကို ထိုက်ထိုက်တန်တန် ဝေငှသူ ၁၁ နှစ်အရွယ် လူငယ်တွေကို ကျွန်တော် အံ့ဩ ချီးကျူးပါတယ်။ သူတို့တတွေဟာ ကျွန်တော်တို့ရဲ့ ၁၁ နှစ်အရွယ်အမျိုးသမီးလူငယ်များနဲ့အတူ ဗိမာန်တော်ဆီသွားကြပါတယ်၊ အဲဒီအမျိုးသမီးလူငယ်များဟာ ယခု စိတ်အားထက်သန်စွာလေ့လာနေကြပြီး၊ အမျိုးသမီးငယ်များအဖြစ် အမှုတော်ဆောင်နေကြပါတယ်။ အမျိုးသားလူငယ်နဲ့အမျိုးသမီးလူငယ်နှစ်မျိုးစလုံးဟာ ယုံကြည်ချက်၊ ကြည်လင်ပြတ်သားမှုတို့ဖြင့် ဧဝံဂေလိတရားတော်အမှန်တရားများကို ဟောပြောနေကြပါတယ်။

အသင်းတော်က ပံ့ပိုးပေးထားတဲ့ အိမ်ဗဟိုပြု သင်ရိုးညွှန်းတမ်းအတိုင်း လိုက်နာရန် မိမိတို့ရဲ့ မိဘတွေနဲ့အတူ လုပ်ကိုင်ရင်း မိမိတို့ရဲ့အိမ်မှာ ဧဝံဂေလိတရားတွေကို သင်ပြပေးဖို့ ကူညီပေးနေတဲ့ ကလေးတွေနဲ့ လူငယ်တွေကြောင့် ကျွန်တော် ဝမ်းသာရပါတယ်။

စနေနေ့ နံနက်ခင်းစောစောတစ်ခုမှာ အသင်းတော်စာအုပ်ကို ဆွဲယူပြီး “ငါ့ဝိညာဉ်ကို အစာကျွေးရမယ်” လို့ အံ့အားသင့်စွာ ပြောခဲ့တဲ့ လေးနှစ်အရွယ် ကလေးငယ် ဘလိတ်ခ်ရဲ့ ဓာတ်ပုံကို ကျွန်တော်တို့ ရထားပါတယ်။

ရုပ်ပုံ
သူ့ဝိညာဉ်ကို အစာကျွေးနေတဲ့ ဘလိတ်ခ်

ဘလိတ်ခ်၊ ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ရှိ သမ္မာတရားများကို ပွဲခံပျော်မွေ့ခြင်းအားဖြင့်မိမိတို့စိတ် ဝိညာဉ်တွေကို အစာကျွေးဖို့ ရွေးချယ်နေတဲ့ သင်နဲ့ တခြားလူတွေကြောင့် ကျွန်တော်တို့ စိတ်လှုပ်ရှားရပါတယ်။ ပြီးတော့ လူများစွာက ဗိမာန်တော်မှာ ဝတ်ပြုပြီး အမှုတော်ဆောင်ရင်းနဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်တွေကို သူတို့ရဲ့ဘဝတွေမှာ ခံယူရရှိနေတာကို သိရလို့ ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်ရပါတယ်။

သင်တို့တော်တော်များများ သိပြီးတဲ့အတိုင်းပါပဲ၊ လွန်ခဲ့တဲ့ သုံးလက ကျွန်တော်တို့ရဲ့ သမီးဝင်ဒီ ဒီလူ့ဇာတိဘဝက ထွက်ခွာသွားတုန်းကဆိုရင် နာကျင်တဲ့ခွဲခွာရခြင်းကို ကျွန်တော်တို့ မိသားစု ကြုံတွေ့ခံစားခဲ့ကြရပါတယ်။ ကင်ဆာဝေဒနာကို တွန်းလှန်နေတဲ့ နောက်ဆုံးနေ့တွေမှာ အဖေနဲ့ သမီး ခွဲခွာခါနီး နှုတ်ဆက်စကား ပြောခွင့်ရတဲ့ ကောင်းချီးကို ကျွန်တော်ခံစားခဲ့ရပါတယ်။

သူ့လက်ကို ဆုပ်ကိုင်ထားရင်း သူ့ကိုဘယ်လောက်ချစ်ကြောင်းနဲ့ သူ့အဖေဖြစ်ရလို့ ဘယ်လောက် ဝမ်းသာရကြောင်း ပြောပြခဲ့ပါတယ်။ ကျွန်တော်ပြောခဲ့တယ်၊ “မင်းဟာ ဗိမာန်တော်မှာ လက်ထပ်ပြီး မင်းရဲ့ ပဋိညာဉ်တွေကို သစ္စာရှိစွာ လေးစားလိုက်နာခဲ့တယ်။ မင်းနဲ့ မင်းရဲ့ အမျိုးသားက ကလေးခုနစ်ယောက် မွေးဖွားပေးပြီးတော့ သူတို့ကို ယေရှုခရစ်တော်ရဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ တပည့်တော်တွေ၊ ရဲရင့်တဲ့ အသင်းသားတွေ၊ ပြီးတော့ ရက်ရောစွာပါဝင်လုပ်ဆောင်တဲ့ နိုင်ငံသားတွေ ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တယ်လေ။ ပြီးတော့ သူတို့တတွေလည်း အရည်အချင်းတူရာ အိမ်ထောင်ဖက်တွေကို ရွေးချယ်ခဲ့ကြတယ်။ မင်းရဲ့ အဖေက မင်းအတွက် အရမ်းကို ဂုဏ်ယူပါတယ်။ မင်းက အဖေ့ဆီကို များစွာသော ဝမ်းမြောက်ခြင်းတွေ ယူလာပေးခဲ့တာပါ။”

သူမကတော့ “ကျေးဇူးပါ၊ အဖေ” လို့ ခပ်တိုးတိုး ပြန်ပြောခဲ့ပါတယ်။

အဲဒါက ကျွန်တော်တို့အတွက် နာကျင်ပြီး မျက်ရည်ကျခဲ့ရတဲ့ အခိုက်အတန့်လေးပါ။ သူမ နေထိုင်ခဲ့တဲ့ ၆၇ နှစ် အတွင်းမှာ၊ ကျွန်တော်တို့ အလုပ် အတူတူ လုပ်ခဲ့ကြတယ်၊ သီချင်းအတူတူ ဆိုခဲ့ကြတယ်၊ ပြီးတော့ မကြာခဏ နှင်းလျှောအတူတူစီးခဲ့ကြတယ်။ ဒါပေမယ့် အဲဒီနေ့ညနေမှာတော့ ပဋိညာဉ်တွေ၊ ဘိသိက်မင်္ဂလာတွေ၊ နာခံခြင်း၊ ယုံကြည်ခြင်း၊ မိသားစု၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနဲ့ ထာဝရအသက်လိုမျိုး အရေးအကြီးဆုံး အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ သမီးကို ကျွန်တော်တို့အင်မတန် လွမ်းပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ကြောင့် သူမအတွက် ကျွန်တော်တို့စိတ်မပူပါဘူး။ ဘုရားသခင်နဲ့ ပြုထားတဲ့ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို ဆက်လက် လေးစားလိုက်နာရင်း သူမနဲ့ တစ်ဖန် ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပြီး ကျွန်တော်တို့ ရှင်သန်နေထိုင်နေပါတယ်။ တစ်ချိန်တည်းမှာပင် ကျွန်တော်တို့က ဒီကမ္ဘာပေါ်မှာ ကိုယ်တော်ရှင်ကို အမှုတော်ဆောင်နေစဉ်မှာ သူမက သုခဘုံမှာ ကိုယ်တော်ရှင်ကို အမှုတော်ဆောင်နေတာပါ။

တကယ်တော့ ကျွန်တော့် ဇနီးနဲ့ ကျွန်တော်တို့ ဒီနှစ်အစောပိုင်းမှာပဲ သုခဘုံဆီ သွားခဲ့ပါသေးတယ်၊ အဲဒါက ကယ်လီဖိုးနီးယားပြည်နယ်က သုခဘုံမြို့လေးပါ။ အဲဒီလို ဖြစ်ပျက်ခဲ့တာကြောင့်၊ အဲဒီနေရာဆီ ကျွန်တော်တို့ စီစဉ်ထားတဲ့ အလည်အပတ်ခရီးက သမီးလေး ဒီကမ္ဘာကနေ ထွက်ခွာသွားပြီး နာရီ ၄၀ ရောက်လာခဲ့ပါတယ်။ အသင်းလူကြီး ကယ်ဗင် ဒဘလျူ ပီရာဆင်နဲ့ သူ့ဇနီး ဂျွန်တို့နဲ့အတူ ကျွန်တော်တို့ကို ချီကို ကယ်လီဖိုးနီးယားပန္နက် သန့်ရှင်းသူများက ထောက်ခံအားပေးကြပါတယ်။ သူတို့ရဲ့ ကြီးမြတ်တဲ့ ယုံကြည်ခြင်းအကြောင်း၊ သူတို့ရဲ့ အမှုတော်ဆောင်ခြင်းအကြောင်း၊ ပြီးတော့ ကယ်လီဖိုးနီးယား သမိုင်းတစ်လျှောက် ပျက်စီးမှုအများဆုံး တောမီးလောင်ခြင်းကြောင့် ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှုများစွာ ရှိနေတဲ့ကြားမှာပင် ဖြစ်ပျက်ခဲ့တဲ့ အလွန်တရာအံ့သြဖွယ်အမှုတွေအကြောင်းတို့ကို ကျွန်တော်တို့ သိခဲ့ရပါတယ်။

အဲဒီမှာရှိနေတုန်း၊ ကျွန်တော်တို့ဟာ ဂျွန်လို့ခေါ်တဲ့ လူငယ်ရဲအရာရှိတစ်ဦးနဲ့ အချိန်တော်တော်ကြာ စကားပြောခဲ့ပါတယ်၊ သူဟာဆိုရင် ရဲရင့်တဲ့ရှေးဦး ကယ်ဆယ်သူများစွာထဲက တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ သုခဘုံမြို့ပေါ်ကို အမှောင်ထုကြီး အုံ့ဆိုင်းလာပြီး မီးတောက်တွေနဲ့ မီးကျီးခဲစတွေက မြို့အနှံ့ အရှိန်နဲ့ကျရောက်လာလို့၊ ကပ်ဆိုးတစ်ခုလိုပဲ၊ အဆောက်အအုံတွေနဲ့ ဥစ္စာပစ္စည်းတွေကို ဝါးမျိုနေတာ ပြာပုံနဲ့ မီးခိုးခေါင်းတိုင် ထီးထီးတို့မှတစ်ပါး ဘာတစ်ခုကိုမျှ ချန်ထားမနေတာကို သူပြန်သတိရခဲ့ပါတယ်။

ရုပ်ပုံ
မီးလောင်ပြီးနောက် အသင်းဝင်များစည်းဝေးရာအဆောင်

ဂျွန်ဟာ ထိတ်လန့်ဖွယ် မီးကျည်မီးကျီးခဲစတွေ လွင့်ပျံနေတဲ့ ထွင်းဖောက်ဖို့ပင်ခက်တဲ့ အမှောင်ထုကြီးကို ၁၅နာရီကြာအောင် ထိုးဖောက်ဝင်ရောက်ပြီး သူ့အသက်ကိုပင် မမှုဘဲ လူတစ်ယောက်ပြီး တစ်ယောက်၊ မိသားစု တစ်စုပြီးတစ်စုကို ဘေးကင်းရာသို့ လွတ်မြောက်စေရန်ကူညီခဲ့ပါတယ်။ အဲဒီလို အားသွန်ခွန်စိုက်လုပ်ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ ဂျွန့်ခေါင်းထဲမှာရှိနေတာကတော့ “ငါ့ မိသားစု ဘယ်မှာလဲ” ဆိုတာပါ။ ကြောက်မက်ဖွယ် မချိတင်ကဲဝေဒနာ အချိန်များစွာ ကြာပြီးနောက်၊ နောက်ဆုံးမှာတော့ သူတို့ရဲ့ ဘေးကင်းတဲ့ လုံခြုံရာသို့ ရွှေ့ပြောင်းခြင်းကို သူမြင်တွေ့ခဲ့ရပါတယ်။

သင်တို့ရဲ့ လူ့ဇာတိဘဝ ကုန်ဆုံးချိန် နီးလာတဲ့အခါ “ငါ့ မိသားစု ဘယ် မှာလဲ” လို့ မေးကောင်းမေးကြမယ့် သင်တို့နဲ့ စကားပြောဖို့ ကျွန်တော့်ကို ဂျွန့်ရဲ့ ကိုယ့်မိသားစုအပေါ်စိုးရိမ်ခြင်းဖြစ်ရပ်က နှိုးဆော်ခဲ့ပါတယ်။ သင့်ရဲ့ လူ့ဇာတိအစမ်းသပ်ခံခြင်းကို သင်ပြီးဆုံးလို့ ဝိညာဉ်လောကကို ဝင်ရောက်မယ့် အဲဒီ လာမယ့်နေ့မှာ၊ “ငါ့ မိသားစု ဘယ် မှာလဲ” ဆိုတဲ့ အဲဒီ စိတ်နှလုံးထိခိုက်ဖွယ် မေးခွန်းနဲ့ သင့်ကို ထိပ်တိုက်ရင်ဆိုင်ရစေမှာဖြစ်ပါတယ်။

ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ ထာဝရအိမ်သို့ အပြန်လမ်းအကြောင်း သင်ပြပေးပါတယ်။ သူဟာ ကျွန်တော်တို့ ကောင်းကင်ဘုံရှင်အဘရဲ့ ထာဝရတိုးတက်မှုအစီအစဉ်ကို ကျွန်တော်တို့အားလုံးထက် ပိုပြီးနားလည်ပါတယ်။ ခြုံငုံပြောရရင် သူဟာ အဲဒါတွေအားလုံးရဲ့ အထိန်းကျောက်ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင်၊ ကျွန်တော်တို့ရဲ့ ကုသသူနဲ့ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် ဖြစ်ပါတယ်။

အာဒံနဲ့ ဧဝကို ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်ခံရပြီးကတည်းက၊ ယေရှုခရစ်တော်ဟာ သူ့လမ်းကြောင်းကိုလိုက်နာဖို့ ရွေးချယ်တဲ့လူအားလုံးကို ကူညီဖို့ သူ့ရဲ့ တန်ခိုးကြီးတဲ့လက်ရုံးတော်ကို ကမ်းပေးခဲ့ပါတယ်။ လူအမျိုးမျိုးမှာ အပြစ်အမျိုးမျိုးရှိတယ်လို့ ကျမ်းစာမှာ အဖန်တလဲလဲ မှတ်တမ်းရှိပေမယ့် သူ့လက်ရုံးတွေကတော့ ဆန့်တန်းထားတုန်းပါပဲ။

ကျွန်တော်တို့တစ်ဦးချင်းစီမှာရှိတဲ့ စိတ်ဝိညာဉ်က မိသားစုချစ်ခြင်းမေတ္တာ ထာဝရတည်မြဲစေဖို့ အလိုအလျောက်တမ်းတနေတာပါ။ သင်တို့ ထာဝရ အတူတူရှိနေချင်ရင် အချစ်ပဲလိုအပ်တယ်ဆိုတဲ့ မျှော်လင့်ချက်အမှားကို အချစ်သီချင်းတွေက ဆက်လက်တွန်းအားပေးပါတယ်။ ယေရှုခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းက လူအားလုံး သေပြီးနောက်မှာ သူတို့ရဲ့ ချစ်ရသူတွေနဲ့ အတူတကွရှိစေဖို့ ကတိပေးတယ်လို့ တစ်ချို့က မှားယွင်းစွာ ယုံကြည်နေကြပါတယ်။

အမှန်တကယ်တော့၊ ကယ်တင်ရှင်ကိုယ်တိုင်က သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းသည် အသက်ရှင်နေထိုင်ဖူးသူတိုင်း ရှင်ပြန်ထမြောက်ပြီး ထာဝရ နေထိုင်သွားနိုင်မယ်လို့ အမှန်တကယ် အခိုင်အမာပြောထားပေမယ့်၊ ချီးမြှောက်ခံရခြင်း အထူးအခွင့်အရေးကို ရလိုပါက နောက်ထပ်များစွာ လိုအပ်ပါတယ်။ ကယ်တင်ခြင်းက တစ်ဦးချင်းကိစ္စဖြစ်ပေမယ့် ချီးမြှောက်ခံရခြင်းက မိသားစုကိစ္စ ဖြစ်ပါတယ်။

ကိုယ်တော်ရှင် ယေရှုခရစ်တော်က သူ့ရဲ့ ပရောဖက်တွေကို ပြောတဲ့စကားလုံးတွေကို နားထောင်ကြည့်ပါ- “ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြုမထားသော၊ ထို့အတူ ဝင်ရောက်မထားသော၊ ထို့အတူ ပေါင်းစည်းမထားသော ပဋိညာဉ်များ၊ သဘောတူညီချက်များ၊ ခံဝန်ချုပ်များ၊ ကျိန်ဆိုခြင်းများ၊ သစ္စာဝတ်များ၊ စီရင်ခြင်းများ၊ ချိတ်ဆက်မှုများ၊ အသင်းအဖွဲ့များ သို့မဟုတ် မျှော်လင့်ချက်အားလုံးတို့သည်… သေခြင်းမှရှင်ပြန်ထမြောက်ရာနှင့် ယင်းနောက်၌ အစွမ်း၊ တန်ခိုး သို့မဟုတ် အင်အား မရှိ၊ အကြောင်းမူကား ဤရည်ရွယ်ချက်အဖို့ ပြုမထားသော သဘောတူညီချက်အားလုံးတို့သည် လူသားတို့သေသောအခါ အဆုံးသတ်ခြင်းရှိပေ၏။”

ဒီလိုဆိုရင်၊ မိသားစုတစ်စု ထာဝရ ချီးမြှောက်ခံရဖို့ ဘာလိုအပ်ပါသလဲ။ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ ပဋိညာဉ်တွေ ပြုလုပ်ခြင်း၊ အဲဒီပဋိညာဉ်တွေကိုစောင့်ထိန်းခြင်း၊ ပြီးတော့ မရှိမဖြစ်လိုအပ်တဲ့ ဘိသိက်မင်္ဂလာများကို လက်ခံရရှိခြင်းတို့အားဖြင့် အဲဒီ အထူးအခွင့်အရေးအတွက် အရည်အချင်း ပြည့်မီကြပါတယ်။

အချိန်စတင်ဖြစ်ပေါ်ကတည်းက ဒါက အမှန်တရားပါ။ ကမ္ဘာကြီးကို စတင်ဖန်တီးပြီးကတည်းက အာဒံနဲ့ ဧဝ၊ နောဧနဲ့ သူ့ဇနီး၊ အေဗရာဟမ်နဲ့ စာရာ၊ လေဟိနဲ့ စာရိယ၊ ပြီးတော့ ယေရှုခရစ်တော်ရဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့အခြား တပည့်တော်တွေအားလုံး ဟာ အလားတူ ပဋိညာဉ်တွေကို ဘုရားသခင်နဲ့ပြုခဲ့ကြပါတယ်။ ကိုယ်တော်ရှင်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ အသင်းတော်ရဲ့ အသင်းသားများအဖြစ်၊ ဒီခေတ်မှာ ကျွန်တော်တို့ပြုလုပ်တဲ့ အလားတူ ဘိသိက်မင်္ဂလာများ၊ ဗတ္တိဇံမှာ၊ ပြီးတော့ ဗိမာန်တော်ထဲမှာ ကျွန်တော်တို့လက်ခံရရှိခဲ့ကြတဲ့ အဲဒီ ပဋိညာဉ်များကို သူတို့ လက်ခံရရှိခဲ့ကြပါတယ်။

ကယ်တင်ရှင်က အားလုံးကို သူ့နောက်၊ ဗတ္တိဇံရေထဲသို့ လိုက်ကြဖို့၊ တစ်ချိန်တည်းမှာပဲ၊ ဗိမာန်တော်ထဲမှာ ဘုရားသခင်နဲ့ နောက်ထပ်ပဋိညာဉ်တွေပြုလုပ်ကြဖို့နဲ့၊ အခြားမရှိမဖြစ်လိုအပ်တဲ့ ဘိသိက်မင်္ဂလာများကို လက်ခံရရှိပြီး သစ္စာရှိကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့မိသားစု များနဲ့အတူ၊ ပြီးတော့ ဘုရားသခင်နဲ့အတူ ထာဝရ ချီးမြှောက်ခံရချင်တယ်ဆိုရင် ဒီအချက်တွေအားလုံး လိုအပ်ပါတယ်။

ကျွန်တော်ချစ်ရပြီး ရိုသေလေးစားရတဲ့ လူများစွာတို့ ကိုယ်တော်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်တာကြောင့် ကျွန်တော့် နှလုံးသားမှာ ပြင်းစွာသောဝေဒနာကို ခံစားရပါတယ်။ “လာ၍၊င့ါနောက်လိုက်ခဲ့လော့” လို့ ယေရှုခရစ်တော်က လက်ယပ်ခေါ်တဲ့အခါ သူ့ရဲ့တောင်းဆိုမှုကို သူတို့ မသိကျိုးကျွန်ပြုကြပါတယ်။”

ဘုရားသခင် ဘာကြောင့်ငိုကြွေးတာလဲဆိုတာကို ကျွန်တော်နားလည်ပါတယ်။ အဲဒီလို သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေအတွက် ကျွန်တော်လည်းငိုကြွေး ရပါတယ်။ သူတို့က ချီးကျူးလောက်အောင်တော်တဲ့ အမျိုးသား အမျိုးသမီးတွေဖြစ်ကြပါတယ်၊ မိသားစုနဲ့ ပြည်သူတွေအတွက်လည်း တာဝန်ကျေကြပါတယ်။ သူတို့ရဲ့ အချိန်၊ စွမ်းအင်နဲ့ အင်အားတွေကို ရက်ရက်ရောရော ပေးကြပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ကမ္ဘာကြီးက ပိုပြီးကောင်းမွန်လာပါတယ်။ ဒါပေမယ့် သူတို့က ဘုရားသခင်နဲ့ ပဋိညာဉ် ပြုဖို့ ရွေးချယ်ကြပါတယ်။ သူတို့ကို သူတို့ရဲ့မိသားစုတွေနဲ့အတူ ချီးမြှောက်ပြီး အတူတကွ နှောင်ဖွဲ့ပေးမယ့် ဘိသိက်မင်္ဂလာတွေကို သူတို့ လက်ခံရရှိမထားပါဘူး။

ကိုယ်တော်ရှင်ရဲ့ ထောက်ကူသောတရားတွေကို အလေးအနက်ပြန်လည်စဉ်းစားကြစေဖို့ သူတို့ဆီကိုသွားပြီး သူတို့ကို ကျွန်တော်ဖိတ်ခေါ်ချင်စမ်းပါဘိခင်ဗျာ။ သူတို့ကို ကယ်တင်ရှင် ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့ခံစားရအောင်၊ပြီးတော့၊ သူတို့ကို ကျွန်တော် ဘယ်လောက် ချစ်တယ်ဆိုတာ သူတို့သိရအောင်၊ ပဋိညာဉ် စောင့်ထိန်းသူ အမျိုးသား အမျိုးသမီးတွေ “ဝမ်းမြောက်မှု အပြည့်အဝ” ကို ဘယ်လိုလက်ခံရရှိသလဲဆိုတာကို သူတို့အသိအမှတ်ပြုလာအောင် ကျွန်တော်ဘယ်လိုမျိုးပြောပြရမလဲလို့ စဉ်းစားခဲ့ပါတယ်။

ဘုရားသခင်နဲ့ ပဋိညာဉ် ပြုဖို့ကိုလည်း ရွေးချယ်တဲ့ အံ့သြလောက်အောင်တော်သူ အမျိုးသား အမျိုးသမီးတွေနဲ့အတူ နေထိုင်ဖို့ တမလွန်ဘဝတွင် နေရာတစ်ခု ရှိ ပေမယ့်၊ ယင်းနေရာက မိသားစုတွေနဲ့ ပြန်လည်စုစည်းပြီး ထာဝရ ရှင်သန်တိုးတက်ဖို့ အထူးအခွင့်အရေးကို ရမယ့် နေရာ ဟုတ်ကြောင်း သူတို့နားလည်ဖို့ လိုပါတယ်။ ယင်းနေရာဟာ အဆုံးမသတ်နိုင်တဲ့ တိုးတက်မှုနဲ့ ပျော်ရွှင်မှုတွေနဲ့အတူ ပျော်ရွှင်မှုအပြည့်အဝကို ခံစားရမယ့် နိုင်ငံတော် ဟုတ်ပါ။ အဲဒီလို ပြီးပြည့်စုံတဲ့ ဘုရားသခင်ရဲ့ ကောင်းချီးတွေဟာ ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ထာဝရခမည်းတော်၊ သူ့သားတော်ယေရှုခရစ်တော် ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ အံ့သြဖွယ်ရာ ထိုက်တန်ပြီး အရည်အချင်းပြည့်မီတဲ့ မိသားစုဝင်တွေနဲ့အတူ ချီးမြှောက်ခံရတဲ့ ကောင်းကင်ဘုံအုပ်စိုးသောနိုင်ငံမှာ နေထိုင်ခြင်းဖြင့်သာ ရောက်လာနိုင်ပါတယ်။

ကျွန်တော့်ရဲ့ ဆိတ်ဆိတ်နေတဲ့ သူငယ်ချင်းတွေကို ပြောချင်လာတာကတော့-

“ဒီဘဝမှာ၊ သင်ဟာ ဘယ်အရာမှာမဆို ဒုတိယ အကောင်းဆုံးနဲ့ ဘယ်တုန်းကမှ ကျေနပ်လက်ခံ မနေခဲ့ပါဘူး။ ဒါပေမယ့်၊ သင်ဟာ ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားကို ထွေးပိုက်ဖို့ ခုခံတာနဲ့အမျှ၊ ဒုတိယ အကောင်းဆုံးနဲ့ကျေနပ်လက်ခံဖို့ ရွေးချယ်နေတာဖြစ်ပါတယ်။

“ကယ်တင်ရှင်က ‘ခမည်းတော်ရဲ့ အိမ်တော်မှာ နေစရာအခန်းများစွာ ရှိတယ်လို့’ ပြောပါတယ်။’၁၀ သို့သော်လည်း၊ သင်ဟာ ဘုရားသခင်နဲ့ ပဋိညာဉ် ပြုဖို့ ရွေးချယ်တာနဲ့အမျှ၊ သင့်ဦးခေါင်းထက်မှာ အမိုးစုတ်နဲ့ ထာဝရကလတစ်လျှောက်လုံး ကျေနပ်လက်ခံနေတာဖြစ်ပါတယ်။ ”

ကျွန်တော့်ရဲ့ ဆိတ်ဆိတ်နေတဲ့ သူငယ်ချင်းတွေကို ယခုလိုထပ်ပြောပြီး ဖိတ်ခေါ်ချင်ပါတယ်။

“သင်၏စိတ်နှလုံးကို ဘုရားသခင်ဆီ သွန်းလောင်းလိုက်ပါ။ ဒီအရာတွေ မှန်မမှန် သူ့ကို မေးမြန်းပါ။ သူ့နှုတ်ကပတ်တော်တွေကို လေ့လာဖို့ အချိန်ယူပါ။ တကယ်ကို လေ့လာလိုက်ပါ။ သင့်မိသားစုကို သင်အမှန်တကယ် ချစ်မြတ်နိုးပြီး သူတို့နဲ့အတူ ထာဝရကာလတစ်လျှောက်လုံးမှာ ချီးမြှောက်ခံရဖို့ ဆန္ဒရှိပါက၊ ဒီ ထာဝရ အမှန်တရားတွေကို သိအောင်လုပ်ပြီး လိုက်နာကျင့်သုံးဖို့ လေးလေးနက်နက်လေ့လာခြင်းနဲ့ ပြင်းပြသော ဆုတောင်းခြင်း တို့အားဖြင့်အဖိုးအခကို ယခုပဲပေးလိုက်ပါ။

“သင်ဟာ ဘုရားသခင်ကို ယုံကြည်မှုရှိမရှိကိုပင် မသေချာပါက၊ အဲဒီကပင် စလိုက်ပါ။ ဘုရားသခင်နဲ့ ကိုယ်တွေ့ကြုံရခြင်းမရှိလျှင် လူတစ်ယောက် ဘုရားသခင်ရဲ့ တည်ရှိမှုကို သံသယရှိနိုင်တာကို နားလည်ပါတယ်။ အဲဒါကြောင့်၊ ဘုရားသခင်နဲ့ ကိုယ်တွေ့ကြုံရဖို့ သင့်ကိုယ်သင် ပြင်ဆင်ပါ။ သင့်ကိုယ်သင် နှိမ့်ချပါ။ သင့်ဘဝနဲ့ သင့် ပတ်ဝန်းကျင်ရှိ လောကသားတို့၌ ဘုရားသခင်ရဲ့ လက်ကို မြင်ရတဲ့မျက်လုံးတွေရှိကြစေဖို့ ဆုတောင်းပါ။ သူတကယ်ရှိမရှိ သင့်ကို သူသိမသိ သူ့ကို မေးပါ။ သင်နဲ့ပတ်သက်လို့ သူဘယ်လို ခံစားရသလဲ မေးပါ။ ပြီးတော့ နားထောင်ပါ။”

ကျွန်တော့်ရဲ့ ချစ်သူငယ်ချင်းတစ်ယောက်ကတော့ ဘုရားသခင်နဲ့ အတိုင်းအတာတစ်ခုအထိ ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် သူက သေသွားပြီးဖြစ်တဲ့ သူ့ဇနီးကိုပဲ တမ်းတနေခဲ့တာပါ။ အဲဒါကြောင့် သူ့ကိုကူညီဖို့ ကျွန်တော့်ကို တောင်းဆိုလာတာပါ။ ကျွန်တော်က သူ့ကို ခရစ်တော်၏ဩဝါဒကို နားလည်ပြီး ဧဝံဂေလိတရား ပဋိညာဉ်တွေ၊ ဘိသိက်မင်္ဂလာတွေနဲ့ ဘုရားသခင်ရဲ့ကောင်းချီးတွေကို လေ့လာဖို့အတွက် ကျွန်တော်တို့ရဲ့ သာသနာပြုတွေနဲ့ တွေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြောတဲ့အတိုင်း သူ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ အကြံပေးတဲ့ လမ်းကြောင်းက သူ့ဘဝမှာ အလွန်များစွာသောပြောင်းလဲမှုတွေကိုလုပ်စေဖို့ လိုအပ်ပါတယ်။ “အဲဒီပညတ်တော်တွေနဲ့ ပဋိညာဉ်တွေက ငါ့အတွက် အရမ်း ခက်ခဲလွန်းတယ်” လို့ သူပြောပါတယ်။ အဲဒါအပြင်၊ ဆယ်ဘို့တစ်ဘို့ကိုကျွန်တော်မပေးနိုင်ဘူး ဘုရားကျောင်းမှာ အမှုတော်ဆောင်ဖို့လည်း အချိန်မရှိဘူး” လို့ သူပြောပါတယ်။ ပြီးတော့ “ကျွန်တော်သေတာနဲ့၊ ကျွန်တော်တို့တတွေ အတူတူရှိနေနိုင်စေဖို့ ကျွန့်တော့ဇနီးနဲ့ ကျွန့်တော့အတွက် လိုအပ်တဲ့ ဗိမာန်တော်အလုပ်ကို ကျေးဇူးပြု၍ လုပ်ပေးပါ” လို့ ကျွန်တော့ကို တောင်းဆိုပါတယ်။

ကံကောင်းစွာနဲ့ပဲ၊ ကျွန်တော်က ဒီလူရဲ့ တရားသူကြီးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီဘဝမှာ ဗတ္တိဇံခံရဖို့၊ ယဇ်ပုရောဟိတ်အခွင့်ပေးခံရဖို့ —လူ့ဇာတိမှာရှိစဉ်တွင်ပင် ယဇ်ပုရောဟိတ်အခွင့်သို့ ခန့်ထားခံရဖို့နဲ့ ဗိမာန်တော် ကောင်းချီးမင်္ဂလာတွေကို လက်ခံရရှိဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အဲဒီလမ်းကြောင်းကို ငြင်းပယ်ဖို့ သိသိကြီးနဲ့ဆုံးဖြတ်ချက်ချခဲ့တဲ့လူအတွက် ကိုယ်စားလှယ် ဗိမာန်တော်အလုပ် လုပ်ပေး ခြင်းရဲ့အစွမ်းကို ကျွန်တော် တကယ်သံသယဖြစ်မိပါတယ်။

ကျွန်တော်ရဲ့ ချစ်ရပါသော ညီအစ်ကိုမောင်နှမများ ခင်ဗျာ၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံ မိဘတွေရှိရာအိမ်သို့ အပြန်လမ်းဖြစ်တဲ့ ပဋိညာဉ်လမ်းကြောင်းအတိုင်းသွားပြီး ချစ်ရတဲ့သူတွေနဲ့ အတူရှိဖို့ ကျွန်တော်တို့ကို ယေရှုခရစ်တော်က ဖိတ်ခေါ်ပါတယ်။ “လာ၍ င့ါနောက်လိုက်ခဲ့လော့” လို့ ကျွန်တော်တို့ကို သူဖိတ်ခေါ်ပါတယ်။

ယခု၊ သူ့အသင်းတော်ရဲ့ ဥက္ကဌအနေနဲ့၊ ကျွန်တော်က သင်တို့၊ ကိုယ့်ကိုယ်ကို ဘုရားကျောင်း နဲ့ဝေးကွာနေစေသူများ၊ ကယ်တင်ရှင်ရဲ့ အသင်းတော်ကို ပြန်လည်ဆောင်ယူပြီးကြောင်း သိရှိဖို့ မကြိုးစားရသေးသူများကို မေတ္တာရပ်ခံပါတယ်။ သင့်ကိုယ်သင် ရှာဖွေတွေ့ရှိဖို့ ဝိညာဉ်ပကတိအလုပ်တွေလုပ်ပါ၊ ကျေးဇူးပြုပြီး ယခုပဲလုပ်ပါ။ အချိန်ကုန်နေပါပြီ။

ဘုရားသခင် အသက်ရှင်တော်မူကြောင်း ကျွန်ုပ် သက်သေခံပါတယ်။ ယေရှုက ခရစ်တော်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘဝတွေကို ယခုနဲ့ တမလွန်မှာ ဝမ်းမြောက်ခြင်းဖြင့် ကောင်းချီးပေးဖို့ သူ့အသင်းတော်နဲ့ သူ့ရဲ့ ဧဝံဂေလိတရားရဲ့ ပြည့်စုံမှုကို ပြန်လည်ဆောင်ယူပြီးပါပြီ။ ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။

ပုံနှိပ်သည်