၂၀၂၀
ခရစ္စမတ်၌ ကယ်တင်ရှင်၏အလင်းကို ဝေငှခြင်း
ဒီဇင်ဘာ ၂၀၂၀


“ခရစ္စမတ်၌ ကယ်တင်ရှင်၏အလင်းကို ဝေငှခြင်း၊” ဒီဇင်ဘာ ၂၀၂၀

ရုပ်ပုံ
အမှုတော်ဆောင်ခြင်း

နီလ်တဇာ ဘီထရစ်ဇ် စန်တီလန် ကက်စတီလို၏ ခရစ်တော်ဖွားမြင်ခန်း ဓာတ်ပုံ။ ဂက်တီပုံရိပ်များမှ လက်ဆောင်ဓာတ်ပုံ

အမှုတော်ဆောင်ခြင်းအခြေခံသဘောတရားများ၊ ဒီဇင်ဘာ ၂၀၂၀

ခရစ္စမတ်၌ ကယ်တင်ရှင်၏အလင်းကို ဝေငှခြင်း

သင်အမှုတော်ဆောင်သူတွေအတွက်စဥ်းစားပါ။ သင်သည် သူတို့အား ဤခရစ္စမတ်၌ ခရစ်တော်နှင့် ပို၍နီးကပ်လာစေရန် မည်သို့ ကူညီနိုင်ပါသနည်း။

ကျွန်တော်တို့ဟာ ကယ်တင်ရှင် ယေရှုခရစ်တော်ကို တစ်နှစ်လုံးအောက်မေ့နေစဉ်မှာ၊ ခရစ္စမတ်ဟာ ရခဲ့ဖူးတဲ့ အကောင်းဆုံးလက်ဆောင်ကို ကျွန်တော်တို့ ချီးကျူးဂုဏ်ပြုတဲ့ကာလဖြစ်ပါတယ်။ “ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏”(ယောဟန် ၃း၁၆)။ ကျွန်တော်တို့ဟာ ခရစ္စမတ်မှာ အမှုတော်ဆောင်ကြတဲ့အခါ၊ အခြားသူတွေကို ကယ်တင်ရှင်နဲ့ ပိုနီးလာစေရာမှာ ကူညီတဲ့ လက်ဆောင်တွေလည်း ပေးနိုင်ကြပါတယ်။ ကောင်းကင်ဘုံရှင်အဘပေးထားတဲ့ အလားတူလက်ဆောင်အဖြစ် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့စဉ်းစားဖို့ဆိုတာ အင်မတန်ကောင်းပါတယ်။

လက်ဆောင်ကို ကျွန်မ ယုယမြတ်နိုးလျက်ရှိပါသေးတယ်

ဆူဇန် ဟာဒီ၊ ကယ်လီဖိုးနီးယား၊ ယူအက်အေ

ကျွန်မ ၁၁ နှစ်သမီးအရွယ်တုန်းက၊ ကျွန်မရဲ့ တနင်္ဂနွေကျောင်းဆရာ၊ ညီအစ်ကို ဒိတ်စ်က ကျွန်မတို့ယုံကြည်ခံယူချက်များကို အလွတ်ကျက်ပြီး၊ ဆိုလိုတဲ့အဓိပ္ပာယ်ကို ရှင်းပြကြမယ်ဆိုလျှင်၊ ကျမ်းစာတစ်စုံစီ ဝယ်ပေးမယ့်အကြောင်း ကျွန်မတို့ အတန်းကိုပြောပြခဲ့ပါတယ်။

ညီအစ်ကိုဒိတ်စ်နဲ့ ညီအစ်မဒိတ်စ်တို့ဟာ ထူထောင်ခါစ စုံတွဲလေးတစ်တွဲဖြစ်ပါတယ်။ ညီအစ်ကို ဒိတ်စ်ဟာ တစ်ယောက်ယောက်အတွက် လက်ဆောင်ဝယ်ပေးဖို့ တတ်နိုင်လိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ပါဘူး။ ဒါပေမယ့် ယုံကြည်ခံယူချက်များဟာ အလွတ်ကျက်ဖို့ အရေးကြီးလောက်တယ်လို့ သူတွေးခဲ့မယ်ဆိုလျှင်၊ စိန်ခေါ်မှုကို လက်ခံမယ်လို့ ကျွန်မဆုံးဖြတ်ခဲ့ပါတယ်။

၁၃ ချက်လုံးကို ကျွန်မ အလွတ်ကျက်ပြီးတဲ့နောက်မှာ၊ အချိန်လည်းကြာသွားခဲ့ပြီး၊ သူ့ကတိကိုလည်း ကျွန်မ မေ့သွားခဲ့ပါတယ်။

အဲဒီနောက်မှာ၊ ခရစ္စမတ်နေ့ကျတော့၊ ကျွန်မအမည်ရေးထားတဲ့ အထုပ်တစ်ထုပ်ကို ကျွန်မ ရရှိခဲ့ပါတယ်။ ကျွန်မ အဲဒီအထုပ်ကို ဖွင့်ကြည့်တဲ့အခါ၊ ကျွန်မတစ်ဦးတည်းအတွက် ကျမ်းစာတစ်စုံ၊ ပုံမှန်လေ့လာဖို့ ကျွန်မကို တိုက်တွန်းတဲ့ ကဒ်တစ်ကဒ်နဲ့ အတူတွေ့ရပါတယ်။ အဲဒါက ၁၉၇၂ ခုနှစ်ကဖြစ်ပါတယ်၊ ယနေ့အထိ ကျွန်မမှာ အဲဒီကျမ်းစာတွေ ရှိနေပါသေးတယ်။ အဲဒါတွေဟာ ကျွန်မအဖို့ အဖိုးတန်ပါတယ်။

လက်ဆောင်ရဲ့ တန်ဖိုးကြောင့်မဟုတ်ပါဘူး၊ ကျွန်မကို ပြတဲ့ သူ့ရဲ့ကြင်နာမှု၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လေ့လာဖို့ ကျွန်မမှာ လေးနက်တဲ့ဆန္ဒနဲ့စွဲကျန်စေခဲ့တဲ့၊ ကျွန်မအတွက် သူပြုလုပ်ဖို့ လိုလိုလားလားရှိခဲ့တဲ့ ပေးဆပ်မှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်မပတ်ဝန်းကျင်ကလူတွေကို အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်တွေပေးခြင်းအားဖြင့် အမှုတော်ဆောင်တဲ့ ညီအစ်ကို ဒိတ်စ်ရဲ့ ပုံသက်သေနောက်ကို လိုက်လျှောက်ဖို့ ကျွန်မကြိုးစားပါတယ်။ ကျွန်မဘဝကို သူကောင်းချီးပေးခဲ့သလိုမျိုး အခြားသူတွေရဲ့ ဘဝတွေကို ကျွန်မကောင်းချီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကဏ္ဍတစ်ခုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခြင်း

ရစ်ချဒ် အမ်၊ ရော်မနီ၊ ယုတ၊ ယူအက်စ်အေ

ကျွန်တော်တို့အသင်းတော်စု ရဲ့ ခရစ္စမတ်ပွဲအစီအစဉ်မှာ ကျွန်တော့ကို တက်ကြွမှုနည်းတဲ့ အသင်းသားတစ်ဦဆီသွားလည်ပြီး၊ အစီအစဉ်မှာ ပါဝင်ရန် ဖိတ်ခေါ်ဖို့ ကျွန်တော့်ကို ခိုင်းတုန်းက ကျွန်တော် လန့်ခဲ့တယ်လို့ ဝန်ခံရမှာဖြစ်ပါတယ်။ ကျွန်တော် ဒါရင်ကို အရင်တုန်းက တစ်ခါတည်းပဲ တွေ့ဖူးတာပါ၊ အစောပိုင်း အသင်းတော်စု လှုပ်ရှားမှုတစ်ခုမှာ သူပါဝင်ခဲ့တုန်းကဖြစ်ပါတယ်။ သူ့နဖူးမှာ မော်တော်ဆိုင်ကယ်ခေါင်းစည်းတစ်ခုကို စည်းထားပါတယ်။ သူ့ရဲ့ ဆံပင်ရှည်ဖြူကို ကြက်တောင်စည်း စည်းထားပါတယ်၊ မုတ်ဆိတ်မွှေးတွေကလည်း ဖြူနေပြီး၊ လက်မောင်းတွေမှာလည်း တက်တူးတွေနဲ့ပြည့်နေပါတယ်။

အခု၊ ကော်မတီအဖွဲ့ဝင်တစ်ဦးနဲ့အတူ၊ ဒါရင်ရဲ့ အိမ်တံခါးဝမှာ ကျွန်တော်ရပ်နေပါပြီ၊ သူဘာများပြောမလဲလို့ တွေးနေမိပါတယ်။ သူက ကျွန်တော်တို့ကို အထဲကို ဝင်ဖို့ခေါ်ပါတယ်၊ ကျွန်တော်တို့ကလည်း ဘာကြောင့်လာတယ်ဆိုတာ သူ့ကို ပြောပြပါတယ်။ “အို့၊ အဲဒါလုပ်ဖို့ ကျွန်တော် ကြိုက်တယ်”လို့သူက ပြောပါတယ်။

သူဟာ အံ့ဩဖွယ်အလုပ်တစ်ခု လုပ်ခဲ့ပါတယ်၊ လူများစွာတို့အတွက် လှုပ်ရှားမှုကို အဓိပ္ပာယ်ရှိစေအောင် ကူညီပေးပါတယ်။ နောက် သိပ်မကြာမီမာ၊ ကျွန်တော့်ရဲ့ အမှုတော်ဆောင်အဖော်နဲ့ ကျွန်တော်တို့ဟာ ဒါရင်ဆီကို ပုံမှန် အလည်လာဖို့ ဖိတ်ကြားခံခဲ့ကြရပါတယ်။ သူဟာ ကျွန်တော်တို့နဲ့တွေ့ဖို့ အမြဲတမ်းဝမ်းသာနေဟန်တူပါတယ်၊ ကျွန်တော်တို့လည်း ကြည်နူးဖွယ်စကားစမြည်အချို့ ပြောခဲ့ကြပါတယ်။ အသင်းတော်စု လှုပ်ရှားမှုအစီအစဉ်မှာ ပါဝင်စေဖို့ သူ့ကို ဖိတ်ခေါ်စေတဲ့ လမ်းပြလှုံ့ဆော်မှုက အလွန်ချစ်စရာဆက်ဆံရေးတစ်ခုဆီကို ပို့ဆောင်ပေးခဲ့တဲ့အတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။

ခရစ္စမတ်၌ အခြားသူများကို အမှုတော်ဆောင်ခြင်း

သင် အမှုတော်ဆောင်တဲ့သူတွေအကြောင်းကို သင်စဉ်းစားနေတဲ့အကြောင်း သူတို့သိစေရန် သေချာစေဖို့ သင်လုပ်ဆောင်နိုင်တဲ့အရာ အချို့ရှိပါတယ်၊ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာပေါ့။

  1. တစ်ခါတစ်လေမှာ ဖုန်းခေါ်ဆိုခြင်းတစ်ခု၊ သို့မဟုတ် စာသားသတင်းစကားတစ်ခုက အံ့ဩဖွယ်အမှုတွေကို ဖြစ်စေပါတယ်။ “ဟိုင်း၊ မင်း အဆင်ပြေရဲ့လား” လို့ဆိုတဲ့ ရိုးရိုးစကားစလေးကနေ ကွဲပြားမှုကို ဖြစ်စေနိုင်ပါတယ်။

  2. သင့်လျော်တဲ့အခါ သူတို့ရဲ့ပွဲတွေမှာ ပါဝင်ဆင်နွှဲပါ။ ခရစ္စမတ်ဟာ ကျွန်တော်တို့တတွေမှာရှိကြတဲ့ ယုံကြည်မှုတွေအကြောင်း သင်ယူဖို့ အချိန်အခါကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ သင်ဟာ ယုံကြည်မှုတွေကို ဝေငှ၊ အခြားသူတွေကို နားထောင်တဲ့အခါ၊ ပိုပြီးနားလည်မှုအတွက် တံခါးကိုဖွင့်ပေးပါတယ်။

  3. သူတို့အတွက် အမည်တပ်ပြီးဆုတောင်းပေးပါ။ သူတို့ကို သားတော်နဲ့ ပိုပြီးနီးရာသို့ ခေါ်ဆောင်ရန် နည်းလမ်းတွေကို စဉ်းစားရာမှာ သင့်ကို ကူညီရန် ကောင်းကင်ဘုံရှင်အဘ ဆီကိုမေးလျှောက်ပါ။

  4. ရိုးရှင်းသောလက်ဆောင်တွေဟာ ခဏဏ အမှတ်ရစရာအကောင်းဆုံးအရာတွေဖြစ်ပါတယ်။ အချစ်ခံရဖို့ လက်ဆောင်တွေကို အကျယ်ချဲ့ရမှာ မဟုတ်ပါဘူး။ အချိန်လက်ဆောင်၊ နားထောင်ခြင်းလက်ဆောင်၊ ဓာတ်ပုံတစ်ပုံ သို့မဟုတ် အမှတ်တရ တစ်ခုကို ဝေငှခြင်း—ဒါတွေအားလုံးဟာ နှလုံးသားက လာတဲ့ လက်ဆောင်တွေ ဖြစ်နိုင်ပါတယ်။

  5. သက်သေခံခြင်းလက်ဆောင်ကို ပေးပါ။ ကယ်တင်ရှင်အပေါ် သူတို့ရဲ့ ချစ်ခြင်းကို သင်နှင့် ဝေငှဖို့ တောင်းဆိုပါ၊ ပြီးတော့ ကိုယ်တော်အတွက် သင်ရဲ့ချစ်ခြင်းကို သူတို့နဲ့ဝေငှဖို့ ကမ်းလှမ်းပါ။

  6. ခရစ္စမတ်ပွဲတစ်ခုကို တက်ရောက်ဖို့ အခြားသူတွေကို ဖိတ်ခေါ်ပါ။ အချို့သူတွေဟာ ကိုးကွယ်လိုကြသော်လည်း ဘယ်ကိုသွားရမှန်းမသိကြပါဘူး။ သင်နဲ့အတူ ကိုးကွယ်ဖို့ သူတို့ကို ဖိတ်ခေါ်ပါ။

  7. သူတို့အိမ်ကို ငြိမ်းချမ်းခြင်းနဲ့ ပြည့်စေပါ။ သာသနာပြုတွေမှာ ဝေငှနိုင်တဲ့ ခရစ္စမတ်အထူးသတင်းစကားတစ်ခုရှိကြောင်း သူတို့သိပါစေ၊ သူတို့ရဲ့ နှလုံးသားဆီကို မျှော်လင့်ခြင်းနဲ့ ချစ်ခြင်းတွေဆောင်ယူလာမယ့် အရာတစ်ခုလည်း ဖြစ်ပါတယ်။

အားလုံးကို ပရိတ်သတ်တစ်ခု အနေနဲ့ အမှုတော်ဆောင်ပါ။

ပရိတ်သတ်တိုင်းရဲ့ လိုအပ်ချက်တွေဟာ တစ်မူထူးခြားပါတယ်။ အချို့က ပိုကြီးတဲ့လှုပ်ရှားမှုကို စီစဉ်ခြင်းအားဖြင့် အကျိုးရှိစေပါတယ်။ အခြားပရိတ်သတ်တွေမှာ သေးငယ်ရိုးရှင်းတဲ့ အရာတစ်စုံတစ်ခုကနေ အကျိုးရှိစေပါတယ်။ စီစဉ်ခြင်းနဲ့ ဖွဲ့စည်းခြင်းမှာပါဝင်ကြသူတွေဟာ ရှိတဲ့လိုအပ်ချက်တွေကို ဘယ်လိုပြည့်စုံစေရမလဲဆိုတာကို ဆုတောင်းခြင်းထက်သန်စွာနဲ့ စဉ်းစားကြပါတယ်။

  • ပြင်သစ်၊ ပဲရစ်ရှိ ပန္နက်သုံးခုမှ အသင်းသားများဟာ၊ ပါရမီရှင်ပြပွဲတစ်ခုနဲ့ ဝတ်စားဆင်ယင်မှုပြပွဲတစ်ခုပါဝင်တဲ့ လောကကိုလင်းစေပါညနေခင်း တစ်ခုကို ထောက်မကူညီခဲ့ကြပါတယ်။ သူတို့တတွေဟာ ဒုက္ခသည်တွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူတွေကို ပေးမယ့်ပစ္စည်းတွေကို ပြင်ဆင်ခဲ့ကြပါတယ်။

  • ချားလက် မြောက်ကယ်ရိုလိုင်နာ ဗဟိုပန္နက်က အစားအသောက်၊ နိုင်ငံတကာ ခရစ္စမတ်ရိုးရာပြပွဲများ၊ တေးဂီတ၊ အကျိုးဆောင်စီမံကိန်းများ၊ ပြီးတော့ ကလေးများရဲ့ ခရစ်တော်ဖွားမြင်ခန်း သရုပ်ဆောင်ခြင်း တို့ဖြင့် ပတ်ဝန်းကျင်လူထုအတွက် လောကတလွှားခရစ္စမတ် ပွဲတစ်ပွဲကို၊ ကျင်းပပေးခဲ့ပါတယ်။

  • ဖလော်ရီဒါ ဗာရိုကမ်းခြေ ပန္နက်က အသင်းသားတွေဟာ ခရစ္စမတ်ကို ကျွန်တော်တို့ ဘာကြောင့်ကျင်းပတယ်ဆိုတာကို သတိပေးခြင်းတစ်ခုအဖြစ် ပတ်ဝန်းကျင်လူထုနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ ပတ်ဝန်းကျင်လူထုကူညီရေးအဖွဲ့များဆီကို အရုပ်တွေ လှူဒါန်းခဲ့ကြပါတယ်။ မူလတန်းကလေးများရဲ ဓမ္မတေးသံစုံကျူးအဖွဲ့က ဖျော်ဖြေခဲ့ကြပြီး၊ အသင်းတော်များစွာတို့မှာ မဏ္ဍပ်ပြကွက်အချက်အလက်များစွာရှိခဲ့ကြပါတယ်။

  • ပတ်ဝန်းကျင်လူထုအတွက် ထုတ်လုပ်ထားတဲ့ လောက၏ကယ်တင်ရှင်ကို ဂျက်ဆင်ဗေးလ် ဖလော်ရီဒါတောင်ပိုင်း ပန္နက်က ပြသခဲ့ပါတယ်။

ပုံနှိပ်သည်