၂၀၂၁
ဘုရားသခင်က ကျွန်တော်တို့ကို ဗတ္တိဇံခံရန် မိန့်တော်မူခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၀၂၁


“ဘုရားသခင်က ကျွန်တော်တို့ကို ဗတ္တိဇံခံရန် မိန့်တော်မူခဲ့ပါတယ်၊”Liahona,ဖေဖော်ဝါရီ ၂၀၂၁

လစဉ် Liahona အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၁

ဘုရားသခင်က ကျွန်တော်တို့ကို ဗတ္တိဇံခံရန် မိန့်တော်မူခဲ့ပါတယ်။

ယေရှုခရစ်တော်သည် ဘုရားသခင်၏အခွင့်အာဏာရှိသူတစ်ဦးအားဖြင့် ဗတ္တိဇံခံခြင်းအကြောင်းကို ပုံသက်သေပြခဲ့ပါတယ်။

ကျွန်တော်တို့မှာ ယေရှုခရစ်တော်ရဲ့ ဘဝရေးရာအကြောင်း အသေးစိတ်မရှိကြသော်လည်း၊ သူအသက် ၃၀ နှစ်လောက်မှာ ဗတ္တိဇံခံခဲ့တယ်ဆိုကို အမှန်သိကြပါတယ်(လုကာ ၃း၂၃တွင်ကြည့်ပါ)။ ဒီမှာ ဗတ္တိဇံအကြောင်း သူ့ပုံသက်သေမှ ကျွန်တော်တို့သင်ယူတဲ့အရာအချို့ရှိပါတယ်။

လူတိုင်းအတွက်

ကျွန်တော်တို့ဟာ အမှန်နဲ့အမှားကို ခွဲခြားသိနိုင်လောက်အောင်အသက်ကြီးကြ၊ ရင့်ကျက်ကြမယ်ဆိုလျှင် (ဩဝါဒနှင့် ပဋိညာဉ်များ ၁၈း၄၂တွင်ကြည့်ပါ)။ ယေရှုဟာ စုံလင်ပါတယ်၊ သို့သော်လည်း သူဟာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို လိုက်လျှောက်ဖို့ ဗတ္တိဇံခံရန် ရွေးချယ်ပါသေးတယ်။ (မဿဲ ၃း၁၃-၁၇၂ နီဖိုင်း ၃၁း၇ တွင်ကြည့်ပါ)။ သေပြီးသားသူတွေတောင်မှ ဗတ္တိဇံကို လက်ခံနိုင်ကြပါတယ်။ ကျွန်တော်တို့က အဲဒါကို သူတို့အတွက် ဗိမာန်တော်တွေထဲမှာ ဗတ္တိဇံပေးခြင်းအားဖြင့် သူတို့ကို ကမ်းလှမ်းကြပါတယ်။ (ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၈း၁၅-၁၈ တွင်ကြည့်ပါ)

ရုပ်ပုံ
ဗတ္တိဇံ

အခွင့်အာဏာရှိသူအားဖြင့် ဆောင်ရွက်ခြင်း

ယေရှုဟာ တွေ့ရာလူနဲ့ ဗတ္တိဇံခံခဲ့တာမဟုတ်ပါဘူး။ သူဟာ အထူးသဖြင့် ဘုရားသခင်ဆီကနေ ယဇ်ပုရောဟိတ်အခွင့်ရရှိထားသူ တစ်ဦးဖြစ်တဲ့ သူ့ညီအစ်ကိုဝမ်းကွဲ ယောဟန်ဆီကို သွားခဲ့ပါတယ်။ ယေရှုခရစ်တော်သေပြီး၊ သူ့တပည့်တော်တွေလည်း အသတ်ခံရကြပြီးတဲ့နောက်၊ ထိုယဇ်ပုရောဟိတ်အခွင့်ဟာ မြေကြီးပေါ်မှ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်၊ ၁၈၂၉ ခုနှစ်မှာ၊ ဗတ္တိဇံဆရာယောဟန်ဟာ ဂျိုးဇက်စမစ်ဆီပေါ်လာပြီး၊ ဘုရားသခင်ရဲ့နာမတော်၌ ဗတ္တိဇံပေးဖို့ အခွင့်အာဏာကို ပေးခဲ့ပါတယ်။ ထိုပြန်လည်ဆောင်ယူခြင်းကြောင့်၊ ကျွန်တော်တို့ဟာ ဒီခေတ်မှာ အဲဒီအတူတူဖြစ်တဲ့ အခွင့်အာဏာဖြင့် ဗတ္တိဇံခံနိုင်ကြပါတယ်။

ရုပ်ပုံ
အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ဆောင်ယူခြင်း

အပြန်အလှန်ကတိ

ဗတ္တိဇံမှာကျွန်တော်တို့နဲ့ ဘုရားသခင်ကြား အပြန်အလှန်ကတိ သို့မဟုတ် ပဋိညာဉ်တစ်ခုပါဝင်ပါတယ်။ ကျွန်တော်တို့ကတိပေးတာက၊

  1. ကျွန်တော်တို့ကိုယ်ပေါ်မှာ ခရစ်တော်ရဲ့နာမတော်ကို ခံယူဖို့။

  2. သူ့ကို အစဉ်အမြဲသတိရဖို့။

  3. သူ့ရဲ့ပညတ်တော်တွေကို စောင့်ထိန်းဖို့ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့်၊ ဘုရားသခင်က သူ့ရဲ့ဝိညာဉ်တော် ကျွန်တော်တို့နဲ့အတူ အစဉ်အမြဲရှိမည့် အကြောင်း ကတိပေးပါတယ်။ ပွဲတော်ဆုတောင်းခြင်းစကားတွေက ကျွန်တော်တို့ကို ဒီပဋိညာဉ်အကြောင်း သတင်းပတ်တိုင်း သတိပေးပါတယ်။ (ဩဝါဒနှင့်ပဋိညာဉ်များ ၂၀း၇၇၊ ၇၉ တွင်ကြည့်ပါ)။

ရုပ်ပုံ
ပွဲတော်အစည်းအဝေးမှ မိသားစု

သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းဟာ ဗတ္တိဇံရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ယေရှုဗတ္တိဇံခံပြီးတဲ့နောက်၊ သန့်ရှင်းသောဝိညာဉ်တော်ဟာ ချိုးငှက်အသွင်နဲ့ ပေါ်လာခဲ့ပါတယ် ( ၂ နီဖိုင်း ၃၁း၈ တွင်ကြည့်ပါ) ဒီခေတ်မှာ၊ လူတွေဟာ ဗတ္တိဇံခံပြီးနောက်၊ အတည်ပြုခံကြရပါတယ်။ ဒီဟာက သူတို့ဟာ အထူးကောင်းချီးမင်္ဂလာတစ်ခုကို ရရှိတယ်လို့ဆိုလိုတာဖြစ်ပါတယ်၊ အဲဒီကောင်းချီးမင်္ဂလာအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဝိညာဉ်ပကတိသန့်ရှင်းစေခြင်းဆုကျေးဇူးကို ရရှိရန် ဖိတ်ခေါ်ခံကြရပါတယ်(၂ နီဖိုင်း ၃၁း၁၇တွင်ကြည့်ပါ)။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို ဘေးအန္တရာယ်မှ သတိပေး၊ ကျွန်တော်တို့ကို နှစ်သိမ့်ပေး၊ ကျွန်တော်တို့ကို ကောင်းသောဆုံးဖြတ်ချက်များချရန်လမ်းညွှန်ပေး၊ ပြီးတော့ ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ချစ်ခြင်းကို ခံစားရန်ကူညီပါတယ် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၃၉း၆ တွင်ကြည့်ပါ)။

ရုပ်ပုံ
အတည်ပြုခံနေသောအမျိုးသမီး

ကျွန်တော်တို့အမြဲတမ်းနောင်တရနိုင်ကြပါတယ်

ဘုရားသခင်က ကျွန်တော်တို့အမှားပြုလိမ့်မယ်ဆိုတာကို သိတော်မူပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးအားထုတ်မှုတွေရှိသော်ငြားလည်း၊ ကျွန်တော်တို့ဟာ အပြစ်ပြုမိပြီး၊ ကျွန်တော်တို့ရဲ့ ဗတ္တိဇံကတိတွေအတိုင်းနေထိုင်ခြင်းမှ လျော့ကျကြပါလိမ့်မယ်။ အဲဒါကြောင့်၊ သူက ကျွန်တော်တို့အယောက်တိုင်းကို နောင်တရဖို့ အခွင့်အရေးပေးပါတယ်။ သြဝါဒနှင့် ပဋိညာဥ် ၁၈: ၁၃ တွင်ကြည့်ပါ။ နေ့တိုင်းပဲ ကျွန်တော်တို့ဟာ တောင်းပန်ဖို့နဲ့ အမှားမှန်သမျှကို ပြင်ဖို့ အကောင်းဆုံး လုပ်ဆောင် နိုင်ကြပါတယ်။ ဆုတောင်းနိုင်ကြ၊ ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကို တောင်းဆိုနိုင်ကြပါတယ်။ အဲဒီနောက်၊ ပွဲတော်ကို နှိမ့်ချသောစိတ်နှလုံးနဲ့သုံးဆောင်၍၊ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်တို့နဲ့အတူ ရှိစေနိုင်ကြပါတယ်(၃ နီဖိုင်း ၁၈း၁၁တွင်ကြည့်ပါ)။

ရုပ်ပုံ
အိပ်ရာဘေး၌ဆုတောင်းနေသာအမျိုးသမီး

ဗတ္တိဇံအကြောင်းကို ကျမ်းစာများက မည်သို့ဖော်ပြသလဲ။

မိဘများသည် မိမိတို့ကလေးများကို ဗတ္တိဇံအတွက် ပြင်ဆင်ရန် ကူညီရမည် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆၈း၂၅ တွင်ကြည့်ပါ)။

ရှစ်နှစ်ထက်ငယ်သောသူများ ဗတ္တိဇံခံရန်မလိုပါ (မော်ရော်နိုင်း ၈ တွင်ကြည့်ပါ)။

ကျွန်တော်တို့ဟာ ဗတ္တိဇံခံတဲ့အခါ၊ “ငိုကြွေးမည်တမ်းသူတို့နှင့်အတူ ငိုကြွေးမြည်တမ်းရန်၊ …နှစ်သိမ့်ခြင်းကို လိုအပ်လျက်ရှိသူတို့ကို နှစ်သိမ့်၍၊ ခပ်သိမ်းသော ကာလတို့ ၌လည်းကောင်း၊ ခပ်သိမ်းသောအရာတို့ ၌လည်းကောင်း၊ ခပ်သိမ်းသောအရပ်တို့၌လည်းကောင်း ဘုရားသခင်၏ သက်သေများအဖြစ် ရပ်တည်ရန်” ကတိပေးကြပါတယ်(မောဇိယ ၁၈း၉)။

ပုံနှိပ်သည်