၂၀၂၁
ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်က ကျွန်တော်တို့အတွက် ဘာကို ဆောင်ရွက်ခဲ့ပါသလဲ။
မေ ၂၀၂၁


“ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်က ကျွန်တော်တို့အတွက် ဘာကို ဆောင်ရွက်ခဲ့ပါသလဲ။” လူငယ်တို့အတွက် ခွန်အား၊ မေ ၂၀၂၁။

ယဇ်ပုရောဟိတ်အခွင့်ကဏ္ဍ

ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်က ကျွန်တော်တို့အတွက် ဘာကို ဆောင်ရွက်ခဲ့ပါသလဲ။

ကောက်နှုတ်ချက်များ

ရုပ်ပုံ
ခရစ်တော်၏ဗလာသင်္ချိုင်းဂူ

ယေရှုခရစ်တော်ကကျွန်တော်တို့တစ်ယောက်ချင်းစီအတွက် ဘာကို ဆောင်ရွက်ခဲ့ပါသလဲ။ သူက ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘရဲ့အစီအစဉ်မှာ ဖော်ပြထားတဲ့ လူ့ဇာတိမှသည် ပန်းတိုင်ဆီသို့ ကျွန်တော်တို့ရဲ့ ခရီးတစ်လျှောက်မှာ မရှိမဖြစ်လိုအပ်တဲ့အရာတိုင်းကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ရဲ့ အခြေခံအင်္ဂါရပ်လေးခုအကြောင်းကို ကျွန်တော်ပြောပြပါမယ်။

ရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့အယောက်တိုင်းနှင့် ကျွန်တော်တို့ချစ်တဲ့သူတွေ ရင်ဆိုင်ရတဲ့ လူ့ဇာတိစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ရှုမြင်မှုနဲ့ ခွန်အားကို ပေးပါတယ်။ အဲဒါက ကျွန်တော်တို့မွေးရာပါ သို့မဟုတ် လူ့ဇာတိဘဝမှာရရှိတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း သို့မဟုတ် စိတ်ခံစားမှု ချွတ်ယွင်းချက်တွေအပေါ် ရှုမြင်မှုအသစ်တစ်ခု ကျွန်တော်တို့ကို ပေးပါတယ်။ ကျွန်တော်တို့ကို ဝမ်းနည်းမှုတွေ၊ ကျရှုံးမှုတွေ၊ ပြီးတော့ အထမမြောက်မှုတွေမှာ ကြံ့ကြံ့ခံဖို ခွန်အားကိုပေးပါတယ်။

ရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့ကို လူ့ဇာတိဘဝတွေမှာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို စောင့်ထိန်းဖို့ အားကောင်းတဲ့ဆွဲဆောင်မှုကိုလည်း ပေးပါတယ်။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဟာ နောင်တရမယ့်လူ့ဇာတိသားအားလုံးရဲ့ အပြစ်တွေအတွက် ယဇ်တစ်ခုဖြစ်လာစေဖို့ နားမလည်နိုင်လောက်တဲ့ ဒုက္ခဝေဒနာခံစားခြင်းကို ခံစားခဲ့ပါတယ်။ ဒီအပြစ်ဖြေခြင်းယဇ်က အကြီးဆုံးသောမကောင်းမှု၊ လောကတစ်ခုလုံးရဲ့ အပြစ်များအတွက် အကောင်းဆုံးပစ္စည်း၊ အပြစ်မပါစင်ကြယ်တဲ့သိုးသငယ်ကို ပူဇော်ခဲ့ပါတယ်။ …

…ယေရှုက ကျွန်တော်တို့ကို ကယ်တင်ခြင်းအစီအစဉ်ကို သွန်သင်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ဖန်ဆင်းခြင်း၊ ဘဝရည်ရွယ်ချက်၊ ဆန့်ကျင်ဘက်လိုအပ်ချက်နဲ့ လွတ်လပ်စွာရွေးချယ်ပြုမူနိုင်ခွင့်ဆုကျေးဇူးတို့ပါဝင်ပါတယ်။ သူက ကျွန်တော်တို့နာခံရမယ့်ပညတ်တော်တွေနဲ့ ပဋိညာဉ်တွေ၊ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်မိဘတွေဆီကို ပြန်ဆောင်ယူဖို့ ကျွန်တော်တို့ တွေ့ကြုံရမယ့် ဘိသိက်မင်္ဂလာတွေကိုလည်း ကျွန်တော်တို့ကို သွန်သင်ပေးခဲ့ပါတယ်။…

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က ကျွန်တော်တို့ရဲ့ သွေးဆောင်မှုတွေ၊ ကျွန်တော်တို့ရဲ့ ရုန်းကန်မှုတွေ၊ ကျွန်တော်တို့ရဲ့နှလုံးသားနာကျင်မှုတွေ၊ ကျွန်တော်တို့ရဲ့ဒုက္ခဝေဒနာခံစားမှုတွေခံစားမိတယ်၊ သိလည်းသိပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် သူက အဲ့ဒါတွေအားလုံးကို သူ့အပြစ်ဖြေခြင်းမင်္ဂလာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လိုလိုလားလားတွေ့ကြုံခဲ့လို့ပဲဖြစ်ပါတယ်။ လူ့ဇာတိအနာရောဂါဘယ်လိုဟာမျိုးတွေကိုဖြစ်စေ ခံစားဖူးသူမှန်သမျှဟာ အဲဒီနာကျင်မှုမျိုးကို ကျွန်တော်တို့ရဲ့ကယ်တင်ရှင်လည်း တွေ့ကြုံခဲ့ကြောင်း၊ သူ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၊ သူက ကျွန်တော်တို့အယောက်တိုင်းကို အဲဒီနာကျင်မှုကို ခံနိုင်ဖို့ ခွန်အားပေးတဲ့အကြောင်း သတိရကြရမှာဖြစ်ပါတယ်။

ပုံနှိပ်သည်