၂၀၂၁
ရေးသားခြင်းကိုလုပ်ဆောင်ပါ
ဂျူလိုင် ၂၀၂၁


“ရေးသားခြင်းကိုလုပ်ဆောင်ပါ” လူငယ်တို့အတွက်ခွန်အား၊ ဂျူလိုင်၂၀၂၁၊ ၁၈-၁၉။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဂျူလိုင် ၂၀၂၁

ရေးသားခြင်း ကိုလုပ်ဆောင်ပါ

ကျမ်းစာများကိုလေ့လာနေစဉ် သင်၏အတွေးများကိုရေးသားခြင်းသည် သင့်အားအမှန်တကယ်အကူအညီပေးနိုင်ပါတယ်။

“ကျွန်တော်ကျမ်းစာစဖတ်တိုင်း အမြဲလိုလိုအိပ်ပျော်သွားပါတယ်။” လို့သာသနာပြုတစ်ဦး ကသူ၏သာသနာပြုဥက္ကဌကိုပြောပြခဲ့ပါတယ်။ “ကျမ်းစာတွေဟာ အိပ်ဆေးတစ်ခုလိုပါပဲ။”

“သင်ဖတ်သည့်အခါမှတ်စုရေးတတ်ပါသလား၊” လို့သူ၏သာသနာပြုဥက္ကဌကပြန်မေးခဲ့ပါတယ်။

“မရေးပါဘူး၊” လို့ သာသနာပြုကဖြေပါတယ်။

“သင်ဟာဖတ်ရုံသာဖတ်နေတဲ့အခါ အိပ်ပျော်သွားစေဖို့ သို့မဟုတ် သင့်စိတ်ကိုပျံ့လွန့်စေရန် အခွင့်ပေးဖို့လွယ်ပါတယ်၊” လို့ ဥက္ကဌကပြောခဲ့ပါတယ်၊ “ဒါပေမယ့်သင်ရေးသားခြင်းကို ထပ်ပေါင်းတဲ့အခါမှာတော့ အဲသလိုမဖြစ်နိုင်ပါဘူး။”

ဒီသာသနာဥက္ကဌ ပေးခဲ့တဲ့အကြံဥာဏ်က ရုန်းကန်နေရတဲ့သာသနာပြုကိုအများကြီးပြောင်းလဲသွားစေပါတယ်။ သင်လည်း သင့်ရဲ့ကျမ်းစာလေ့လာမှုကိုပိုမိုအားကောင်းလာစေရန် နည်းလမ်းသစ်ကိုသင်ရှာဖွေနေပါက၊ အဲသလိုစမ်းကြည့်ပါ။ သင်ဖတ်နေသောအရာနှင့်ပတ်သက်၍ ချရေးသည်နှင့်အမျှ၊ သင်ကိုယ်တိုင်လည်း ပိုမို၍စေ့စပ်လေ့လာခြင်းနှင့်ပိုမိုကောင်းမွန်သောသင်ယူခြင်းကိုတွေ့ရပါလိမ့်မည်။

ဤတွင်ကျွန်ုပ်တို့အမှန်တကယ်အသုံး၀င်သောနည်းလမ်းများကိုဖော်ပြပေးထားပါသည်။

ညီအစ်ကိုစတီဗင်လန်း။

ရုပ်ပုံ
စတီဗင်လန်း

ကျွန်တော်စာဖတ်တဲ့အခါ စာရွက်ကိုအဆင်သင့်ဆောင်ထားတတ်ပါတယ်။ ကျွန်တော်လေ့လာနေစဉ်ဝိညာဉ်တော် ကျွန်တော်ကိုနှိုးဆော်တာနဲ့၊ အဲဒီနှိုးဆော်ချက်တွေကို ကျွန်တော်ချရေးလိုက်ပါတယ်။

ကျွန်တော်ဒီစိတ်ကူးကို “ဝိညာဉ်တော်မှသင်လေ့လာသင်ယူထားသည့်အရေးကြီးအရာများကိုလုံခြုံသောနေရာတွင်ချရေးထားပါ။ လို့မှာကြားခဲ့သည့် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့မှ အယ်ဒါ ရစ်ချက် ဂျီစကော့ (၁၉၂၈-၂၀၁၅) ထံမှရရှိခဲ့ပါတယ်။ သင်သည်အဖိုးတန်သောခံစားမှုများကိုချရေးသည်နှင့်အမျှ၊ မကြာခဏပို၍လာမည်ကို သင်ရှာတွေ့ပါလိမ့်မည်။ ထို့အပြင်သင် ရယူနိုင်တဲ့ဗဟုသုတများကိုလည်းသင့်ဘဝတစ်လျှောက်လုံးရရှိနိုင်ပါသည်” (“To Acquire Knowledge and the Strength to Use It Wisely၊” Ensign၊ ဂျွန် ၂၀၀၂၊ ၃၂)။

အဲဒီစကားတွေမှန်ကန်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ဟောပြောချက်တွေ၊ သင်ခန်းစာတွေကိုပြင်ဆင်တဲ့အခါ၊ ကျမ်းချက်တွေကို ဖတ်ရုံသာမကသူတို့ကိုဖတ်နေရင်း ချလည်းရေးထားပါတယ်။

ညီအကို အာမတ် ကိုဘစ်

ရုပ်ပုံ
အာမတ် ကိုဘစ်

ကျွန်တော် အကြောင်းအရာကျကျလေ့လာရတာကိုနှစ်သက်ပါတယ်။ ကျွန်တော်ကျမ်းစာတွေကိုအစမှအဆုံးဖတ်ပါတယ်၊ သို့သော်ကျွန်တော်လေ့လာလိုသည့်ခေါင်းစဉ်များအတိုင်းခပ်သွက်သွက်ဖတ်ရတာလည်းကြိုက်ပါတယ်။ ဥပမာအားဖြင့်၊ ကျွန်တော်သည် ဣသရေလလူမျိုးများစုရုံးခြင်း သို့မဟုတ် ယုံကြည်ချက်နှင့်ပတ်သက်သောကျမ်းစာများကိုရှာရန် ခေါင်းစဉ်လမ်းညွှန်ကိုအသုံးပြုပါမည်။ အဲဒီအချိန်မှာ ကျွန်တော်မှတ်စုများကိုမယူပါဘူး၊ ဒါပေမယ့်ကျွန်တော်အမှန်တကယ်နားလည်ရန်သေချာစေသည့်လေ့လာသင်ယူထားသောအရာများကိုတော့ချရေးပါတယ်။ ကျွန်တော်ဒီလိုလုပ်တဲ့အခါ ငါဟာအကြောင်းအရာတွေကို ဘယ်လောက်ထိပိုပြီးကောင်းကောင်း နားလည်သလဲလို့ အမြဲအံ့သြမိပါတယ်။ ကျွန်တော်ဟာ ကျမ်းစာအချို့ကို အလွတ်ကျက်ဖို့လည်း ရွေးပါတယ်။

ညီအကို ဘရက်လေ ဝေကော့ဇ်

ရုပ်ပုံ
ဘရက်လေ ဝေကော့ဇ်

ကျွန်‌တော်ကျမ်းစာများကိုကိုယ်ပိုင်စကားဖြင့်ရေထားသောလေ့လာမှုဂျာနယ်တစ်စောင်ကို ကျွန်‌တော်သိမ်းထားပါတယ်။ ဥပမာအားဖြင့်၊ “အကြောင်းမူကား၊ ဇာတိပကတိလူသည်ဘုရားသခင်၏ရန်သူဖြစ်၏” (မောဇိယ ၃း၁၉) သည် “မာနကြီးသောသူနှင့် နောင်တမရသောသူသည် ဘုရားသခင်ကိုရန်ဘက်ပြုသည်၊ သို့သော်ဘုရားသခင်သည်သူ၏ရန်သူမဟုတ် ဟုဖြစ်လာပါတယ်။ ဘုရားသခင်သည်သူ၏အကောင်းဆုံးသူငယ်ချင်းဖြစ်ပါတယ်။”

ကျွန်‌တော်မေးခွန်းတွေလည်းရေးပါတယ်။ အဲဒါတွေဟာ ကျွန်‌တော်မဖတ်ခင်စဉ်းစားနေတဲ့မေးခွန်းတွေလည်းဖြစ်နိုင်ပါတယ်၊ သို့မဟုတ် ကျွန်‌တော်ဖတ်ခဲ့တာတွေထဲကနေ ပေါ်လာတဲ့မေးခွန်းတွေလည်းဖြစ်နိုင်ပါတယ်။ တစ်နည်းနည်းနဲ့၊ ကျွန်‌တော့်ကိုအာရုံစိုက်စေပါတယ်။

သင်၏အတွေးများကိုရေးသားခြင်း၏စွမ်းအား

ကျွန်‌တော်တို့ဥက္ကဌအဖွဲ့ရှိ တစ်ဦးချင်းဟာ ကျမ်းစာတွေကို ကွဲပြားစွာလေ့လာကြပါတယ်၊ ဒါပေမယ့် ကျွန်‌တော်တို့အားလုံး လေ့လာရင်း ရေးချကြပါတယ်။

စာဖတ်ခြင်းက ကျွန်‌တော်တို့ကို အတွေးတွေနှင့်ခံစားချက်တွေကိုနားလည်အောင်ကူညီပေးပါတယ်။ အဲဒါဟာအရေးကြီးပါတယ်။ ပြီးတော့ကျွန်‌တော်တို့စကားပြောတဲ့အခါ သို့မဟုတ် ရေးတဲ့အခါမှာ၊ အတွေးတွေနှင့်ခံစားချက်တွေကို အတွင်းကနေအပြင်ဘက်သို့ ရှာဖွေပြီးဖော်ပြပေးပါတယ်။ အဲဒါက ဧဝံဂေလိအမှန်တရားတွေကို ပိုပြီး ကိုယ်ပိုင်ဖြစ်လာစေဖို့ ကျွန်‌တော်တို့ကို ကူညီတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။

လူငယ်တစ်ယောက်ဟာ ပွဲတော်အစည်းအဝေးမှာ ဟောပြောဖို့ တောင်းဆိုခံရတဲ့အခါ ဤအမှန်တရားကို သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူဟာအခြားလူများစွာမှဟောပြောချက်များကိုကြားခဲ့ဖူးသော်လည်း အသေးစိတ်ကိုမမှတ်မိနိုင်ပါ။ ဒီအကြိမ်မှာတော့ ကွဲပြားခြားနားပါတယ်။ သူ့ဟောပြောချက်အတွက် အကြမ်းရေးတဲ့အခါ၊ အဲဒါက သူ့ကို စနစ်တကျဟောပြောချက်ဖြစ်အောင်ကူညီပေးရုံသာမက၊ အချိန်အတော်ကြာအမှတ်ရစေခဲ့ပါတယ်။

သင်၏ကျမ်းစာလေ့လာမှုတွင်လည်း အလားတူဖြစ်ပျက်နိုင်ပါတယ်။ သင်ဟာကျမ်းစာတွေ လှန်တဲ့အခါ အိပ်ပျော်နေတတ်ပါက၊ အခုဟာနိုးထဖို့အချိန်ဖြစ်ပါတယ်။ ခဲတံ၊ ဖောင်တိန်၊ ဖုန်း၊ သို့မဟုတ် ကွန်ပျူတာကိုထုတ်ပြီးစာရေးဖို့ကြိုးစားကြည့်ပါ။ အဲဒါက ဘယ်လောက်ကွာခြားမှုဖြစ်နိုင်စေသလဲဆိုတာကို သင်အံ့အားသင့်သွားပါလိမ့်မယ်။

ပုံနှိပ်သည်