၂၀၂၁
အကောင်းဆုံးသင်ကို တည်ဆောက်ခြင်း
စက်တင်ဘာ ၂၀၂၁


“အကောင်းဆုံးသင်ကို တည်ဆောက်ခြင်း” လူငယ်တို့အတွက်ခွန်အား၊ စက်၂၀၂၁၊ ၆-၇။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ စက်တင်ဘာ ၂၀၂၁

အကောင်းဆုံးသင် ကို တည်ဆောက်ခြင်း

ပျော်ရွှင်ဝမ်းမြောက်ဖွယ်ဘဝတစ်ခု တည်ဆောက်ရာနည်းလမ်းငါးခု

ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၉၅း၁၃-၁၄

ရုပ်ပုံ
လူငယ်အမျိုးသမီး အိပ်စ်-ရေး၊ ဗိမာန်တော်အသေးစိတ်အစီအစဉ်

ဂျူးလိယက်ပါစီဗယ်၏သရုပ်ဖော်ပုံများ

ကိုယ်တော်ရှင်ဟာ ဂျိုးဇက်စမစ်ကို ကာ့တ်လန်းဗိမာန်တော်တည်ဆောက်ဖို့မိန့်တော်မူစဉ်တုန်းက၊ အရာခပ်သိမ်းကို သူ့ဘာသာသူလုပ်ဆောင်ရန် ဖော်ထုတ်ဖို့ ပစ်မထားခဲ့ပါဘူး။ အောင်မြင်ခြင်းဆီကို ပို့ဆောင်မယ့်အစီအစဉ်တစ်ခုကို ဖော်ပြခဲ့ပါတယ်။

“အိမ်တော်ကိုတည်ဆောက်စေ၊ လောကနည်းအတိုင်း မဖြစ်စေရ” လို့ ကိုယ်တော်ရှင်ဟောကြားခဲ့ပါတယ်။ “ငါဖော်ပြမည့်နည်းအတိုင်းတည်ဆောက်စေ” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၉၅း၁၃-၁၄)။ အဲဒီနောက်မှာ ကိုယ်တော်ရှင်က ဗိမာန်တော်ဘယ်လိုတည်ဆောက်ရမယ်ဆိုတာနှင့်ပတ်သက်လို့ လမ်းညွှန်ချက်တွေပေးခဲ့ပါတယ် (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၉၅း၁၅-၁၇)။

ကျေးဇူးကြီးလှပါတယ်၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို ဗိမာန်တော်တွေဘယ်လိုတည်ဆောက်ရမယ်ဆိုတာထက်ကို ပိုပြီးဖော်ပြခဲ့ပါတယ်။ ကျွန်တော်တို့ကို ဖြစ်နိုင်သမျှအကောင်းဆုံးလူဖြစ်လာစေရန် ကူညီဖို့ လမ်းညွှန်ချက်များစွာကိုလည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အဲဒါတွေကို လိုက်လျှောက်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ဘဝတွေကို “လောကနည်းအတိုင်းမဟုတ်ဘဲ” ကိုယ်တော်ရှင်စီစဉ်ထားတဲ့နည်းအတိုင်း တည်ဆောက်ကြမှာဖြစ်ပါတယ်။

ဒီမှာ ယေရှုခရစ်တော်ကို ဗဟိုပြုထားတဲ့ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ဘဝတစ်ခုတည်ဆောက်ဖို့ နည်းလမ်းငါးခုရှိပါတယ်။

မြဲမြံသောအုတ်မြစ်ကို တည်ဆောက်ပါ

ဘယ်အဆောက်အဦးအတွက်ပဲဖြစ်ဖြစ် ခိုင်မာတဲ့အုတ်မြစ်ဟာ မရှိမဖြစ်လိုအပ်တာဖြစ်ကြောင်း ဗိသုကာတိုင်း၊ ဆောက်လုပ်ရေးသမားတိုင်းက သင့်ကိုပြောပါလိမ့်မယ်။ ကျွန်တော်တို့ဘဝအတွက်အကောင်းဆုံးအုတ်မြစ်ဟာ “ဘုရားသခင်၏သားတော်၊ ခရစ်တော်ဖြစ်သည့် ကျွန်တော်တို့ရွေးနှုတ်ရှင်၏ကျောက်ဖြစ်ကြောင်း” သွန်သင်ခဲ့ပါတယ် (ဟေလမန် ၅း၁၂ )။ ကျွန်တော်တို့ဟာ ခရစ်တော်ဆီကိုလာခြင်းနဲ့ သူ့သွန်သင်မှုတွေနောက်ကို လိုက်လျှောက်ခြင်းအားဖြင့် သူ့ကို ကျွန်တော်တို့ရဲ့ အုတ်မြစ်ဖြစ်စေနိုင်ကြပါတယ်။ ခရစ်တော်ကို သင့်ဘဝရဲ့ အုတ်မြစ်ဖြစ်စေခြင်းနဲ့ပတ်သက်လို့ သင်ဘယ်လိုခံစားရပါသလဲ။

အခြးသူများကို အစေခံခြင်း

ရုပ်ပုံ
ခြေများ

ကျွန်တော်တို့ဘဝတွေကို တည်ဆောက်ဖို့ တစ်ခြားကြီးစွာသောနည်းလမ်းတစ်ခုကတော့၊ ယခင်က ပထမဥက္ကဋ္ဌအဖွဲ့ဒုတိယအတိုင်ပင်ခံ၊ ဥက္ကဋ္ဌ ဒီးတာ အက်ဖ်၊ ဥဒရော့ရဲ့စကားအရ၊ “ကျွန်တော်တို့ဟာ ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး၊ ကိုယ်တော်ရှင်နဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေကို အစေခံခြင်း” ဖြစ်ပါတယ်။ သင်ဟာ အခြားသူတွေကို အစေခံတဲ့အခါ၊ ယေရှုလုပ်ဆောင်ခဲ့တဲ့အရာကို လုပ်ဆောင်နေတာ၊ သူနဲ့ပိုတူလာအောင်သင်ယူနေတာဖြစ်ပါတယ်။ သင်ဟာ သင်အစေခံတဲ့သူတွေရဲ့ဘဝတွေကို ကောင်းချီးပေးရုံသာမက၊ သင်လည်း ပဲကောင်းချီးခံစားရမှာဖြစ်ပါတယ်။

ဆုတောင်းခြင်းနှင့် ကျမ်းစာလေ့လာခြင်း ပုံမှန်လုပ်နေကျလုပ်ဆောင်ချက်တစ်ခုပြုလုပ်ပါ။

ရုပ်ပုံ
ဆုတောင်းနေသောလက်များ

ပျော်ရွှင်စရာဘဝတစ်ခုတည်ဆောက်ဖို့ တစ်ခြားနည်းလမ်းတစ်ခုကတော့ ကောင်းကင်ဘုံရှင်အဘ၊ ယေရှုခရစ်တော်တို့နဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ခြင်းဖြစ်ပါတယ်။ အဲဒါကိုလုပ်ဖို့ ကြီးစွာသောနည်းတစ်ခုကတော့ ဆုတောင်းခြင်းနှင့် ကျမ်းစာလေ့လာခြင်းအားဖြင့်ပဲဖြစ်ပါတယ်။

ဥက္ကဋ္ဌဥဒရော့က ပြောထားပါတယ်၊ “ကျွန်တော်တို့ရဲ့ဘုရားသခင်နဲ့ဆက်ဆံရေးကို ခွန်အားဖြည့်ပေးဖို့ရာ၊ ကျွန်တော်တို့ဟာ သူနှင့် နှစ်ကိုယ်တည်းအတူရှိဖို့ အဓိပ္ပာယ်ရှိတဲ့အချိန်အချို့လိုအပ်ပါတယ်။ နေ့စဉ်တစ်ကိုယ်တည်းဆုတောင်းခြင်းနဲ့ ကျမ်းစာလေ့လာခြင်းမှာ… တိတ်ဆိတ်စွာအာရုံစိုက်ခြင်းဟာ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဆီကို ချဉ်းကပ်ဖို့ရာ ကျွန်တော်တို့ရဲ့ အချိန်နဲ့ကြိုးပမ်းမှုတွေမှာ ဉာဏ်ပညာရှိတဲ့ရင်နှီးမြှုပ်နှံမှုအချို့ဖြစ်ပါလိမ့်မယ်။”

ဆုတောင်းခြင်းဟာ ကောင်းကင်ဘုံရှိကျွန်တော်တို့အဘနဲ့ဆက်သွယ်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ သူက ကျွန်တော်တို့ကို သိတယ်၊ ချစ်တယ်၊ ပြီးတော့ ကျွန်တော်တို့ဆီကနေ ကြားချင်ပါတယ်။ ကျွန်တော်တို့ ရိုးသားစွာဆုတောင်း၊ ကျေးဇူးတော်ချီးမွမ်းပြီး၊ ကျွန်တော်တို့လိုအပ်တဲ့အရာတွေကို တောင်းတဲ့အခါ၊ သူက နားထောင်ပြီးတော့ သူ့နည်း သူ့အချိန်အတိုင်း အမြဲအဖြေပေးပါတယ်။

ကျမ်းစာလေ့လာတာနဲ့ပတ်သက်လို့၊ လုပ်ဆောင်ဖို့ မှန်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။ အရေးကြီးတဲ့အရာကတော့ အဲဒါကို သင်လုပ်ဖို့ပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌရပ်ဆဲလ်အမ်နယ်လဆင်က သွန်သင်ခဲ့ပါတယ်၊ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ နေ့စဉ်နှစ်မြှုပ်ခြင်းဟာ ဝိညာဉ်ပကတိရှင်သန်ခြင်းအတွက် အလွန်အရေးကြီးပါတယ်။” နေ့တိုင်းကျမ်းစာတွေထဲမှာ အချိန်ကို အသုံးပြုခြင်းဟာ၊ ယုံမှားဖွယ်မရှိ၊ သင့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပြည့်ဘဝတစ်ခုတည်ဆောက်ဖို့ ကူညီမှာဖြစ်ပါတယ်။

သင့်ကို ကောင်းတာလုပ်ဖို့ အားပေးတဲ့သူတွေနဲ့ သင့်ကိုယ်သင်ဝန်းရံပါစေ။

ရုပ်ပုံ
လက်ဆန့်နေသောလူငယ်

ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို အခြားသူတွေနဲ့ ဆက်သွယ်ဖို့နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အလိုရှိပါတယ်—အထူးသဖြင့်မိသားစု၊ မိတ်ဆွေတွေနဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်နဲ့အတူရှိသူတို့အားဖြင့်မကြာမကြာပုံသွင်းခံကြရပါတယ်။ အဲဒီလူတွေဟာ အသင်းတော်အသင်းသားများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သင့်ကို ဧဝံဂေလိတရားတော်ကျင့်သုံးဖို့ ကူညီတဲ့လူတွေနဲ့ သင့်ကိုယ်သင် ဝန်းရံစေသင့်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာရှိသူတွေကိုလည်း အလားတူပြုကြစေဖို့ သင်ကူညီနိုင်ပါတယ်။ သင့်မိတ်ဆွေတွေထဲက ဘယ်သူက သင့်ကို ဖြောင့်မတ်ခြင်းအုတ်မြစ်ကို တည်ဆောက်ဖို့ ကူညီနေပါသလဲ။

သင်၏အုတ်မြစ်တည်ဆောက်ခြင်းမှာ ဝမ်းမြောက်ခြင်းကို ရှာပါ။

ဘုရားကျောင်းသွားခြင်းနဲ့ ပွဲတော်သုံးဆောင်ခြင်း၊ ပဋိညာဉ်တွေပြုခြင်းနဲ့ ထိန်းသိမ်းခြင်း၊ ပြီးတော့ အသက်ရှင်တဲ့ပရောဖက်တွေရဲ့ အကြံဉာဏ်ကို လိုက်လျှောက်ခြင်းအပါအဝင်၊ သင်၏ဘဝကို ဝိညာဉ်ပကတိခိုင်မာစေဖို့နဲ့ ဝမ်းမြောက်ခြင်းရှိစေဖို့ သင်တည်ဆောက်နိုင်တဲ့ အခြားနည်းလမ်းများစွာရှိပါတယ်။

ဒီအရာတွေအားလုံးဟာ အလုပ်နဲ့ အချိန်လိုအပ်ကြောင်း သတိရဖို့အရေးကြီးပါတယ်။ ပြီးမြောက်ရမယ့် တည်ဆောက်ခြင်းနဲ့ သင်ယူခြင်းတွေအမြဲရှိပါတယ်၊ ဒါပေမယ့် သင်တစ်ယောက်တည်းလုပ်ရမှာမဟုတ်ပါဘူး။ သင့်ကို ဝမ်းမြောက်ခြင်းဖြစ်စေမယ့် သင်နဲ့ ကိုယ်တော်ရှင်ဂုဏ်ယူနိုင်တဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ သင်အကောင်းဆုံးကြိုးစားတာနဲ့အမျှ သူက သင့်ကို နေ့တိုင်းကူညီပါလိမ့်မယ်။

မှတ်စုများ

  1. အက်ဖ်၊ ဥဒရော့ “Waiting on the Road to Damascus,” ဧပြီ၊ ၂၀၁၁ အထွေထွေညီလာခံ(Ensign or Liahona, မေ၂၀၁၁, ၇၆)။

  2. ဒီးတာ၊ အက်ဖ်၊ ဥဒရော့ “Of Things That Matter Most,” အောက်တို၊ ၂၀၁၀ အထွေထွေညီလာခံ (Ensign or Liahona, နို၊ ၂၀၁၀၊၂၁)။

  3. ရပ်ဆဲလ် အမ်၊ နယ်လေင်၊ “သူ့ကိုကြားနာလော့ ဧပြီ၊ ၂၀၂၀ အထွေထွေညီလာခံ (Liahona, မေ ၂၀၂၀၊ ၈၉)။

ပုံနှိပ်သည်