၂၀၂၁
သူ့အသင်းတော်၏အမည်
အောက်တိုဘာ ၂၀၂၁


“သူ့အသင်းတော်၏အမည်” လူငယ်တို့အတွက်ခွန်အား၊ အေက်တို ၂၀၂၁။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ အောက်တိုဘာ ၂၀၂၁

သူ့အသင်းတော်၏အမည်

ယေရှုခရစ်တော်၏အမည်ကို ပေးရာ၌ အဓိပ္ပာယ်ရှိပါသည်။

ရုပ်ပုံ
ကောင်းသောသိုးထိန်းအဖြစ် ယေရှုခရစ်တော်

ငါ၏အသင်းတော်

အသင်းတော်—ယုံကြည်ခြင်းတူ၍ အတူတကွကိုးကွယ်သူလူတစ်စု။ ဤအသင်းတော်ကို ယေရှုခရစ်တော်ပိုင်ပါတယ်။ သူကစတင်ခဲ့ပါတယ်။ သူကဦးဆောင်ပါတယ်။ အဲဒါကသူ့အပိုင်ဖြစ်ပါတယ်။

ခေါ်ရမည်

ယေရှုခရစ်တော်က လူတွေသူ့အသင်းတော်ကိုခေါ်ရမည့်အရာကို ကျွန်တော်တို့ကို ပြောပြခဲ့ပါတယ်။ ဒါကြောင့်၊ အဲဒါက ကျွန်တော်တို့ခေါ်ရမည့်အရာ ပြီးတော့ အခြားသူတွေခေါ်စေဖို့—ကျွန်တော်တို့ကြင်နာစွာတောင်းဆိုရမည့်အရာဖြစ်ပါတယ်။ ဤအမည်က ယေရှုခရစ်တော်ဆီကလာပါတယ်။

နောက်ဆုံးသောကာလ

နောက်ဆုံးသောကာလ—ကျွန်တော်တို့နေတဲ့ကာလ၊ ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူခြင်းမတိုင်မီအချိန်ဖြစ်ပါတယ်။ ယေရှုခရစ်တော်က ဤနောက်ဆုံးအချိန်အတွက် သူ့အသင်းတော်ကို မြေကြီးပေါ်ကို ပြန်လည်ဆောင်ယူခဲ့ပါတယ်။ အဲဒါက သူ့ရဲ့ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် လောကကို ပြင်ဆင်ရာမှာကူညီပါလိမ့်မယ်။

ယေရှုခရစ်တော်၏အသင်းတော်

(ရှု “ငါ၏အသင်းတော်။”) ဤအရာက ကယ်တင်ရှင် သူ့အသင်းတော်ကို ပေးခဲ့တဲ့အမည်ရဲ့ ပထမပိုင်းဖြစ်ပါတယ်။ သူက အဲဒါကို ဖွဲ့စည်းခဲ့တာကြောင့် “အသင်းတော်” လို့ခေါ်ပါတယ်။ ပြီးတော့အဲဒီအပေါ်မှာ သူ့နာမတော်ကို တပ်ပါတယ်။

နောက်ပိုင်းကာလ

(ရှု“နောက်ဆုံးသောကာလ။”) ဤအရာက အသင်းတော်အမည်ရဲ့ နောက်တစ်ပိုင်းဖြစ်ပါတယ်။ ဤအရာဟာ ဤကာလမှာ သူပြန်လည်ဆောင်ယူခဲ့တဲ့အရာဖြစ်ကြောင်းကို ရိုးရှင်းစွာဖော်ပြပါတယ်၊ အစောပိုင်းအချိန်တွေမှာ သူစတင်ခဲ့တဲ့အရာမဟုတ်ပါဘူး။

သန့်ရှင်းသူများ

သန့်ရှင်းသူများ —“သန့်ရှင်းသောလူများ”လို့ အဓိပ္ပာယ်ရတဲ့စကားလုံးတစ်လုံးဖြစ်ပါတယ်။ ဤအရာက အသင်းတော်အမည်ရဲ့ နောက်ဆုံးပိုင်းဖြစ်ပါတယ်။ အသင်းတော်အသင်းသားတွေရဲ့အကြောင်းကို ပြောပြခြင်းဖြစ်ပါတယ်။ ယေရှုခရစ်တော်က ကျွန်တော်တို့ကို သန့်ရှင်းစေ၊ စင်ကြယ်စေပါတယ်။ ကျွန်တော်တို့ သူမိန့်တော်မူခဲ့တဲ့အရာကို လုပ်ဆောင်ဖို့ ကြိုးစားကြတာနဲ့အမျှ သူက ကျွန်တော်တို့ကို ခွန်အားဖြည့်ပေးဖို့ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးပါတယ်။ ကျွန်တော်တို့ သူ့ကို ယုံကြည်ခြင်းရှိကြ၊ ဆက်ပြီးကြိုးစားကြမယ်ဆိုလျှင်၊ သူကကျွန်တော်တို့ကို သန့်ရှင်းစေပါတယ်။ သူက ကျွန်တော်တို့ကို သန့်ရှင်းသူတွေဖြစ်စေပါတယ်။

ပုံနှိပ်သည်