၂၀၂၂
အသင်းတော်၏အမှုတော်ဆောင်တာဝန်များ၌အစေခံခြင်း
မတ် ၂၀၂၂


“အသင်းတော်၏အမှုတော်ဆောင်တာဝန်များ၌အစေခံခြင်း၊”Liahona၊ မတ်၊ ၂၀၂၂။

လစဉ် Liahona အမှာစကား၊ မတ် ၂၀၂၂

အသင်းတော်၏အမှုတော်ဆောင်တာဝန်များ၌အစေခံခြင်း

အသင်းတော်ခေါင်းဆောင်တို့သည် အသင်းသားများအား “အမှုတော်ဆောင်တာဝန်များ” ဟုထင်ရှားသည့် သီးသန့်တာဝန်များ၌ အစေခံကြရန် တောင်းဆိုပါသည်။ အမှုတော်ဆောင်တာဝန်များက အသင်းသားများအား အခြားသူများကို အစေခံဖို့နဲ့ ဘုရားသခင်နဲ့ပိုနီးလာစေဖို့ အခွင့်ပေးပါတယ်။

ရုပ်ပုံ
အသင်းတော် အတန်းတစ်ခုကို ဘီးတပ်ကုလားထိုင်ပေါ်မှ သွန်သင်ပေးနေသည့်အမျိုးသား

ဒေးဗစ်ဘောင်ဝင်နယူတန်၏ဓာတ်ပုံ

ကျွန်ုပ်တို့ဟာ မိမိတို့အမှုတော်ဆောင်တာဝန်တွေမှာ အစေခံကြတဲ့အခါ၊ ဘုရားသခင်ရဲ့အမှုတော်ကို ပြီးမြောက်ဖို့ ကူညီကြပါတယ်။ ကျွန်ုပ်တို့ဟာ အခြားသူများကို ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်အကြောင်းကို သွန်သင်ပေးကြပါတယ်၊ ကျွန်ုပ်တို့သွန်သင်ပေးတဲ့သူတွေကိုလည်း သူတို့နဲ့နီးရာကိုလာစေဖို့ ကူညီကြပါတယ်။ ကျွန်ုပ်တို့ဟာ သစ္စာရှိစွာအစေခံကြသည်နှင့်အမျှ ကောင်းချီးမင်္ဂလာတွေကိုလည်း ရရှိကြပါတယ်။

အမှုတော်ဆောင်တာဝန်များကို လက်ခံရရှိခြင်း

ရုပ်ပုံ
အသင်းတော်ပရိတ်သတ်ရှေ့တွင်ရပ်နေသည့် လူငယ်အမျိုးသားတစ်ဦး

အသင်းတော်မှာ အစေခံတဲ့သူတွေဟာ ဘုရားသခင်ခေါ်သွင်းထားတဲ့သူတွေဖြစ်ပါတယ်။ အသင်းတော်ခေါင်းဆောင်တွေဟာ အမှုတော်ဆောင်တာဝန်တစ်ခုချင်းစီမှာ အစေခံစေဖို့ ဘယ်သူကိုခေါ်ရမယ်ဆိုတာကို သိရမည့် လမ်းပြလှုံဆော်ခြင်းအတွက် ဆုတောင်းကြပါတယ်။ အဲဒီနောက်ခေါင်းဆောင်တစ်ဦးက အသင်းသားတစ်ဦးကို အစေခံဖို့တောင်းဆိုပါတယ်၊ အမှုတော်ဆောင်တာဝန်ရဲ့ တာဝန်တွေကိုလည်း ရှင်းပြပါတယ်။ အသင်းသားတွေဟာ အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲ အသင်းသားများ ထောက်ခံမဲပေးကြတဲ့ အသင်းတော် အစည်းအဝေးတစ်ခုမှာ ထောက်ခံမှုကို ရရှိကြပါတယ်။ ဒီအရာက သူတို့ဟာ ခေါ်သွင်းခံရတဲ့သူကို ထောက်မဖို့ လိုလိုလားလားရှိကြတယ်လို့ ဆိုလိုပါတယ်။ အဲဒီနောက်မှာ အသင်းသားဟာ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်ထားတဲ့ခေါင်းဆောင်တစ်ဦးအားဖြင့် ကောင်းချီးပေးခံရမှာဖြစ်ပါတယ်။ ဒီအရာဟာ ခွဲခန့်ထားခံရခြင်းဖြစ်ပါတယ်။ အသင်းသားဟာ သူ(သို့) သူမကို အစေခံရာမှာ ကူညီဖို့ အမှုတော်ဆောင်တာဝန်နဲ့ အခြားကောင်းချီးမင်္ဂလာတွေမှာ မှာ ဆောင်ရွက်ရန် အခွင့်အာဏာအပေးခံရပါလိမ့်မယ်။

သင်းအုပ်များ

သင်းအုပ်တစ်ဦးဟာ အသင်းတော်စုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ (အသင်းတော်ခွဲတစ်ခုမှာ၊ အသင်းတော်ခွဲဥက္ကဋ္ဌတစ်ဦးနဲ့ ဆင်တူပါတယ်။) ပန္နက်ဥက္ကဋ္ဌတစ်ဦးက ထိုက်တန်သောယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးကို သင်းအုပ်တစ်ဦးအဖြစ်ခေါ်သွင်းခံရစေဖို့ အကြံပြုထောက်ခံပေးပါတယ်။ ပထမဥက္ကဋ္ဌအဖွဲ့က အမှုတော်ဆောင်တာဝန်ကို အတည်ပြုပေးပါတယ်။ အဲဒီနောက် သင်းအုပ်ဟာ အစေခံဖို့ ထောက်ခံမှုရရှိပြီး၊ ခွဲခန့်ထားခံရပါတယ်။ သူဟာ ယဇ်ပုရောဟိတ်အခွင့်သော့ကိုလည်း လက်ခံရရှိပါတယ်၊ အဲဒါက သူဟာ အသင်းတော်စုကို လမ်းညွှန်ဖို့ အခွင့်အာဏာရှိတယ်လို့ဆိုလိုပါတယ်။ သင်းအုပ်အနဖြေင့်၊ သူဟာ အသင်းတော်စုရှိအသင်းသားအားလုံးကို အစေခံပါတယ်၊ ဦးဆောင်ပါတယ်။

ဥက္ကဋ္ဌအဖွဲ့များ

ယဇ်ပုရောဟိတ်အခွင့်အဖွဲ့များနှင့် လူမှုသက်သာရေးအဖွဲ့၊ လူငယ်အမျိုးသမီးအဖွဲ့၊ မူလတန်း၊ ပြီးတော့ တနင်္ဂနွေကျောင်းအဖွဲ့တွေ့ကို ဥက္ကဋ္ဌအဖွဲ့များကဦးဆောင်ပါတယ်၊ အများအားဖြင့် ဥက္ကဋ္ဌတစ်ဦးနဲ့ အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့များကို ပန္နက်ဥက္ကဋ္ဌအဖွဲ့မှ ခေါ်သွင်းခွဲခန့်ပါတယ်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့က အသင်းသားများကို အသင်းတော််စုရှိခြားဥက္ကဋ္ဌအဖွဲ့များ၌အစေခံရန်တောင်းဆို၍၊ သူတို့ကို ခွဲခန့်ပါတယ်။ ခေါင်းဆောင်အားလုံးဟာ အသင်းသားများကို မိမိတို့အဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများမှာ အစေခံကြပါတယ်။ သူတို့က အသင်းသားတွေရဲ့လိုအပ်ချက်တွေမှာ အမှုတော်ဆောင်ပြီး၊ ဘုရားသခင်ရဲ့ချစ်ခြင်းကို ခံစားဖို့ သူတို့ကို ကူညီကြပါတယ်။

ရုပ်ပုံ
ကလေးချီထားသည့်အမေတစ်ဦးဆီသို့ စားစရာများ ယူလာနေသည့် အမျိုးသမီး

အခြားအမှုတော်ဆောင်တာဝန်များ

အသင်းတော်အခြားအမှုတော်ဆောင်တာဝန်များတွင် သွန်သင်ခြင်း၊ တေးဂီတဖြင့်ကူညီခြင်း၊ မှတ်တမ်းများသိမ်းခြင်း၊ လူငယ်(သို့) ကလေးများအတွက် လှုပ်ရှားမှုများစီစဉ်ခြင်းနှင့် အခြားနည်းများနှင့် အစေခံခြင်းများ ပါဝင်ပါတယ်။ အသင်းတော်ရှိအမှုတော်ဆောင်တာဝန်တစ်ခုချင်းစီဟာ အ‌ရေးကြီးပါတယ်၊ အသင်းသားတွေကို အခြားသူတွေကို အစေခံဖို့အခွင့်အ‌ရေးနဲ့ ဘုရားသခင်ကို အစေခံဖို့ အခွင့်တစ်ခုပေးပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်တာဝန်တွေကို ပြီးပြည့်စုံစေဖို့ အတူတကွအလုပ်လုပ်ကြတာနဲ့အမျှ၊ အခြားသူတွေကို ခွန်အားဖြည့်ပေးပြီး၊ အသင်းတော်ကို ကြီးထွားစေဖို့ ကူညီကြပါတယ်။

ပုံနှိပ်သည်