၂၀၂၂
ခံစားသည့်ကယ်တင်ရှင်
ဧပြီ ၂၀၂၂


“ခံစားသည့်ကယ်တင်ရှင်၊” လူငယ်တို့အတွက်ခွန်အား ဧပြီ ၊ ၂၀၂၂။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဧပြီ ၂၀၂၂

ခံစားသည့်ကယ်တင်ရှင်

ယေရှုခရစ်တော်ကြွမလာမီ နှစ်ရာပေါင်းများစွာကပင်၊ ဟေရှာယက ကျွန်တော်တို့ရဲ့အပြစ်များအတွက် သူရဲ့ခံစားခြင်းကို ကြိုမြင်ခဲ့ပါတယ်။

မထီမဲ့မြင်ပြုခြင်းနှင့် ငြင်းပယ်ခြင်း

ရုပ်ပုံ
ယေရှု၏လက်များကို စည်းနှောင်ထား

ယေရှုခရစ်တော် မြေကြီးသို့ ကြွလာသည့်အခါ၊ လူအချို့က သူ့ကို ယုံကြည်ကြပါတယ်၊ ဒါပေမယ့်အများစုက မယုံကြည်ကြပါဘူး။ သူ့ကိုအထင်သေးရုံမက၊ များစွာတို့က မုန်းကြပါတယ်။ အဆုံးမှာ၊ လူတွေက သူ့ကို ညှဉ်းပန်းသတ်ဖြတ်ခံရစေဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ရှု ၁ နီဖိုင်း ၁၉း၉

သူကကျွန်တော်တို့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကို ခံစားခဲ့ပါတယ်။

ရုပ်ပုံ
ဂေသရှေမန်၌ဆုတောင်းနေသောယေရှုခရစ်တော်

ယေရှုခရစ်တော်က သူ့အပေါ်မှာ ကျွန်တော်တို့အားလုံးရဲ့ နာကျင်မှု၊ ဖျားနာမှုနဲ့ အားနည်းချက်တွေကို ခံယူခဲ့ပါတယ်။ သူက ကျွန်တော်တို့အပေါ်ကရုဏာရှိဖို့နဲ့ ကျွန်တော်တို့ကို ဘယ်လိုကူညီရမယ်ဆိုတာသိရဖို့ အခုလိုလုပ်ဆောင်ခဲ့တာပါ။ ရှု အယ်လမာ ၇း၁၁-၁၃

သူဟာ ကျွန်တော်တို့ရဲ့ လွန်ကြူးခြင်းတွေအတွက် ဒဏ်ရာရခဲ့ပါတယ်။

ရုပ်ပုံ
လက်ဝါးကပ်တိုင်ပေါ်မှ ယေရှုခရစ်တော်

ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့အပြစ်တွေအတွက် ခံစားခဲ့ပါတယ်။ ကျွန်တော်တို့နောင်တရကြတာနဲ့အမျှ ခွင့်လွှတ်ခံရနိုင်ဖို့ သူကယခုလို လုပ်ဆောင်ခဲ့တာပါ။ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၈း၁၁ ၁၉း၁၅-၁၉)

သူခံရသောဒဏ်ချက်အားဖြင့် ကျွန်တော်တို့အနာပျောက်ကြပါတယ်

ရုပ်ပုံ
ယေရှေုခရစ်တော်၏လက်ကို စမ်းကြည့်နေသည့်လူများ

“သူ့ဒဏ်ချက်တွေဟာ” သူ့ဒဏ်ရာတွေဖြစ်ပါတယ်။ ဒီအရာတွေက သူ့အသွေးသွန်းခြင်းနဲ့ သေခြင်းအပါအဝင် ကျွန်တော်တို့အတွက် သူခံစားခဲ့တဲ့ခံစားခြင်အားလုံးကို ကိုယ်စားပြုပါတယ်။ ယေရှုခရစ်တော်က ကျွန်တော်တို့အတွက် ခံစားခဲ့တာကြောင့်၊ ကျွန်တော်တို့တစ်ဖန် အနာငြိမ်းနိုင်စေကြပါတယ်။ သူ့ရဲ့ ပေးဆပ်ခြင်းက ကျွန်တော်တို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရနိုင်စေဖို့ ဖြစ်နိုင်စေပါတယ်။ ကျွန်တော်တို့နောင်တရကြ၊ သူ့ပဋိညာဉ်တွေကို ‌စောင့်ထိန်းဖို့ ကြိုးစားကြတာနဲ့အမျှ၊ သူကကျွန်တော်တို့ကို အနာငြိမ်းစေပြီး၊ ပြောင်းလဲစေပါတယ်။ ရှု မောဇိယ ၃း၇-၁၁ ယုံကြည်ခံယူချက်များ ၁း၃

ပုံနှိပ်သည်