၂၀၂၂
ကြောက်ခြင်းမရှိနှင့်—ကိုယ်တော်ရှင် သင်နှင့်အတူရှိတော်မူ၏
ဇွန် ၂၀၂၂


“ကြောက်ခြင်းမရှိနှင့်၊ ကိုယ်တော်ရှင် သင်နှင့်အတူရှိတော်မူ၏၊” လူငယ်တို့အတွက် ခွန်အား ဇူလိုင် ၂၀၂၂

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇူလိုင် ၂၀၂၂

ကြောက်ခြင်းမရှိနှင့်—ကိုယ်တော်ရှင် သင်နှင့်အတူရှိတော်မူ၏

အောက်တိုဘာ ၂၀၁၈ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှ။

ကြောက်ခြင်းက အသစ်မဟုတ်ပါ။ ရှေးအချိန်တွေကတည်းက၊ ကြောက်ခြင်းက ဘုရားသခင့်သားသမီးတွေရဲ့ အမြင်ကို ကန့်သန့်ထားခဲ့ပါတယ်။ ဓမ္မရာဇဝင် စတုတ္ထစောင်တွင် ရှုရိမင်းကြီးသည် ပရောဖက် ဧလိရှဲကို ဖမ်း၍သတ်ရန် စစ်တပ်တစ်တပ်ကို လွှတ်လိုက်ပါတယ်။

“နံနက် စောစောဘုရားသခင့်လူ၏ ကျွန်သည် ထ၍ ပြင်သို့ ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ်၍၊ ဧလိရှဲ၏ကျွန်ကလည်း အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို၏။” ဓမ္မရာဇဝင် စတုတ္ထစောင် ၆း၁၅

ထိုအရာမှာ ကြောက်၍ပြောသောအရာဖြစ်၏။

“ဧလိရှဲကဖြေသည်မှာမစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသော သူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက်သာ၍ များကြသည်ဟု ဆိုလျက်၊

“ဧလိရှဲကလည်း ဆုတောင်း၍ ဆိုလေသည်မှာ အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။” (ဓမ္မရာဇဝင်စတုတ္ထစောင်)။

ကျွန်တော်တိုရဲ့ အကြောက်တရားတွေကို ပျောက်သွားစေဖို့နဲ့ ကျွန်တော်တို့ရဲ့ နတ်ဆိုးတွေကို အောင်နိုင်ဖို့ ကျွန်တော်တို့ဆီကို မီးရထားတွေလွှတ်ပေးတာမျိုးရှိချင်မှရှိပါလိမ့်မယ်၊ ဒါပေမယ့်သင်ခန်းစာက ရှင်းပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့နဲ့အတူ ရှိတော်မူပါတယ်၊ ကျွန်တော်တို့ကို သတိထားပါတယ်၊ သူသာတတ်နိုင်တဲ့နည်းမျိုးတွေနဲ့ ကျွန်တော်တို့ကိုကောင်းချီးပေးနေပါတယ်။

ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်နဲ့ သူ့နည်းလမ်းတွေကို တက်တက်ကြွကြွကိုးစားကြလျှင်၊ သူ့အမှုတော်မှာ ပါဝင်နေကြလျှင်၊ လောကဦးစားပေးအရာတွေကို ကြောက်မှာမဟုတ်ပါ၊ အဲဒါတွေနဲ့ပတ်သက်လို့ စိတ်ပူကြမှာမဟုတ်ပါဘူး။ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို စောင့်ကြည့်နေတော်မူပါတယ်၊ ကျွန်တော်တို့ကို ဂရုစိုက်နေပါတယ်၊ ကျွန်တော်တို့ရဲ့ဘေးမှာရပ်နေတော်မူပါတယ်။

ပုံနှိပ်သည်