၂၀၂၂
ပရောဖက်တို့အားဖြင့် ဦးဆောင်ခြင်း
စက်တင်ဘာလ ၂၀၂၂


“ပရောဖက်တို့အားဖြင့် ဦးဆောင်ခြင်း၊” Liahona၊ စက်၊ ၂၀၂၂။

လစဉ် Liahona အမှာစကား၊ စက်တင်ဘာ ၂၀၂၂

ပရောဖက်တို့အားဖြင့် ဦးဆောင်ခြင်း

ရုပ်ပုံ
ခရစ်တော်ရုပ်တုရှေ့မှ အသင်းတော်ခေါင်းဆောင်များ

ပရောဖက်များသည် ကောင်းကင်ဘုံရှင်အဘမှ သူ့ကိုယ်စားဟောပြောရန် ခေါ်သွင်းထားခံရသည့် အမျိုးသားများဖြစ်ပါသည်။ သူတို့သည် ယေရှုခရစ်တော်အကြောင်းကိုသက်သေခံ၍၊ သူ၏ဧဝံဂေလိတရားတော်အကြောင်းကို သွန်သင်ပါသည်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်အသင်းသားများသည် ရှေးနှင့် ယခုခေတ်ပရောဖက်များကို ယုံကြည်ပါသည်။

ဘုရားသခင်သည် ပရောဖက်တို့အားဖြင့် စကားပြော၏။

ပရောဖက်များသည် ဘုရားသခင်ထံမှ ဗျာဒိတ်တော်ကို ရရှိကြ၏။ ပရောဖက်များသည် ကျွန်တော်တို့ကို သွန်သင်ရန် လမ်းပြလှုံ့ဆော်ခံရသောအခါ၊ ကျွန်တော်တို့ကို ဘုရားသခင်စကားပြောသကဲ့သို့ပင်ဖြစ်ပါသည်။ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁း၃၈)။ သူတို့သည် ကျွန်တော်တို့ကို ဘုရားသခင်သိစေချင်သည့်အရာများကို ပြောနေကြောင်း ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။

ရုပ်ပုံ
ရွှေပုရပိုက်ပြားများနှင့် မော်မုန်

တော်မ်လပ်ဗယ်၏ ပုရပိုက်ပြားများကို အကျဉ်းချုပ်နေသည့် မော်မုန်

ပရောဖက်တို့သည် ယေရှုခရစ်တော်အကြောင်းကို သွန်သင်၏

ပရောဖက်အားလုံးက ယေရှုခရစ်တော်အကြောင်းကို သက်သေခံကြ၏။ သူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို သူတို့က ကျွန်တော်တို့ကို သွန်သင်ပေးပါသည်။ သူ့ဘဝ၊ သူ့ပုံသက်သေအကြောင်းကို ကျွန်တော်တို့ကို သွန်သင်ပေးပါသည်။ သူ့နောက်ကို မည်သို့လိုက်လျှောက်ရမည့်အကြောင်းနှင့် သူ့ပညတ်တော်များကို မည်သို့စောင့်ထိန်းရမည့်အကြောင်းတို့ကိုလည်း သွန်သင်ပေးပါသည်။

ပရောဖက်တို့၏တာဝန်များ

ပရောဖက်တို့သည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သွန်သင်ပေးပါသည်။ ကျွန်တော်တို့ ပညတ်တော်များကို စောင့်ထိန်းသည့်အခါ ရရှိသည့်ကောင်းချီးမင်္ဂလာများနှင့် မစောင့်ထိန်းသည့်အခါ ရရှိသည့်အကျိုးဆက်များကိုရှင်းပြကြပါသည်။ အချို့အချိန်များတွင်၊ အနာဂတ်အဖြစ်အပျက်များအကြောင်း ကျွန်တော်တို့ကို ပြောပြရန် သူတို့သည် လမ်းပြလှုံ့ဆော်ခံရနိုင်ပါသည်။

ရုပ်ပုံ
ကျောက်ပြားများနှင့် မောရှေ

ဂျယ်ရီဟာစတန်၏ မောရှေနှင့် ကျောက်ပြားများ

ရှေးပရောဖက်များ

ဘုရားသခင်သည် ရှေးဦးစွာကပင် လူတို့အား ပရောဖက်များမှတဆင့် သွန်သင်ပေးခဲ့ပါသည်။ ဓမ္မဟောင်းခေတ်ကရှိခဲ့ကြသည့် ပရောဖက်များတွင်၊ အာဒံ၊ နောဧ၊ အာဗြဟံ၊ မောရှေ၊ ယေရှာယနှင့် အခြားသူများ ပါဝင်ပါသည်။ မော်မုန်ကျမ်းခေတ်က လူတို့၌လည်း ပရောဖက်များ ရှိခဲ့ပါသည်။ ဤပရောဖက်များတွင်၊ လေဟိ၊ မောဇိယ၊ အယ်လမာနှင့် မော်ရော်နိုင်းတို့ပါဝင်ပါသည်။ ကျွန်တော်တို့သည် သူတို့သွန်သင်ခဲ့သည့်အရာကို ကျမ်းစာများဖတ်ခြင်းဖြင့် သင်ယူနိုင်ပါသည်။

ယခုခေတ်ပရောဖက်များ

ဂျိုးဇက်စမစ်သည် ယခုခေတ်တွင် ပထမဆုံးပရောဖက်ဖြစ်ပါသည်။ သူသည် မြေကြီးပေါ်၌ ယေရှုခရစ်တော်၏အသင်းတော်ကို ပြန်လည်ဆောင်ယူခဲ့ပါသည်။ ရပ်ဆဲလ် အမ် နယ်လ်ဆင်သည် ယနေ့ အသင်းတော်၏ပရောဖက်နှင့် ဥက္ကဋ္ဌဖြစ်ပါသည်။ ပထမဥက္ကဋ္ဌအဖွဲ့ရှိ သူ၏အတိုင်ပင်ခံများနှင့် တမန်တော်တစ်ဆယ့်နှစ်ပါးတို့သည်လည်း ပရောဖက်များ ဖြစ်ပါသည်၊ မြင်သောသူများ၊ နှင့် ဗျာဒိတ်ဟောသူများ

ရုပ်ပုံ
ဖုန်းပေါ်၌ အထွေထွေညီလာခံကြည့်နေသည့် ဇနီးမောင်နှံ

ပရောဖက်ကို နားထာင်ခြင်း

ပရောဖက်သည် ကျွန်တော်တို့ကို အထွေထွေညီလာခံနှင့် အခြားအချိန်များတွင် စကားပြောပါသည်။ သူသည် ကျွန်တော်တို့အား ဘုရားသခင်သိစေလို့သည့်အရာနှင့် ယနေ့ခေတ်တွင် ယေရှုခရစ်တော်နောက်ကို မည်သို့လိုက်လျှောက်ရမည့်အကြောင်းတို့ကို သွန်သင်ပေးပါသည်။ ကျွန်တော်တို့သည် သူ၏သွန်သင်ချက်များကို Liahona နှင့် ChurchofJesusChrist.orgတွင်တွေ့နိုင်ပါသည်။

ပရောဖက်နောက်လိုက်လျှောက်ခြင်း၏ကောင်းချီးမင်္ဂလာများ

ကျွန်တော်တို့သည် ပရောဖက်၏သွန်သင်ချက်များကို လိုက်လျှောက်လျှင် ကောင်းချီးခံစားကြရမည်။ ကျွန်တော်တို့သည် ပရောဖက်နောက်ကို လိုက်လျှောက်သည့်အခါ၊ ကျွန်တော်တို့ကို ဘုရားသခင်လုပ်ဆောင်စေလိုတော်မူသည့်အရာကို လုပ်ဆောင်နေကြကြောင်းသိနိုင်ပါသည်။ ကျွန်တော်တို့ဘဝများ၌ ငြိမ်းချမ်းမှုကို ခံစားနိုင်၊ ယေရှုခရစ်တော်နှင့် ပို၍နီးလာနိုင်ပါသည်။

ပုံနှိပ်သည်