၂၀၂၂
ကျွန်တော်တို့အဘယ်ကြောင့် ဆယ်ဖို့တစ်ဖို့ပေးကြသနည်း။
ဒီဇင်ဘာ ၂၀၂၂


“ကျွန်တော်တို့အဘယ်ကြောင့် ဆယ်ဖို့တစ်ဖို့ပေးကြသနည်း၊”Liahona ဒီဇင်၊ ၂၀၂၂။

လစဉ် Liahona အမှာစကား၊ ဒီဇင်ဘာ ၂၀၂၂

ကျွန်တော်တို့အဘယ်ကြောင့် ဆယ်ဖို့တစ်ဖို့ပေးကြသနည်း။

ရုပ်ပုံ
ထပ်ထားသောအကြွေစေ့များ

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော် အသင်းသားများသည် သူတို့ဝင်ငွေ၏ဆယ်ပုံတစ်ပုံကို အသင်းတော်သို့ ပေးကြပါသည်။ ဤအရာကို ဆယ်ဖို့တစ်ဖို့ဟု ခေါ်ပါသည်။ ထိုငွေကို ကမ္ဘာတစ်ဝန်း၌ အသင်းတော်အမှုကို လုပ်ဆောင်ရန် အသုံးပြုပါသည်။

ဆယ်ဖို့တစ်ဖို့ဆိုသည်မှာ မည်သည့်အရာနည်း။

ဘုရားသခင်၏ပညတ်တော်များထဲမှ တစ်ခုမှာ ကျွန်တော်တို့ဝင်ငွေ၏ ဆယ်ပုံတစ်ပုံဖြစ်သည့် ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်၏အသင်းတော်သို့ ပေးဖို့ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဆယ်ဖို့တစ်ဖို့ပေးသောအခါ၊ ဘုရားသခင်အား ကျွန်တော်တို့၏ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတရားကို ပြသကြပါသည်။ ကျွန်တော်တို့သည် ကိုယ်တော်ရှင်ကို ကိုးစားကြောင်းနှင့် အရာအားလုံး၌ ကိုယ်တော်ကို နာခံရန်စေတနာရှိကြောင်းပြသကြပါသည်။

ရုပ်ပုံ
ဆယ်ဖို့တစ်ဖို့အဖြစ် ဥစ္စာပစ္စည်းများကို မေလခိဇေဒက်ထံသို့ ယူလာနေသောလူများ

မေလခိဇေဒက်—ဘဏ္ဍာထိန်း၊ ကလာ့ကယ်လီပရိုက်စ်၏လက်ရာ

ဓမ္မဟောင်းကျမ်းသွန်သင်ချက်များ

ဘုရားသခင်၏လူမျိုးတို့သည် ဓမ္မဟောင်းကာလအတည်းက ဆယ်ဖို့တစ်ဖို့ ပေးခဲ့ကြပါသည်။ ဥပမာအားဖြင့်၊ အာဗြဟံသည် ဆယ်ဖို့တစ်ဖို့ပေးခဲ့ပါသည် (ရှု ကမ္ဘာဦးကျမ်း ၁၄း၁၈-၂၀)။ ဆယ်ဖို့တစ်ဖို့ပညတ်ကို မောရှေနှင့် မာလခိအပါအဝင် ရှေးပရောဖက်တို့ကလည်း သွန်သင်ခဲ့ကြပါသည် (ရှု ဝတ်ပြုရာကျမ်း ၂၇း၃၀-၃၄နေဟမိ ၁၀း၃၅-၃၇မာလခိ ၃း၁၀)။

ဆယ်ဖို့တစ်ဖို့ပညတ်ကို ပြန်လည်ဆောင်ယူခြင်း

၁၈၃၈ ခုနစ်တွင်၊ ပရောဖက်ဂျိုးဇက်စမစ်သည် အသင်းတော်အသင်းသားများ ဆယ်ဖို့တစ်ဖို့ကို မည်သို့ပေးသင့်ကြောင်း ကိုယ်တော်ရှင်ကို မေးလျှောက်ခဲ့ပါသည်။ ကိုယ်တော်ရှင်၏အဖြေကို ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၁၉တွင် မှတ်တမ်းတင်ထားပါသည်၊ ဆိုသည်ကား အသင်းသားများသည် သူတို့၏တိုးလာသောအရာ၏ ဆယ်ဖို့တစ်ဖို့ကို အသင်းတော်သို့ ပေးရမည်(ရှု အခန်းငယ် ၄)။ “တိုးလာသောအရာ”ဆိုသည်မှာ ဝင်ငွေကိုဆိုလိုကြောင်း အသင်းတော်ခေါင်းဆောင်များက သွန်သင်ခဲ့ကြပါသည်။

ရုပ်ပုံ
တစ်ဦးကအခြားတစ်ဦးအား စာအိတ်တစ်အိတ်ကိုပေးသည့်အခါ လက်ဆွဲနှုတ်ဆက်နေကြသည့်လူများ

ဂျမီဒေးလ်ဂျွန်ဆင်၏ဓာတ်ပုံ

ဆယ်ဖို့တစ်ဖို့ကို မည်သို့ပေးမည်နည်း

ကျွန်တော်တို့သည် donations.ChurchofJesusChrist.orgရှိ အွန်လိုင်းအလှူပုံစံ၌ ဖြည့်သွင်းခြင်းဖြင့် ဆယ်ဖို့တစ်ဖို့ကို ပေးနိုင်ကြပါသည်။ သို့မဟုတ် စာရွက်ပုံစံကို ဖြည့်သွင်း၍၊ ငွေကို သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ သို့မဟုတ် အသင်းတော်ခွဲဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးသို့ ပေးနိုင်ပါသည်။ ငွေအားလုံးကို မည်သို့အသုံးပြုမည့်အကြောင်း အသင်းတော်ခေါင်းဆောင်များ(ပထမဥက္ကဋ္ဌအဖွဲ့၊ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့နှင့် ဦးစီးသင်းအုပ်အဖွဲ့) ဆုတောင်းခြင်းထက်သန်စွာဆုံးဖြတ်ရာ အသင်းတော်ရုံးချုပ် သို့ပို့ပါသည်။

ကောင်းချီးမင်္ဂလာများ

ဆယ်ဖို့တစ်ဖို့ပေးသူများသည် ဇာတိပကတိနှင့် ဝိညာဉ်ပကတိ၌ ကောင်းချီးခံစားရမည်ဖြစ်ကြောင်း ကိုယ်တော်ရှင်ကတိထားတော်မူခဲ့ပါသည်။ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်၏သားသမီးအားလုံးကို ကိုယ်တော့်အကြောင်းကို သင်ယူရန်နှင့် ဧဝံဂေလိတရားတော်၌ တိုးတက်ရန် အခွင့်အလမ်းနှင့်လည်း ကောင်းချီးပေးပါသည်။

ရုပ်ပုံ
ဆော့လိတ် ဗိမာန်တော်

ဆယ်ဖို့တစ်ဖို့ရန်ပုံငွေများကို မည်သို့အသုံးပြုသနည်း

ဆယ်ဖို့တစ်ဖို့ကို ကမ္ဘာတစ်ဝန်း၌ ကိုယ်တော်ရှင်၏အသင်းတော်ကို တည်ဆောက်ရန် အသုံးပြုပါသည်။ ဤအမှုတွင်၊ ဗိမာန်တော်များနှင့် အခြားအသင်းတော်အဆောက်အဦးများတည်ဆောက်ခြင်း၊ ကျမ်းစာများနှင့်အခြားပစ္စည်းများ ပုံနှိပ်ခြင်း၊ အသင်းတော်ပိုင်ကျောင်းရန်ပုံငွေများတည်ထောင်ခြင်း၊ မိသားစုသမိုင်းနှင့် သာသနာပြုအမှု၌ ကူညီခြင်းတို့ ပါဝင်ပါသည်။

ဆယ်ဖို့တစ်ဖို့ ကြေညာချက်

အသင်းတော်အသင်းသားများသည် ဆယ်ဖို့တစ်ဖို့အပြည့်ပေးသောသူများဟုတ်မဟုတ် ပြောပြရန် သူတို့၏ သင်းအုပ် (သို့မဟုတ် အသင်းတော်ခွဲဥက္ကဋ္ဌ)နှင့် တစ်နှစ်တစ်ကြိမ်တွေ့ကြပါသည်။

အဘယ်အတွက် ဆယ်ဖို့တစ်ဖို့ပေးသနည်း

ရုပ်ပုံ
အုတ်ကလန်း ကယ်လီဖိုးနီးယားဗိမာန်တော်

လောင်းဂျင် လုန်ဇနာအငယ်၏ အုတ်ကလန်း ကယ်လီဖိုးနီးယားဗိမာန်တော်ဓာတ်ပုံ။

ရုပ်ပုံ
ဘာသာစကားအမျိုးမျိုးဖြင့် မော်မုန်ကျမ်းစာအုပ်များ
ရုပ်ပုံ
အစည်းအဝေးအဆောက်အဦး

ပုံနှိပ်သည်