၂၀၂၃
မိသားစုများသည်ထာဝရဖြစ်သည်
ဇန်နဝါရီလ ၂၀၂၃


“မိသားစုများသည်ထာဝရဖြစ်သည်၊” လီယဟိုနာ၊ ဇန် ၂၀၂၃။

လစဉ် လီယဟိုနာ အမှာစကား၊ ဇန်နဝါရီလ ၂၀၂၃

မိသားစုများသည်ထာဝရဖြစ်သည်

ရုပ်ပုံ
ပြုံးနေသောမိသားစု

မိသားစုဆိုသည်မှာ လူ့အဖွဲ့အစည်းနှင့်အသင်းတော်တွင် အခြေခံကျသောအရာဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှ အသင်းသားများသည် မိသားစုများထာဝရရှိနိုင်တာကို ယုံကြည်ကြပါတယ်။ ကမ္ဘာမြေပေါ်တွင်ရှိသော ကျွန်ုပ်တို့၏မိသားစုများ ခွန်အားရရှိရန် ကျွန်ုပ်တို့အလုပ်လုပ်ကြပါတယ်။ ထာဝရမိသားစုမှ ကောင်းချီးမင်္ဂလာတွေရရှိနိုင်တယ်လို့လည်း ကျွန်ုပ်တို့ ယုံကြည်ကြပါတယ်။

ဘုရားသခင်၏မိသားစု

လူတွေအားလုံးဟာ ကောင်းကင်ဘုံရှင်မိဘများရဲ့ ဝိညာဉ်သားသမီးများဖြစ်ကြပါတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြပါသည်။ ကျွန်ုပ်တို့အားလုံးမှာ မြင့်မြတ်တဲ့ ဗီဇရှိပြီး ပန်းတိုင်ရှိပါကြတယ်။ ကျွန်ုပ်တို့ ဖြောင့်မတ်စွာနေထိုင်ပါက ကောင်းကင်ဘုံရှင်အဖရဲ့ ထာဝရမိသားစု တစ်စိတ်တစ်ပိုင်းအနေဖြင့် သူနဲ့နေထိုင်ဖို့ ပြန်သွားနိုင်ပါတယ်။

ရုပ်ပုံ
ဗိမာန်တော် အပြင်ဘက်မှ လက်ထပ်ပြီးခါစဇနီးမောင်နှံ

မင်္ဂလာဆောင် ဓာတ်ပုံ ဂျိုးဇက် ကူလားဘလ်

ထာဝရမိသားစုများ

အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ဗိမာန်တော်မှာ လက်ထပ်ပြီး ပဋိညာဉ်များကို စောင့်ထိန်းကြတဲ့အခါ၊ သူတို့ရဲ့ ထိမ်းမြားလက်ထပ်ခြင်းသည် ထာဝရတည်တံ့နိုင်ပါတယ်။ ဒီ ဗိမာန်တော် ဘိသိတ်မင်္ဂလာကို ပေါင်းစည်းခြင်းလို့ခေါ်ပါတယ်။ ထိုဘိသိတ်မင်္ဂလာပြုထားသော မိဘများမှ မွေးဖွားလာသော သားသမီးများသည် မွေးကတည်းက ပေါင်းစည်းခြင်းထဲတွင်ပါဝင်ပြီးသားဖြစ်ပါတယ်​။ ဗိမာန်တော်တွင် ပေါင်းစည်းခြင်းမလုပ်ရသေးသော မိဘများမှ မွေးဖွားလာသော သားသမီးများသည် ဗိမာန်တော်ထဲတွင် ထာဝရမိသားစုရရှိရန်အတွက် မိဘများနှင့် ပေါင်းစည်းခြင်းလုပ်နိုင်ပါတယ်။ အသင်းတော်မှ အသင်းသားများသည် မိသားစုသမိုင်းနှင့် ဗိမာန်တော် အလုပ်များကိုလုပ်ဆောင်ကြပါတယ်။ထို့မှသာ သူတို့၏ မျိုးနွယ်ဆက်တစ်ခုလုံးနှင့်ပေါင်းစည်းပြီး မိသားစုများအတူတကွရှိနိုင်ရန်အတွက်ဖြစ်ပါတယ်။ ယေရှုခရစ်တော်နှင့် သူ၏ အပြစ်ဖြေခြင်းမင်္ဂလာကြောင့် ထာဝရမိသားစုရရှိနိုင်ခြင်း ကောင်းချီးမင်္ဂလာ ဖြစ်စေခဲ့ပါတယ်။

လက်ထပ်ထိမ်းမြားခြင်း

အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး လက်ထပ်ထိမ်းမြားခြင်းသည် ဘုရားသခင်အားဖြင့် အပ်နှင်းခြင်းဖြစ်ပါတယ်။ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိက ခင်ပွန်းနှင့် ဇနီးအား တစ်ဦးနှင့်တစ်ဦး သစ္စာရှိရန်နှင့် သူတို့ရဲ့ ထိမ်းမြားလက်ထပ်ခြင်း ပဋိညာဉ်တွေကို ယုံကြည်စေရန် သင်ပေးပါတယ်။ သူတို့ရဲ့ အတွေး၊ စကားလုံး နဲ့ လုပ်ဆောင်မှုတွေမှန်ကန်သင့်ပါတယ်။ လက်ထပ်ခြင်းသည် တူညီသော ကြင်ဖော်ကြင်ဖက်ဖြစ်ပြီး ဇနီးနှင့် ခင်ပွန်းသည်တို့ တစ်ဦးကိုတစ်ဦး အားပေးခြင်း၊ နှစ်သိမ့်ပေးခြင်း နှင့်ကူညီခြင်းတို့ ရှိသင့်ပါတယ်။

ရုပ်ပုံ
ကလေးငယ်လေးနှင့်မိဘများ

မိဘများနှင့်ကလေးများ

ဘုရားသခင်က အာဒံနှင့်ဧဝကို သားသမီးများရရှိရန် မိန့်မှာခဲ့ပါတယ်။ အသင်းတော်မှ ခေါင်းဆောင်များကလည်း ဒီမိန့်မှာချက်သည် ယခုအထိ အရေးကြီးနေဆဲဟု သင်ကြားပေးခဲ့ပါတယ်။ မိခင်နှင့်ဖခင်များသည် သူတို့၏ သားသမီးများအား ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းတို့နှင့် ပျိုးထောင်ရန်အလုပ်အတူတူလုပ်ကြရမည်” (ရှု ဩဝါဒနှင့် ပဋိညာဉ်ကျမ်း ၆၈:၂၅-၂၈)။ သားသမီးများသည် သူတို့ရဲ့မိဘများကို လေးစားခြင်းနှင့် နာခံခြင်းရှိဖို့သင်ယူခဲ့ကြပါတယ် (ရှု ထွက်မြောက်ရာကျမ်း ၂၀:၁၂)။

သင်ကြားခြင်းနှင့်သင်ယူခြင်း

မိဘများက သူတို့၏သားသမီးများကို ဘုရားသခင်ကို ချစ်ရန်နှင့် သူ၏ပညတ်တော်များကို လိုက်လျှောက်ရန်သွန်သင်ပေးပါတယ်။ မိသားစုဘဝသည် ကျွန်ုပ်တို့အားဝမ်းမြောက်ခြင်း၊ စိတ်ရှည်ရန်သင်ယူခြင်းနှင့် တကိုယ်ကောင်းဆန်ခြင်းကင်းမဲ့စေမှုတို့ကို ခံစားစေရန်အခွင့်အရေးပေးပါတယ်။ ဒီလက္ခဏာများသည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့်ပိုတူလာစေပြီး ထာဝရမိသားစုအနေနှင့်ပျော်ရွှင်စွာနေထိုင်နိုင်ရန် ပြင်ဆင်ပေးပါတယ်။

မိသားစုများအားခွန်အားပေးခြင်း

အောင်မြင်သော မိသားစုတစ်စု တည်ထောင်ရန် အလုပ်၊ အာရုံစူးစိုက်ထားမှု နှင့် စိတ်ရှည်ခြင်းတို့ လိုအပ်ပါတယ်။ ဧဝံဂေလိ အခြေခံသဘောတရားများဖြစ်တဲ့ ယုံကြည်ခြင်း၊ ဆုတောင်းခြင်း၊ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းမေတ္တာ၊အလုပ်နှင့် အခြားပျော်ရွှင်စရာကောင်းသောအရာများက ကျွန်ုပ်တို့မိသားစုဘဝတွေမှာ ဝမ်းမြောက်ခြင်းရှာတွေ့ရန် ကူညီပေးပါလိမ့်မယ်။ ကိုယ်ပိုင်ဗျာဒိတ်တော်ရရှိပြီးတော့လည်း ကျွန်ုပ်တို့၏မိသားစုများကို ဘယ်လိုခွန်အားပေးနိုင်မလဲဆိုတာသိနိုင်ပါတယ်။

ရုပ်ပုံ
ယေရှုခရစ်တော်၏ပုံ

ခရစ်တော်၏ပုံ၊ ဟိန်းန်ရှေ့ဂျ် ဟော့ခ်မန်း အားဖြင့်

အားလုံး ကောင်းချီးမင်္ဂလာများရရှိနိုင်သည်

ကမ္ဘာမြေပေါ်မှအကောင်းဆုံး မိသားစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ လူတိုင်းမှာ အခွင့်အရေးမရှိပါဘူး။ သို့သော်လည်း ဘုရားသခင်က သူ့ရဲ့ ပညတ်တော်တွေ စောင့်ထိန်းသူတိုင်းသည် ထာဝရမိသားစုရရှိခြင်းကောင်းချီးမင်္ဂလာကိုရရှိမယ်လို့ ကတိပေးတော်မူခဲ့ပါတယ်။ သူနဲ့သူရဲ့ အချိန်ပေါ်မှာကျွန်ုပ်တို့ယုံကြည်နိုင်ပါတယ်။

ပုံနှိပ်သည်