၂၀၂၃
လူငယ်များနှင့်ကလေးများအတွက်ရှာဖွေရန်အရင်းအမြစ်များ
ဖေဖော်ဝါရီ ၂၀၂၃


“လူငယ်များနှင့်ကလေးများအတွက်ရှာဖွေရန်အရင်းအမြစ်များ ၊” လီယဟိုနာဖေဖော်ဝါရီ၂၀၂၃။

လစဉ် လီယဟိုနာ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၃

လူငယ်များနှင့်ကလေးများအတွက်ရှာဖွေရန်အရင်းအမြစ်များ

ရုပ်ပုံ
သားနှင့် ကျမ်းစာဖတ်နေသော မိဘများ

မိဘများသည် သားသမီးများအား ယေရှုခရစ်တော်နှင့် သူ၏ ဧဝံဂေလိတရားတော်ကိုသင်ကြားပေးရန် အရေးကြီးသောတာဝန်ရှိသည်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်တွင် မိဘများအား သူတို့၏ကြိုးစားအားထုတ်မှု ပိုကောင်းလာစေရန်အတွက် အဖွဲ့အစည်းများ၊ အစီအစဉ်များနှင့် အခြားသောရှာဖွေရန်အရင်းအမြစ်များရှိသည်။ မိဘများ၊ အသင်းတော်ခေါင်းဆောင်များနှင့် မိတ်ဆွေများ အတူတကွဖြင့် ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များအား ခရစ်တော်ထံလာရန်ကူညီပေးနိုင်ပါသည်။

ရုပ်ပုံ
မှုလတန်းကလေးများ

ဘန် ဂျွန်ဆန် ၏ဓာတ်ပုံ

မူလတန်းအဖွဲ့အစည်း

မူလတန်းအဖွဲ့အစည်းသည် အသင်းတော်မှ အသက် ၁၈ လမှ ၁၁ နှစ်အတွင်းကလေးများအတွက် အဖွဲ့အစည်းဖြစ်သည်။ မူလတန်းအဖွဲ့အစည်းတွင် ကလေးများသည် ယေရှုခရစ်တော်နှင့် သူ၏ ဧဝံဂေလိတရားတော်အကြောင်းကိုသင်ခန်းစာများ၊ သီချင်းများနှင့် လှုပ်ရှားပါဝင်မှုများ မှတဆင့်သင်ယူသည်။ မူလတန်းအဖွဲ့အစည်းက ကလေးများအား ဘုရားသခင်၏ချစ်ခြင်းကို ခံစားရစေရန် ကူညီပေးနိုင်သည်။

အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့နှင့် လူငယ်အမျိုးသမီးများအဖွဲ့ အတန်းများ

ကလေးများသည် ၁၂ နှစ်ရောက်မည့် နှစ် ဇန်နဝါရီလတွင် မူလတန်းအဖွဲ့အစည်းမှအာရုန်ယဇ်ပရောဟိတ်အခွင့် အဖွဲ့ (ယောင်္ကျားလေးများ) သို့မဟုတ် လူငယ်အမျိုးသမီးများအဖွဲ့(မိန်းခလေးများ) အတန်းများသို့ပြောင်းရွေ့ရသည်။ သူတို့၏ အဖွဲ့များနှင့် အတန်းများတွင် လူငယ်တို့သည် သူတို့၏ သက်သေခံချက်များပိုမိုခိုင်မာလာစေရန်နှင့်တခြားသူများကိုကူညီရန် ဆက်လက်လုပ်ဆောင်ကြသည်။

ရုပ်ပုံ
ပုံဆွဲနေသောလက်များ

ကလေးများနှင့် လူငယ်အစီအစဉ်

သူ၏ငယ်ရွယ်သောအချိန်တွင်၊ ယေရှုခရစ်တော်သည် “အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင်ရှေ့ ၊လူတော်ရှေ့မှာ မျက်နှာရတော်မှု၏။” (ရှင်လုကာ ၂း၅၂)။ လူငယ်နှင့်ကလေးများ အစီအစဉ်က အသင်းတော်မှ လူငယ်အသင်းသားများကို ခရစ်တော်၏ ပုံသက်သေနောက်လိုက်လျှောက်ရန် ကူညီပေးပါသည်။ သူတို့၏ ဘဝနေရာဒေသမျိုးစုံဖြစ်တဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ၊ လူမှုရေးရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာတို့တွင် လေ့လာပြီး တိုးတက်ကြပါသည်။

အသင်းတော်မဂ္ဂဇင်းများ

ကလေးများအတွက် အသင်းတော်မှ မဂ္ဂဇင်းသည် မိတ်ဆွေ မဂ္ဂဇင်း ဖြစ်ပါတယ်။ 35 လူငယ်တို့အတွက် ခွန်အား သည် လူငယ်တို့အတွက် မဂ္ဂဇင်းဖြစ်သည်။ ဒီမဂ္ဂဇင်းများတွင် ပုံပြင်များ၊သင်ကြားပေးခြင်းများ နှင့် ရေးသားထားသော လှုပ်ရှားပါဝင်မှုများ အထူးသဖြင့်ကလေးများနှင့် ဆယ်ကျော်သက်များအတွက်ပါဝင်ပါသည်။

ရုပ်ပုံ
စပိန်ဘာသာ လမ်းညွှန်စာအုပ်၏အဖုံး

လူငယ်တို့အတွက်ခွန်အားလမ်းညွှန်စာအုပ်

လူငယ်တို့အတွက်ခွန်အား ၊ ရွေးချယ်မှုများပြုလုပ်ရန်လမ်းညွှန်ခြင်း လူငယ်များအား ဧဝံဂေလိအမှန်တရားအကြောင်းသင်ပေးသည်။ ထိုအရာက ယေရှုခရစ်တော် နောက်လိုက်လျှောက်ရန် ကူညီပေးသော ဆုံးဖြတ်ချက်များမည်ကဲ့သို့ပြု လုပ်ရမည်ကိုသင်ကြားပေးပါသည်။ ဧဝံဂေလိတရားတော်တွင် မည်သို့နေထိုင်ရမည်ကို လူငယ်များမေးသော မေးခွန်းများ၏ အဖြေများလည်းပါဝင်ပါသည်။

ဧ၀ံဂလိတရားတော်စာကြည့်တိုက်

ဧ၀ံဂလိတရားတော်စာကြည့်တိုက်တွင် ဒီဂျစ်တယ်အရင်းအမြစ်များဖြစ်သည့် ဗီဒီရိုများ၊ သီချင်း၊ ကျမ်းစာဇာတ်လမ်းများနှင့် လှုပ်ရှားပါဝင်မှုတို့ မြောက်များစွာပါရှိပါတယ်။ မိဘများနှင့်ခေါင်းဆောင်များအား ဧ၀ံဂလိတရားတော် အခြေခံသဘောတရားများ သင်ကြားရန်ကူညီပေးသော အရင်းအမြစ်များလည်းပါဝင်သည်။ ထိုအရင်းအမြစ်များကို ChurchofJesusChrist.org မှ ဧဝံဂေလိတရားတော်စာကြည့်တိုက် နှင့် ဧဝံဂေလိတရားတော် စာကြည့်တိုက် အက်ပ် တွင်ရှာတွေ့နိုင်သည်။

FSY အထွေထွေညီလာခံများ

လူငယ်တို့သည် ၁၄ နှစ်ရောက်သည့် နှစ်မှစ၍ လူငယ်တို့ခွန်အား (FSY) အထွေထွေညီလာခံများတက်ရောက်ရန် ဖိတ်ကြားခံရသည်။ ထိုပွဲများတွင် လူငယ်များအတွက်ဝိညာဉ်ပိုင်းဆိုင်ရာ၊ လူမှုရေးရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာတို့ တိုးတက်ရန် နှင့် ယေရှုခရစ်တော်တွင် ယုံကြည်မှုရှိရန် လှုပ်ရှားပါဝင်မှုများ နှင့် သင်တန်းများပါဝင်သည်။

ပုံနှိပ်သည်