၂၀၂၃
ယေရှုခရစ်တော်၏အသင်းတော်အဖွဲ့အစည်း
အောက်တိုဘာ ၂၀၂၃


“ယေရှုခရစ်တော်၏အသင်းတော်အဖွဲ့အစည်း၊”လီယဟိုနာ၊ အောက်၊၂၀၂၃။

လစဉ် လီယဟိုနာ အမှာစကား၊ အောက်တိုဘာ ၂၀၂၃

ယေရှုခရစ်တော်၏အသင်းတော်အဖွဲ့အစည်း

ရုပ်ပုံ
ယေရှုခရစ်တော်၏ပုံတူပန်းချီ

ကိုယ်တော်ရှင်ယေရှုခရစ်တော်၊ ဒဲလ် ပါဆင် မှ

ယေရှုခရစ်တော်သည် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ဦးသျှောင်ဖြစ်သည်။ ဓမ္မသစ်ကာလများတွင်သူပြုသကဲ့သို့ပင် ကိုယ်တော်သည် ယနေ့တွင်လည်း ပရောဖက်များနှင့်တမန်တော်များကို အသင်းတော်အား ဦးဆောင်ရန် လှုံ့ဆော်ခဲ့သည်။ ၎င်းတို့ကို အသင်းတော်၏တခြားသောခေါင်းဆောင်များမှ ကူညီပေးသည်။

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သည် ကယ်တင်ရှင်၏အသင်းတော်ဖြစ်သည်။ ထိုအသင်းတော်ကို “တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ ထပ်ဆင့်၍တည်ဆောက်လျက်ရှိကြ၏၊ထိုတိုက်အမြစ်ကျောက်ကား ယေရှုခရစ်ဖြစ်သတည်း” (ဧဖက်ဩဝါဒစာ ၂း၂၀)။ ဆိုလိုသည်ကား ကိုယ်တော်သည် အုတ်မြစ်၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကိုယ်တော်သည် သူရွေးချယ်ထားသော ခေါင်းဆောင်များဖြစ်သည့် ပရောဖက်များနှင့်တမန်တော်များမှတဆင့် အသင်းတော်အား လမ်းညွှန်သည်။

ရုပ်ပုံ
ပထမ ဥက္ကဋ္ဌ အဖွဲ့

ပထမ ဥက္ကဋ္ဌ အဖွဲ့

အသင်းတော်၏ ဥက္ကဋ္ဌသည် ယနေ့ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်၏ပရောဖက်ဖြစ်သည်။ သူသည် အကြီးတန်းတမန်တော်ဖြစ်ပြီး အသင်းတော်တစ်ခုလုံးအားဦးဆောင်ရန် ဗျာဒိတ်တော်လက်ခံရရှိသည့် ကမ္ဘာမြေပေါ်မှ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏အတိုင်ပင်ခံများအဖြစ်ဆောင်ရွက်ရန် မည်သည့်တမန်တော်နှစ်ဦးအား ခေါ်ဆိုရမည်ကို သိစေခြင်းငှာ ကိုယ်တော်ရှင်မှ သူ့အား လမ်းပြလှုံ့ဆော်ပေးသည်။ သူတို့သည် ပထမဥက္ကဋ္ဌအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်သုံးယောက်စလုံးသည် ပရောဖက်များ၊ မြင်သောသူများနှင့် ဗျာဒိတ်ဖတ်သူများဖြစ်ကြသည်။

တမန်တော်တစ်ကျိပ်နှစ်ပါးအဖွဲ့

တမန်တော်တစ်ကျိပ်နှစ်ပါးအဖွဲ့ဝင်များသည်လည်း ပရောဖက်များ၊ မြင်သောသူများနှင့် ဗျာဒိတ်ဖတ်သူများဖြစ်ကြသည်။ ၎င်းတို့သည် ယေရှုခရစ်တော်၏ အထူးသက်သေခံသူများအဖြစ် ခေါ်ဆိုခံခဲ့ရသည်။ ၎င်းတို့သည် ကိုယ်တော်၏အကြောင်းအား သင်ကြားခြင်းနှင့်သက်သေခံခြင်းအမှုတို့ကို ပြုလုပ်ရန် ကမ္ဘာအနှံ့လှည့်လည်သွားလာကြသည်။ (ရှုဩဝါဒနှင့်ပဋိညာဉ်များ ၁၀၇း၂၃၊ ၃၃။)

ခုနှစ်ကျိပ်အဖွဲ့များ

ခုနှစ်ကျိပ်အဖွဲ့ဝင်များသည်လည်း ယေရှခရစ်တော်၏ သက်သေခံသူများအဖြစ် ခေါ်ဆိုခံခဲ့ရသည် (ရှုဩဝါဒနှင့်ပဋိညာဉ်များ ၁၀၇း၂၅)။ ၎င်းတို့သည် တစ်ကျိပ်နှစ်ပါးအဖွဲ့အား ကမ္ဘာအနှံ့တွင် ဧဝံဂေလိတရားကို သင်ကြားရန်နှင့် အသင်းတော်များကို တည်ထောင်ရန် ကူညီကြသည်။

ရုပ်ပုံ
အတူတကွတိုင်ပင်နေသောခေါင်းဆောင်များ

မချီကို ဟိုရီ၏ ဓာတ်ပုံ

ဒေသတွင်းခေါင်း‌ဆောင်များ

သင်တို့၏ ပန္နက် (သို့) ခရိုင် ဥက္ကဋ္ဌအဖွဲ့၊ သင်းအုပ် (သို့) အသင်းတော်ခွဲဥက္ကဋ္ဌအဖွဲ့ ၊ အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့ နှင့် လူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့တို့သည်လည်း ဘုရားသခင်မှ အမှုတော်ဆောင်ရန်ခေါ်ဆိုခြင်းခံရသည်။ ၎င်းတို့သည် သင်တို့အား ဧဝံဂလိတရားတော်ကို သင်ယူရန်နှင့် ထိုအတိုင်း အသက်ရှင်နေထိုင်ရန် ကူညီပေးနိုင်သည်။ သင်တို့သည် ဤအမှုတော်ဆောင်တာဝန်အချို့အကြောင်းကို ၂၀၂၂ခုနှစ် မတ်လထုတ် ဧဝံဂေလိအခြေခံစာစောင်ဖြစ်သည့် “အသင်းတော်၏အမှုတော်ဆောင်တာဝန်များ၌ အစေခံခြင်း” တွင်လေ့လာသင်ယူနိုင်သည်။

ပုံနှိပ်သည်