၂၀၂၃
ကျွန်ုပ်တို့၏ခိုင်မြဲသောအဖော်
နိုဝင်ဘာ ၂၀၂၃


လစဉ် လီယဟိုနာ အမှာစကား၊ မေ ၂၀၂၃

ကျွန်ုပ်တို့၏ခိုင်မြဲသောအဖော်

ကောက်နုတ်ချက်များ

ရုပ်ပုံ
alt text

သန့်ရှင်းသောဝိညာဉ်တော်၏အစဉ်အမြဲအဖော်ပြုခြင်းကို၊ ကျွန်ုပ်တို့သည် လိုအပ်ပြီး၊ သင်သည်လည်းလိုအပ်ပါလိမ့်မည်။ ယခုတွင်၊ ကျွန်ုပ်တို့သည် ၎င်းအားလိုလားပြီး၊ ၎င်းအားရရှိရန် မလွယ်ကူကြောင်းကိုပင် အတွေ့အကြုံအရသိကြပါသည်။ ကျွန်ုပ်တို့အယောက်ချင်းစီတိုင်းသည် နေ့စဉ်ဘဝတွင် ဝိညာဉ်တော်အား အနှောင့်အယှက်ဖြစ်စေနိုင်မည့် အရာများကို ပြောဆိုပြုမူတတ်ကြပါသည်။

ထိုကဲ့သို့ဖြစ်ပါက၊ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်ထံမှ မနှစ်သက်ခြင်းကို ခံစားရနိုင်ပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် အထီးကျန်မှုကို ခံစားရရန် သွေးဆောင်ခံရပါလိမ့်မည်။

သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားခံစားရန် အခက်အခဲရှိပါက၊ သင့်၌ နောင်တရပြီး ခွင့်လွှတ်မှုခံရရန် အကြောင်းတစ်စုံတစ်ရာရှိ၊မရှိ အလေးအနက်စဉ်းစားနိုင်ပါသည်။ သင်သည် သန့်ရှင်းခံရစေရန် လုပ်ဆောင်ရမည့်အရာကို သိရှိလိုပါက ယုံကြည်ခြင်းအားဖြင့် ဆုတောင်းနိုင်ပါသည်၊ ထိုသို့ပြုခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အစဉ်အမြဲအဖော်ပြုခြင်းနှင့် ပိုမိုထိုက်တန်လာပါလိမ့်မည်။

သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အဖော်ပြုခြင်းကို လက်ခံရရှိလိုပါက၊ သင့်တွင် မှန်ကန်သောအကြောင်းပြချက်များ ရှိရပါမည်။ သင်၏ရည်ရွယ်ချက်များသည် ကိုယ်တော်ရှင်၏ ရည်ရွယ်ချက်များ ဖြစ်ရပါမည်။ သင်၏ဦးတည်ချက်များသည် အတ္တကြီးလွန်းပါက၊ ဝိညာဉ်တော်၏ စေ့ဆော်ခြင်းများကို လက်ခံရရှိရန်နှင့် အာရုံခံရန် ခက်ခဲကြောင်း တွေ့ရှိပါလိမ့်မည်။

ကျွန်ုပ်နှင့်သင့်အတွက် အဓိကသော့ချက်မှာ ကယ်တင်ရှင်လိုလားသည့်အရာကို လိုလားရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ဦးတည်ချက်များကို ခရစ်တော်၏ဖြူစင်သောချစ်ခြင်းမေတ္တာအားဖြင့် လှုံ့ဆော်ရန်လိုအပ်ပါသည်။

ယေရှုခရစ်တော်၏အသင်းတော်၌ ယုံကြည်ခြင်းရှိပြီး ပဋိညာဉ်ကိုလိုက်လျှောက်သည့် အသင်းသားများထံသို့ သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ထားပါသည်။ ယခုတွင်၊ သင်တို့၏ အတွေ့အကြုံများသည် တမူထူးခြားလိမ့်မည်ဖြစ်ပြီး၊ သင်တို့အတွက်ဖြစ်စေ သင်တို့ချစ်သောသူများနှင့်သင်တို့အစေခံသောသူများအတွက်ဖြစ်စေ ဗျာဒိတ်တော်ကိုလက်ခံရရှိရန် ဝိညာဉ်တော်မှ သင်တို့၏ယုံကြည်ခြင်းနှင့်လုပ်နိုင်စွမ်းတို့ဖြင့် ကိုက်ညီမှုအရှိဆုံးနည်းလမ်းဖြင့် လမ်းပြပါလိမ့်မည်။ သင်တို့၌ မိမိကိုယ်ကိုယုံကြည်မှုတိုးပွားလာစေရန် ကျွန်ုပ်အစွမ်းကုန်ဆုတောင်းပါသည်။

ပုံနှိပ်သည်