“အသက်ပင်၊” မိတ်ဆွေ၊ ဇန်၊ ၂၀၂၄၊ ၂၆-၂၇။
လစဉ် မိတ်ဆွေ အမှာစကား၊ ဇန်နဝါရီ ၂၀၂၄
အသက်ပင်
လေဟိသည် ပရောဖက်တစ်ပါးဖြစ်ပါသည်။ သူ၏မိသားစုအား ကတိတော်မြေသို့ ခေါ်ဆောင်သွားရန် ဘုရားသခင်က သူ့အားပြောခဲ့ပါသည်။ ခရီးထွက်စဉ်တွင်၊ လေဟိသည် လှပသောသစ်ပင်တစ်ပင်အကြောင်း အိပ်မက်မက်ခဲ့ပါသည်။ ထိုသစ်ပင်ကို အသက်ပင်ဟု ခေါ်ပါသည်။
ထိုသစ်ပင်တွင် နှစ်လိုဖွယ်ကောင်းသော အဖြူရောင်အသီးများရှိပါသည်။ လေဟိသည် ထိုအသီးအား သုံးဆောင်သောအခါ အလွန်ပျော်ရွှင်ခဲ့ပါသည်။ သူသည် သူ၏မိသားစုကိုလည်း ထိုအသီးအား မြည်းစမ်းစေချင်ခဲ့ပါသည်။
လေဟိသည် သစ်ပင်ရှိရာသို့ သွယ်တန်းနေသော သံတန်းတစ်ခုကိုလည်း မြင်ခဲ့ရပါသည်။ လူများသည် ထိုသံတန်းကို ဆုပ်ကိုင်လျက် သစ်ပင်ရှိရာသို့လာ၍ အသီးကို စားကြပါ၏။
ဟေဟိ၏ အိပ်မက်ထဲရှိ သစ်ပင်သည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်တူပါသည်။ သံတန်းသည် ကျမ်းစာများနှင့်တူပါသည်။ ကျွန်ုပ်တို့သည် ကျမ်းစာမျာကို ဖတ်သောအခါ၊ ကောင်းကင်ဘုံရှင်အဖနှင့်ယေရှုခရစ်တော်ထံသို့ နီးကပ်လာပါသည်။
အရောင်ခြယ်စာမျက်နှာ
ကျမ်းစာများသည် ယေရှုခရစ်တော်အကြောင်း သင်ကြားပေးပါသည်
အာဒမ် ကိုဖော့၏ သရုပ်ဖော်ပုံများ
ယေရှုခရစ်တော်အကြောင်း သင်၏အကြိုက်ဆုံးဇာတ်လမ်းမှာ အဘယ်နည်း။
© 2024 by Intellectual Reserve, Inc. မူပိုင်ခွင့်ရယူပြီး။ USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, January 2024.၏ ဘာသာပြန် Language. 19273 256