လီယဟိုနာ
လူခပ်သိမ်းတို့၏ကယ်တင်ရှင်၊ လူခပ်သိမ်းတို့အတွက်ဧဝံဂေလိ
မတ် ၂၀၂၄


“လူခပ်သိမ်းတို့၏ကယ်တင်ရှင်၊ လူခပ်သိမ်းတို့အတွက်ဧဝံဂေလိ၊” လီယဟိုနာ၊ မတ်၊၂၀၂၄။

လစဉ် လီယဟိုနာ အမှာစကား၊ မတ်၂၀၂၄

လူခပ်သိမ်းတို့၏ ကယ်တင်ရှင်၊ လူခပ်သိမ်းတို့အတွက်ဧဝံဂေလိ

ယေရှုခရစ်တော်၏ ဧဝံဂေလိ၊အပြစ်ဖြေခြင်းမင်္ဂလာနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် ဘုရားသခင်၏သားသမီးများအားလုံးကို ကောင်းချီးပေးသည်။

ရုပ်ပုံ
ခရစ်တော်နှင့် ခြေလက်သေသောအမျိုးသား

ခရစ်တော်နှင့် ခြေလက်သေသောအမျိုးသား၊ ဂျေ၊ ကာခ့် ရစ်ချတ်၊ ကူးယူခြင်းသည်းခံပါ

ယေရှုခရစ်တော်၏ ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိသည် ပထမဆုံး၊ အဦးဆုံး နှင့် ရာသက်ပန်၊တည်မြဲသော ပျော်ရွှင်ခြင်းရင်းမြစ်၊ စစ်မှန်သောငြိမ်သက်ခြင်းနှင့် ဤနောက်ပိုင်းကာလများတွင် လူတိုင်းအတွက် ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်သည်။ ဧဝံဂေလိ နှင့် ခရစ်တော်၏အကန့်အသတ်မဲ့ မေတ္တာကရုဏာမှ စီးဆင်းလာသည့် ကောင်းချီးများသည် မည်သည့်အခါမျှ ရှေးခေတ် သို့မဟုတ် မျက်မှောက်ခေတ်တွင် ရွေးချယ်ထားသော လူနည်းစုအတွက်သာ ရည်ရွယ်ခဲ့ခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် မည်မျှပင်ချို့တဲ့ခြင်းကိုခံစားရပါစေ၊ ကိုယ်တော်နှင့် အတန်ကြာဝေးကွာသွားစေနိုင်သည့် အပြစ်များရှိလင့်ကစား၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်က သူ့ထံသို့လာရန်နှင့်သူ၏ချစ်ခြင်းမေတ္တာကို ခံစားရန် ကျွန်ုပ်တို့အားလုံးအား ဖိတ်ခေါ်လျက်၊ “လက်တော်ကိုလည်း [ကျွန်ုပ်တို့] ထံသို့ တစ်နေ့လုံးဆန့်တော်မူသည်“ (ယာကုပ် ၆း၄) ဖြစ်ကြောင်း ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။

ကမ္ဘာတစ်ခုလုံးအတွက် ဧဝံဂေလိကောင်းချီးများ

ယေရှုခရစ်တော်၏ဧဝံဂေလိကို “မြေကြီးပေါ်ရှိ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူ နှင့် လူမျိုးမှန်သမျှတို့ ၏လိုအပ်ချက်များကို … ဖြည့်ဆည်းရန် ဤနောက်ပိုင်းကာလများတွင် ပြန်လည်ဆောင်ယူခဲ့ခြင်းဖြစ်သည်။” “ခပ်သိမ်းသောသူတို့သည် ဘုရားသခင်အဖို့အတူတူပင်ဖြစ်၏”ဟုသွန်သင်ရန် ဧဝံဂေလိသည် အလုံးစုံသောယဉ်ကျေးမှုစည်းများကိုဖြတ်ကျော်လျက် ခပ်သိမ်းသော လူမျိုးများနှင့်အသားအရောင်များကို အောင်နိုင်ခဲ့သည် (၂နီဖိုင်း၂၆း၃၃)။ မော်မုန်ကျမ်းသည် ဤသမ္မာတရား၏ ထူးခြားသောသက်သေခံချက်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

ယေရှုခရစ်တော်သည် ခပ်သိမ်းသောပြည်သားတို့ကို အောက်မေ့တော်မူကြောင်း (ရှု ၂ နီဖိုင်း ၂၉း၇) နှင့် “သူ့ကိုယုံကြည်သူမှန်သမျှတို့ထံ သူကိုယ်တိုင်ထင်ရှားစွာပြ၍၊ … ကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုများ၊နိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများကို လူသားတို့၌ ပြုတော်မူသည်“ (၂ နီဖိုင်း ၂၆း၁၃) ဖြစ်ကြောင်း ထိုကြီးကျယ်သောမှတ်တမ်းကသက်သေခံခဲ့သည်။ ဧဝံဂေလိအား ဖြန့်ဝေခြင်းသည် ထိုကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုများ၊နိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ထိုသတင်းကောင်းအား သက်သေခံရန် သာသနာပြုများကို ကမ္ဘာတစ်ဝန်းသို့ စေလွှတ်ခဲ့သည်။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် ရှိသောသူများနှင့်လည်း ဧဝံဂေလိအား ဝေငှကြပါသည်။ အသက်ရှင်သူများနှင့် သေလွန်သူများအတွက် ပြန်လည်ဆောင်ယူထားသော ယဇ်ပုရောဟိတ်အခွင့်သော့များကို ကျင့်သုံးခြင်းဖြင့် ၊ စုံလင်သောဧဝံဂေလိကို အတိတ်၊ မျက်မှောက် သို့ အနာဂတ်ရှိ—ကျွန်ုပ်တို့ကောင်းကင်မိဘများ၏ သားသမီးတိုင်းသည် နောက်ဆုံးတွင် ရရှိနိုင်မည်ဖြစ်ကြောင်း သေချာစေသည်။

ဤဧဝံဂေလိ၏ နှလုံးသားဖြစ်သော—ခေါ်ယူခြင်းခံရသမျှ ပရောဖက်နှင့်တမန်တော်တိုင်း၏ အဓိကသတင်းစကားမှာ—ယေရှုသည် ခရစ်တော်ဖြစ်ပြီး လူတိုင်းကို ကောင်းချီးပေးဖို့ ရောက်လာကြောင်းဖြစ်သည်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းသားများအနေဖြင့်၊ ကိုယ်တော်၏ အပြစ်ဖြေပေးဆပ်မှုသည် ကမ္ဘာတစ်ခုလုံးအတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့ ကြေညာပါသည်။

အတိုင်းမသိသောထာဝရအပြစ်ဖြေခြင်းမင်္ဂလာအတွက် လိုအပ်သည့်အရာ

ကျွန်ုပ်သည် ကမ္ဘာအနှံ့တွင် သွားလာပြီး များပြားလှသောအသင်းဝင်များနှင့် လူတွေ့မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် တချို့သောမထင်ရှားသည့်အပြစ်များကို ဝန်ခံသည့်တိုင်အောင်၊ ၎င်းတို့၏အသက်တာများတွင် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကောင်းချီးများကို မည်ကဲ့သို့ခံစားရကြောင်း ကြားရသည့်အခါ ကျွန်ုပ်အား နိုးကြားတက်ကြွစေခဲ့သည်။ ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာမှ စင်ကြယ်စေသောနှစ်သိမ့်မှုကို ကျွန်ုပ်တို့အားလုံး အစဉ်အမြဲရရှိနိုင်ခြင်းသည် အလွန်ဝမ်းသာစရာပင်ဖြစ်သည်!

“အပြစ်ဖြေခြင်းမင်္ဂလာကို ပြုထားရန်လိုအပ်ပေ၏၊” ဟုအာမြူးလက်က ဆိုခဲ့သည်၊ သို့မဟုတ်လျှင် လူသားခပ်သိမ်းတို့သည် ရှောင်လွှဲ၍မရဘဲ ပျက်စီးရပေမည်။” ကျွန်ုပ်တို့သည် “အတိုင်းမသိသော ထာဝရယဇ် “ကို လိုအပ်သည့် ၊ “အပြစ်‌ဖြေခြင်းမင်္ဂလာအားဖြင့် မဟုတ်လျှင်၊ ကျရှုံး၍ ပျောက်ဆုံး “သွားကြရပေလိမ့်မည်။ “လောကီသားတို့၏အပြစ်များအတွက် လုံလောက်မည့် အတိုင်းမသိသော အပြစ်ဖြေခြင်းမင်္ဂလာထက် သာ၍ငယ်သောအရာမရှိနိုင်“ သည့်အတွက်ဖြစ်သည် (အယ်လမာ ၃၄း၉၊ ၁၀၊ ၁၂)။

ကျွန်ုပ်တို့အား ဘုရားသခင်၏မျက်မှောက်သို့ ခေါ်ဆောင်သွားရန်“သေခြင်းသည်ခပ်သိမ်းသောလူသားများသို့‌ရောက်လာသောကြောင့်၊ …ရှင်ပြန်ထမြောက်ခြင်းတန်ခိုးရှိရမည်“ဟု ကြီးမြတ်သည့် ပရောဖက် ယာကုပ်မှလည်း သွန်သင်ခဲ့၏ (၂ နီဖိုင်း ၉း၆)။

အပြစ်နှင့်သေခြင်း နှစ်မျိုးလုံးကို အောင်နိုင်ရန် လိုအပ်သည်။ ၎င်းသည် ဘုရားသခင်၏ ခပ်သိမ်းသော သားသမီးတို့အတွက် ရဲရင့်စွာပြီးမြောက်ခဲ့သည့်၊ကယ်တင်ရှင်၏တာဝန်တစ်ခုဖြစ်သည်။

ရုပ်ပုံ
ဂေသရှေမန်အရပ်ရှိ ခရစ်တော်

ဂေသရှေမန်အရပ်၊ ဂျေ၊ ကာခ့် ရစ်ချတ်၊ ကူးယူခြင်းသည်းခံပါ

ကျွန်ုပ်တို့ကယ်တင်ရှင်၏ ပေးဆပ်ခြင်း

လူ့ဇာတိအဖြစ်နောက်ဆုံးညတွင်၊ ယေရှုခရစ်တော်သည် ဂေသရှေမန်ဥယျာဉ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုနေရာတွင်၊ ကိုယ်တော်သည် သံလွင်ပင်များကြား၌ ဒူးထောက်လျက် သင်နှင့်ကျွန်ုပ် ဘယ်သောအခါမျှ သိနိုင်မည်မဟုတ်သည့် ပြင်းစွာသောဝေဒနာထဲသို့ စတင်သက်ဆင်းတော်မူ၏။

ထိုနေရာတွင်၊ လောကီသားတို့၏ အပြစ်များကို သူ့အပေါ်၌ စတင်ခံယူတော်မူခဲ့သည်။ ကိုယ်တော်သည် နာကျင်ခြင်း၊ စိတ်နှလုံးထိခိုက်ခြင်း နှင့် ဝမ်းနည်းပူဆွေးခြင်းမှန်သမျှတို့ကို ခံစားခဲ့ရပြီး သင်၊ ကျွန်ုပ် နှင့် အသက်ရှင်ခဲ့ဖူးသော သို့မဟုတ် အသက်ရှင်လေသမျှသော ပုဂ္ဂိုလ်တို့ ကြုံတွေ့ခဲ့ရသည့် မချိတင်ကဲဝေဒနာနှင့်ပင်ပန်းဆင်းရဲခြင်းကို ခံခဲ့ရသည်။ ထိုကဲ့သို့ ကြီးမားပြီးအတိုင်းမသိသောပင်ပန်းဆင်းရဲခြင်းသည် “အပြင်းထန်ဆုံးဖြစ်သောကြောင့် ကိုယ်တော်အား နာကျင်မှုကြောင့် တုန်လှုပ်ခြောက်ခြားစေပြီး၊ နှင့် ချွေးပေါက်မှန်သမျှမှ သွေးထွက်စေတော်မူ၏” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၉း၁၈)။ ကိုယ်တော်သည်သာလျှင် ဤအခြင်းအရာကို ပြုလုပ်နိုင်သည်။

တခြားမည်သူမျှ သင့်တော်မှုမရှိပါ

အပြစ်ကြွေးကိုပေးဆပ်ရန်။

ကိုယ်တော်သာလျှင် ကောင်းကင်ဘုံ၏ ဂိတ်တံခါးကို ဖွင့်ပြီး

ကျွန်ုပ်တို့အား ဝင်ရောက်စေနိုင်သည်။

ယေရှုကို ကရာနိသို့ ခေါ်‌ဆောင်သွားကြပြီး၊ ဤလောကသမိုင်းတွင် မတရားသဖြင့် ဝမ်းနည်းကြေကွဲဖွယ်အကောင်းဆုံးအခိုက်အတန့်တွင်၊ ကိုယ်တော်သည် လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခြင်းခံခဲ့ရသည်။ မည်သူမျှ ကိုယ်တော်၏အသက်အား သူ့ထံမှ နုတ်ယူနိုင်ခြင်းမရှိပါ။ ဘုရားသခင်၏တစ်ဦးတည်းသောသားတော်ဖြစ်သောကြောင့်၊ သူ့၌ ဇာတိပကတိသေဆုံးခြင်းကို ကျော်လွှားနိုင်သော တန်ခိုးရှိတော်မူသည်။ ကိုယ်တော်သည် သူ၏ခမည်းတော်ထံ တောင်းလျှောက်လျှင်၊ ကောင်းကင်တမန်တပ်များသည် ကိုယ်တော့်အား ညှဉ်းပန်းနှိပ်စက်သူများကို အနိုင်ယူပြီး အရာခပ်သိမ်းအပေါ် ကိုယ်တော်၏အုပ်စိုးမှုကို ပြသရန် ရောက်လာကြပေမည်။ “သို့ဖြစ်လျှင် ဤသို့သောအမူအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံအံ့နည်း “ဟု သစ္စာဖောက်ခံရသည့် ယေရှုက မိန့်တော်မူခဲ့သည် (ရှင်မဿဲခရစ်ဝင် ၂၆း၅၄)။

ခမည်းတော်အား စုံလင်စွာနာခံခြင်း—နှင့်ကျွန်ုပ်တို့အပေါ် စုံလင်သောချစ်ခြင်းမေတ္တာအပြင်—ယေရှုသည် မိမိအသက်အား လိုလားစွာပေးခဲ့ပြီး သူ၏အတိုင်းမသိသောထာဝရအပြစ်ဖြေပေးဆပ်ခြင်းကို ပြီးမြောက်စေခဲ့သည်၊ ထိုပေးဆပ်ခြင်းသည် ထာဝရကာလပတ်လုံး အတိတ်နှင့်အနာဂတ်သို့ ရောက်ရှိသည်။

ကျွန်ပ်တို့ ကယ်တင်ရှင်၏ အောင်နိုင်ခြင်း

ယေရှုသည် သူသေဆုံးပြီးနောက် သူ၏အမှုကို ဆက်လက်ဆောင်ရွက်ရန် တမန်တော်များကို တာဝန်ပေးခဲ့သည်။ ၎င်းတို့သည် ထိုတာဝန်ကို မည်ကဲ့သို့ဆောင်ရွက်ကြမည်နည်း။ ၎င်းတို့အများစုသည် တံငါသည်များသာဖြစ်ကြပြီး အမှုတော်ဆောင်ဖို့ရာ တရားဇရပ်များတွင် မည်သူမျှ လေ့ကျင့်ထားခြင်းမရှိပါ။ ထိုအခိုက်တွင်၊ ခရစ်တော်၏အသင်းတော်သည် ကွယ်ပျောက်သွားတော့မည့် အလားဖြစ်ခဲ့သည်။ သို့ရာတွင် တမန်တော်များသည် သူတို့၏တာဝန်အား ပုခုံးတွင်ထမ်းရွက်ရန်နှင့်လောကသမိုင်းအားပုံသွင်းရန် ခွန်အားရရှိခဲ့ကြသည်။

ထိုကဲ့သို့ သိသာသော အားနည်းပျော့ညံ့ခြင်းမှ ခွန်အားရရှိအောင် မည်သည့်အရာက လှုံ့ဆော်ခဲ့သနည်း။ အင်္ဂလီကန် အသင်းတော်ခေါင်းဆောင်နှင့် ပညာရှင် ဖရက်ဒရစ် ဖာရာ က၊ “ တစ်ခုတည်းသော ဖြစ်နိုင်ချေရှိသည့် အဖြေသည်—သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြစ်သည် ဟု ပြောခဲ့သည်။ ဤကြီးမားသည့် အလုံးစုံတော်လှန်ရေးသည် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း တန်ခိုးကြောင့်ဖြစ်သည်။” တဖန်ထမြောက်လာသော ကိုယ်တော်ရှင်၏ မျက်မြင်သက်သေများအနေဖြင့်၊ တမန်တော်များသည် ဤအမှု၏ အောင်မြင်တိုးတက်ခြင်းကို မည်သည့်အရာမျှ တားဆီးနိုင်မည် မဟုတ်ကြောင်း သိခဲ့ကြသည်။ အစောပိုင်းကာလအသင်းတော်သည် အလုံးစုံသောအခက်အခဲများကို ကျော်လွှားနိုင်ခဲ့ရာ ၎င်းတို့၏ မျက်မြင်သက်သေသည် ရေရှည်တည်တံ့သော အင်အားရင်းမြစ်တစ်ခုဖြစ်ခဲ့သည်။

ဤပသခါရာသီတွင်၊ သူ၏ဘိသိက်ခံထားသော မျက်မြင်သက်သေများထဲမှ တစ်ဦးအနေနှင့်၊ ကျွန်ုပ်ထုတ်ဖော်ကြေညာလိုသည်မှာ၊ လှပသည့် တစ်ရက်သော တနင်္ဂနွေနေ့မနက်အစောပိုင်းတွင်၊ ကိုယ်တော်ရှင် ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား ခွန်အားပေးရန်နှင့် လူတိုင်းအတွက် သေခြင်းအနှောင်အဖွဲ့များကို ချိုးဖျက်ရန် သေခြင်းမှ ထမြောက်လာခဲ့ပါသည်။ ယေရှုခရစ်တော်သည် အသက်ရှင်၏။ ကိုယ်တော်အားဖြင့်၊ သေခြင်းသည် ကျွန်ုပ်တို့၏ နိဂုံးမဟုတ်ပါ။ ရှင်ပြန်ထမြောက်ခြင်းသည် ခပ်သိမ်းသောလူတို့အတွက် ခရစ်တော်၏ လူတိုင်းအခမဲ့လက်ခံနိုင်သည့်လက်ဆောင်ဖြစ်သည်။

ရုပ်ပုံ
သင်္ချိုင်းဂူ၌ ခရစ်တော်နှင့် မာဂဒလမာရိ

သင်္ချိုင်းဂူ၌ ခရစ်တော်နှင့် မာရိ၊ ဂျိုးဇက် ဘရစ်ကီ မှ

ခရစ်တော်ထံသို့လာကြလော့

ယေရှုခရစ်တော်၏ဧဝံဂေလိနှင့်အပြစ်ဖြေခြင်းမင်္ဂလာသည် လူသားတိုင်းအတွက်ဖြစ်သည်—ဆိုလိုသည်မှာ လူတစ်ဦးချင်းစီတိုင်း အတွက်ဖြစ်သည်။ ကယ်တင်ရှင်၏ အပြစ်ဖြေပေးဆပ်ခြင်း ကောင်းချီးအပြည့်အဝ ခံစားရမည့် တစ်ခုတည်းသောနည်းလမ်းသည် “ငါ့ထံသို့လာကြလော့” ဟူသည့် သူ၏ဖိတ်ခေါ်ချက်ကို တစ်ဦးတစ်ယောက်ချင်းစီလက်ခံခြင်းဖြစ်သည် (ရှင်မဿဲခရစ်ဝင် ၁၁း၂၈)။

ကျွန်ုပ်တို့သည် သူ့ထံ၌ ယုံကြည်ခြင်းရှိလျက် နောင်တရခြင်းအားဖြင့် ခရစ်တော်ထံသို့ လာရောက်ကြသည်။ ကျွန်ုပ်တို့သည် သူ၏နာမအားဖြင့် ဗတ္တိဇံခံပြီး သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို လက်ခံရရှိခြင်းအားဖြင့် ကိုယ်တော်ထံသို့ လာရောက်ကြသည်။ ကျွန်ုပ်တို့သည် ပညတ်တော်များကို စောင့်ထိန်းခြင်း၊ ဘိသိက်မင်္ဂလာများကို လက်ခံခြင်း၊ ပဋိညာဉ်များကို ရိုသေလေးမြတ်ခြင်း၊ ဗိမာန်တော် အတွေ့အကြုံများကို ရယူခြင်း၊ ခရစ်တော်၏ တပည့်တော်များကဲ့သို့ ရှင်သန်နေထိုင်ခြင်းဖြင့် ကိုယ်တော်ထံသို့ လာရောက်ကြသည်။

တစ်ခါတစ်ရံ၌၊ သင်သည် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းတို့ကို ရင်ဆိုင်ရပေမည်။ သင့်အတွက် သို့မဟုတ် သင်ချစ်သောတစ်စုံတစ်ယောက်အတွက် စိတ်နှလုံး ကြေကွဲရနိုင်ပါသည်။ တစ်ပါးသူများ၏အပြစ်ကြောင့် သင့်၌ ဝန်ထုပ်ဝန်ပိုးဖြစ်သွားနိုင်ပါသည်။ သင်လုပ်ခဲ့သော အမှားများ—ကြီးလေးသောအမှားများသည်—ငြိမ်းချမ်းခြင်းနှင့်ပျော်ရွှင်ခြင်းက သင့်ထံမှ ရာသက်ပန် ထွက်ခွာသွားမည့် စိုးရိမ်စိတ်ကို ဖြစ်စေသည်။ ထိုကဲ့သို့သောအချိန်များတွင်၊ ကိုယ်တော်ရှင်သည် အပြစ်ဝန်ထုပ်ဝန်ပိုးကို ပေါ့စေရုံသာမက သင်၏ဒုက္ခများအပါအဝင် “နာကျင်မှုများ၊ ဆင်းရဲဒုက္ခများနှင့် စုံစမ်းခြင်းအမျိုးမျိုးကို ခံစားခဲ့သည်” ကို အမှတ်ရပါ (အယ်လမာ ၇း၁၁)။ ကိုယ်တော်သည် သင့်အတွက် ကြုံတွေ့ခဲ့ရသည့်အရာများကြောင့်၊ အသက်တာကိုအပြောင်းအလဲဖြစ်စေသည့် “ငါ့ထံသို့လာကြလော့” ဟူသည့် ဖိတ်ခေါ်ချက်ကို သင်လက်ခံသည့်အခါ သင့်အား မည်သို့ကူညီပေးရမည်ကို ကိုယ်တော်တိုင် သိတော်မူသည်။

ခပ်သိမ်းသောလူတို့အား ကြိုဆိုလျက်ရှိသည်

ကောင်းကင်ဘုံရှင်အဖ၏သားသမီးအားလုံးသည် ကိုယ်တော်၏ ဧဝံဂေလိနှင့် အပြစ်ဖြေခြင်းမင်္ဂလာကောင်းချီးများကို တန်းတူရပိုင်ခွင့်ရှိကြောင်း ယေရှုခရစ်တော်က ရှင်းလင်းစွာမိန့်တော်မူခဲ့သည်။ ကိုယ်တော်က ခပ်သိမ်းသောလူသားတို့၌ “တစ်ဦးသည် အခြားတစ်ဦးကဲ့သို့ အထူးအခွင့်အရေးရှိ၍၊ အဘယ်သူမျှ တားမြစ်မခံရ” ဟု အမှတ်ရစေတော်မူသည်။ (၂နီဖိုင်း ၂၆း၂၈).

“ခပ်သိမ်းသော​သူတို့ကို သူ့ထံသို့​လာ၍ သူ၏ကောင်းမြတ်​ခြင်းကို ခံယူကြရန် ဖိတ်ခေါ်​တော်မူ၏။ သူ့ထံသို့​လာသည့် မည်းသော​သူနှင့် ဖြူသောသူ၊ ကျွန်နှင့်​လူလွတ်၊ ယောက်ျားနှင့် မိန်းမ အဘယ်သူကို​မျှမငြင်း” (၂နီဖိုင်း ၂၆း၃၃)။

“ကိုယ်တော်သည် ခပ်သိမ်းသောသူတို့ကို ဖိတ်ခေါ်တော်မူ၏”—ဆိုလိုသည်မှာ ကျွန်ုပ်တို့အားလုံးဖြစ်ကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် သို့မဟုတ် တခြားသူများအပေါ်တွင် အပေါ်ယံသတ်မှတ်ချက်များနှင့်အတုအယောင်ခွဲခြားမှုများ မထားသင့်ပါ။ ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏ချစ်ခြင်းမေတ္တာကို တားဆီးသည့်မည့်သည့်အရာမဆို သည်းခံခြင်းမပြုသင့်ပါ ၊ ကျွန်ုပ်တို့ သို့မဟုတ် တခြားသူများသည် ကိုယ်တော်လက်လှမ်းမမီသည့် နေရာတွင်ရှိသည် ဟူသည့် အတွေးများကို လက်သင့်မခံသင့်ပါ။ ကျွန်ုပ် ယခင်က ပြောဖူးသကဲ့သို့ပင်၊ “ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ၏ တောက်ပသော အဆုံးအစမဲ့အလင်းရောင်ထက် [မည်သူမျှ] ပို၍ အောက်သို့နစ်မြုပ်ခြင်း မပြုနိုင်ပါ။”

ထိုအစား၊ ညီအစ်မဟော်လန်နှင့်ကျွန်ုပ်သည် သူမ မကွယ်လွန်မီ လအနည်းငယ် စာသင်ခဲ့ရာ၊ ကျွန်ပ်တို့အား “မေတ္တာ၊ ချစ်ခြင်း​ဖြစ်သော​မေတ္တာ​ရှိကြ​စေကြောင်း” (၂ နီဖိုင်း ၂၆း၃၀)ခု မိန့်တော်မူခြင်းခံရ၏။ ၎င်းသည် ကယ်တင်ရှင်မှ ကျွန်ုပ်တို့အားပြသသော ချစ်ခြင်းမေတ္တာဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် “လောက​သားတို့၏​အကျိုး​အတွက်​မှတစ်ပါး၊ အဘယ်​အရာကိုမျှ သူပြု​တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောလူသားတို့ကို သူ့ထံသို့ ဆွဲ၍​ခေါ်နိုင်ခြင်းငှာ၊ သူ၏​အသက်ကို​စွန့်တော်မူ၍ပင်၊ လောက​သားတို့ကို ချစ်တော်မူ၏” (၂ နီဖိုင်း ၂၆း၂၄)။

ယေရှုခရစ်တော်၏ ဧဝံဂေလိနှင့်အပြစ်ဖြေခြင်းသည် ခပ်သိမ်းသောလူသားတို့အတွက်ဖြစ်ကြောင်း ကျွန်ုပ်သက်သေခံပါသည်။ သင့်အနေဖြင့် ကိုယ်တော် ဆောင်ယူလာသော ကောင်းချီးများကို ဝမ်းမြောက်စွာဖြင့် လက်ခံရရှိပါစေကြောင်း ကျွန်ုပ် ဆုတောင်းပေးပါသည်။

မှတ်စုများ

  1. ဟောင်းဝါဒ့် ဒက်ဗလျူ ၊ ဟန်တာ၊ “The Gospel—A Global Faith၊” Ensign၊ နို၊ ၁၉၉၁၊ ၁၈။

  2. ရှု ဟောင်းဝါဒ့် ဒက်ဗလျူ ၊ ဟန်တာ၊ “All Are Alike unto God” (Brigham Young University fireside၊ ဖေ ၄၊ ၁၉၇၉)၊ ၁–၅၊ speechesbyu.edu။

  3. There Is a Green Hill Far Away၊” Hymns၊ အမှတ်စဉ်၊ ၁၉၄။

  4. ဖရက်ဒရစ် ဒက်ဗလျူ၊ ဖာရာ၊ The Life of Christ (၁၉၉၄)၊ ၆၅၆။

  5. ဂျက်ဖရီ အာ၊ ဟော်လန်၊ “The Laborers in the Vineyard၊” လီယဟိုနာ၊မေ ၂၀၁၂၊ ၃၃။

  6. ရှု ဂျက်ဖရီ အာ၊ နှင့် ပက်ထရစ်ရှာ တီ၊ ဟော်လန်၊ “A Future Filled with Hope” (worldwide devotional for young adults၊ ဇန် ၈၊၂၀၂၃) broadcasts.ChurchofJesusChrist.org။

ပုံနှိပ်သည်