လီယဟိုနာ
အရာခပ်သိမ်းသည် ဗိမာန်တော်ပဋိညာဥ်များကြောင့် ကောင်းမွန်လာပါလိမ့်မည်
မေ ၂၀၂၄


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ မေ၂၀၂၄

အရာခပ်သိမ်းသည် ဗိမာန်တော်ပဋိညာဥ်များကြောင့် ကောင်းမွန်လာပါလိမ့်မည်

ကောက်နုတ်ချက်များ

ရုပ်ပုံ
alt text

USA

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ ဗိမာန်တော်တက်‌ရောက်တာနဲ့အမျှ၊ ကျွန်‌တော်တို့ရဲ့ဝိညာဉ််တွေရဲ့ ထာဝရဗီဇ၊ ခမည်းတော်နဲ့သူ့ရဲ့ကြီးမြတ်လှတဲ့သားတော်တို့နဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေး၊ ကောင်းကင်ဘုံအိမ်တော်သို့ ပြန်သွားနိုင်မယ့် ကျွန်‌တော်တို့ရဲ့ အဆုံးစွန်သောစိတ်ဆန္ဒကို အမှတ်ရစေနိုင်ကြောင်း ကျွန်တော်နှိမ့်ချစွာ သက်သေခံပါတယ်။

ဥက္ကဋ္ဌ နယ်လဆင်ရဲ့ ကောင်းမွန်တဲ့ဦးဆောင်မှု‌‌အောက်မှာ၊ ကိုယ်တော်ရှင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ဗိမာန်‌တော်တွေတည်‌‌ဆောက်ခြင်းကို အရှိန်မြှင့်ပြီး ဆက်လက်အရှိန်မြှင့်သွားမှာဖြစ်ပါတယ်။ အဲဒါက ဘုရားသခင်ရဲ့သားသမီးအားလုံးကို ကယ်တင်ခြင်းနဲ့ချီးမြှောက်ခြင်း ဘိသိက်မင်္ဂလာကိုလက်ခံရရှိဖို့နဲ့ မြင့်မြတ်တဲ့ ပဋိညာဉ်တွေကိုပြုပြီးထိန်းသိမ်းနိုင်မယ့် အခွင့်အရေးကိုရရှိစေပါလိမ့်မယ်။

ဗိမာန်တော်ရဲ့ ဘိသိက်မင်္ဂလာတွေထဲမှာ မကြာခဏပါဝင်ဆောင်ရွက်ခြင်းက ကိုယ်တော်ရှင်ကို ဝတ်ပြုတဲ့ပုံစံတစ်ခုကို ဖန်တီးပေးပါတယ်။ သင်တို့ရဲ့ ဗိမာန်‌တော်ပဋိညာဉ်တွေကို စောင့်ထိန်းပြီး အောက်မေ့သတိရတဲ့အခါ၊ သင့်တို့ကို ခွန်အားပေးဖို့နဲ့စင်ကြယ်စေဖို့ သန့်ရှင်းသောဝိညာဉ်တော်ကို အဖော်အဖြစ် သင့်ဘဝထဲကို ဖိတ်ခေါ်ပါတယ်။

ဗိမာန်တော်ထဲက ပေါင်းစည်းခြင်းပဋိညာဉ်တွေကနေတဆင့် သေဆုံးပြီးနောက် ထာဝရတည်မြဲမယ့် ချစ်မြတ်နိုးဖွယ် မိသားစုဆက်နွယ်မှုများကို လက်ခံရရှိမယ်ဆိုတာ အသေအချာပါပဲ။ ဘုရားသခင်ရဲ့ ဗိမာန်တော်တွေထဲမှာ ပြုလုပ်တဲ့ ထိမ်းမြားခြင်းနဲ့ မိသားစုပဋိညာဉ်တွေကိုချီးမွမ်းခြင်းက ဆိုးယုတ်တဲ့အတ္တနဲ့မာနတွေဆီက ကာကွယ်မှုကိုပေးပါတယ်။

စမ်းသပ်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပူဆွေးမှုတွေက ကျွန်တော်တို့ဆီကို သေချာပေါက်ရောက်ရှိလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေထဲက ဘယ်သူမှ “ကိုယ်၌စူးသောဆူး”ကိုခံနိုင်ရည်မရှိကြပါဘူး [ရှု ကောရိန္သုဩဝါသစာဒုတိယစောင် ၁၂း၇-၁၀]။ သို့တိုင်၊ ကျွန်တော်တို့ ဗိမာန်တော်ကို တက်ရောက်ပြီး ပညတ်တော်တွေကို အောက်မေ့သတိရတာနဲ့အမျှ၊ ကျွန်တော်တို့က ကိုယ်တော်ရှင်ဆီက ကိုယ်ပိုင်လမ်းညွှန်ချက်ရဖို့ ပြင်ဆင်နိုင်ပါတယ်။

ကျွန်တော့်ရဲ့ ချစ်လှစွာသော ညီအစ်ကိုများနှင့်ညီအစ်များခင်ဗျာ၊ ဗိမာန်တော်မှာ သင်တို့ ပြုလုပ်ဖူးတဲ့ ဒါမှမဟုတ် ပြုလုပ်ကြမယ့် ပဋိညာဉ်တွေကို ချီးမွမ်းခြင်းထက် ပိုပြီးအရေးကြီးတဲ့အရာမရှိဘူးဆိုတာကို ကျွန်တော်သက်သေခံပါတယ်။

ပုံနှိပ်သည်