လီယဟိုနာ
ကျွန်ုပ်တို့သည် ကောင်းမှုပြုရန် ခေါ်ဆိုခြင်းခံရ၏
ဇွန် ၂၀၂၄


“ကျွန်ုပ်တို့သည် ကောင်းမှုပြုရန် ခေါ်ဆိုခြင်းခံရ၏၊” လီယဟိုနာ၊ ဇွန် ၂၀၂၄။

လစဉ် လီယဟိုနာ အမှာစကား၊ ဇွန် ၂၀၂၄

ကျွန်ုပ်တို့သည် ကောင်းမှုပြုရန် ခေါ်ဆိုခြင်းခံရ၏

ကျွန်ုပ်တို့သည် တစ်ပါးသူများကို အစေခံခြင်း၊ ကျွန်ုပ်တို့၏အလင်းကိုကိုင်မြှောက်ထားခြင်း နှင့် ဘာသာတရားလွတ်လပ်ခွင့်အတွက် ရပ်တည်ခြင်းအားဖြင့် ဘုရားသခင်၏ နိုင်ငံတော်ကို တည်ဆောက်ကြပါသည်။

ဂိဒေါင်သည် ထိုအခြင်းအရာကို ကြားသောအခါ မှားယွင်းသောဩဝါဒဖြစ်ကြောင်း သိခဲ့ပါသည်။ သူသည် ထိုအခြင်းအရာကို နောဧမင်းကြီးနှင့်သူ၏ယဇ်ပရောဟိတ်များထံမှ ကြားခဲ့ခြင်းဖြစ်ပါသည်၊ ထိုယဇ်ပရောဟိတ်များသည် “သူတို့၏မာနစိတ်နှလုံးဖြင့်ဘဝင်မြင့်ကြပြီး” ပျင်းရိခြင်း၌လည်းကောင်း၊ ရုပ်တုကိုးကွယ်ခြင်း၌လည်းကောင်း၊ မတရားသောမေထုန်အမှုတို့၌လည်းကောင်း၊ နောဧမင်းကြီး သူ၏လူမျိုးတို့အပေါ်ကောက်သော အခွန်များအားဖြင့်၊ ထောက်မခံခြင်းကိုခံရ၏” (မောဇိယ ၁၁း၅-၆)။

ထို့ထက်ပိုဆိုးဝါးသည်မှာ၊ နောဧမင်းကြီးသည် ပရောဖက် အဘိနဒိအား သေခြင်းသို့ရောက်စေခဲ့ပြီး အယ်လမာနှင့်သူ၏ပြောင်းလဲသူများကို ဖျက်ဆီးရန် လိုက်လံရှာဖွေခဲ့ပါသည်(ရှု မောဇိယ ၁၇၁၈း၃၃-၃၄)။ ထိုယုတ်မာသောအမှုအား အဆုံးသတ်ရန်၊ ဂိဒေါင်သည် မင်းကြီးအားရပ်တန့်ရန် ကျိန်ဆိုခဲ့သည်၊ ထိုမင်းကြီးအား အသက်ချမ်းသာပေးသည်မှာ လာမန်အမျိုးသားတို့၏ကျူးကျော်မှုကြောင့်သာဖြစ်သည်။ (ရှု မောဇိယ ၁၉း၄-၈)။

ထို့နောက်၊ ဂိဒေါင်သည် နောဧမင်းကြီး၏ ယဇ်ပရောဟိတ်များကို လာမန်အမျိုးသားတို့၏သမီး နှစ်ဆယ့်လေးယောက်အား ခေါ်ဆောင်သွားမှုဖြင့် မှန်ကန်စွာ စွဲချက်တင်ခဲ့သည်။ လူများသည် နောင်တရရန် ငြင်းဆန်ကြသဖြင့် သူတို့နှင့်ဆန့်ကျင်၍ အဘိနဒိ ပရောဖက်ပြုဟောပြောခဲ့သော စကားများ ပြီးပြည့်စုံစေပြီဖြစ်ကြောင်း သူသိလာခဲ့သည်။ (ရှု မောဇိယ ၂၀း၁၇-၂၂။) သူသည် လာမန်အမျိုးသားတို့ထံ၌ ကျွန်ခံနေရသော လင်မဟိ၏လူများကို ကယ်လွှတ်ခဲ့ပါသည် (ရှု မောဇိယ ၂၂း၃-၉)။

ယခု အသက်အရွယ်ကြီးရင့်လာသောအချိန်တွင်၊ ဂိ‌ဒေါင်သည် လူများကြားတွင် ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းကို အစပြုခဲ့သည့် နိဟော ရှေ့တွင်ရပ်လျက်၊ မာနထောင်လွှားခြင်းနှင့်ကောက်ကျစ်ခြင်း နှစ်မျိုးစလုံးကို ရင်ဆိုင်ခဲ့ပါသည်။ နိဟောသည် “အသင်းတော်ကိုဆန့်ကျင်ပြီး” လူများကို လမ်းမှားရောက်စေရန် ကြိုးပမ်းခဲ့ပါသည်။ (ရှု အယ်လမာ ၁း၃၊ ၇၊ ၁၂၊လည်း ရှု ၂-နီဖိုင်း ၂၆း၂၉။)

ဘုရားသခင်၏နှုတ်ကပတ်တော်အား လက်နက်သဖွယ်အသုံးပြုလျက်၊ ရဲစွမ်းသတ္တိရှိသော ဂိဒေါင်သည် ကောက်ကျစ်သော နိဟောအား ဆုံးမခဲ့ပါသည်။ အမျက်ထွက်သွားသော၊ နိဟောသည် သူ၏ဓားဖြင့် ဂိဒေါင်အား တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ (ရှု အယ်လမာ ၁း၇-၉။) ဤသို့အားဖြင့် “ဤလူတို့၌များစွာသော ကောင်းမြတ်ခြင်းကိုပြုလေသော” “ဖြောင့်မတ်သောသူ”၏ နေ့ရက်များအဆုံးသတ်ခဲ့ပါသည်(အယ်လမာ ၁း၁၃)။

ကျွန်ုပ်တို့အသက်ရှင်နေထိုင်သော နောက်ပိုင်းကာလနေ့ရက်များသည် “ဘုရားသခင်၏လက်တော်၌တန်ဆာတစ်ခုဖြစ်ခဲ့သော” ဂိဒေါင်အား အတုယူရန် ကျွန်ုပ်တို့အား မြောက်များစွာသော အခွင့်အရေးများကိုပေးပါသည် (အယ်လမာ ၁း၈)၊ သူတစ်ပါးအတွက် “အသုံးရခြင်း” (မောဇိယ ၂၂း၄)၊ ဖြောင့်မတ်မှုအတွက် ရပ်တည်ခြင်း၊ ဘုရားသခင်အား ကိုးကွယ်ခြင်းနှင့်အစေခံခြင်း၌ ကျွန်ုပ်တို့၏လွတ်လပ်ခွင့်ကို ထိပါးလာသောခြိမ်းခြောက်မှုများကို ကြံ့ကြံ့ခံခြင်းအားဖြင့် အတုယူရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဂိဒေါင်၏ ယုံကြည်ခြင်း ဥပမာအတိုင်း လိုက်လျှောက်ကြသည်နှင့်အမျှ၊ ကောင်းမြတ်ခြင်းများစွာတို့ကို ပြုနိုင်ကြပါလိမ့်မည်။

ရုပ်ပုံ
အိပ်ရာထဲတွင်လဲလျောင်းနေသော အမျိုးသမီဘေးတွင် မတ်တပ်ရပ်နေသော အစားအသောက်ဗန်းနှင့်အမျိုးသမီး

အစေခံခြင်း၌ ညီညွတ်ပါ

“ကယ်တင်ရှင်၏နောက်လိုက်များအနေဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ကမ္ဘာအနှံ့ရှိ ကျွန်ုပ်တို့၏ အိမ်နီးချင်းများကို ချစ်ခင်ရန် ကြိုးပမ်းကြရပါမည်၊” ဟု ပထမဥက္ကဌအဖွဲ့က ဆိုခဲ့သည်။ “ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သည် သူတစ်ပါးအားကောင်းချီးပေးရန်နှင့်လိုအပ်နေသူများကို ကူညီပေးရန် စိတ်အားထက်သန်မှုရှိပါသည်။ ဤ ကြီးမြတ်သောအမှုတာဝန်ကို ဆောင်ရွက်ရန် စွမ်းရည်၊ အထောက်အပံ့များ နှင့် ကမ္ဘာနှင့်အဝှမ်းယုံကြည်ရသည့် ချိတ်ဆက်မှုများဖြင့် ကျွန်ုပ်တို့အားကောင်းချီးပေးထားပါသည်။”

ကျွန်ုပ်တို့၏ ဗိမာန်တော်များ၊ အသင်းတော်စုများ၊ အသင်းတော်ခွဲများ နှင့် ပန္နက်များတွင် အသင်းဝင်များ ဆောင်ရွက်သည့် ကိုယ်ကျိုးမဖက်သော အစေခံခြင်းနှင့် အမှုတော်ဆောင်ခြင်းအတွက် ကျွန်ုပ်ကျေးဇူးတင်မိပါသည်။ အသင်းသားများသည် မရေမတွက်နိုင်သော ရပ်ရွာ၊ ပညာရေးနှင့် ပရဟိတအဖွဲ့များတွင် အမှုတော်ဆောင်ကြပြီး နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၀ နီးပါးတွင် နာရီသန်းပေါင်းများစွာ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ကာ၊ နှစ်စဉ် ထောင်နှင့်ချီသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပရောဂျက်များတွင် ပါဝင်ကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါသည်။

အသင်းတော်သည် နိုင်ငံအများအပြားတွင် အမှုတော်ဆောင်သည့်အခွင့်အလမ်းများကို ကျယ်ပြန့်စေသည့် နည်းလမ်းတစ်ခုမှာ JustServe.org မှတဆင့်ဖြစ်ပါသည်။ အသင်းတော်မှ ကမကထပြုထားသော်လည်း တစ်ပါးသူများကို ကောင်းချီးပေးလိုသူ မည်သူမဆို ပါဝင်ခွင့်ရသည့်၊ JustServe.org သည် “ရပ်ရွာ စေတနာ့ဝန်ထမ်း လိုအပ်မှုများ” ကို “ရပ်ရွာအတွင်း လူနေမှုဘဝ မြှင့်တင်ပေးသည့် စေတနာ့ဝန်ထမ်းများ နှင့် ချိတ်ဆက်ပေးပါသည်။”

အသင်းတော်နှင့် အသင်းသားများသည် ကမ္ဘာတစ်ဝှမ်းရှိ ဝန်ဆောင်မှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ပါသည်။ အသင်းတော်သည်၊ အသင်းသားများ၏ကျေးဇူးကြောင့် “၂၀၂၂ ခုနှစ်တွင် အကြီးဆုံး တစ်ဦးတည်းသော ကြက်ခြေနီသွေးလှူရှင်ဖြစ်ခဲ့ပါသည်။” ထို့အပြင်၊ မကြာသေးမီက အသင်းတော်သည် ကြက်ခြေနီအသင်းသို့ ဒေါ်လာ ၈.၇ သန်း လှူဒါန်းခဲ့ပါသည်။

အသင်းတော်သည် ကမ္ဘာတစ်ဝှမ်းရှိ ဒေသများသို့ ရေသန့်နှင့် ရေဆိုးနုတ်စနစ် ပရောဂျက်များ ရောက်ရှိလာစေရန် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင်၊ အသင်းတော်သည် ထိုကဲ့သို့သော ပရောဂျက်ပေါင်း ၁၅၆ ခုတွင် ပါဝင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝေဒနာခံစားရသောကလေးများအတွက် သက်သာရာရစေမည့် အခြားအေဂျင်စီများနှင့်လည်း ပူးပေါင်းပြီး လှူဒါန်းပါသည်။

“ချို့တဲ့နေသောလူများကို လက်တွဲပြီး အစေခံသောအခါ၊ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို စည်းလုံးစေတော်မူ၏”ဟု ပထမဥက္ကဌအဖွဲ့မှ ဒုတိယအတိုင်ပင်ခံ ဥက္ကဌ ဟင်နရီ ဘီ၊ အိုင်းရင်း မှ ပြောခဲ့ပါသည်။

ရုပ်ပုံ
နေအလင်းရောင်နှင့်ချိတ်ထားသောလက်များ

သင်၏အလင်းကို ဆုပ်ကိုင်ထားပါ

ကယ်တင်ရှင်၏ တပည့်တော်များအနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပဋိညာဉ်များကို စောင့်ရှောက်ကာ ခရစ်တော်ကဲ့သို့ အသက်တာကို လျှောက်လှမ်းခြင်းဖြင့် ကျွန်ုပ်တို့၏ အိမ်နီးချင်းများကိုလည်း ကောင်းချီးပေးပါသည်။ “အသင်းတော်၏လူများ” သည် ကိုယ်တော်ရှင်မှ ၎င်းတို့အား ကာကွယ်ပြီး ကြီးပွားချမ်းသာစေလိုလျှင်၊ ဖြောင့်မတ်ခြင်းကို ရွေးချယ်ရုံသာမဟုတ်ဘဲ ၎င်းတို့၏ ဖြောင့်မတ်သောအသံများကိုလည်း ကြားနာရမည်ဟု မော်မွန်ကျမ်းက သွန်သင်ထားပါသည်။ (ရှု အယ်လမာ ၂း၃-၇၊ ရှု မောဇိယ ၂၉း၂၇)။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ခံယူချက်များကို မျှဝေရန်နှင့် ကျွန်ုပ်တို့၏အလင်းကို ကိုင်မြှောက်ထားရန်ကိုယ်တော်က ကျွန်ုပ်တို့ကို မျှော်လင့်ထားသည်။ “ရှုလော့၊ ငါသည်ကား သင်တို့မြှောက်မည့်အလင်း” (၃ နီဖိုင်း ၁၈း၂၄)။

“ကျွန်ုပ်တို့သည် လူအား ဘုရားသခင်ထက်ပိုကြောက်လျှင် ကယ်တင်ရှင်အား ကောင်းစွာအစေခံနိုင်မည်မဟုတ်၊” ဟု ပထမဥက္ကဌအဖွဲ့ ၏ ပထမအတိုင်ပင်ခံဥက္ကဌ ဒလျံ အိပ်ချ်၊ အုတ် က ဆိုခဲ့သည်။ “လောက၏စံနှုန်းများ မဟုတ်ဘဲ၊ ကိုယ်တော်ရှင်၏စံနှုန်းများကို တည်ဆောက်ရန် ကျွန်ုပ်တို့အား ခေါ်ဆိုခြင်းဖြစ်သည်” ဟု သူက ထပ်လောင်းပြောဆိုခဲ့သည်။

ကျောင်းတွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ၊ ကစားချိန်ဖြစ်စေ၊ အားလပ်ရက်ဖြစ်စေ၊ ချိန်းတွေ့သည့်အခါ၌ဖြစ်စေ၊ အွန်လိုင်းတွင်ဖြစ်စေ၊ ကိုယ်တော်ရှင်၏တပည့်တော်များသည် “ခရစ်တော်၏နာမတော်ကို သူတို့အပေါ်မှာ ခံယူရန် မရှက်ကြောက်ကြပါ” (အယ်လမာ ၄၆း၂၁)။ ကျွန်ုပ်တို့၏ စကားများနှင့်အလုပ်အားဖြင့်၊ သက်သေခံသည်မှာ ဘုရားသခင်သည် အသက်ရှင်လျက်ရှိပြီး သူ၏သားတော်နောက်သို့ ကျွန်ုပ်တို့ လိုက်ကြသည်။

“ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပိုင်းခြား၍မရ၊ သို့မဟုတ် လုံးဝမဖြစ်သင့်ပါ။ ယုံကြည်ခြင်းသည် အသင်းတော်အတွက်သာမဟုတ်၊ အိမ်အတွက်သာမဟုတ်၊ [ကျောင်း] အတွက်သာမဟုတ်၊” ဟု နောက်ပိုင်းကာလသန့်ရှင်းသူတစ်ဦးဖြစ်သည့် ဘာသာရေးဗဟုဝါဒကျွမ်းကျင်သူ ပေါလ်လမ်းဘတ်က မှတ်ချက်ပြုခဲ့သည်။ “ထိုအရာသည် သင်လုပ်သမျှ အရာတိုင်းအတွက်ဖြစ်သည်။”

ကျွန်ုပ်တို့၏သက်သေခံချက်၊ စံနမူနာကောင်းနှင့် ကောင်းမြတ်သောအမှုများသည် အခြားသူများအပေါ် သက်ရောက်နိုင်ကြောင်း ကျွန်ုပ်တို့မသိရှိကြပါ။ သို့သော် ကျွန်ုပ်တို့သည် မှန်ကန်စွာရပ်တည်ပြီး ကယ်တင်ရှင်၏အလင်းကို ကိုင်မြှောက်ထားသည့်အခါ၊ လူများသည် ကျွန်ုပ်တို့အား သတိပြုမိမည်ဖြစ်ပြီး ကောင်းကင်ဘုံသည် ကျွန်ုပ်တို့အတွက် ထောက်ခံအားပေးပါလိမ့်မည်။

ရုပ်ပုံ
ဗိမာန်တော်ရှေ့တွင် ရပ်နေသော အမျိုးသမီး

ဘာသာတရားလွတ်လပ်ခွင့်အတွက် ရပ်တည်ပါ

ယုံကြည်သူများအပေါ် ဆန့်ကျင်သည့် လောကီအသိုင်းအဝိုင်းများ တိုးပွားလာခြင်းနှင့်အတူ၊ ယနေ့ခေတ် ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းသည်၊ မော်မုန်ကျမ်းစာခေတ်နှင့် သိပ်ကွာခြားမှုမရှိပေ။ လူထုနှင့် နိုင်ငံရေးနယ်ပယ်များတွင် ဘာသာရေး၏ အရေးပါသောအခန်းကဏ္ဍကို ဆန့်ကျင်သူများ၏ အသံသည် ပိုမိုကျယ်လောင်လာပါသည်။ ကျောင်းများနှင့် တက္ကသိုလ်များစွာ အပါအဝင်၊ လောကီရေးရာဝါဒီများနှင့် အစိုးရများသည်၊ နိုင်ထက်စီးနင်းပြုပြီး အကျင့်စာရိတ္တပျက်ပြားမှု၊ ဘုရားမဲ့ဝါဒနှင့် ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းယှဥ်ဝါဒတို့ကို အတင်းအကျပ် တွန်းအားပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ဘာသာရေးအခွင့်အရေးများအတွက် မရပ်တည်ပါက ဘာသာတရားလွတ်လပ်ခွင့်ကို တိုက်ခိုက်မှုများသည် အောင်မြင်လိမ့်မည်ဖြစ်သည်။ “အသင်းတော်တစ်ခုအနေဖြင့်၊ ကျွန်ုပ်မကြာမီက သင်ကြားခဲ့သည်မှာ၊ “ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိသူများအားလုံး၊ အယူဝါဒရှိသူများအားလုံး နှင့် သူတို့၏ခိုင်မာသည့်အမြင်များ ပြောပိုင်ခွင့်ကို ကာကွယ်ပေးရန် တခြားဘာသာများနှင့်လည်း ပူးပေါင်းပါသည်။” ၁၀

ကျွန်ုပ်တို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြစ်သည့် ကိုယ်ကျင့်တရားဆိုင်ရာရွေးချယ်ခွင့်အတွက် ကောင်းကင်ဘုံတွင် စစ်ပွဲတစ်ခု ဆင်နွှဲခဲ့ပါသည်။ ကျွန်ုပ်တို့၏ ရွေးချယ်ခွင့်ကို ထိန်းသိမ်းရန်အတွက် ကျွန်ုပ်တို့သည် ဘာသာတရားလွတ်လပ်ခွင့်ကို ကာကွယ်ရာ၌ လုံ့လဝီရိယရှိရန်လိုအပ်ပါသည်။

တက်ကြွသော ဘာသာရေးယုံကြည်ခြင်းသည် မိသားစုများ၊ ရပ်ရွာများ၊ နှင့် လူမျိုးများကို ခိုင်မာတည်တံ့စေပြီးအကာအကွယ်ပေးပါသည်။ ၎င်းသည် ဥပဒေအား နာခံစေပြီး ၊အသက်နှင့် ပိုင်ဆိုင်မှုကို လေးစားမှုရှိစေကာ၊ တရားမျှတသော လွတ်လပ်၍ အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ရပ် တည်မြဲရန် လိုအပ်သော လူ့ကျင့်ဝတ်များဖြစ်သည့် —ပရဟိတ၊ ရိုးသားမှုနှင့် ကိုယ်ကျင့်တရားများ ကို သင်ကြားပေးသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအတွက် မည့်သည့်အခါမျှ တောင်းပန်ရန် မလိုအပ်ပါ။

ကျွန်ုပ်တို့၏ သာသနာပြုကြိုးပမ်းမှုများ၊ ကျွန်ုပ်တို့၏ ဗိမာန်တော်များတွင် ကိုယ်စားဆောင်ရွက်ပေးသော အလုပ်များ၊ ဘုရားသခင်၏ နိုင်ငံတော်တည်ဆောက်ရန် ကျွန်ုပ်တို့၏ကြိုးပမ်းမှုများနှင့် ကျွန်ုပ်တို့၏ပျော်ရွှင်မှုအတွက် ကျွန်ုပ်တို့သည် ဘာသာရေးယုံကြည်မှုနှင့် လွတ်လပ်မှုအတွက် ရပ်တည်ရန် လိုအပ်ပါသည်။ တခြားသော လွတ်လပ်ခွင့်များကို မဆုံးရှုံးဘဲ ထိုလွတ်လပ်ခွင့်ကို ဆုံးရှုံးရန် မဖြစ်နိုင်ပါ။

ပရောဖက် ဂျိုးဇက်စမစ်က၊ “ကျွန်ုပ်၏စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးသည့် လွတ်လပ်ခြင်းမေတ္တာသည် - လူသားမျိုးနွယ်တစ်ခုလုံးအတွက် အရပ်ဘက်နှင့် ဘာသာရေးဆိုင်ရာ လွတ်လပ်မှုဖြစ်သည်”ဟု သွန်သင်ခဲ့ပါသည်။”၁၁ ကျွန်ုပ်တို့သည် အသင်းတော်ခေါင်းဆောင်များထံမှ အကြံဉာဏ်ကို လိုက်လျှောက်ခြင်းဖြင့် ဘာသာရေးလွတ်လပ်မှုသည် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များကို လှုံ့ဆော်ပေးပါလိမ့်မည်၊

  • “လူထုနှင့်ဆိုင်သည့် အရေးကြီးသော ကိစ္စရပ်များကို သိရှိထားအောင်နေပြီး သတ္တိရှိရှိ ယဉ်ကျေးစွာ ထုတ်ဖော်ပြောဆိုပါ။”၁၂

  • “ဘာသာရေးလွတ်လပ်ခွင့် ယိုယွင်းလာခြင်းသည် ကျွန်ုပ်တို့၏ ခွန်အားနှင့် ဧဝံဂေလိ အသိပညာ တိုးပွားရန်၊ မြင့်မြတ်သော ဘိသိတ်မင်္ဂလာများဖြင့် ကောင်းချီးပေးခံရရန်၊ အသင်းတော်ကို ညွှန်ကြားမည့် ကိုယ်တော်ရှင်အပေါ် မှီခိုအားထားရန် အခွင့်အလမ်းများကို သိသိသာသာ အကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း အသိအမှတ်ပြုပါ။”၁၃

  • “ဘုရားသခင်တည်ရှိကြောင်းနှင့် သူ၏ပညတ်တော်များ၌ ပကတိအမှန်တရားများရှိကြောင်း အတည်ပြုရန် မတ်တတ်ရပ်ပြီး ထုတ်ဖော်ပြောဆိုပါ။”၁၄

  • “ကျွန်ုပ်တို့၏ယုံကြည်ခြင်းများကို ကျင့်သုံးရန် ကျွန်ုပ်တို့၏လွတ်လပ်ခွင့်ကို ထိခိုက်စေမည့် ဥပဒေများကို စိန်ခေါ်ပါ။”၁၅

  • “ကောင်းမှုပြုရန်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၌ ယုံကြည်ခြင်းတည်ဆောက်ရန်နှင့် တစ်ပါးသူများကို ပိုမိုပျော်ရွှင်သောနေရာတစ်ခုသို့ ပို့ဆောင်ရန် လောကသို့ ဝင်ရောက်ပါ။”၁၆

  • မှီငြမ်းစရာများကို religiousfreedom.ChurchofJesusChrist.org နှင့် religiousfreedomlibrary.org/documents တွင်လေ့လာပါ။

ကျွန်ုပ်တို့သည် အစေခံခြင်း၊ ကျွန်ုပ်တို့၏အလင်းကို ကိုင်မြှောက်ထားခြင်း နှင့် ဘာသာတရားလွတ်လပ်ခွင့်အတွက် ရပ်တည်ခြင်းဖြင့် ဘုရားသခင်၏နိုင်ငံတော်ကို တည်ဆောက်ကြပါသည်။ ကျွန်ုပ်တို့၏မိသားစု၊ ရပ်ရွာ နှင့် လူမျိုးတို့တွင် “ကောင်းမှုများစွာ” ပြုလုပ်ရန် ကျွန်ုပ်တို့အား ကိုယ်တော်ရှင်ကောင်းချီးပေးပါစေ။

မှတ်စုများ

  1. “A Message from the First Presidency,” in Caring for Those in Need: 2022 Annual Report of The Church of Jesus Christ of Latter-day Saints, 3, ChurchofJesusChrist.org.

  2. ရှု Caring for Those in Need: 2022 Annual Report, 4, ChurchofJesusChrist.org.

  3. Justserve.org/about. JustServe သည် နိုင်ငံပေါင်း 17 နိုင်ငံတွင် လှုပ်ရှားလျက်ရှိသည်။ ဤအစပျိုးမှုမှတစ်ဆင့် ထောင်နှင့်ချီသော လူများနှင့် အဖွဲ့အစည်းများသည် ကောင်းချီးခံစားနေရပါသည်။

  4. ရှု Kaitlyn Bancroft, “Church Donates $8.7 M as Part of Red Cross Collaboration,” Church News,ဧပြီ ၂၂၊ ၂၀၂၃၊ ၂၃။

  5. ရှု Mary Richards, “Church Joins with Groups around the World to Tap into the Gift of Water,” Church News,မေ ၂၇၊ ၂၀၂၃၊ ၁၂။

  6. ရှု ဒလျံ အိပ်ချ်၊ အုတ်၊ “Helping the Poor and Distressed၊” လီယဟိုနာ၊ နို၊ ၂၀၂၂၊ ၆-၈။

  7. ဟင်နရီ ဘီ၊အိုင်းရင်း၊ “Opportunities to Do Good,” လီယဟိုနာ, မေ ၂၀၁၁၊၂၅။

  8. ဒလျံ အိပ်ချ်၊ အုတ်၊ “Unselfish Service,” လီယဟိုနာ, မေ ၂၀၀၉၊ ၉၄-၉၅။

  9. ပေါလ်လမ်းဘတ်၊ ရေချယ် စတယ်ဇာ ဂစ်ဘဆင်ထဲမှ၊ “Why Is There a Need for Faith in the Workplace?” Church News, ဧပြီ ၂၂၊ ၂၀၂၃၊ ၁၆။

  10. ရော်နယ် အေ၊ ရက်စ်ဘန်၊ “To Heal the World၊” လီယဟိုနာ၊ မေ ၂၀၂၂၊ ၉၂။

  11. Teachings of Presidents of the Church: Joseph Smith (၂၀၁၁)၊၃၄၅။

  12. ဒီ၊ တော့ ခရစ္စတိုဖာဆန်၊ “Religious Freedom—A Cherished Heritage to Defend” (လိပ်စာ at Freedom Festival Patriotic Service၊ ပရိုဗို၊ ယုတ၊ ဇွန် ၂၆၊ ၂၀၁၆)၊ ၅-၆,၊speeches.byu.edu။

  13. ရော်နယ် အေ၊ ရက်စ်ဘန်၊ “Free to Choose” (Brigham Young University devotional,ဇန် ၂၁၊၂၀၂၀)၊ ၃၊ speeches.byu.edu။

  14. ဒလျံ အိပ်ချ်၊ အုတ်၊ “Truth and Tolerance” (Brigham Young University devotional ၊ စက် ၁၁၊ ၂၀၁၁)၊၂ ၊ speeches.byu.edu။

  15. ဒလျံ အိပ်ချ်၊ အုတ်၊ “Truth and Tolerance၊”၄။

  16. ရော်နယ် အေ၊ ရက်စ်ဘန်၊“Free to Choose၊” ၅၊ speeches.byu.edu။

ပုံနှိပ်သည်