သာသနာပြုအမှုတော်ဆောင်တာဝန်များ
ပထမဥက္ကဋ္ဌအဖွဲ့၏အမှာစကား


“ပထမဥက္ကဋ္ဌအဖွဲ့၏အမှာစကား၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းအတွက် လမ်းညွှန် (၂၀၂၃)

“ပထမဥက္ကဋ္ဌအဖွဲ့၏အမှာစကား၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောကြလော့

ပထမဥက္ကဋ္ဌအဖွဲ့၏အမှာစကား

ချစ်ရပါသောသာသနာပြုအဖော်

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်အတွက် သာသနာပြုတစ်ဦးဖြစ်ဖို့ သင်ရတဲ့ကြီးမြတ်သောအခွင့်အရေးအတွက် သင့်ကို ကျွန်ုပ်တို့ ဂုဏ်ပြုပါတယ်။ ဣသရေလအမျိုးသားတွေကို စုဝေးခြင်းထက် ပိုပြီးဆွဲဆောင်သော သို့မဟုတ် ပိုပြီးအရေးကြီးသောအလုပ်မရှိပါ။

ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့ သည် သင့်အား ပိုပြီးကောင်းကောင်းပြင်ဆင်ဖို့နှင့် ဝိညာဉ်ပကတိပိုပြီးရင့်ကျက်သောသာသနာပြုတစ်ဦးဖြစ်ဖို့ ကူညီရန် ရည်ရွယ်ပါသည်။ သင့်ကို ပိုပြီးထိရောက်သည့်ဆရာတစ်ဦးဖြစ်ဖို့ ကူညီရန်လည်း ရည်ရွယ်ပါသည်။ ထိုအရာကို သင်၏ကိုယ်ပိုင်လေ့လာခြင်းနှင့် တွဲဘက်လေ့လာခြင်းတို့တွင် နေ့စဉ်အသုံးပြုရန် သင့်ကိုကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ထိုအရာကို သင်၏ခရိုင်ကောင်စီအစည်းအဝေးများနှင့် ပန္နက်ညီလာခံများတွင် အသုံးပြုရန်လည်း သင်တို့ကို ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ရည်ညွှန်းသောကျမ်းစာများကို လေ့လာပါ၊ ဩဝါဒများနှင့် အခြေခံသဘောတရားများကို သင်ယူပါ။

ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘကို ကိုယ်တော်၏အသရေရှိသောအမှုတော်၌ကူညီရန် ကတိကဝတ်စိတ်အသစ်တစ်ခုကို မွေးမြူရန် သင့်ကို တိုက်တွန်းပါသည်။ သာသနာပြုတိုင်းသည် “လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်” (မောရှေ ၁း၃၉) ကိုယ်တော်၏အမှုတော်၌ ကိုယ်တော်ရှင်ကို ကူညီခြင်း၌ အရေးကြီးသည့် ကဏ္ဍတစ်ခုရှိပါသည်။

သင်သည် ကိုယ်တော်ကို အစေခံခြင်း၌ သင့်ကိုယ်သင်နှိမ့်ချစွာဆက်ကပ်သမျှ၊ ကိုယ်တော်ရှင်သည် သင့်ကို ကောင်းချီးပေးလိမ့်မည်။ သင်သည် ကောင်းကင်ဘုံရှင်အဘ၏သားသမီးများကြား၌ အလုပ်လုပ်သမျှ၊ ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်မှုကို ရှာတွေ့နိုင်ပါစေ။

ပထမဥက္ကဋ္ဌအဖွဲ့

ပုံနှိပ်သည်