၂၀၂၁
ကျွန်တော်ဗိမာန်တော်ကိုမြင်ချင်တယ်
မေ ၂၀၂၁


“ကျွန်တော်ဗိမာန်တော်ကိုမြင်ချင်တယ်၊” လူငယ်တို့အတွက်ခွန်အား၊ မေ ၂၀၂၁။

စနေနေ့ နံနက်ခင်းကဏ္ဍ

ကျွန်တော်ဗိမာန်တော်ကိုမြင်ချင်တယ်။

ကောက်နှုတ်ချက်များ

ရုပ်ပုံ
ဗိမာန်တော်

ကိုယ်တော်ရှင်ရဲ့ အိမ်တော်တွေဟာ သန့်ရှင်းတဲ့နေရာတွေဖြစ်တဲ့အကြောင်း ကျွန်တော်သိပါတယ်။ ဗိန်မာန်တော်တွေအကြောင်းပြောရတဲ့ဒီနေ့ ကျွန်တော့်ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အတွက် ရောက်လာတော့မှာဖြစ်တဲ့ တိုးလာနေပြီဖြစ်တဲ့ ဗိမာန်တော်အတွေ့အကြုံအခွင့်အရေးတွေအတွက် ထိုက်တန်ဖို့နဲ့ အဆင်သင့်ဖြစ်ဖို့ သင်တို့နဲ့ ကျွန်တော့်ရဲ့ ဆန္ဒကို တိုးမြှင့်စေဖို့ဖြစ်ပါတယ်။…

သင် သို့မဟုတ် ကျွန်တော်ဟာ ကောင်းကောင်းစင်ကြယ်ခြင်းမရှိဘဲ ဗိမာန်တော်ကို သွားမယ်ဆိုလျှင်၊ ကျွန်တော်တို့ဟာ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့်၊ ဗိမာန်တော်ထဲမှာ ကျွန်တော်တို့ ရရှိနိုင်တဲ့ ကယ်တင်ရှင်အကြောင်း ဝိညာဉ်ပကတိသွန်သင်မှုကို နားလည်နိုင်ကြမှာမဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ အဲသလို သွန်သင်မှုကို ရရှိဖို့ ထိုက်တန်ကြတဲ့အခါ၊ ကျွန်တော်တို့ရဲ့ ဗိမာန်တော် အတွေ့အကြုံအားဖြင့် ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်မှာ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ အကောင်းမြင်စိတ်တွေ တိုးပွားလာနိုင်ပါတယ်။ အဲဒီမျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ အကောင်းမြင်စိတ်တွေဟာ သန့်ရှင်းသောဗိမာန်တော်တွေထဲမှာ ဆောင်ရွက်တဲ့ ဘိသိက်မင်္ဂလာတွေကို လက်ခံခြင်းအားဖြင့်သာရရှိနိုင်ကြပါတယ်။ သေပြီးနောက် ဆက်ပြီးရှိမယ့်၊ ထာဝရကာလတည်မြဲမယ့် ချစ်စရာမိသားစုဆက်သွယ်မှု အာမခံချက်ကို ကျွန်တော်တို့ရရှိနိုင်တာဟာ ဗိမာန်တော်ထဲမှာဖြစ်ပါတယ်။…

…ကျွန်တော်တို့ရဲ့ ထာဝရပျော်ရွှင်မှုဟာ ကျွန်တော်တို့ တတ်နိုင်သမျှ ကျွန်တော်တို့ရဲ့ ဆွေမျိုးများစွာတို့ကို အလားတူတည်မြဲတဲ့ပျော်ရွှင်မှု ပေးဖို့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးဆောင်ရွက်ခြင်းအပေါ်မှီခိုတယ်ဆိုတာကိုလည်းကျွန်တော်တို့ သိပါတယ်။

အသက်ရှင်တဲ့မိသားစုဝင်တွေကို ဗိမာန်တော်ရဲ့ တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာတွေ ရရှိဖို့ ထိုက်တန်လာစေဖို့၊ လေးစားစေဖို့ အလိုရှိစေရန် ဖိတ်ခေါ်ရာမှာ အောင်မြင်ဖို့ အလားတူဆန္ဒမျိုး ကျွန်တော့်မှာ ရှိပါတယ်။ အဲဒါဟာ ကန့်လန့်ကာရဲ့နှစ်ဖက်စလုံးမှာ နောက်ပိုင်းကာလများ၌ ကတိတော်လာ ဣသရေလအမျိုးသားတို့ စုဝေးခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ရုပ်ပုံ
ဆော့လိတ်ဗိမာန်တော်အသစ်ပြန်လည်ပြုပြင်ခြင်း

ပုံနှိပ်သည်