မိတ်ဆွေ
အာရုန်သည် မင်းကြီးကို သွန်သင်ပေးပါသည်
ဇူလိုင်လ ၂၀၂၄


“အာရုန်သည် မင်းကြီးကို သွန်သင်ပေးပါသည်၊” မိတ်ဆွေ၊ ဇူလိုင် ၂၀၂၄၊၂၆-၂၇။

လစဉ် မိတ်ဆွေ အမှာစကား၊ ဇူလိုင် ၂၀၂၄

အာရုန်သည် မင်းကြီးကို သွန်သင်ပေးပါသည်

ရုပ်ပုံ
လူအများကိုသင်ကြားနေသောအာရုန်၊ မင်းကြီးရှေ့၌ရပ်နေသောအာရုန်

အန်ဒရူး ဘော့စလီ၏ သရုပ်ဖော်ပုံများ

အာရုန်သည် မောဇိယ၏ သားများထဲမှ တစ်ဦးဖြစ်ပါသည်။ သူသည် သာသနာပြုတစ်ယောက်ဖြစ်ပါသည်။ သူသည် တစ်ပြည်လုံးရှိ လာမန်အမျိုးသားတို့၏ မင်းကြီးကို သွန်သင်ခဲ့ပါသည်။

ရုပ်ပုံ
မင်းကြီးကို စကားပြောနေသော အာရုန်

အာရုန်သည် မင်းကြီးအား ဘုရားသခင်ကို ယုံကြည်မှုရှိ မရှိ မေးမြန်းခဲ့ပါသည်။ ဘုရားသခင်တကယ်ရှိကြောင်း အာရုန် သူ့ကိုပြောလျှင် ယုံကြည်ပေးမည်ဟု မင်းကြီးကပြောခဲ့ပါသည်။ မင်းကြီးသည် အာရုန်အား ဘုရားသခင်အကြောင်း ပိုပြောပြရန် တောင်းဆိုခဲ့ပါသည်။

ရုပ်ပုံ
ကောင်းကင်ဘုံများနောက်ခံထားကာ သွန်သင်ပေးနေသော အာရုန်

အာရုန်သည် မင်းကြီးကို ကျမ်းစာများ ဖတ်ပြခဲ့ပါသည်။ အာရုန်သည် ကမ္ဘာမြေဖန်ဆင်းခြင်းအကြောင်း သွန်သင်ခဲ့ပါသည်။ သူသည် ဘုရားသခင်၏အစီအစဉ်အကြောင်း သွန်သင်ခဲ့ပါသည်။ သူသည် မင်းကြီးအား ယေရှုခရစ်တော်အကြောင်း သွန်သင်ခဲ့ပါသည်။

ရုပ်ပုံ
ဒူးထောက်နေသော လာမန်အမျိုးသားတို့၏မင်းကြီး၊ လူများကို ဗတ္တိဇံပေးနေသော အာရုန်

ထို့နောက်၊ မင်းကြီးသည် ဆုတောင်းခဲ့ပါသည်။ အာရုန်ပြောသောစကားသည် မှန်ကန်ခြင်းရှိ မရှိ သူသည် ဘုရားသခင်အားမေးမြန်းခဲ့ပါသည်။ ထိုစကားသည် မှန်ကန်ကြောင်း မင်းကြီးသည် အဖြေလက်ခံရရှိခဲ့ပါသည်။

အာရုန် သွန်သင်ခဲ့သည်မှာ မှန်ကန်ကြောင်း မင်းကြီးသည် ယုံကြည်ခဲ့ပါသည်။ သူ၏ အိမ်သူအိမ်သားတိုင်းလည်း ယုံကြည်ခဲ့ကြပါသည်။ သူတို့သည် ဗတ္တိဇံခံပြီး ယေရှုခရစ်တော်နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ကြပါသည်။

အရောင်ခြယ်စာမျက်နှာ

ကျွန်ုပ်သည် ချစ်ခြင်းမေတ္တာပြခြင်းဖြင့် ယေရှုနောက်သို့လိုက်နိုင်ပါသည်။

ရုပ်ပုံ
ကလေးများနှင့်ကြီးမားသောအသဲနှလုံးများပါရှိသည့် ရောင်စုံခြယ်စာမျက်နှာ

အာဒမ် ကိုဖော့၏ သရုပ်ဖော်ပုံ

သင်သည် တစ်ပါးသူများကို မည်ကဲ့သို့ ချစ်ခြင်းမေတ္တာပြမည်နည်း။

ပုံနှိပ်သည်