၂၀၂၃
ကိုယ်ပိုင်ငြိမ်းချမ်းခြင်းကို ရှာခြင်း
မေ ၂၀၂၃


လစဉ် Liahona အမှာစကား၊ မေ ၂၀၂၃

ကိုယ်ပိုင်ငြိမ်းချမ်းခြင်းကို ရှာခြင်း

ကောက်နုတ်ချက်များ

ရုပ်ပုံ
နံရံကပ်စာရွက်

ကိုယ်ပိုင်ငြိမ်းချမ်းခြင်းကိုရှာတွေ့ခြင်းနဲ့ပတ်သက်လို့ ကျွန်တော်သင်ယူခဲ့ရတဲ့အရာအကြောင်းကို ကျွန်တော်ယနေ့ပြောမှာဖြစ်ပါတယ်။ …

ကယ်တင်ရှင်ရဲ့ သွန်သင်ခြင်းကနေ အနည်းဆုံး သမ္မာတရား ငါးခုကို ကျွန်တော်သင်ယူခဲ့ရပါတယ်။

ပထမ၊ ငြိမ်းချမ်းခြင်းဆုကျေးဇူးကို ကျွန်တော်တို့ ကိုယ်တော်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းဖို့ ယုံကြည်ချက်ရှိ ပြီးနောက် ပေးထားပါတယ်။ …

ဒုတိယ၊ သန့်ရှင်းသောဝိညာဉ်တော် ရောက်လာမယ်၊ ကျွန်တော်တို့နဲ့တည်ပါလိမ့်မယ်။ …

တတိယ၊ ကျွန်တော်တို့တတွေဟာ မိမိပဋိညာဉ်တွေကို စောင့်ထိန်းကြသည်နှင့်အမျှ၊ ကျွန်တော်တို့အချင်းချင်းနဲ့ ကျွန်တော်တို့အတွက် ခမည်းတော်နဲ့ သားတော်တို့ရဲ့ ချစ်ခြင်းကို ခံစားနိုင်ကြပါတယ်။ …

စတုတ္ထ၊ ကိုယ်တော်ရှင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းခြင်းမှာ နာခံခြင်းထက် ပိုပြီးလိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ကို ကိုယ့်စိတ်နှလုံး၊ အစွမ်းရှိသမျှနဲ့ ချစ်ကြရမှာ ဖြစ်ပါတယ်။ …

ပဉ္စမ၊ ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် အဖိုးအခပေးဖို့ အလုံအလောက်ချစ်တယ်ဆိုတာ ရှင်းပါတယ်၊ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ— ကိုယ်တော်၌ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ ကျွန်တော်တို့ရဲ့ နောင်တရခြင်းတို့ဖြင့်၊ ကိုယ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာသက်ရောက်မှုများဖြင့်— ယခုဘဝမှာရော၊ ထာဝရကာလမှာရော ကိုယ်တော်နှင့်အတူ “ခပ်သိမ်းသောနားလည်ခြင်းကို သာလွန်” [ဖိလိပ္ပိ ၄း၇] သည့် ငြိမ်းချမ်းခြင်းဆုကျေးဇူးကို ရရှိနိုင်ကြပါတယ်။ …

အသင်းတော်အနှံ့က အသင်းသားတွေဟာ ကိုယ်တော်ရှင်ရဲ့ ကိုယ်ပိုင်ငြိမ်းချမ်းခြင်း ဆုကျေးဇူးကို ခံစားကြရပါတယ်။ ကိုယ်တော်က လူတိုင်းကို အခြားသူတွေ ကိုယ်တော်ဆီကိုလာဖို့ အခွင့်အလမ်းတွေရှိစေဖို့နဲ့ သူတို့ကိုယ်တိုင်အတွက် ထိုငြိမ်းချမ်းခြင်းအတွက် အရည်အချင်းပြည့်မီစေဖို့ ကူညီရန် တိုက်တွန်းပါတယ်။ သူတို့ဟာ၊ တစ်လှည့်စီ၊ အဲဒီဆုကျေးဇူးကို အခြားသူတွေဆီကို ဘယ်လို လက်ဆင့်ကမ်းပေးသွားနိုင်မလဲဆိုတာကို သိဖို့ လမ်းပြလှုံ့ဆော်ခြင်းကို ရှာဖို့ ရွေးချယ်ကြပါလိမ့်မယ်။

တက်လာတဲ့ မျိုးဆက်ဟာ သူ့နောက်ကလာမယ့်မျိုးဆက်ကို ခွန်အားဖြည့်ပေးသူတွေဖြစ်လာပါလိမ့်မယ်။ ဆင့်ပွားသက်ရောက်မှုက အလွန်တရာအံ့ဩဖွယ်တစ်ခုကို ဖြစ်စေပါလိမ့်မယ်။ အဲဒါက အချိန်ကြာလာတာနဲ့အမျှ ပြန့်ပွားတိုးတက်ပါလိမ့်မယ်၊ မြေကြီးပေါ်မှာ ကိုယ်တော်ရှင်ရဲ့နိုင်ငံတော်ဟာ ပြင်ပြီးသား၊ ကိုယ်တော်ရှင်ကို ဟောရှဏ္ဏဟစ်ကြွေးသံတွေနဲ့ ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ မြေကြီးပေါ်မှာ ငြိမ်းချမ်းခြင်း ရှိပါလိမ့်မယ်။

ပုံနှိပ်သည်