၂၀၂၃
ယေရှုခရစ်တော်၏သွန်သင်ခြင်းများ
မေ ၂၀၂၃


လစဉ် Liahona အမှာစကား၊ မေ ၂၀၂၃

ယေရှုခရစ်တော်၏သွန်သင်ခြင်းများ

ကောက်နုတ်ချက်များ

ရုပ်ပုံ
နံရံကပ်စာရွက်

ပရောဖက်နီဖိုင်း ကျွန်တော်တို့ကို သွန်သင်ခဲ့တဲ့အတိုင်း၊ ကျွန်တော်တို့ဟာ “ခရစ်တော်၏နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့ကြရမှာဖြစ်ပါတယ်။ အကြောင်းမူကား၊ ရှုလော့၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့သည် သင်တို့ပြုရမည့်အရာမှန်သမျှကို ပြောပြပါလိမ့်မယ်။”။ … ဒီနေ့ကျွန်တော့်အမှာစကားမှာ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့နှုတ်ကပတ်တော်ထဲက ရွေးကောက်ထားတာတွေပါဝင်ပါတယ်—ကိုယ်တော် မိန့်တော်မူခဲ့တာက …

“[ထိုပညတ်တော်၌ ကြီးသောပညတ်မှာဤအရာဖြစ်ပါတယ်] သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့။

“ဤပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။

“ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။

“ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။” …

“သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် နတ်ဆိုးအားဖြင့် သွေးဆောင်ဖြားယောင်း မခံရစေခြင်းငှာလည်းကောင်း၊ သူ့အားဖြင့် ဖမ်းဆီးချုပ်နှောင်၍ ဆောင်သွားခြင်းကို မခံရစေခြင်းငှာလည်းကောင်း၊ အစဉ်အမြဲစောင့်၍ ဆုတောင်း ရမည်။” …

“ထို့ကြောင့်၊ သင်တို့ပြုသမျှသောအရာတို့ကို ငါ၏နာမတော်အားဖြင့် ပြုကြလော့။ ထို့ကြောင့်၊ သင်တို့သည် အသင်းတော်ကို ငါ၏နာမတော်အားဖြင့် ခေါ်ရမည်။” …

“ယခုတွင်၊ ဤပညတ်တော်သည်ကား၊ နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်းသားတို့။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းအားဖြင့်၊ သန့်ရှင်း စင်ကြယ်နိုင်စေခြင်းငှာလည်းကောင်း၊ နောက်ဆုံးသောနေ့၌ ငါ့ရှေ့၌၊ အပြစ်ကင်းစင်လျက် ရပ်နိုင်စေခြင်းငှာလည်းကောင်း ငါ့ထံသို့လာ၍၊ ငါ၏နာမတော်၌ ဗတ္တိဇံခံကြလော့။”

ကျွန်တော်တို့ ခရစ်တော်၌ ယုံကြည်ကြပါတယ်။ ကျွန်တော်တို့တတွေ ကိုယ်တော်ရဲ့သွန်သင်မှုတွေကို ဘယ်လိုသိရမလဲ ဘယ်လိုလိုက်လျှောက်ရမလဲဆိုတာနဲ့ပတ်သက်လို့ ကိုယ်တော်မိန့်တော်မူခဲ့တဲ့အရာနဲ့ နိဂုံးချုပ်ပါမယ်။

“ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော နှစ်သိမ့်ရှင်တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ၏။”

ပုံနှိပ်သည်