၂၀၂၁
ဘုရားသခင်၏ယဇ်ပုရောဟိတ်အခွင့်
သြဂုတ် ၂၀၂၁


“ဘုရားသခင်၏ယဇ်ပုရောဟိတ်အခွင့်” လူငယ်တို့အတွက်ခွန်အား ဩ ၂၀၂၁၊ ၂၀-၂၁။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဩဂုတ် ၂၀၂၁

ဘုရားသခင်၏ယဇ်ပုရောဟိတ်အခွင့်

ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၄

ယဇ်ပုရောဟိတ်အခွင့်အကြောင်း လူငယ်တိုင်းသိရမည့်အရာ၊ ထိုအခွင့်နှင့်သူတို့၏ဆက်သွယ်မှု။

ရုပ်ပုံ
လူငယ်များ

စကားလုံးတစ်လုံးကို ပုံစံနှစ်မျိုးဖြင့် အသုံးပြုသောအခါ အဘယ်မျှရှုပ်ထွေးကြောင်းကို သင်သတိထားမိဖူးပါသလား။ ဥပမာအားဖြင့်၊ အင်္ဂလိပ်စာမှာ earth(မြေကြီး) စကားလုံးဟာ ကျွန်ုပ်တို့နေထိုင်သည့် ဂြိုလ်နှင့် ကျွန်တော်တို့ခြေအောက်ရှိ မြေကြီး နှစ်ခုစလုံးကို ရည်ညွှန်းပါတယ်။ နှစ်ခုစလုံးမှန်ပါတယ်၊ သို့ရာတွင် ထိုစကားအသုံးအနှုန်းကို သင်အသုံးပြုသည့်အခါ သင်ဆိုလိုသည့်အဓိပ္ပာယ်မှာ သင်ပြောနေသည့်အကြောင်းအရာပေါ်မှာမူတည်ပါတယ်။ ပိုပြီးရှုပ်ထွေးစေတာကတော့၊ earth(မြေကြီး) ဆိုတာ ကျွန်ုပ်တို့ရဲ့ဂြိုလ်ကို ဆိုလိုတဲ့အချိန်မှာ၊ မြေကြီးနဲ့ပတ်သက်တဲ့သဘောလည်းပါဝင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုလျှင် မြေကြီးက ဂြိုလ်ပေါ်မှာရှိလို့ပဲဖြစ်ပါတယ်။

ယဇ်ပုရောဟိတ်အခွင့် စကားအသုံးအနှုန်းကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

အသင်းတော်မှာ ကျွန်တော်တို့ ပုံစံနှစ်မျိုးနဲ့အသုံးပြုတဲ့စကားအသုံးအနှုန်းတစ်ခုကတော့ ယဇ်ပုရောဟိတ်အခွင့်ဖြစ်ပါတယ်။ အဲဒီစကားအသုံးအနှုန်းက ဘုရားသခင်ရဲ့တန်ခိုးနဲ့ခွင့်အာဏာနှစ်ခုလုံးကို ရည်ညွှန်းပါတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ဟာ ယဇ်ပုရောဟိတ်အခွင့်ကို ပိုပြီးအသုံးနည်းတဲ့ပုံစံမျိုးနဲ့လည်း အသုံးပြုကြပါတယ်—“ဘုရားသခင့်သားသမီးတွေရဲ့ ကယ်တင်ခြင်းအတွက်လိုအပ်တဲ့အရာမှန်သမျှကို လုပ်ဆောင်ဖို့ ခန့်အပ်ထားတဲ့ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများကို ဘုရားသခင်ပေးတဲ့ တန်ခိုးနဲ့အခွင့်အာဏာ” ကိုရည်ညွှန်းဖို့ဖြစ်ပါတယ်။

လူသားထံအပ်နှင်းသည့် ယဇ်ပုရောဟိတ်အခွင့်ဟာ ဘုရားသခင်၏တန်ခိုးအားလုံးမဟုတ်ပါ။ အောက်ပါဇယားကွက်က ဒီအချက်ကို သရုပ်ဖော်ပါတယ်။

ဒီဇယားမှာ အတိုင်းမသိတဲ့၊ အကန့်အသတ်မရှိတဲ့ ဘုရားသခင့်တန်ခိုးရဲ့ ဥပမာအချို့ကို သင်တွေ့ရပါတယ်။ အဲဒီတန်ခိုးထဲမှာ၊ ထိုက်တန်သောအမျိုးသားများကို ခရစ်တော်ရဲ့ အသင်းတော်မှာ အမှုဆောင်ရွက်ဖို့ ဘုရားသခင်အပ်နှင်း၊ သို့မဟုတ် ပေးတဲ့ သူ့ယဇ်ပုရောဟိတ်အခွင့်ရဲ့ တန်ခိုးနဲ့အခွင့်အာဏာရဲ့ ဥပမာတွေကိုလည်း သင်တွေ့ရပါတယ်။

သင်၏ဘဝ၌ ယဇ်ပုရောဟိတ်အခွင့်အာဏာ၏ ဥပမာများ

ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာအားလုံးဟာ ကောင်းကင်ဘုံရှင်အဘရဲ့ ချစ်သောသမီးများနဲ့ သားများ အားလုံးအတွက် ရနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ဒုတိယစာရင်းကတော့ ယဇ်ပုရောအခွင့်သော့တွေကိုင်ဆောင်တဲ့ သို့မဟုတ် မိမိအပေါ် ယဇ်ပုရောဟိတ်အခွင့်အာဏာအပ်နှင်းခံရတဲ့သူမှတဆင့် သင့်ဆီကိုရောက်လာတဲ့ အဲဒီကောင်းချီးမင်္ဂလာတွေကိုပဲကိုယ်စားပြုပါတယ်။

ဒီအရာဟာ ဘုရားခင်က မြေကြီးပေါ်မှာ သူ့အသင်းတော်ရဲ့ ဖွဲ့စည်းပုံနဲ့ စီမံဆောင်ရွက်ခြင်းအတွက် တည်ဆောက်ထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဘုရားသခင့်ယဇ်ပုရောဟိတ်အခွင့် အခွင့်အာဏာရဲ့အခြားဥပမာတွေမှာဆိုရင်၊ မိမိအဖွဲ့ရဲ့ အမှုကို လမ်းညွှန်ဖို့ သော့များရှိတဲ့ သင်းထောက်သို့မဟုတ် ဆရာအဖွဲ့ဥက္ကဋ္ဌ၊ အိမ်တွင်းမှာပေးတဲ့ ဖခင်ရဲ့ကောင်းချီးမင်္ဂလာများ၊ ပြီးတော့ ဗိမာန်တော်ဘိသိက်မင်္ဂလာများနဲ့ ပဋိညာဉ်များ ပါဝင်ပါတယ်။

အမျိုးသားများ၊ အမျိုးသမီးများနှင့် ယဇ်ပုရောဟိတ်အခွင့်

ယဇ်ပုရောဟိတ်အခွင့်အမှုအရာကိုခန့်အပ်ခြင်းဟာ အမျိုးသားများကိုသာ ပေးထားသော်လည်း၊ “ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင့်သားသမီးအားလုံး၏အကျိုးအတွက်၊ သူ၏အမှုတော်အတွက် အသုံးပြုဖို့ ယုံကြည်စိတ်ချစွာကိုင်ဆောင်ထားသည့် မြင့်မြတ်သောတန်ခိုးနဲ့ အခွင့်အာဏာတစ်ခုဖြစ်ကြောင်း အရေးကြီးတဲ့အခြေခံသဘောတရားတစ်ခုကို ပထမဥက္ကဋ္ဌအဖွဲ့ ပထမအတိုင်ပင်ခံ၊ ဥက္ကဋ္ဌဒလျံအိတ်ခ်ျအုတ်က ရှင်းပြခဲ့ပါတယ်။ ယဇ်ပုရောဟိတ်အခွင့်ဆိုတာ ယဇ်ပုရောဟိတ်အခွင့်အမှုအရာတစ်ခုကို ခန့်ထားသောသောသူများမဟုတ်၊ အဲဒီအမှုအရာရဲ့ အခွင့်အာဏာကို ကျင့်သုံးသူများလည်းမဟုတ်ပါဘူး။ ယဇ်ပုရောဟိတ်အခွင့်ကို ကိုင်ဆောင်ထားတဲ့ အမျိုးသားများဟာ ယဇ်ပုရောဟိတ်အခွင့်မဟုတ်ပါဘူး။… ကျွန်ုပ်တို့ဟာ ခန့်အပ်ထားသောအမျိုးသားများးကို ယဇ်ပုရောဟိတ်အခွင့် အဖြစ် မရည်ညွှန်းသင့်ပါဘူး။

အမျိုးသမီးတွေဟာ ယဇ်ပုရောဟိတ်အခွင့်ကို ခန့်ထားမခံရသော်လည်း၊ “သင်တို့ဟာ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်ထားသူတစ်ယောက်ရဲ့လမ်းညွှန်မှုအောက်မှာ အမှုတော်ဆောင်တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ရွေးထားခံရတဲ့အခါ … သင်တို့ဟာ အဲဒီအမှုတော်ဆောင်တာဝန်မှာ လုပ်ဆောင်ဖို့ ယဇ်ပုရောဟိတ်အခွင့်အာဏာပေးထားခံရခြင်း” ဖြစ်ကြောင်း ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လဆင်က ရှင်းပြခဲ့ပါတယ်။ ဒီအရာရဲ့ဥပမာအချို့မှာဆိုရင်၊ လူငယ်အမျိုးသမီးအတန်းဥက္ကဋ္ဌအဖွဲ့များ၊ ဧဝံဂေလိတရားတော်ကို ဟောပြောနေတဲ့ သာသနာပြုညီအစ်မများ၊ သွန်သင်ဖို့နဲ့ ဦးဆောင်ဖို့ ရွေးထားခံရတဲ့ အသင်းတော်စုများနဲ့ ပန္နက်များရှိခေါင်းဆောင်များ၊ ပြီးတော့ ဗိမာန်တော်ရှိ ဘိသိက်မင်္ဂလာလုပ်သားများ ပါဝင်ပါတယ်။

ယဇ်ပုရောဟိတ်အခွင့်တန်ခိုးက လူတိုင်းကို ကောင်းချီးပေးပါတယ်

သင်တို့လူငယ်အမျိုးသားများနဲ့လူငယ်အမျိုးသမီးများရရှိတဲ့ကောင်းချီးမင်္ဂလာတွေဟာ ဗတ္တိဇံမှာ သင်ပြုတဲ့ ပဋိညာဉ်များနဲ့ ဗိမာန်တော်မှာ သင်ပြုမယ့်ပဋိညာဉ်များအားဖြင့် ရရှိတဲ့ သင်တို့ရဲ့ကောင်းချီးမင်္ဂလာတွေဖြစ်ပါတယ်။ သင်တို့အိမ်မှာ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦး မရှိလျှင်တောင်မှ၊ သင်တို့ဟာ သူနဲ့ပြုခဲ့တဲ့ပဋိညာဉ်တွေကို စောင့်ထိန်းကြတာနဲ့အမျှ သင်တို့ဘဝမှာ ဘုရားသခင်ရဲ့ယဇ်ပုရောဟိတ်အခွင့်တန်ခိုးနဲ့ ကောင်းချီးခံစားနိုင်ပါသေးတယ်။ ( ရှု ၁ နီဖိုင်း ၁၄း၁၄ )။

ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ပဋိညာဉ်များအတိုင်း နေထိုင်ကြတာနဲ့အမျှ ကျွန်ုပ်တို့ကို ခွန်အားဖြည့် ကောင်းချီးပေးတဲ့ ကောင်းချီးမင်္ဂလာတွေကို ရရှိကြပါတယ်။ သင်တို့ဘဝမှာ ယဇ်ပုရောဟိတ်အခွင့်ရဲ့ ကောင်းချီးမင်္ဂလာတွေ ဘုရားသခင်ရဲ့ အဆုံးမဲ့ ယဇ်ပုရောဟိတ်အခွင့်တန်ခိုးကြောင့်ရောက်လာတဲ့ ကောင်းချီးမင်္ဂလာတွေ၊ ပြီးတော့ အထူးသဖြင့် ဘုရားသခင်ရဲ့အသင်းတော်မှာ အပ်နှင်း၊ ခွဲဝေပေးထားတဲ့ ယဇ်ပုရောဟိတ်အခွင့်အာဏာအားဖြင့် ရောက်လာတဲ့ ကောင်းချီးမင်္ဂလာတွေကို နှလုံးသွင်းကြဖို့ သင်တို့ကို ကျွန်ုပ်တို့ဖိတ်ခေါ်ပါတယ်။

မှတ်စုများ

  1. ဒေးလ်ဂျီ၊ ရင်းလန် နှင့် ရု လီဘာ့ရင်းလန် The Melchizedek Priesthood: Understanding the Doctrine, Living the Principles (၂၀၁၈)၊ ၁၁။

  2. ဒလျံအိတ်ခ်ျ၊ အုတ်၊ “မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်နှင့် သော့များ၊” ဧပြီ ၂၀၂၀ အထွေထွေညီလာခံ (Ensign သို့မဟုတ် Liahona, မေ ၂၀၂၀၊ ၆၉)။

  3. ဥက္ကဋ္ဌ ရပ်ဆဲလ်အမ်၊ နယ်လဆင်၊ “Spiritual Treasures,” အောက် ၂၀၁၉ အထွေထွေညီလာခံ (Ensign သို့မဟုတ် Liahona, နို၊ ၂၀၁၉ ၊၇၈)။

ပုံနှိပ်သည်