၂၀၂၁
ဗိမာန်တော်နှင့် သင်၏ဝိညာဉ်ပကတိအုတ်မြစ်
နိုဝင်ဘာ ၂၀၂၁


လစဉ် Liahona အမှာစကား၊ နိုဝင်ဘာ ၂၀၂၁

ဗိမာန်တော်နှင့် သင်၏ဝိညာဉ်ပကတိအုတ်မြစ်

သင့်ဘဝမှာ အဘယ်သို့သော ကသောင်းကနင်းအမှုတွေဖြစ်ပေါ်တဲ့အခါတိုင်းမှာဖြစ်စေ၊ ဝိညာဉ်ပကတိဘေးအကင်းဆုံးနေရာဟာ သင်၏ဗိမာန်တော်ပဋိညာဉ်တွေထဲမှာ နေထိုင်ခြင်းဖြစ်ပါတယ်။

ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျွန်တော့်နှလုံးသားက ခံစားချက်တွေကို ဝေငှဖို့ ဒီနေ့မနက်မှာ သင်တို့နဲ့အတူရှိရတာ ကျေးဇူးတင်ပါတယ်။

သင်တို့သိတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ဟာ သမိုင်းဝင်ဆော့လိတ်ဗိမာန်တော်ရဲ့ အဓိကအသစ်ပြုပြင်ဆောက်လုပ်ခြင်းကို ဆောင်ရွက်နေကြပါတယ်။ ဒီနက်နဲ့တဲ့ စီမံကိန်းမှာ ရာစုနှစ်တစ်ခုကျော်ကောင်းကောင်း တာရှည်ခံခဲ့တဲ့ မူရင်းအုတ်မြစ်ကို အဓိကအားဖြည့်ခြင်းပါဝင်ပါတယ်။ ဒါပေမယ့် ဒီဗိမာန်တော်က ပိုပြီးတော့များစွာတာရှည်ခံရမှာဖြစ်ပါတယ်။ မေလနောက်ပိုင်းမှာ၊ ဒီကြီးစွာသောစီမံကိန်းရဲ့တိုးတက်မှုကို ကျွန်တော်စစ်ဆေးခဲ့ပါတယ်။ ကျွန်တော့်ဇနီးဝင်ဒီနဲ့ကျွန်တော်မြင်ခဲ့တဲ့အခရာကို မြင်ရတာသင်တို့ တန်ဖိုးထားလိမ့်မယ်လို့ ကျွန်တော်တွေးမိပါတယ်။ ကျွန်တော်တို့အဖို့ “ခိုင်မြဲသောအုတ်မြစ်” က ဘာကြောင့် အဓိပ္ပာယ်သစ်တစ်ခုရှိလာကြောင်း သင်တို့သိမြင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဆော့လိတ်ဗိမာန်တော်အသစ်ပြုပြင်ဆောက်လုပ်ခြင်း လုပ်ငန်းခွင်မှ ဗီဒီယို “ကျွန်တော်တို့ဟာ ဆော့လိတ်ဗိမာန်တော်ရဲ့မူလအုတ်မြစ်ကို ကြည့်နေကြတာဖြစ်ပါတယ်။ ကျွန်တော်ဟာ အောက်ခြေမှာ ဥယျာဉ်ခန်းရှိတဲ့နေရာတစ်ခုမှာရပ်နေပါတယ်။ ကျွန်‌တော်ဟာ ဒီအဆောက်အဦးတစ်ခုလုံးရဲ့လက်ရာကို စူးစမ်းရင်း၊ ကနဦးဘိုးဘွားတွေပြီးမြောက်ခဲ့တဲ့အရာကို အလွန်အံ့ဩမိပါတယ်။ ကျွန်တော်ဟာ သူတို့တတွေဒီခမ်းနာတဲ့ဗိမာန်တော်ကို လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုကျော်က သူတို့မှာ ရနိုင်တဲ့ ကိရိယာတွေ၊ နည်းပညာတွေနဲ့သာ တည်ဆောက်ခဲ့တာကို စဉ်းစားမိတဲ့အခါ လုံးဝကြီးစွာ အံ့ဩရပါတယ်။

“ဒီဆယ်စုနှစ်များစွာကြာတဲ့နောက်မှာ ကျွန်တော်တို့ အုတ်မြစ်ကို အနီးကပ်စူးစမ်းကြလျှင်၊ တိုက်စားခြင်းအကျိုးဆက်တွေ၊ မူလကျောက်သားမှ ချိုင့်ခွက်တွေ၊ ပြီးတော့ အင်္ဂတေပုံပျက်ခြင်းအဆင့်ဆင့်တို့ကို မြင်နိုင်ကြပါတယ်။

“ယခုဆိုလျှင်၊ ‌ခေတ်ပေါ်အင်္ဂျင်နီယာတွေ၊ ဗိသုကာတွေ၊ ဆောက်လုပ်ရေးပညာရှင်တွေက အဲဒီအုတ်မြစ်ကို အားဖြည့်ဖို့လုပ်ဆောင်နိုင်တာကို ကျွန်တော်တွေ့ရပါတယ်၊ ကျွန်တော်လုံးဝအံ့ဩပါတယ်။ သူတို့ရဲ့အလုပ်က အံ့အားသင့်စရာပါ။

ဘယ်အဆောက်အဦးရဲ့ အုတ်မြစ်ပဲဖြစ်ဖြစ်၊ အထူးသဖြင့်၊ ဒီတစ်ခု‌လောက်ကြီးတဲ့အရာဟာ၊ ခိုင်လဲခိုင်မာရမယ်၊ မြေငလျင်ဒဏ်၊ တိုက်စားမှု၊ လေပြင်းတိုက်မှု၊ ပြီးတော့အဆာက်အဦးမှန်သမျှကိုသက်ရောက်တဲ့ ဖြစ်ရိုးဖြစ်စဉ် မြေကျွံမှုတွေကို ခံနိုင်ဖို့ ကြံ့ကြံ့ခံနိုင်ရပါမယ်။ ယခုလုပ်ဆောင်နေဆဲဖြစ်တဲ့ နက်နဲတဲ့ခွန်အားဖြည့်ခြင်းလုပ်ငန်းက ဒီသန့်ရှင်းမွန်မြတ်တဲ့ဗိမာန်တော်ကို သမိုင်းတစ်လျှောက် တာရှည်ခံနိုင်မယ့် အုတ်မြစ်နဲ့အင်အားဖြည့်ပါလိမ့်မယ်။”

ရုပ်ပုံ
ဆော့လိတ်ဗိမာန်တော်အသစ်ပြန်လည်ပြုပြင်ခြင်း

ကျွန်တော်တို့ဟာ ထိလွယ်ခိုက်လွယ်ဖြစ်လာနေတဲ့ ဒီထိလွယ်ခိုက်လွယ်တဲ့ ဗိမာန်တော်ကို ပေးဆောင်ဖို့ ဘယ်ကြိုးပမ်းမှုကိုမှ ခြွင်းချန်မထားပါဘူး၊ သဘာဝဘေးကို ထောင်စုနှစ်အထိကြံ့ကြံ့ခံနိုင်မယ့် အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ထိုနည်းတူပါပဲ၊ ယခုအချိန်ဟာ ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ဝိညာဉ်ပကတိ အုတ်မြစ်တွေကို ခွန်အားဖြည့်ပေးဖို့ ကျွန်တော်တို့ အယောက်တိုင်း ပုံမှန်ထာသာလွန်တဲ့ စီမံချက်တွေ—ကျွန်တော်တို့အရင်ဘယ်တုန်းကမှ လုပ်ဖူးချင်မှ လုပ်ဖူးမယ့် စီမံချက်တွေ—ကို အကောင်အထည်ဖော်ကြတဲ့အချိန်ဖြစ်ပါတယ်။ မကြုံစဖူးအချိန်တွေမှာ အကြုံစဖူးစီမံချက်တွေ လိုအပ်ပါတယ်။

ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ ဤအချိန်တွေဟာ နောက်ပိုင်းကာလအချိန်တွေ ဖြစ်ပါတယ်။ သင်တို့နဲ့ ကျွန်တော်ဟာ လာမယ့်ဘေးရန်တွေကို ကြံ့ကြံ့ခံရမယ်ဆိုလျှင်၊ ကျွန်တော်တို့အယောက်တိုင်းဟာ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင်၊ ယေရှုခရစ်တော်ရဲ့ကျောက်ပေါ်မှာတည်ဆောက်ထားတဲ့ ခိုင်မာတဲ့ ဝိညာဉ်ပကတိအုတ်မြစ်တစ်ခု ရှိရမယ်ဆိုတာဟာ မရှိမဖြစ်တဲ့အရာဖြစ်ပါတယ်။

ဒါကြောင့်မို့၊ သင်တို့ရဲ့ အုတ်မြစ်ဘယ်လောက်ခိုင်မာသလဲလို့ သင်တို့အယောက်တိုင်းကို ကျွန်တော်မေးချင်ပါတယ်။ ဧဝံဂေလိတရားတော်နဲ့ပါတ်သက်လို့ သင်တို့ရဲ့ သက်သေခံချက်နဲ့ နားလည်ခြင်းအတွက် ဘယ်လို အင်အားဖြည့်ခြင်းတွေလိုအပ်ပါသလဲ။

ကယ်တင်ရှင်နဲ့ သူ့ဩဝါဒဟာ ဗိမာန်တော်ရဲ့ တကယ့်နှလုံးသားဖြစ်တာကြောင့်၊ ဗိမာန်တော်ဟာ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနဲ့ ဝိညာဉ်ပကတိအခိုင်အမာ ခံတပ်တို့ရဲ့ ဗဟိုမှာ တည်ရှိပါတယ်။ ဗိမာန်တော်ထဲမှာ သွန်သင်တဲ့အရာမှန်သမျှဟာ၊ လမ်းညွှန်ချက်အားဖြင့်၊ ဝိညာဉ်တော်အားဖြင့်၊ ယေရှုခရစ်တော်အကြောင်း ကျွန်တော်တို့ရဲ့ နားလည်ခြင်းကို တိုးစေပါတယ်။ သူ့ရဲ့ မရှိမဖြစ် ဘိသိက်မင်္ဂလာတွေက ကျွန်တော်တို့ကို သန့်ရှင်းမွန်မြတ်သောယဇ်ပုရောဟိတ်ပဋိညာဉ်တွေအားဖြင့် သူနဲ့စည်းနှောင်ထားပါတယ်။ အဲဒီနောက်၊ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းကြတာနဲ့အမျှ၊ သူက ကျွန်တော်တို့ကို သူ့ရဲ့ အနာငြိမ်းစေခြင်း၊ ခွန်အားဖြည့်ပေးခြင်းတန်ခိုး နဲ့အပ်နှင်းပါတယ်။ ကျွန်တော်တို့ဟာ လာမယ့်နေ့တွေမှာ သူ့တန်ခိုးကို ဘယ်လောက်တောင်လိုအပ်မှာပါလဲ ခင်ဗျာ။

“ကျွန်တော်တို့ ပြင်ဆင်ထားလျှင် ကျွန်တော်တို့ မကြောက်ရ” ဆိုတဲ့အကြောင်း ကျွန်တော်တို့ကို ကတိပေးထားပါတယ်။ ဒီအာမခံချက်က ဒီခေတ်မှာ လေးနက်တဲ့ ပါဝင်ပါတ်သက်မှုတွေရှိပါတယ်။ ဒီခေတ်ရဲ့မကြုံစဖူးစိန်ခေါ်မှုတွေရှိသော်လည်းပဲ ကိုယ်တော်ရှင်က ဟောကြားထားပါတယ်၊ မိမိတို့အုတ်မြစ်တွေကို ယေရှုခရစ်တော်အပေါ်မှာတည်ဆောက်ကြပြီး၊ သူ့တန်ခိုးတော်ဆီဘယ်လိုချဉ်းကပ်ဖို့ သင်ယူထားတဲ့သူတွေဟာ၊ ဒီခေတ်ရဲ့တစ်မူထူးတဲ့စိုးရိမ်မှုတွေကို အလျော့ပေးဖို့မလိုအပ်ပါဘူး။

ဗိမန်တော်ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေဟာ ရှေးကျပါတယ်။ ကိုယ်တော်ရှင်က အာဒံနဲ့ ဧဝကို ဆုတောင်းဖို့၊ ပဋိညာဉ်တွေပြုလုပ်ဖို့နဲ့ ယဇ်ပူဇော်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ အမှန်စင်စစ်၊ “ကိုယ်တော်ရှင်ဟာ သူ့နှုတ်ကပတ်တော်ကို နာခံမယ့်လူမျိုး မြေကြီးပေါ်မှာ ရှိတဲ့အခါတိုင်း၊ သူတို့ဟာ ဗိမာန်တော်တွေတည်ဆောက်ဖို့ မိန့်မှာခံကြရပါတယ်။” စံပြအမှုတွေဟာ ဗိမာန်တော်သွန်သင်ခြင်း၊ အဝတ်၊ ဘာသာစကား၊ ပြီးတော့နောက်ထပ်အရာ‌များစွာနဲ့ဆိုင်တဲ့အရာတွေနဲ့ပြည့်နေပါတယ်။ ကျွန်တော်တို့ယုံကြည်တဲ့ အရာတိုင်းနဲ့ ဘုရားသခင်က သူ့ပဋိညာဉ်ခံလူမျိုးတွေနဲ့ပြုထားတဲ့ ကတိတိုင်း ဟာဗိမာန်တော်ထဲမှာရှိပါတယ်။ အသက်အရွယ်တိုင်းအတွက်၊ ဗိမာန်တော်က ဘုရားသခင်နဲ့ပဋိညာဉ်တွေပြုကြပြီး၊ အဲဒါတွေကို စောင့်ထိန်းကြတဲ့သူတွေဟာ ပဋိညာဉ်သားသမီးတွေဖြစ်တယ်ဆိုတဲ့ အဖိုးတန်အမှန်တရားကို အလေးထားပါတယ်။

ထိုကဲ့သို့အားဖြင့်၊ ကိုယ်တော်ရှင်ရဲ့ အိမ်တော်ထဲမှာ၊ ကျွန်တော်တို့ဟာ အာဗြဟံ၊ ဣဇက်၊ နဲ့ ယာကုပ်တို့ ဘုရားသခင်နဲ့ပြုခဲ့ကြတဲ့ အလားတူပဋိညာဉ်တွေကို ပြုနိုင်ကြပါတယ်။ ကျွန်တော်တို့အလားတူကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်ကြပါတယ်။

ရုပ်ပုံ
ကာ့တ်လန်း နှင့် နော်ဘူး ဗိမာန်တော်များ

ဗိမာန်တော်တွေဟာ ဒီ သာသနာကာလရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာဟာ၊ အစောဆုံးကာလကတည်းကဖြစ်ပါတယ်။ ဧလိယ က ဂျိုးဇက်စမစ်အား ကာ့တ်လန်းဗိမာန်တော်ထဲမှာ တံဆိပ်ခတ်ခြင်းအခွင့်အာဏာသော့တွေပေးခဲ့ပါတယ်။ ယဇ်ပု‌ရောဟိတ်အခွင့် အပြည့်အစုံကို နော်ဘူးဗိမာန်တော်ထဲမှာ ပြန်လည်ဆောင်ယူခဲ့ပါတယ်။

သူအသတ်ခံရတဲ့အထိ၊ ဂျိုးဇက်စမစ်ဟာ ဝိညာဉ်ပကတိအပ်နှင်းခြင်းနဲ့ တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာတွေကို တိုးချဲ့ခဲ့တဲ့ဗျာဒိတ်တော်တွေကို ဆက်ပြီးရခဲ့ပါတယ်။ ၁၀ သို့သော်လည်း၊ နောက်ထပ်မွမ်းမံမှုလိုအပ်တယ်ဆိုတာကို သူအသိအမှတ်ပြုခဲ့ပါတယ်။ မေလ၊ ၁၈၄၂ခုနှစ်မှာ ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ဘရင်ဂ်ဟန်ရမ်းအတွက် စီမံဆောင်ရွက်ပြီးတဲ့နောက်မှာ ၊ ဂျိုးဇက်က ဘရင်ဂ်ဟမ်ကို ပြောခဲ့ပါတယ်၊ “ဒါက ကောင်းကောင်းမစီစဉ်ရသေးဘူး၊ ငါတို့ရောက်ရာအခြေအနေမှာ ငါတို့တတ်နိုင်သမျှအကောင်းဆုံးလုပ်ထားတာသာဖြစ်တယ်၊ ငါက မင်းကို ဒီအမှုကို ကိုင်တွယ်ဖို့နဲ့၊ ဒီအခမ်းအနားတွေအားလုံးကို အစီအစဉ်စနစ်တကျလုပ်ဆောင်စေလိုတယ်။”၁၁

ပရောဖက်သေပြီးတဲ့နောက်မှာ ဥက္ကဋ္ဌရမ်းက နော်ဘူး‌ဗိမာန်တော်၁၂ ပြီးစီးခြင်းကို ကြီးကြပ်ခဲ့ပြီး၊ အဲဒီနောက် ယုတနယ်မြေမှာ ဗိမာန်တော်တွေတည်ဆောက်ခဲ့ပါတယ်။ စိန့်ဂျော့ဗိမာန်တော်အောက်ခန်းတွေကို ဆက်ကပ်စဉ်မှာ၊ ဘရင်ဂ်ဟမ်ရမ်းကကိုယ်စားပြုဗိမာန်တော်အမှုအရင်လိုခြင်းအကြောင်းကို အားစိုက်ခွန်စိုက်ပြောခဲ့ပါတယ်၊ သူပြောခဲ့တာက၊ “ဒီကိစ္စကို ကျွန်တော်စဉ်းစားတဲ့အခါ၊ လူတွေကိုနှိုးဖို့ အားကြီးတဲ့အသံကို ကျွန်တော်လိုအပ်တယ်။”၁၃

အဲဒီအချိန်ကစပြီး၊ ဗိမာန်တော်ဘိသိက်မင်္ဂလာတွေကို တဖြည်းဖြည်းမွမ်းမံခဲ့ကြပါတယ်။ ကယ်တင်ရှင်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်အတွင်းမှာ ဗိမာန်တော်ဘိသိက်မင်္ဂလာတွေရဲ့ အစီအစဉ်တွေ၊ မူဝါဒတွေ၊ အမှန်စင်စစ် စီမံဆောင်ရွက်ခြင်းတွေကို ဘာကြောင့် ဆက်ပြီးပြောင်းလဲသလဲဆိုတာ ဥက္ကဋ္ဌ ဟားလော့်ဒ်၊ ဘီလီက ရှင်းပြခဲ့ပါတယ်။ ဥက္ကဋ္ဌလီက ပြောခဲ့ပါတယ်၊ “ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်အခြေခံသဘောတရားတွေဟာ ဘုရားနဲ့ဆိုင်တဲ့အရာတွေဖြစ်တယ်။ ကိုယ်တော်ရှင်၏ဗျာဒိတ်တော်ဖြင့်မှတစ်ပါး၊ အသင်းတော်ရဲ့ အခြေခံသ‌ဘောတရားတွေနဲ့ [ဩဝါဒ]ကို အဘယ်သူမှမပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့်၊ ခန့်ထားတဲ့အချိန်မှာ ဦးစီးသူတွေဆီကို လမ်းပြလှုံ့ဆော်တဲ့လမ်းညွှန်မှုရောက်လာတဲ့အခါ နည်းလမ်းတွေပြောင်းလဲပါတယ်။”၁၄

နှစ်တွေကြာတဲ့အခါ၊ ပွဲတော်စီမံဆောင်ရွက်ခြင်း ဘယ်လိုပြောင်းလဲခဲ့သလဲဆိုတာ စဉ်းစားကြည့်ပါ။ အစောပိုင်းကာလတွေမှာ၊ ပွဲတော်ရေကို ခွက်ကြီးတစ်ခွက်နဲ့ ပရိတ်သတ်ဆီကို ကမ်းလှမ်းခဲ့ပါတယ်။ လူတိုင်းက အဲဒီကနေယူပြီးသောက်ကြပါတယ်။ ယခု ကျွန်တော်တို့ တစ်ခါသုံးခွက်တစ်ခုချင်းစီကို သုံးကြပါတယ်။ အစီအစဉ်ပြောင်းလဲပေမယ့်၊ ပဋိညာဉ်တွေကတော့ အတူတူပဲဖြစ်ပါတယ်။

ဒီအမှန်တရားသုံးခုကို နှလုံးသွင်းပါ။

  1. ပြန်လည်ဆောင်ယူခြင်းဟာ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်၊ ပွဲတစ်ပွဲမဟုတ်ပါ၊ ကိုယ်တော်ရှင်ပြန်တစ်ဖန်ပြန်လာတဲ့အထိ ‌ဆက်ဖြစ်နေမှာဖြစ်တယ်။

  2. ဣသရေလလူမျိုးတွေကို စုဝေးခြင်းရဲ့ အဆုံးစွန်သောရည်ရွယ်ချက်၁၅ကတော့ ဗိမာန်တော်ကောင်းချီးမင်္ဂလာတွေကို ဘုရားသခင်ရဲ့ သစ္စာရှိသားသမီးတွေဆီ ဆောင်ယူဖို့ဖြစ်ပါတယ်။

  3. ကျွန်တော်တို့ အဲဒီ ရည်ရွယ်ချက်ကို ပိုပြီးထိရောက်စွာ ပြီးမြောက်ဖို့ အားထုတ်ကြတာနဲ့အမျှ၊ ကိုယ်တော်ရှင်က အမြင်များစွာထပ်ပြီးဖော်ပြပါလိမ့်မယ်။ ဆက်တိုက်ပြန်လည်ဆောင်ယူခြင်းက ဆက်တိုက်ဗျာဒိတ်တော်လိုအပ်ပါတယ်။

ဗိမာန်တော်ကောင်းချီးမင်္ဂလာတွေကို ကိုယ်တော်ရဲ့သစ္စာရှိသားသမီးတွေဆီဆောင်ယူဖို့ ပိုကောင်းတဲ့နည်းလမ်းရှိမရှိ ပထမဥက္ကဋ္ဌအဖွဲ့နဲ့ တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့က ကိုယ်တော်ရှင်ဆီ အကြိမ်ကြိမ်မေးကြပါတယ်။ ဘာသာစကားနဲ့ ယဉ်ကျေးမှုကွဲပြားမှုတွေရှိသော်လည်း ဗိမာန်တော်လမ်းညွှန်ချက်၊ ပဋိညာဉ်တွေ၊ ဘိသိက်မင်္ဂလာတွေ ကမ္ဘာတစ်ဝန်းတိကျခြင်းနဲ့ တစ်သမတ်တည်းဖြစ်ခြင်းကို မည်သို့သေချာစေရမလဲဆိုတာနဲ့ပတ်သက်လို့ လမ်းညွှန်ချက်ကို ကျွန်တော်တို့ ပုံမှန်ရှာကြပါတယ်။

ကိုယ်တော်ရှင်ရဲ့လမ်းညွှန်မှုအောက်မှာနဲ့၊ ကျွန်တော်တို့ဆုတောင်းခြင်းတွေရဲ့အဖြေအဖြစ်၊ မကြာသေးမီက အစီအစဉ်ပြင်ဆင်ချက်တွေကို ပြုလုပ်ထားပါတယ်။ သူဟာ သင်တို့ကို သင်တို့ဆောင်ရွက်ဖို့ ပဋိညာဉ်တွေပြုတဲ့အရာကို ကြီးစွာသောရှင်းလင်းခြင်းနဲ့အတိအကျနားလည်စေလိုတဲ့သူဖြစ်ပါတယ်။ သူက သင်တို့ကို သူ့ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ဘိသိက်မင်္ဂလာတွေနဲ့ ပြည့်စုံစွာတွေ့ကြုံစေလိုတဲ့သူဖြစ်ပါတယ်။ သူက သင်တို့ကို သင်တို့ရဲ့ အထူးအခွင့်အရေးတွေ၊ ကတိတွေနဲ့ တာဝန်တွေကို နားလည်စေလိုပါတယ်။ သူက သင်တို့ကို အရင်ကမရဖူးတဲ့ ဝိညာဉ်ပကတိအမြင်တွေနဲ့ နိုးကြားခြင်းတွေကို ရရှိစေလိုပါတယ်။ ဒီအရာကို သူက ဗိမာန်တော်နာယကတွေ သူတို့ဘယ်မှာနေသည်ဖြစ်စေ၊ အားလုံး အတွက်အလိုရှိပါတယ်။

လက်ရှိဗိမာန်တော်အစီအစဉ်ပြင်ဆင်ချက်တွေ၊ ပြီးတော့ အဲဒီနောက်ကအခြားအရာတွေဟာ ကိုယ်တော်ရှင်သူ့အသင်းတော်ကို တက်ကြွစွာလမ်းညွှန်နေတဲ့အကြောင်း ဆက်တိုက်သာဓကဖြစ်ပါတယ်။ သူက ကျွန်တော်တို့တစ်ဦးချင်းဆီတိုင်း အတွက်၊ ကျွန်တော်တို့ဘဝတွေကို သူ့အပေါ်၊ သူ့ဗိမာန်တော်ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေအပေါ်မှာ ဗဟိုပြုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိအုတ်မြစ်တွေကို ပိုပြီးထိရောက်စွာ အားဖြည့်ကြဖို့ အခွင့်အလမ်းတွေကို ပေးနေပါတယ်။ သင်က သင့်ရဲ့ဗိမာန်တော်ထောက်ခံချက်၊ ကြေကွဲတဲ့နှလုံးသားနဲ့ ကိုယ်တော်ရှင်ရဲ့ သင်ယူခြင်းအိမ်တော်ကိုရှာတဲ့စိတ်တို့ကို ယူလာတဲ့အခါ၊ သူ ကသင့်ကို သွန်သင်ပါလိမ့်မယ်။

ခရီးအကွာအဝေး၊ ကျန်းမာရေးစိန်ခေါ်မှုတွေ၊ သို့မဟုတ် အခြားအတားအဆီးတွေက သင့်ရဲ့ ဗိမန်တော်တက်ရောက်ခြင်းကို ကာလတစ်ခုအထိ၊ တားမြစ်လျှင်၊ သင်တို့ပြုထားတဲ့ပဋိညာဉ်တွေကို သင့်စိတ်မှာ ပြန်စဉ်းစားဖို့ ပုံမှန်အချိန်တစ်ခုသတ်မှတ်ဖို့ ကျွန်တော်သင်တို့ကို ဖိတ်ခေါ်ပါတယ်။

သင်ဟာဗိမာန်တော်တက်ရောက်ရတာကို မနှစ်သက်သေးဘူးဆိုလျှင်၊ ပိုပြီးမကြာမကြာသွားပါ—လျော့မသွားပါနှင့်။ ကိုယ်တော်ရှင်အား အဲဒီမှာ သူ့ရဲ့ဝိညာဉ်တော်အားဖြင့် သင့်ကို သွန်သင်ဖို့နဲ့ လမ်းပြလှုံ့ဆော်ဖို့အခွင့်ပေးပါ။ အချိန်ကြာလာတာနဲ့အမျှ၊ ဗိမာန်တော်ဟာ၊ ဘေးကင်းရာ၊ ဖြေသိမ့်စရာနဲ့ ဗျာဒိတ်ယူရာ နေရာတစ်ခုဖြစ်လာပါလိမ့်မယ်။

ကျွန်တော့်အဖို့ အရွယ်ရောက်လူငယ်တိုင်းနဲ့ တစ်ယောက်ချင်း စကားပြောဖို့ ဖြစ်နိုင်မယ်ဆိုလျှင်၊ ကျွန်တော်က သင့်ကို ဗိမာန်တော်ထဲမှာ သင်နဲ့ တံဆိပ်ခတ်မယ့် အဖော်ကို ရှာကြဖို့တောင်းဆိုမှာပါ။ ဒီအရာက သင့်ဘဝမှာ ဘယ်လိုကွဲပြားမှုကို ဖြစ်စေမှာလဲလို့ သင်သိချင်ကောင်းသိချင်ပါလိမ့်မယ်။ အဲဒါက လုံးဝ ကွဲပြားမှုကိုဖြစ်စေလိမ့်မယ်လို့ ကျွန်တော်ကတိပေးပါတယ်။ သင်ဟာ ဗိမာန်တော်ထဲမှာ လက်ထပ်ပြီး၊ ထပ်ခါထပ်ခါပြန်သွားတာနဲ့အမျှ၊ ခွန်အားဖြည့်ပေးခံရ၊ သင့်ရဲ့ဆုံးဖြတ်ချက်တွေမှာလည်း လမ်းညွှန်ခံရပါလိမ့်မယ်။

ဗိမာန်တော်ထဲမှာ တံဆိပ်မခတ်ရသေးတဲ့ ခင်ပွန်းနဲ့ ဇနီးတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်စကားပြောလို့ရနိုင်မယ်ဆိုလျှင်၊ သင့်ကို အဲဒီအရေးအကြီးဆုံး၊ ဘဝပြောင်းဘိသိက်မင်္ဂလာ၁၆ ကိုရရှိဖို့ လိုအပ်တဲ့ခြေလှမ်းတွေလှမ်းကြဖို့ တောင်းဆိုမှာပါ။ အဲဒါက ကွဲပြားမှုကို ဖြစ်စေမှာပါလား။ သင်အမြဲတိုးတက်လို၊ အမြဲအတူတကွရှိလိုမှသာဖြစ်မှာပါ။ အမြဲအတူတကွဖြစ်ဖို့ ‌ဆန္ဒကအဲသလိုဖြစ်စေမှာမဟုတ်ပါ။ အခြားဘယ်အခမ်းအနား သို့မဟုတ် စာချုပ်ကမျှ အဲသလိုဖြစ်စေမှာမဟုတ်ပါ။ ၁၇

လက်ထပ်ခြင်းကိုတောင့်တသော်လည်း၊ သူ သို့မဟုတ် သူမ၏ ထာဝရအဖော်ကို မတွေ့သေးတဲ့ အမျိုးသား သို့မဟုတ် အမျိုးသမီး တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်စကားပြောလို့ရမယ်ဆိုလျှင်၊ လက်ထပ်ခြင်းကို ကိုယ်တော်ရှင်ရဲ့ ဗိမာန်တော်ထဲမှာ ဝိညာဉ်ပကတိအပ်နှင်းခံရတဲ့အထိ မစောင့်ကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းမှာပါ။ ယဇ်ပုရောဟိတ်အခွင့်တန်ခိုးနဲ့စွဲကိုင်တဲ့ပုံစံမျိုးဖြစ်စေရန် သင်ယူဖို့နဲ့ တွေ့ကြုံဖို့ ယခုစလိုက်ပါ။

ဗိမာန်တော်ပဋိညာဉ်တွေပြုပြီးသားသူသင်တို့တစ်ယောက်ချင်းစီကို ဗိမာန်တော်ပဋိညာဉ်တွေနဲ့ ဘိသိက်မင်္ဂလာတွေ၁၈ကို နားလည်စေဖို့ ဆုတောင်းခြင်းထက်သန်စွာနဲ့ ပုံမှန် အားထုတ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ဝိညာဉ်ပကတိတံခါးတွေ ပွင့်လာပါလိမ့်မယ်။ သင်ဟာ ကောင်းကင်နဲ့မြေကြီးကြားက ကန့်လန့်ကာကို ဘယ်လိုဖွင့်ရမယ်၊ သင့်ကို စောင့်ရှောက်ဖို့ ဘုရားသခင်ရဲ့ကောင်းကင်တမန်တွေကို ဘယ်လိုတောင်းဆိုရမယ်၊ ပြီးတော့ ကောင်းကင်ဘုံကလမ်းညွှန်မှုကို ဘယ်လိုပိုပြီး‌ကောင်းကောင်းရရှိရမယ်ဆိုတာကို သင်ယူပါလိမ့်မယ်။ အဲဒီအတွက် သင့်ရဲ့ လုံ့လဝီရိယထက်သန်တဲ့အားထုတ်မှုက သင့်ရဲ့ ဝိညာဉ်ပကတိအုတ်မြစ်ကို ဖြည့်တင်းခွန်အားဖြည့်ပေးပါလိမ့်မယ်။

ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဆော့လိတ်ဗိမာန်တော်ပြုပြင်မွမ်းမံခြင်းပြီးတဲ့အခါ၊ မြေငလျင်တစ်ခုအတွင်း ဗိမာန်တော်ထဲမှာထက် ဆော့လိတ်တောင်ကြားမှာ ပိုပြီးဘေးကင်းတဲ့နေရာမရှိပဲနေပါလိမ့်မယ်။

ထိုနည်းတူစွာပဲ၊ သင့်ဘဝမှာ ဘယ်လိုကသောင်းကနင်း‌ဖြစ်မှုတွေဖြစ်တဲ့အခါမှာပဲဖြစ်စေ ဝိညာဉ်ပကတိဘေးအကင်းဆုံးနေရာဟာ သင့်ရဲ့ဗိမာန်တော်ပဋိညာဉ်တွေ ထဲမှာ နေထိုင်ခြင်းဖြစ်ပါတယ်။

ရုပ်ပုံ
ယေရှုခရစ်တော်

ဒဲလ်ပါဆန်၏ ယေရှုခရစ်တော်

သင့်ရဲ့ဝိညာဉ်ပကတိအုတ်မြစ်ကို ယေရှုခရစ်တော်အပေါ်မှာ အခိုင်အမာဆောက်ထားတဲ့အခါ၊ သင်ကြောက်စရာမလိုဘူးလို့ ကျွန်တော်ပြောတဲ့အခါ ကျေးဇူးပြု၍ ကျွန်တော့်ကို ယုံကြည်ပါ။ သင်ဟာ ဗိမာန်တော်ထဲမှာပြုခဲ့တဲ့သင့်ရဲ့ပဋိညာဉ်တွေအပေါ်သစ္စာရှိတဲ့အခါ၊ သူ့ရဲ့တန်ခိုးတော်အားဖြင့် ခွန်အားဖြည့်ပေးခံရပါလိမ့်မယ်။ အဲဒီနောက်၊ ဝိညာဉ်ပကတိမြေငလျင်လှုပ်တဲ့အခါ၊ သင့်ရဲ့ ဝိညာဉ်ပကတိအုတ်မြစ်က ခိုင်မာပြီး မရွေ့လျားနိုင်တာကြောင့် သင်ဟာ ခိုင်မာစွာ ရပ်တည်နိုင်စွမ်းပါလိမ့်မယ်။

ကျွန်တော် သင်တို့ကို ချစ်ပါတယ်၊ ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ။ ဒီသမ္မာတရားတွေကို ကျွန်တော်သိပါတယ်၊ ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက သင်တို့ ကို သူ့ဆီ ပြန်လာဖို့ရွေးချယ်စေလိုပါတယ်။ သူ့ရဲ့ထာဝရတိုးတက်ခြင်းအစီအစဉ်က မရှုပ်ထွေးပါ၊ သင့်ရဲ့လွတ်လပ်စွာရွေးချယ်ပြုမူနိုင်ခွင့်ကို လေးစားပါတယ်။ သင်ဟာ လာမယ့်‌လောကမှာ သင်ဘယ်လိုလူဖြစ်မယ်ဆိုတာ—ဘယ်သူနဲ့အတူရှိမယ်ဆိုတာ—ကို ရွေးချယ်ဖို့ လွတ်လပ်ပါတယ်။

ဘုရားသခင်အသက်ရှင်တော်မူပါတယ်။ ယေရှုဟာ ခရစ်တော်ဖြစ်ပါတယ်။ ဒါက သင့်ရဲ့ဘုရားနဲ့ဆိုင်တဲ့ ကံတရားကို ပြီးပြည့်စုံစေဖို့ ပြန်လည်ဆောင်ယူထားတဲ့သူ့အသင်းတော် ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ရှု “ခိုင်မြဲသောအုတ်မြစ်” ဓမ္မတေးများ၊ နံပါတ် ၈၅။

  2. ထို့ကြောင့်၊ “လူသားတို့တည်ဆောက်လျှင် လဲကျနိုင်ခြင်းမရှိရာ အုတ်မြစ်တည်းဟူသော မြဲမြံသောအုတ်မြစ်ဖြစ်သည့် ထိုကျောက်ပေါ်၌ [ကျွန်တော်တို့]ကို… တည်ဆောက်ထားသောကြောင့်၊ နတ်ဆိုးသည် သူ၏ပြင်းစွာသော[လေ]၊… အမှန်စင်စစ်၊ လေပွေထဲ၌ သူ၏မြားတံတို့ကို [လွှတ်]သဖြင့်၊ အမှန်စင်စစ်၊ သူ၏အလုံးစုံသောမိုးသီးနှင့် မုန်တိုင်းတို့က သင်တို့အပေါ် တိုက်လေသောအခါ… [ကျွန်တော်တို့] အပေါ်မှာ တန်ခိုးရှိမှာမဟုတ်ပါ” (ဟေလမန် ၅း၁၂၊ အထူးပြုထည့်သွင်းထားသည်)။

  3. ရှု(ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၉း၁၅၊၂၂

  4. လည်းရှု သြဝါဒနှင့်ပဋိညာဉ်ကျမ်း ၃၈း၃၀သြဝါဒနှင့်ပဋိညာဉ်ကျမ်း ၁၀း၅၅

  5. ရှု မောရှေ 5:5–6.

  6. သမ္မာကျမ်းအဘိဓာန် ,“ဗိမာန်တေ်။”

  7. ဥပမာ၊ ရှု ထွက်မြောက်ရာကျမ်း ၂၈၂၉ဝတ်ပြုရာကျမ်း ၈။ မော‌ရှေ၏တဲတော်မှာ “သက်သေခံချက်တဲတော်” တစ်ခုအဖြစ်ထင်ရှားသည်၊ (တောလည်ရာကျမ်း ၉း၁၅ နှင့် “သက်သေခံချက်တဲ‌တော်” (ထွက်မြောက်ရာကျမ်း ၃၈း၂၁)။ ရှောလမုန်၏ဗိမာန်တော်မှာ ၅၈၇ ဘီစီ ၌ပျက်စီးခဲ့ပြီး၊ ‌လေဟိမိသားစု ယေရုရှလင်ကို စွန့်ခွာပြီးနှစ်အနည်းငယ်ကြာပြီးမှ။ ဇေရုဗဗေလအားဖြင့် ဤဗိမာန်‌တော်ကို ပြန်လည်တည်ဆောက်ခြင်းမှာ နောက်နှစ် ၇၀ကြာပြီးနောက်မှ ဖြစ်ပေးခဲ့သည်။ ထို့နောက် ၃၇ ဘီစီတွင် မီးလောင်ပျက်စီးခဲ့သည်။ ဟေရုဒ်က ဗိမာန်တော်ကို ၁၆ ဘီစီတွင် တိုးချဲ့ခဲ့သည်။ ယေရှုသိသည့် ဤဗိမာန်တော်မှာ အေဒီ ၇၀ တွင် ပျက်စီးခဲ့သည်။ နီဖိုင်းသည် ဆုတောင်းရန် “တောင်ပေါ်သို့” သွားခြင်းဖြင့် ဗိမာန်တော်ကဲ့သို့သော အတွေ့အကြုံများ ရှိခဲ့သည် ( ၁ နီဖိုင်း ၁၈း၃၊ ထို့နောက်တွင် အမေရိက၌ အဆင်အယင်နည်းသော်လည်း “ရှောလမုန်၏ဗိမာန်တော်အတိုင်း” ဗိမာန်တော်တစ်ခုကို တည်ဆောက်ခဲ့သည်၊ (ရှု ၂ နီဖိုင်း ၅း၁၆)။

  8. ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၈း၁၉၁၂၄း၃၁

  9. ရှုဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၁၀း၁၃-၁၆၁၂၄း၂၈။ နော်ဗူးဗိမာန်တော်ထောင့်ကျောက်ကို ဧပြီလ၊ ၆ ရက်၊ ၁၈၄၁ ခုနှစ် တွင်ချခဲ့သည်၊ တည်ဆောက်ရန်ဗျာဒိတ်တော်ကို ဂျိုးဇက်စမစ်ရရှိခဲ့ပြီး လအနည်းငယ်သာကြာသည့်အချိန်၌ဖြစ်သည်။ နော်ဗူးဗိမာန်တော်၌ များပြားသောလုပ်ငန်းများရှိသည်။ ဥပမာအားဖြင့်၊ သေသူတို့ဗတ္ထိဇံခံရဖို့ သန့်ရှင့်သူတို့အတွက် ဗတ္တိဇံကန် တစ်ခုလိုအပ်ကြောင်း ကိုယ်တော်ရှင်ရှင်းပြခဲ့ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၄း၂၉-၃၀)။

  10. ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၁၁၃၂ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၈ တွင် ဂျိုးဇက်စမစ် ရေးခဲ့သည့် သန့်ရှင်းသူတို့ထံသို့ သေသူတို့အတွက် ဗတ္တိဇံနှင့်ပတ်သက်သည့် ဩဝါဒစာတစ်စောင်ပါဝင်သည်။ ထိုစာ၌ သူကြေငြာခဲ့သည်မှာ၊ သေသူတို့အတွက် ကယ်တင်ခြင်းသည် “ကျွန်တော်တို့၏ကယ်တင်ခြင်း[အတွက်] မရှိမဖြစ်လိုအပ်ပါသည်၊… ကြောင်းမူကား သူတို့သည် ကျွန်တော်တို့ မပါဘဲနှင့် မစုံလင်စေနိုင်၊— ကျွန်တော်တို့သည်လည်း သူတို့မပါဘဲနှင့် မစုံလင်စေနိုင်” (အပိုဒ်ငယ် ၁၅)

  11. ဂျိုးဇက်စမစ်၊ သန့်ရှင်းသူများ၊ယေရှုခရစ်တော်၏နောက်ပိုင်းကာလအသင်းတော် ပုံပြင်အမှန်တရား၏အခြေခံစံနှုန်း၊ ၁၈၁၅ - ၁၈၄၆ ၄၅၄။

  12. “ညီအစ်ကိုမောင်နှမ ၅၆၄၃ ယောက်သည် တစ်ပိုင်းတစ်စပြီးစီးသည့် နော်ဗူးဗိမာန်တော်ထဲတွင် ဒီဇင်ဘာ ၁၈၄၅ နှင့် ဇန္နဝါရီ ၁၈၄၆ တွင် သူတို့၏ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိခဲ့ကြောင်း အသင်းတော်သမိုင်းပညာရှင် ဂျော့ အေ၊ စမစ်က ကောက်ချက်ချခဲ့ပါသည်။ ဇနီးမောင်နှံတို့တံဆိပ်ခတ်ခြင်းများကို ဖေဖော်ဝါရီလ ၇ ရက်၊ [၁၈၄၆] အထိဆက်၍ပြုလုပ်ခဲ့သည်၊ ထိုအရာအားဖြင့် ဇနီးမောင်နှံ ၂၀၀၀ ကျော်တို့သည် ယဇ်ပုရောဟိတ်အခွင့်အားဖြင့် ယခုဘဝနှင့် ထာဝရကာလ အတွက် ပေါင်းစည်းခဲ့ကြသည်” (ဘရု အေ၊ ဗန်၊ အော်ဒင်၊ “ထွက်မြောက်ခြင်းအတိုင်မီ ဗိမာန်‌တော်ပြီးစီး၏၊” Deseret News၊ဒီဇင် ၉၊ ၁၉၉၅ deseret.com လည်းရှု ရစ်ချတ်၊ အို ကိုဝမ်၊ “ဝိညာဉ်ပကတိအပ်နှင်းခြင်းသည် အသက်ရှင်သူနှင့် သေသူတို့ကို ‌ကောင်းချီးပေး၏၊” အသင်းတော်သတင်း၊ ဩ၊ ၂၇၊ ၁၉၈၈thechurchnews.com)။

  13. “ဘိုးဘေးတို့သည် သေရာမှစကားပြောနိုင်မည်ဆိုလျှင်၊ မည်သည့်အရာကို ပြောမည်ဟု သင်ထင်သနည်း။ ‘ငါတို့သည် ဒီသာသနာကာလာရောက်လာဖို့အတွက်စောင့်နေရင်း၊ ဒီနေရာမှာ၊ ဒီနေရာ အကျဉ်းထောင်အိမ်ထဲမှာ နှစ်‌ထောင်ပေါင်းများစွာလဲလျောင်းနေခဲ့ကြပြီ၊’ ဟု သူတို့မပြောကြမည်လော။… အဘယ်ကြောင့်နည်း၊ သူတို့မှာတန်ခိုးရှိလျှင်၊ ကျွန်တော်တို့ လုပ်ဆောင်နေသည့်အမှု၏အရေးကြီးခြင်းကို ကျွန်တော်တို့သာ သတိပြုနိုင်ကြမည်ဆိုလျှင်၊ တကယ့် ကောင်းကင်မိုးချုန်းသံတို့သည် ကျွန်တော်တို့နားတွေထဲကို ရောက်ပါလိမ့်မည်။ ကောင်းကင်ဘုံရှိကောင်းကင်တမန်အားလုံးသည်၊ ဒီလက်တစ်ဆုပ်စာလူအနည်ငယ်တို့ကို ကြည့်၍၊ လူသားမိသားစု၏ကယ်တင်ခြင်းအတွက် သူတို့ကို လလှုံ့ဆော်နေကြပေလိမ့်မည်။… ကျွန်တော်ဟာ ဒီအကြောင်းအရာကို စဉ်းစားတဲ့အခါ၊ မိုးချုန်းသံခုနစ်ခု နဲ့ ဒီလူတွေကို နှိုးစေလိုပါသည်” (ဘရင်ဂ်ဟမ်ရမ်း၏ဟောပြောချက်များ၊ ရှု၊ ဂျွန်၊ အေ၊ ဝစ်ဒ်စိုး [၁၉၅၄]၊ ၄၀၃-၄)။

  14. ဟားလို့ဒ် ဘီလီ၊ “ဘုရားသခင်၏နိုင်ငံတော်—အစီအစဉ်တကျနိုင်ငံတော်၊” Ensign၊ ဇန်၊ ၁၉၇၁၊ ၁၀။ ၁၈၉၆ ၌ ဥက္ကဋ္ဌ ဝီလဖို့ ဝုဒရပ် ပြုလုပ်ခဲ့သည့် ဖော်ပြချက်တစ်ခုတွင်လည်းကြည့်ပါ။ သူကကြေညာခဲ့ပါသည်၊ “ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ကျွန်တော်ပြောကြားလိုပါတယ်၊ ကျွန်တော်တို့ယခု ဆက်ပြီးတော့တိုးတက်ကြရပါမယ်။ ကျွန်တော်တို့ဗျာဒိတ်တော်[ရရှိခြင်း]တွေမပြီးဆုံးသေးပါဘူး။ ဥက္ကဋ္ဌဂျိုးဇက်စမစ်နောက်က၊ ဥက္ကဋ္ဌ[ဘရင်ဂ်ဟမ်]ရမ်းက ကျွန်တော်တို့ကို ဒီနေရာကို ဦးဆောင်ခဲ့ပါတယ်။ သူက ဗိမာန်တော်တွေကို စီစဉ်ခဲ့ပြီး၊ သူ့အမှုတော်ဆောင်တာဝန်နဲ့ အမှုအရာရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။… သူက ဒီအမှုတော်နဲ့ဆိုင်တဲ့ဗျာဒိတ်တော်တွေအားလုံးကို မရခဲ့ပါဘူး။ ဥက္ကဋ္ဌ တေလာလည်း မရခဲ့ပါဘူး၊ ဥက္ကဋ္ဌဝီလဖို့ ဝုဒရပ်လည်းမရခဲ့ပါဘူး။ ဒီအမှုတော်စုံလင်သည်အထိ အဆုံးရှိမည်မဟုတ်ပါဘူး” (ဝီလဖို့ဝုဒရပ်၏ဟောပြောချက်များ၊ ရှု ဂျီ၊ ဟိုးမား ဒူဟမ် [၁၉၄၆]၊ ၁၅၃-၅၄)။

  15. ရှု ၃ နီဖိုင်း ၂၉း၈-၉.

  16. ရှု}သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၁း၂

  17. ရှုသြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၃၂း၇

  18. အသင်းလူကြီး ဂျွန်၊အေ ဝစ်စိုးက ရေးခဲ့ပါသည်၊ မျက်စိဖွင့်လျက်၊ သင်္ကေတများနှင့် ပဋိညာဉ်များကို အာရုံစိုက်လျက်၊ အဓိပ္ပာယ်အပြည့်အစုံကို နားလည်ဖို့ ဆက်တိုက်အားထုတ်မှုများကို ပုံမှန်ပြုလျက်၊ ဗိမန်တော်ဆီလာတဲ့သူ အမျိုးသား သို့မဟုတ်အမျိုးသမီး အတွက် ဘုရားသခင်က သူ့နှုတ်ကပတ်တော်နဲ့ ဗျာဒိတ်တော်တွေရောက်လာမယ်ဆိုတာကို မိန့်တော်မူပါတယ်။ ဝိညာဉ်ပကတိအပ်နှင်းခြင်းက သင်္ကေတဆိုင်ရာနဲ့အလွန်ပြည့်နေတာကြောင့်၊ လူမိုက်တစ်ဦးသာ အဲဒါကို ဖော်ပြဖို့ ကြိုးစားပါလိမ့်မယ်။ ရှာဖို့မြင်ဖို့ မိမိတို့ခွန်အားကို ကျင့်သုံးကြသူတို့အတွက် ဗျာဒိတ်တော်တွေနဲ့ အလွန်ပြည့်သိပ်နေတာကြောင့်၊ ဗိမာန်တော်ထဲမှာ တည်ရှိတဲ့ ဖြစ်နိုင်တဲ့အရာတွေကို ဘယ်လူသားစကားလုံးတွေကမျှ မရှင်းပြနိုင်၊ မရှင်းလင်းစေနိုင်ပါဘူး။ ဗျာဒိတ်တော်နဲ့ပေးထားတဲ့ ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ဗျာဒိတ်တော်အားဖြင့်သာ အကောင်းဆုံးနားလည်နိုင်ပါတယ်” (အာချီဘောလ်ဒ် အက်ဖ်၊ ဘင်နက် ၏ ၊Saviors on Mount Zion [တနင်္ဂနွေကျောင်းလမ်းညွှန်၊ ၁၉၅၀]၊ ၁၆၈)။

ပုံနှိပ်သည်