၂၀၂၁
အသင်းတော်တစ်ခုအတွက်လိုအပ်ချက်
နိုဝင်ဘာ ၂၀၂၁


“အသင်းတော်တစ်ခုလိုအပ်ခြင်း” Liahona နို၊ ၂၀၂၁။

လစဉ် Liahona အမှာစကား၊ နိုဝင်ဘာ ၂၀၂၁

အသင်းတော်တစ်ခုလိုအပ်ခြင်း

ကောက်နှုတ်ချက်များ

ရုပ်ပုံ
ဗိမာန်တော်

ဒီနေ့၊ ကျွန်တော့်အမှာစကားက၊ မိမိတို့ဘုရားကျောင်းတွေမှာ တက်ရောက်ခြင်း သို့မဟုတ် ပါဝင်ခြင်းကို ရပ်တန့်လိုက်တဲ့ တကယ့်ကောင်းမွန်တဲ့၊ ဘာသာရေးစိတ်ရှိတဲ့လူတွေနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော် “ဘုရားကျောင်းတွေ” လို့ ပြောတဲ့အခါ၊ တရားဇရပ်တွေ၊ ဗလီတွေ၊ သို့မဟုတ် အခြား ဘာသာရေးအဖွဲ့အစည်းတွေပါဝင်ပါတယ်။ ဒီအရာတွေအားလုံးမှာ တက်ရောက်ခြင်းဟာ နိုင်ငံတစ်ဝန်းမှာ သိသိသာသာကျဆင်းသွားတာကို ကျွန်တော်တို့စိုးရိမ်ပါတယ်။

ဘုရားကျောင်းတက်ရောက်ခြင်းနဲ့လှုပ်ရှားမှုက ကျွန်တော်တို့ကို ပိုကောင်းတဲ့လူတွေဖြစ်လာဖို့နဲ့ အခြားသူတွေရဲ့ဘဝတွေမှာ ပိုကောင်းတဲ့ လွှမ်းမိုးမှုတွေရှိစေဖို့ ကူညီပါတယ်။

… ဘုရားကျောင်းမှာ ကျွန်တော်တို့ဟာ ဘုရားသခင်ကို အစေခံဖို့ ကြိုးစားနေတဲ့ လူတော်လူကောင်းတွေနဲ့ ဆက်နွှယ်ကြပါတယ်။ ဒါက ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဘာသာရေးလှုပ်ရှားမှုတွေမှာ အထီးမကျန်ဘူးဆိုတာ သတိပေးပါတယ်။ ကျွန်တော်တို့အားလုံးဟာ အခြားသူတွေနဲ့ ဆက်နွှယ်မှုတွေလိုအပ်ပါတယ်၊ ဘုရားကျောင်းအဖွဲ့အစည်းတွေဟာ ကျွန်တော်တို့ တွေ့ကြုံနိုင်တဲ့ အကောင်းဆုံးအရာအချို့ဖြစ်ပါတယ်။…

ဘုရားကျောင်းတက်ရောက်ခြင်းကို စွန့်လွှတ်ပြီး၊ ပုဂ္ဂလိက ဝိညာဉ်ပကတိကိုသာ အားထားတဲ့အသင်းသားတွေဟာ ဒီမရှိမဖြစ် ဧဝံဂေလိတရားတော်တွေ၊ ယဇ်ပုရောဟိတ်အခွင့်တန်ခိုးနဲ့ ကောင်းချီးမင်္ဂလာတွေ၊ ပြန်လည်ဆောင်ယူထားတဲ့ ဩဝါဒအပြည့်အစုံ၊ အဲဒီဩဝါဒကို အသုံးပြုဖို့ လှုံ့ဆော်မှုတွေ၊ အခွင့်အရေးတွေ နဲ့ သူတို့ကိုယ်သူတို့ ခွဲခြားလိုက်တာဖြစ်ပါတယ်။

ဝိညာဉ်တော်ယှဉ်တွဲခြင်းအားဖြင့် ငြိမ်းချမ်းမှုနဲ့ ဝမ်းမြောက်မှုခံစားခြင်းတို့ရဲ့ထပ်လောင်းခြင်းအဖြစ်၊ ကျွန်တော်တို့ရဲ့ ဘုရားကျောင်းတက်အသင်းသားတွေဟာ ပညာရှိစကားကို ကျင့်သုံးခြင်း၏ကောင်းချီးမင်္ဂလာများ၊ ဆယ်ဖို့တစ်ဖို့ ဥပဒေကိုကျင့်သုံးခြင်းအတွက် ကတိထားတဲ့ ဥစ္စာနဲ့ ဝိညာဉ်ပကတိတိုးပွားခြင်း အစရှိတဲ့ ဧဝံဂေလိတရားတော်ကျင့်သုံးခြင်းရဲ့ အသီးအပွင့်တွေနဲ့ မွေ့လျော်ကြပါတယ်။

… ဩဝါဒအပြည့်အစုံနဲ့ ၎င်း၏ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းဘိသိက်မင်္ဂလာတွေကိုပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ထဲမှာသာရရှိနိုင်ပါတယ်။

ပုံနှိပ်သည်