လစဉ် Liahona အမှာစကား၊ မေ ၂၀၂၃
ယေရှုခရစ်တော်၏သွန်သင်ခြင်းများ
ကောက်နုတ်ချက်များ
ပရောဖက်နီဖိုင်း ကျွန်တော်တို့ကို သွန်သင်ခဲ့တဲ့အတိုင်း၊ ကျွန်တော်တို့ဟာ “ခရစ်တော်၏နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့ကြရမှာဖြစ်ပါတယ်။ အကြောင်းမူကား၊ ရှုလော့၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့သည် သင်တို့ပြုရမည့်အရာမှန်သမျှကို ပြောပြပါလိမ့်မယ်။”၁။ … ဒီနေ့ကျွန်တော့်အမှာစကားမှာ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့နှုတ်ကပတ်တော်ထဲက ရွေးကောက်ထားတာတွေပါဝင်ပါတယ်—ကိုယ်တော် မိန့်တော်မူခဲ့တာက …
“[ထိုပညတ်တော်၌ ကြီးသောပညတ်မှာဤအရာဖြစ်ပါတယ်] သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့။
“ဤပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။
“ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။
“ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။”၂ …
“သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် နတ်ဆိုးအားဖြင့် သွေးဆောင်ဖြားယောင်း မခံရစေခြင်းငှာလည်းကောင်း၊ သူ့အားဖြင့် ဖမ်းဆီးချုပ်နှောင်၍ ဆောင်သွားခြင်းကို မခံရစေခြင်းငှာလည်းကောင်း၊ အစဉ်အမြဲစောင့်၍ ဆုတောင်း ရမည်။”၃ …
“ထို့ကြောင့်၊ သင်တို့ပြုသမျှသောအရာတို့ကို ငါ၏နာမတော်အားဖြင့် ပြုကြလော့။ ထို့ကြောင့်၊ သင်တို့သည် အသင်းတော်ကို ငါ၏နာမတော်အားဖြင့် ခေါ်ရမည်။”၄ …
“ယခုတွင်၊ ဤပညတ်တော်သည်ကား၊ နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်းသားတို့။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းအားဖြင့်၊ သန့်ရှင်း စင်ကြယ်နိုင်စေခြင်းငှာလည်းကောင်း၊ နောက်ဆုံးသောနေ့၌ ငါ့ရှေ့၌၊ အပြစ်ကင်းစင်လျက် ရပ်နိုင်စေခြင်းငှာလည်းကောင်း ငါ့ထံသို့လာ၍၊ ငါ၏နာမတော်၌ ဗတ္တိဇံခံကြလော့။”၅ …
ကျွန်တော်တို့ ခရစ်တော်၌ ယုံကြည်ကြပါတယ်။ ကျွန်တော်တို့တတွေ ကိုယ်တော်ရဲ့သွန်သင်မှုတွေကို ဘယ်လိုသိရမလဲ ဘယ်လိုလိုက်လျှောက်ရမလဲဆိုတာနဲ့ပတ်သက်လို့ ကိုယ်တော်မိန့်တော်မူခဲ့တဲ့အရာနဲ့ နိဂုံးချုပ်ပါမယ်။
“ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော နှစ်သိမ့်ရှင်တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ၏။”၆
© 2023 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, May 2023. ၏ဘာသာပြန် Language. 19025 256