၂၀၂၃
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ကူညီပေးနိုင်သည်
ဇွန် ၂၀၂၃


“သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ကူညီပေးနိုင်သည်၊” လီယဟိုနာ၊ ဇွန် ၂၀၂၃။

လစဉ် လီယဟိုနာ အမှာစကား၊ ဇွန် ၂၀၂၃

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ကူညီပေးနိုင်သည်

ရုပ်ပုံ
နေထွက်ချိန်ကို ထိုင်၍ကြည့်နေသောလူတစ်ဦး

သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးတစ်ဆူ၏ တတိယမြောက်သောအဖွဲ့ဝင်ဖြစ်သည်။ ကျမ်းစာများသည်လည်း ၎င်းအား ဝိညာဉ်တော်အဖြစ်သော်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အဖြစ်သော်လည်းကောင်း သို့ နှစ်သိမ့်ရှင်အဖြစ်သော်လည်းကောင်း ညွှန်းဆိုကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အသံကို နားဆင်ဖို့ရာ လေ့လာသင်ယူသည်နှင့်အမျှ ၎င်းသည် ယေရှုခရစ်တော်အကြောင်းကို ကျွန်ုပ်တို့ထံ သက်သေခံပေးမည်ဖြစ်ပြီး ဧဝံဂေလိထဲမှ အမှန်တရားများကို လေ့လာသင်ယူရန် ကူညီပေးမည်ဖြစ်သည်။

သုံးပါးတစ်ဆူ၏အဖွဲ့ဝင်

ကောင်းကင်ဘုံရှင်အဖ၊ ယေရှုခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် သုံးပါးတစ်ဆူဖြစ်ကြသည်။ ၎င်းတို့သည် ကျွန်ုပ်တို့အား ချစ်ခင်ကြပြီး ကယ်တင်ခြင်းအစီအစဉ်အား လက်ဆင့်ကမ်းနိုင်ရန် ညီညွတ်စွာ လုပ်ဆောင်ကြသည်။ ကောင်းကင်ဘုံရှင်အဖနှင့် ယေရှုခရစ်တော်တို့၌ အရိုးနှင့်အသားလွှမ်းသော ဇာတိခန္ဓာများရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်၌ကား မရှိချေ။ ၎င်းသည် ဝိညာဉ်တစ်ခုသာဖြစ်၏။

ရုပ်ပုံ
အဖဘုရားသခင်နှင့် သားတော်တို့၏ ရောင်စုံခြယ်ကြေးမုံပြင်ပုံရိပ်

အဖဘုရားသခင်နှင့် သားတော်တို့အား သက်သေခံသူ

သန့်ရှင်းသောဝိညာဉ်တော် “အဖဘုရားသခင်နှင့်သားတော်တို့အား သက်သေခံသူ” (၂ နီဖိုင်း ၃၁:၁၈). ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံရှင်အဖနှင့် ယေရှုခရစ်တော်တို့အကြောင်း သက်သေခံချက် အား သန့်ရှင်းသောဝိညာဉ်တော်ထံမှတဆင့် ရရှိနိုင်မည်ဖြစ်သည်။

အမှန်တရားများကိုသက်သေခံသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် အလုံးစုံသောအမှန်တရားများကို သက်သေခံသည်။ ၎င်းသည် ကျွန်ုပ်တို့အား ဧဝံ‌ဂေလိမှန်ကန်ကြောင်း သိလာစေရန် ကူညီပေး၏။ ထိုဧဝံဂေလိထဲတွင် ကယ်တင်ခြင်းအစီအစဉ်၊ ဘုရားသခင်၏ ပညတ်တော်များ၊ ပြန်လည်ဆောင်ယူခြင်းနှင့် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာများပါဝင်သည်။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၊ ပညတ်တော်များကို လိုက်နာခြင်းနှင့်၊ ကျမ်းစာလေ့လာခြင်းတို့ကို ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ ၎င်းသည် ကျွန်ုပ်တို့၏ သက်သေခံချက်အား ခိုင်မာလာစေမည်ဖြစ်သည်။

ရုပ်ပုံ
သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ထားသောလက်

ကျွန်ုပ်တို့ကို လမ်းညွှန်၍ ကာကွယ်သည်

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ပ်တို့၏ဆုံးဖြတ်ချက်များ၌ လမ်းညွှန်ပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ကျရောက်ခြင်းမှ ကွယ်ကာပေးသည်။ ကျွန်ုပ်တို့သည် ဆုတောင်းပြီး မှန်ကန်သောအရာကို လုပ်ဆောင်ရန်ကြိုးပမ်းခဲ့လျှင် ၎င်းသည် ကျွန်ုပ်တို့၏ မေးခွန်းများအတွက် ကူညီအဖြေရှာပေးမည်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့အား “ကောင်းမွန်သောအရာကိုလုပ်ဆောင်ရန်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၁:၁၂) အမြဲတစေ ဦးဆောင်လမ်းပြနေမည်ဖြစ်သည်။

ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးသည်

သန့်ရှင်းသော ဝိညာဉ်တော်ကို တစ်ခါတစ်ရံ၌ “ဥပဇ္ဈာယ်ဆရာ” (ရှင်ယောဟန် ၁၄:၂၆) ဟုရည်ညွှန်း၏။ ၎င်းသည် ကျွန်ုပ်တို့ ပူပန်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ကြောက်ရွံခြင်းတို့ဖြစ်သောအခါ “မျှော်လင့်ခြင်းနှင့်စုံလင်သောချစ်ခြင်း” (မော်ရော်နိုင်း ၈:၂၆) တို့ဖြင့် ပြည့်စုံစေ၏။ ၎င်းသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ချစ်ခြင်းကိုခံစားနိုင်စေရန် ကူညီပေးသောကြောင့် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းများကိုကျော်လွှားနိုင်ပြီး စုံစမ်းနှောင့်ယှက်မှုများတွင် သန်မာလာမည်ဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူး

ကျွန်ုပ်တို့သည် ဗတ္တိဇံခံပြီးသောအခါ လက်တင်၍ဆုတောင်းအတည်ပြုခြင်း ဘိသိက်မင်္ဂလာတရား အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို လက်ခံရရှိသည်။ ဆုကျေးဇူးကိုလက်ခံရရှိသည်နှင့်တစ်ပြိုင်နက်၊ ဖြောင့်မတ်မှန်ကန်စွာ နေထိုင်သည်နှင့်အမျှ ကျွန်ုပ်တို့၌ သန့်ရှင်းသောဝိညာဉ်တော်သည် ခိုင်မြဲသောအပေါင်းအဖော်သဖွယ် ရှိနေမည်ဖြစ်သည်။

ရုပ်ပုံ
ကျမ်းစာဖတ်နေသောအမျိုးသမီးများ

ဂျေ ကာခ့် ရစ်ချက်တ် ၏ သရုပ်ဖော်ပုံ

သန့်ရှင်းသော ဝိညာဉ်တော်အား ကျွန်ုပ်တို့ မည်ကဲ့သို့ ကြားနိုင်မည်နည်း

သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား နည်းလမ်းအမျိုးမျိုးဖြင့်ဆက်သွယ်၏။ ထိုနည်းလမ်းများတွင် မည်သို့ပြောဆိုရမည် သို့ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ငြိမ်းချမ်းပြီး နှစ်သိမ့်မှုပေးသော ခံစားချက်များ သို့ ထိုးထွင်းအသိဉာဏ်များပါဝင်သည်။ ကျွန်ုပ်တို့သည် လမ်းပြမှုကိုတောင်းခံပြီး ၎င်း၏စေ့ဆော်မှုများကို နားစွင့်ခဲ့လျှင် ကျွန်ုပ်တို့အား မည်ကဲ့သို့စကားပြောကြောင်း လေ့လာနိုင်သည်။

ပုံနှိပ်သည်