၂၀၂၃
ပထမဆုံးပွဲတော်မင်္ဂလာ
ဇွန် ၂၀၂၃


“ပထမဆုံးပွဲတော်မင်္ဂလာ၊” မိတ်ဆွေ၊ ဇွန် ၂၀၂၃၊ ၄၆-၄၇။

လစဉ် မိတ်ဆွေ အမှာစကား၊ ဇွန်၂၀၂၃

ကျမ်းစာဝတ္ထုများ

ပထမဆုံးပွဲတော်မင်္ဂလာ

ရုပ်ပုံ
သူ၏တမန်တော်များနှင့် စားပွဲတွင်ထိုင်နေသော ယေရှုခရစ်တော်

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

ယေရှုခရစ်တော်မသေဆုံးမီ သူ၏တမန်တော်များနှင့် တွေ့ဆုံခဲ့သည်။ ကိုယ်တော်မှ ၎င်းတို့အား ပွဲတော်မင်္ဂလာပေးခဲ့သည်။

ရုပ်ပုံ
ပေါင်မုန့်အားကိုင်ထားသော ယေရှုခရစ်တော်

ယေရှုခရစ်တော်သည် ပေါင်မုန့်အားပိုင်း၍ ၎င်းတို့အားပေးခဲ့သည်။ ၎င်းတို့၏ အသက်တာကို ကိုယ်တော်ပေးခဲ့ကြောင်း အောက်မေ့သတိရစေရန် ပေါင်မုန့်ကို စားဖို့ရာ မိန့်တော်မူခဲ့သည်။

ရုပ်ပုံ
ခွက်ကိုင်မြှောက်ထားသောယေရှုခရစ်တော်

ထို့နောက် ယေရှုခရစ်တော်သည် ၎င်းတို့အား ခွက်ကိုပေးခဲ့သည်။ ထိုခွက်မှရေအား သောက်ရန် ၎င်းတို့အား မိန့်တော်မူခဲ့သည်။ ထိုအရာသည်သည်း ကိုယ်တော်အား အောက်မေ့သတိရစေရန်အတွက် ဖြစ်သည်။

ရုပ်ပုံ
ပွဲတော်မင်္ဂလာကို သုံးဆောင်နေသော အစောပိုင်းကာလခရစ်ယာန်များ

သူ၏တမန်တော်များအပါးတွင် ခရစ်တော် မရှိတော့သည့်အချိန်၌ပင် ပွဲတော်မင်္ဂလာသည် ကိုယ်တော်အား အမှတ်ရစေရန် ကူညီပေးမည်ဖြစ်သည်။ ၎င်းတို့သည် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ခံစားနိုင်ပြီး ပညတ်တော်များကို စောင့်ထိန်းရန် အောက်မေ့သတိရနိုင်မည်ဖြစ်သည်။

အရောင်ချယ်စာမျက်နှာ

ကျွန်ုပ်သည် ပွဲတော်မင်္ဂလာအား သုံးဆောင်နိုင်၏

ရုပ်ပုံ
ပွဲတော်မင်္ဂလာအား သုံးဆောင်နေသော လူငယ်

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံ

ပွဲတော်မင်္ဂလာကို သုံးဆောင်သောအခါ ကျွန်ုပ်တို့သည် ယေရှုနှင့် ကျွန်ုပ်တို့အတွက် သူ၏ချစ်ခြင်းမေတ္တာကို အောက်မေ့သတိရနိုင်သည်။

ပုံနှိပ်သည်