ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၂


အပိုဒ်ငယ် ၂

၁၈၂၃ ခု၊ စက်တင်ဘာ ၂၁ ရက်နေ့ ညဦးတွင် မန်ချက်စတာ၊ နယူး​ယောက်ရှိ ပရောဖက်​အဘ၏​အိမ်၌​ရှိစဉ် ပရောဖက်​ဂျိုးဇက်​စမစ်သို့ တမန်တော်​မော်ရော်နိုင်း၏​စကားများနှင့် ဆက်စပ်နေသည့် ပရောဖက်​ဂျိုးဇက်​စမစ်၏​သမိုင်းမှ ကောက်နှုတ်ချက်။ မော်ရော်နိုင်းသည် ယခုတွင် ကမ္ဘာမှာ မော်မုန်ကျမ်း​အဖြစ်​ရှိသည့် မှတ်တမ်းကို ပြုစုခဲ့​လေသူများ​တည်းဟူသော သမိုင်းပြုစုသူ​မျိုးဆက်​များစွာတို့၏ နောက်ဆုံးသောသူ​ဖြစ်၏။ (မာလခိ ၄း၅–၆အပိုဒ်ငယ် ၂၇း၉၁၁၀း၁၃–၁၆၊ ထို့အတူ၊ ၁၂၈း၁၈ နှင့်လည်း နှိုင်းယှဉ်ပါ။)

၊ ဧလိယသည် ယဇ်ပုရောဟိတ်​အခွင့်ကို ဖော်ပြ​လိမ့်မည်။ ၂–၃၊ ဘိုးဘေးတို့​အတွက် ကတိတော်များကို သားမြေးတို့၏​စိတ်နှလုံးမှာ စိုက်၏။

ရှုလော့၊ ငါသည် သင်တို့ကို ကိုယ်တော်ရှင်၏​ကြီးစွာသော​ကြောက်မက်ဖွယ်နေ့​မရောက်မီ ပရောဖက်​ဧလိယ၏​လက်အားဖြင့် ယဇ်ပုရောဟိတ်​အခွင့်ကို ဖော်ပြ​တော်မူမည်။

ဘိုးဘေးတို့ထံ​ပြုထားသည့် ကတိတော်များကို သားမြေးတို့၏​စိတ်နှလုံး၌ သူစိုက်​လိမ့်မည်။ သားမြေးတို့၏​စိတ်နှလုံးသည် သူတို့၏​ဘိုးဘေးတို့ထံ လှည့်​လိမ့်မည်။

ထိုသို့​မဟုတ်လျှင် မြေကြီး​တစ်ခုလုံးသည် သူကြွလာတော်မူ​သည့်အခါ ရှင်းရှင်း​ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။