၂၀၂၂
ခမည်းတော်အစီအစဉ်ရှိဘုရားချစ်ခြင်း
မေ ၂၀၂၂


“ခမည်းတော်အစီအစဉ်ရှိဘုရားချစ်ခြင်း၊” Liahonaမေ ၂၀၂၂။

လစဉ် Liahona အမှာစကား၊ မေ ၂၀၂၂

ခမည်းတော်အစီအစဉ်ရှိဘုရားချစ်ခြင်း

ကောက်နှုတ်ချက်များ

ရုပ်ပုံ
တိမ်များကို ကျော်၍မြင့်တက်နေသည့်တောင်များ

ယေရှုခရစ်တော်ရဲ့ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်မှာ၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘရဲ့အစီအစဉ်အကြောင်း တစ်မူထူးခြားတဲ့နားလည်ခြင်း ကျွန်တော်တို့မှာရှိပါတယ်။ ဒါက ကျွန်တော်တို့ကို လူ့ဇာတိဘဝရည်ရွယ်ချက်၊ အဲဒီနောက်မှာဖြစ်တဲ့ ဘုရားစီရင်ခြင်း၊ ပြီးတော့ ဘုရားသခင့်သားသမီးအားလုံးရဲ့ အဆုံးစွန်သောအသရေရှိ ပန်းတိုင်တို့ကို ရှုမြင်ရာမှာခြားနားတဲ့နည်းကို ပေးပါတယ်။

ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ ဗျာဒိတ်ရဩဝါဒက သွန်သင်ပေးတာက၊ ဘုရားသခင်ရဲ့သားသမီးအားလုံး —ဒီမှာထည့်သွင်းစဉ်းစားဖို့ အတော်နည်းတဲ့ ချွင်းချက်တွေရှိသော်လည်း—သူတို့ဟာ နောက်ဆုံးမှာ ဘုန်းအသရေ နိုင်ငံတော်မှာ ရောက်ရှိကြပါလိမ့်မယ်။

အဲဒါတွေထဲက အမြင့်ဆုံးကတော့ ‌ဆီလက်ရှယ်လ်နိုင်ငံတော်မှ ချီးမြှောက်ခြင်းဖြစ်ပါတယ်၊ အဲဒီထဲမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အဘနဲ့ သူ့သားတော်၊ ယေရှုခရစ်တော်တို့လို ဖြစ်လာနိုင်ကြပါတယ်။

ပြန်လည်ထူထောင်ထားသော အသင်းတော်၏တာဝန်မှာ ဘုရားသခင့်သားသမီးအားလုံး မိမိတို့၏နောက်ဆုံးကံကြမ္မာအဖြစ် အရည်အချင်းပြည့်မီစေရန် ကူညီပေးဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့အဖို့ အခြေခံကတော့ ချီးမြှောက်ခြင်းဆိုတာ ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက် ထာဝရလက်ထပ်ခြင်းရဲ့ ပဋိညာဉ်တွေအပေါ် သစ္စာရှိခြင်းအားဖြင့် သာရရှိနိုင်တယ်ဆိုတဲ့ ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဖြစ်ပါတယ်။ အဲဒီဘုရားဩဝါဒဟာ “ကျား၊ မ ကွဲပြားမှုသည် တစ်ဦးချင်းစီ၏ လူ့ဇာတိမတိုင်မီ၊ လူ့ဇာတိနှင့် ထာဝရကာလတို့၌ သတ်မှတ်ချက်နှင့် ရည်ရွယ်ချက်တို့၏ အခြေခံ လက္ခဏာတစ်ရပ် ဖြစ်တယ်။”[“The Family: A Proclamation to the World,” ChurchofJesusChrist.org]. …

မိသားစုကြေညာချက်ဟာ ယတိပြတ်ဩဝါဒအပေါ်မှာတည်ထောင်ထားကြောင်း၊ ထာဝရဖွံ့ဖြိုးမှုရဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ထွန်းနိုင်ရာ မိသားစုဆက်ဆံရေး‌မျိုးတွေကို ဖွင့်ဆိုကြောင်း ကျွန်တော်တို့ အတည်ပြုကြပါတယ်။

ကျွန်တော်တို့ဟာ ဒီထာဝရသမ္မာတရားတွေကို အခြားသူတွေနဲ့ ဝေငှဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအားလုံးအပေါ်ရှိတဲ့ ကျွန်တော်တို့ရဲချစ်ခြင်းနဲ့ ၊ ကျွန်တော်တို့ဟာ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို အမြဲလက်ခံကြပါတယ်။ မော်မုန်ကျမ်းပရောဖက်သွန်သင်ထားတဲ့အတိုင်း ကျွန်တော်တို့ဟာ “ဘုရားသခင်နဲ့လူသားအားလုံးကို ချစ်ခြင်း”[ ၂ နီဖိုင်း ၃၁း၂၀] ရှိလျက်၊ ရှေ့ကို ဆက်ပြီးကြိုးစားကြရမှာဖြစ်ပါတယ်။

ပုံနှိပ်သည်