၂၀၂၁
တစ်ရွာကယ်တင်ဖို့ လူငယ်တစ်ယောက်လိုပါတယ်
ဧပြီလ ၂၀၂၁


“တစ်ရွာကယ်ဖို့ လူငယ်တစ်ယောက်လိုပါတယ်၊” လူငယ်တို့အတွက်ခွန်အား ဧပြီ၊ ၂၀၂၁၊ ၁၀-၁၁

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဧပြီ ၂၀၂၁

တစ်ရွာကယ်တင်ဖို့ လူငယ်တစ်ယောက်လိုပါတယ်

တော်မ်ဖိန်းနီဟာ ၁၂ နှစ်သာရှိပါတယ်၊ ဒါပေမယ့် သူ့ဆမိုးဝါးရွာလေးကို ကြောက်စရာရောဂါကျရောက်တဲ့အချိန်မှာ သူဟာ ကြီးမြတ်တဲ့အရာတွေကို လုပ်ဆောင်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။

ရုပ်ပုံ
ဖျားနာသောရွာကို ကူညီနေသည့်လူငယ်လေးနှင့် ဆမိုးဝါးကျွန်း

ဂျိန်းစ်မက်ဆင်၏ သရုပ်ဖော်၊ ဓာတ်ပုံ ဂက်တီပုံရိပ်များမှ

ဒီနှစ်လူငယ်ဆောင်ပုဒ်မှာ ပြောထားတဲ့အတိုင်း၊ “သင်တို့သည် ကြီးမြတ်သောအမှု၏အုတ်မြစ်ကိုချနေကြ၏” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၆၄း၃၃)။ အသင်းတော်သမိုင်းတစ်လျှောက်မှာ၊ လူငယ်လေးတွေဟာ ဘုရားသခင်ရဲ့နိုင်ငံတော်ကို တည်ဆောက်ရာမှာ အလွန်အရေးကြီးတဲ့အချိန်တွေမှာ မဖြစ်မနေလိုအပ်တဲ့ကဏ္ဍမှ အကြိမ်ကြိမ်ပါဝင်ခဲ့ကြပါတယ်။ ဒီမှာဥပမာတစ်ခုပါ။

ကျွန်းကူးစက်ရောဂါ

လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ ကျော်တုန်းက၊ ပစိဖတ်သမုဒ္ဒရာ ဆမိုးဝါးကျွန်းတွေထဲမှာ၊ တော်မ်ဖိန်းနီဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများ အသင်းတော်အသင်းသားတွေရဲ့သေရေးရှင်ရေးအခြေအနေမှာ အရေးကြီးတဲ့အကူအညီတစ်ခုဖြစ်ခဲ့ပါတယ်။

တော်မ်ဟာ ဆော်နီအေတူရွာမှာနေခဲ့ပါတယ်၊ အဲဒီရွာကို နောက်ပိုင်းကာလသန့်ရှင်းသူများက သူတို့အတွက် စုဝေးတွေ့ဆုံရာနေရာအဖြစ် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခြားခေတ်နဲ့နေရာတွေက ဘုရားသခင်ရဲ့သန့်ရှင်းသူတွေလိုပါပဲ၊ သူတို့ဟာ ဘုရားသခင်ရဲ့နိုင်ငံတော်ကို အတူတကွတည်ဆောက်ဖို့အလုပ်လုပ်ကြတဲ့အခါ အလွန်တရာအံ့ဩဖွယ်တွေတွေ့ခဲ့ရသလို၊ ဆင်းရဲဒုက္ခတွေကိုလည်းတွေ့ခံရပါတယ်။ ရွာကို တုပ်ကွေးကပ်ရောဂါ ကျရောက်တဲ့ ၁၉၁၈ မှာ ဆင်းရဲဒုက္ခတစ်ခုက ရောက်လာခဲ့ပါတယ်။

ဖျားနာခြင်းရောက်ရောက်ချင်းမှာ၊ ကြောက်စရာဖြစ်ပြီး၊ လျင်မြန်စွာပြန့်ပွားခဲ့ပါတယ်။ အဲဒီရောဂါကြောင့် အကြမ်းအားဖြင့် ရွာသား ၄၀၀ တိုင်းလိုလို အိပ်ရာထဲမှာလဲခဲ့ကြပါတယ်။ သူတို့ထဲက အချို့သာ သွားနိုင်လာနိုင်ရှိကြပါတယ်၊ လူကြီးတစ်ယောက်နဲ့ ၁၂နှစ်သား တော်မ်ပါ။

ယုံကြည်ခြင်းနဲ့ အလုပ်ကြိုးစားခြင်း

တော်မ်ရဲ့မိသားစုဟာ ရှေ့မှာရှိတဲ့ဖျားနာခြင်းကိုရင်ဆိုင်ရစဉ်မှာ ယုံကြည်ခြင်းကို ကျင့်သုံးခဲ့ကြ၊ ရလဒ်အဖြစ်အလွန်တရာအံ့ဩဖွယ်တွေကိုလည်း မြင်ခဲ့ကြရပါတယ်။ တော်မ်ရဲ့ညီငယ်ဟာ စောစောနှစ်တွေက နေမကောင်းဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့အဖေ၊ ဧလိဇလက အိပ်မက်မက်ခဲ့ပါတယ်၊ အိပ်မက်ထဲမှာ အေလမာကိုစောင့်ရှောက်ဖို့လုပ်ရမယ့်အရာနဲ့ပတ်သက်လို့ လမ်းညွှန်ချက်တွေသူ့ကို ပေးခဲ့ပါတယ်၊ ကသစ်ပင်ကိုရှာ၊ အခေါက်ကိုခွာ၊ အရည်ကိုညှစ်။ ဧလိဇလကဒီလိုလုပ်ပြီး အရည်ကို အေလမာဆီကိုယူလာခဲ့ပါတယ်၊ သူလည်းသောက်ပြီးမကြာမီနေကောင်းလာခဲ့ပါတယ်။ ဒါကြောင့်၊ တော်မ်က ယုံကြည်ခြင်းနဲ့လုပ်ဆောင်ခြင်းဟာ ဖျားနာခြင်းကို ပျောက်စေရာမှာကူညီနိုင်ပုံကို သိခဲ့ရပါတယ်။

၁၉၁၈ တုပ်ကွေးကပ်ရောဂါကာလမှာ၊ တော်မ်ဟာ ရွာကလူတွေကို ဂရုစိုက်ဖို့ အလုပ်ကြိုးစားရင်ယုံကြည်ခြင်းကို ကျင့်သုံးခဲ့ပါတယ်။ “မနက်တိုင်းမှာ ကျွန်တော်ဟာ လူတွေကို ကျွေးမွေးသုတ်သင်ဖို့၊ ဘယ်သူသေသွားခဲ့သလဲဆိုတာရှာဖွေဖို့ တစ်အိမ်မှ တစ်အိမ်သွားခဲ့ပါတယ်”လို့ သူကပြောခဲ့ပါတယ်။

သူဟာ စမ်းချောင်းကနေ ရေပုံးတွေကို သယ်ပြီးတော့ အိမ်တိုင်းဆီကို ရေပို့ပေးခဲ့ပါတယ်။ အုန်းပင်တွေကိုတက်၊ အုန်းသီးခူး၊ အခွံခွာလို့ အရည်ရအောင်ယူဖို့နဲ့ ဖျားနာတဲ့သူတွေဆီကို ယူသွားဖို့ ခွဲခဲ့ပါတယ်။ မိသားစုတစ်ခုချင်းစီအတွက် စွပ်ပြုတ်ပြုတ်ဖို့ ရွာထဲကကြက်တွေအကုန်လုံးကိုလည်း သတ်ခဲ့ပါတယ်။

ခြားနားမှုရှိစေခြင်း

ဒီကပ်ရောဂါကာလအတွင်းမှာ၊ ဆမိုးဝါးရှိလူအားလုံးရဲ့ လေးပုံတစ်ပုံလောက်ဟာ တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ကြပါတယ်။ တော်မ်ရဲ့ရွာက လူအချို့လည်းသေခဲ့ပါတယ်။ တော်မ်က သူ့အဖေ ဧလိဇလအပါအဝင် အလောင်း၂၀ ကျော်ကို တွင်းတူးမြှုပ်ရာမှာ ကူညီခဲ့ပါတယ်။

တော်မ်ရဲ့ အလုပ်ကြိုးစားခြင်းနဲ့ မေတ္တာပါတဲ့ဂရုစိုက်ခြင်းကြောင့် သူ့ရွာကလူများစွာ အသက်ရှင်ကျန်ရစ်ခဲ့ကြပါတယ်။ သူဟာ အဲဒီလူတွေအတွက်နဲ့ ဆမိုးဝါးရှိ ကိုယ်တော်ရှင်ရဲ့နိုင်ငံတော်ကို တည်ဆောက်ခြင်းအတွက် ကြီးစွာသောခြားနားချက်ကို ဖြစ်စေခဲ့ပါတယ်။ သူဟာ “ကြီးမြတ်သောအမှုရဲ့အုတ်မြစ်ကို ချနေခြင်းဖြစ်ပါတယ်။”

သင်လည်း သင့်နည်းသင့်ဟန်နဲ့ အုတ်မြစ်ချနေတာဖြစ်ပါတယ်။

သင်ဟာ တော်မ်လုပ်ခဲ့သလိုမျိုးလုပ်ဆောင်ဖို့ ခေါ်ဆောင်ခံချင်မှခံရပါမယ်၊ ဒါပေမယ့်၊ တကယ်တမ်းကျတော့၊ သင့်အတွက်၊ အခြားသူများအတွက်၊ ဘုရားသခင့်နိုင်ငံတော်ကို တည်ဆောက်ခြင်း အမှုတော်အတွက် ကြီးစွာသောခြားနာချက်ကို ဖြစ်စေမယ့် အမျိုးမျိုးသောနည်းလမ်းတွေနဲ့ ယုံကြည်ခြင်းကို ကျင့်သုံးနေပါတယ်။

သင်ဟာ ကိုယ်ကျင့်သီလ၊ သည်းခံခြင်း၊ ကြင်နာခြင်းနဲ့ ချစ်ခြင်းတို့ကို ပြခြင်းအားဖြင့် သင့်မိသားစု၊ မိတ်ဆွေများနှင့် အခြားသူများ အတွက် ပုံသက်သေကို ပြနေခြင်းဖြစ်ပါတယ်။ သင်ဟာ အခြေသူတွေကို အစေခံနေတာပါ။ သင်ဟာ ကျမ်းစာလေ့လာခြင်းနဲ့ ဆုတောင်းခြင်းတွေမှာ ပါဝင်နေပါတယ်။ သင်ဟာယေရှုခရစ်တော်ရဲ့ပြန်လည်ဆောင်ယူထားတဲ့ဧဝံဂေလိတရားတော်ရဲ့သမ္မာတရားတွေကို ဝေငှနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်မှာ၊ သင်တို့ထဲကများစွာတို့ဟာ ကပ်ရောဂါသက်ရောက်မှုကိုခံစားနေရစဉ်မှာ ဒီဟာတွေကို လုပ်ဆောင်နေခဲ့ကြပြီးဖြစ်ပါတယ်။ သင်ဟာ ရေတွေ၊ အုန်းသီးတွေသယ်ပြီးတော့ လူ၄၀၀ ကို နေပြန်ကောင်းလာစေဖို့ ပြုစုစောင့်ရှောက်ခြင်းရှိခဲ့ချင်မှရှိခဲ့မှာပါ၊ ဒါပေမယ့် လူတွေကို သက်သာခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ငြိမ်းချမ်းခြင်း ဆီကို အခြားနည်းများစွာနဲ့ ဆောင်ယူ ခဲ့ပြီးဖြစ်ပါတယ်။

သင့်အရွယ်က သင့်ယုံကြည်ခြင်း၊ ပြီးတော့ အလုပ်လုပ်ဖို့နဲ့ အခြားသူတွေကို အစေခံဖို့လိုလိုလားလားရှိခြင်းထက် အရေးပါမှုနည်းပါတယ်။ တော်မ်ဖိန်းနီရဲ့ ပုံသက်သေလိုမျိုး အတိတ်ကပုံသက်သေတွေက သင်ဟာ ဘုရားသခင်ရဲ့ကြီးမြတ်သောအမှုတော်ရဲ့အုတ်မြစ်ချခြင်းမှာ လိုအပ်ကြောင်း သိစေဖို့သင့်ကို ကူညီနိုင်ပါတယ်။

ပုံနှိပ်သည်