၂၀၂၁
ယေရှုခရစ်တော်သည် ကျွန်တော်တို့ကို အပြစ်နှင့်သေခြင်းမှ ကယ်တင်ခဲ့သည်
ဧပြီလ ၂၀၂၁


“ယေရှုခရစ်တော်သည် ကျွန်တော်တို့ကို အပြစ်နှင့်သေခြင်းမှ ကယ်တင်ခဲ့သည်၊” Liahona,ဧပြီ ၂၀၂၁

လစဉ် Liahona အမှာစကား၊ ဧပြီ ၂၀၂၁

ယေရှုခရစ်တော်သည် ကျွန်တော်တို့ကို အပြစ်နှင့်သေခြင်းမှ ကယ်တင်ခဲ့သည်

သူ၏ယဇ်ပူဇော်ခြင်းကြောင့်၊ ကျွန်တော်တို့အားလုံး ထာဝရပျော်ရွှင်မှုနဲ့ ဝမ်းမြောက်ခြင်းကို တွေ့ဖို့ အခွင့်အရေးရှိကြပါတယ်။

ရုပ်ပုံ
နောက်ဆုံးညနေစာ

ရောဘတ် တီ၊ ဘားရက်၏ Christ Creating the Earth,(မြေကြီးကိုဖန်ဆင်းနေသည့်ခရစ်တော်)

ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ကို ကျွန်တော်တို့ရဲ့ကယ်တင်ရှင်အဖြစ် ရည်ညွှန်းကြပါတယ်။ အဲဒါဟာ သူက ကျွန်တော်တို့ရဲ့အပြစ်တွေအတွက် အဖိုးအခကို ပေးခဲ့ပြီး၊ သေခြင်းတန်ခိုးကို အောင်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ကို ကယ်တင်ခဲ့ပါတယ်။ သူကကျွန်တော်တို့အတွက် ယဇ်ပူဇော်ခဲ့ပါတယ်၊ အပြစ်ဖြေခြင်းမင်္ဂလာလို့ခေါ်တဲ့အရာက ဖြစ်ပျက်ခဲ့သမျှတွေထဲမှာအရေးအကြီးဆုံးအဖြစ်အပျက်ဖြစ်ပါတယ်။ သူ့ကြောင့်၊ သေခြင်းဟာ အဆုံးမဟုတ်ပါ။ သူ့ကြောင့်၊ ကျွန်တော်တို့ရဲ့အပြစ်တွေကနေခွင့်လွှတ်ခံရနိုင်တယ်၊ တစ်ဖန်သန့်ရှင်းလာနိုင်တယ်၊ နေ့တိုင်းပိုပြီးကောင်းကောင်းဖွံ့ဖြိုးကြပါတယ်။

ယေရှုဟာသားဦးဖြစ်ပါတယ်

မြေကြီးကိုမလာခင်က၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်မိဘတွေနဲ့အတူနေခဲ့ကြပါတယ်။ သားဦးအနေနဲ့၊ ယေရှုခရစ်တော်ဟာ ဒီလှပတဲ့လောကကို ဖန်ဆင်းရာမှာကူညီခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဖြစ်ဖို့ရွေးချယ်ခံရပါတယ်၊ စုံလင်သောပုံသက်သေအဖြစ်ပြုဖို့၊ သူ့ဧဝံဂေလိတရားတော်ကို သွန်သင်ဖို့နဲ့ ကျွန်တော်တို့အတွက် အပြစ်ဖြေခြင်းမင်္ဂလာကို ပြီးပြည့်စေဖို့ မြေကြီးပေါ်မှာမွေးဖွားရန် သဘောတူခဲ့ပါတယ်။

ရုပ်ပုံ
ဂသေရှေမန်၌ဆုတောင်းနေသောယေရှုခရစ်တော်

ဆိုင်မွန်ဒွေး၏ O My Father,(အိုကျွန်ုပ်အဘ)

ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့အပြစ်တွေအတွက် ပေးဆပ်ခဲ့ပါတယ်

ယေရှုဟာ မကြာခင်သေမယ်ဆိုတာသိရတဲ့အချိန်မှာ ဆုတောင်းဖို့ ဂေသရှေမန်လို့ခေါ်တဲ့ဥယျာဉ်ကို သွားခဲ့ပါတယ်။ အဲဒီဆုတောင်းခြင်းအချိန်မှာ၊ သူဟာ ကျွန်တော်တို့ရဲ့အပြစ်တွေအတွက်အဖိုးအခကို ပေးစပြုခဲ့ပါတယ်။ ကျွန်တော်တို့နောင်တရလျှင် မခံစားရစေဖို့ သူလိုလိုလားလားခံစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အပြစ်တွေကိုကျောခိုင်းပြီး ကယ်တင်ရှင်နောက်ကို လိုက်လျှောက်တဲ့အခါ၊ ခွင့်လွှတ်ခြင်းနဲ့အနာငြိမ်းခြင်းကို တွေ့နိုင်ကြပါတယ်။ ဂေသရှေမန်မှာသူတွေ့ကြုံခဲ့ရတဲ့အရာကြောင့်၊ ယေရှုဟာ ကျွန်တော်တို့တစ်ယောက်ချင်းစီအတွက် ဘယ်လိုဖြစ်ရမယ်ဆိုတာ အတိအကျနားလည်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ဝမ်းနည်းမှု၊ ဖျားနာမှုနဲ့ နာကျင်မှုအားလုံးကို ခံစားခဲ့ပါတယ်။ ဒါက အပြစ်ဖြေခြင်းမင်္ဂလာရဲ့ ပထမအပိုင်းဖြစ်ပါတယ်။

ရုပ်ပုံ
ခရစ်တော်ကို နှစ်မြှုပ်ခြင်း

ကားလ်ဟိန်းနရစ်ခ်ျဘလော့ခ်ျ၏ The Burial of Christ,(ခရစ်တော်၏သင်္ချိုင်းဂူ)

ယေရှုခရစ်တော်သည် သေခြင်းကို အောင်နိုင်ခဲ့သည်

ဂေသရှေမန်၌ သူ၏ဆုတောင်းခြင်းအပြီးတွင်၊ ယေရှုဟာ သစ္စာဖောက်ခံရ၊ အဖမ်းခံရ ပြီးတော့ ကားတိုင်မှာကွပ်မျက်ခြင်းအားဖြင့် သေဒဏ်ခံခဲ့ရပါတယ်။ ယေရှုဟာအလုံးစုံသောတန်ခိုးနဲ့ ပြည့်စုံတဲ့သူဖြစ်သော်လည်း၊ ကားတိုင်ပေါ်မှသေဖို့ သူ့ကိုယ်သူအခွင့်ပေးခဲ့ပါတယ်။ သူ့နောက်လိုက်တွေက သူ့ကိုယ်ခန္ဓာကို သင်္ချိုင်းဂူမှာ အမြတ်တနိုးထားခဲ့ကြပါတယ်။ သူတို့ဟာ သူ့ကိုယ်ခန္ဓာသေသော်လည်း၊ သူ့ဝိညာဉ်က ဝိညာဉ်ကမ္ဘာမှာ ရှင်နေသေးတယ်ဆိုတာကို သတိမပြုမိခဲ့ကြပါဘူး။ သုံးရက်ကြာပြီးတဲ့နောက်မှာ၊ ယေရှု ပြန်ရှင်လာခဲ့ပြီး၊ သူတို့ကိုအကြည့်အရှုကြွရောက်ခဲ့ပါတယ်၊ သေခြင်းကို အောင်နိုင်ကြောင်းကိုလည်းသက်သေပြခဲ့ပါတယ်။ ဒါကအပြစ်ဖြေခြင်းမင်္ဂလာကို ပြီးပြည့်စေခဲ့ပါတယ်။ ယေရှုရှင်ပြန်ထမြောက်ခဲ့တာကြောင့်၊ ကျွန်တော်တို့တစ်ယောက်ချင်းစီတိုင်းဟာ သေပြီးနောက်ပြန်ရှင်ကြမှာဖြစ်ပါတယ်။

ရုပ်ပုံ
သင်္ချုင်းဂူ၌ ခရစ်တော်နှင့် မာရိ

ဆိုင်မွန်ဒွေး၏ He Lives,(သူရှင်ပြီ)

ခရစ္စမတ်နှင့် အီစတာ၏အဓိပ္ပာယ်

ကျွန်တော်တို့ကို ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကို အောက်မေ့ရန်ကူညီတဲ့ အားလပ်ရက်နှစ်ရက်ကို ကမ္ဘာ့လူသားအများစုက ကျင်းပကြပါတယ်။ ခရစ္စမတ်ကာလမှာ၊ ကျွန်တော်တို့ဟာ ယေရှုမြေကြီးကိုလာမယ့် သာသနာပြုခြင်းမှာ ဒုက္ခဝေဒနာခံစားရခြင်းနဲ့ ကျွန်တော်တို့အတွက် သေခြင်းပါဝင်တာတောင်မှ လက်ခံရန် လိုလိုလားလားရှိခဲ့ကြောင်း ကျေးဇူးတရားနဲ့အောက်မေ့ကြပါတယ်။ အီစတာက ကယ်တင်ရှင်ရဲ့ အပြစ်နဲ့သေခြင်းအပေါ် အောင်နိုင်ခြင်းကို ကျင်းပပါတယ်၊ အဲဒါက ဝမ်းမြောက်ခြင်းရဲ့ ထာဝရအနာဂတ်အတွက် မျှော်လင့်ခြင်းကို ကျွန်တော်တို့ကို ပေးပါတယ်။

ရုပ်ပုံ
ပေတရုနဲ့အဒ္ဒြေ ကိုခေါ်နေ​ေသာယေရှု

ဂျိန်းစ်တေလာဟားဝု၏ Christ Calling Peter and Andrew,(ပေတရုနှင့်အဒ္ဒြေ ကိုခေါ်နေသောယေရှု)

ကျမ်းစာများက ကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာအကြောင်းမည်သည့်အရာကို ပြောသနည်း။

ယေရှုက ကျွန်တော်တို့ကို စုံလင်စွာသိသောကြောင့်၊ ကျွန်တော်တို့ကို “မစ” သို့မဟုတ် ကူညီနိုင်ပါတယ်။ (အယ်လမာ ၇း၁၁-၁၂ တွင်ကြည့်ပါ)။

ကယ်တင်ရှင်က ကျွန်တော်တို့ရဲ့ ဝမ်းနည်းမှုတွေ၊ ပူဆွေးမှုတွေကို နားလည်ပါတယ် (ဟေရှာယ ၅၃း၂-၅ တွင်ကြည့်ပါ)။

ဘုရားသခင်က ကျွန်တော်တို့တစ်ယောက်ချင်းစီတိုင်းကို ချစ်လို့ ကျွန်တော်တို့ကို ကယ်တင်ဖို့ ယေရှုကို စေလွှတ်ခဲ့ပါတယ်(ယောဟန် ၃း၁၆-၁၇ တွင်ကြည့်ပါ)။

ယေရှုက ကျွန်တော်တို့အပါအဝင်၊ သူ့နောက်လိုက်အားလုံးအတွက်၊ မကောင်းမှုမှကာကွယ်ခံရဖို့နဲ့ သူ၊ ကောင်းကင်ဘုံရှင်အဘတို့နဲ့ တစ်လုံးတစ်ဝတည်းဖြစ်ဖို့ ဆုတောင်းခဲ့ပါတယ် (ယောဟန် ၁၇ တွင်ကြည့်ပါ)။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က ကျွန်တော်တို့ကို သူ့နောက်လိုက်ဖို့နဲ့ သူ့မျက်မှောက်တော်ကို ပြန်လာဖို့ဖိတ်ခေါ်ပါတယ် (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၉း၁၆-၁၉၊ ၂၃-၂၄၁၃၂း၂၃ တွင်ကြည့်ပါ)။

ပုံနှိပ်သည်