“အီစတာပုံပြင်၊” Friend,ဧပြီ ၂၀၂၁
လစဉ် Friend အမှာစကား၊ ဧပြီ ၂၀၂၁
အီစတာပုံပြင်
ယေရှုကသူ့မိတ်ဆွေတွေကို ချစ်ခဲ့တယ်။ သူတို့၏ခြေတွေကို ဆေးပေးခဲ့တယ်။ အဲဒီနောက်သူတို့ကို ပွဲတော်ပေးခဲ့တယ်။ သူ့ကိုအောက်မေ့ကြဖို့ မိန့်တော်မူခဲ့တယ်။ အချင်းချင်းချစ်ကြဖို့ မိန့်တော်မူခဲ့တယ်။
အဲဒီနောက်မှာ၊ ယေရှုကဥယျာဉ်တစ်ခုဆီကိုသွားခဲ့တယ်။ ကျွန်တော်တို့အားလုံးအတွက်ဆုတောင်းပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ဖျားနာခြင်းတွေရဲ့နာကျင်မှုကို ခံစားခဲ့တယ်။ ကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်နာကျင်မှုကိုခံစားခဲ့တယ်။
အမျက်ထွက်တဲ့လူတွေက ယေရှုကိုခေါ်ဆောင်သွားခဲ့ကြတယ်။ သူ့ကို နာကျင်စေခဲ့ကြတယ်။ သူက ကျွန်တော်တို့အတွက် ကားတိုင်ပေါ်မှာ သေခဲ့တယ်။ သူ့မိတ်ဆွေတွေက သူ့ကိုယ်ခန္ဓာကို သင်္ချိုင်းဂူတစ်ခုထဲမှာထားခဲ့ကြတယ်။
သုံးရက်ကြာပြီးနောက်မှာ၊ သူ့မိတ်ဆွေတွေပြန်လာခဲ့ကြတယ်။ သင်္ချိုင်းကဘာမှမရှိပဲဖြစ်နေတယ်။ သူထမြောက်ခဲ့ပြီလို့ ကောင်းကင်တမန်တွေက သူတို့ကို ပြောခဲ့ကြတယ်။ ယေရှုတစ်ဖန်ရှင်ပြန်ခဲ့ပြီ။ ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့အားလုံးဟာ သေပြီးနောက်မှာတစ်ဖန်ပြန်ရှင်မယ်။
ယေရှုကကျွန်တော့ကိုချစ်တယ်။ ကျွန်ုပ်သည် သူ့ကို အောက်မေ့ခြင်းအားဖြင့် အီစတာကို ထူးခြားစေနိုင်ပါတယ်။
အရောင်ချယ်စာမျက်နှာ
အီစတာဟာယေရှုအကြောင်းဖြစ်ပါတယ်။
© 2021 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ထောက်ခံချက် ၆/၁၉. Monthly Friend Message, January 2021.၏ဘာသာပြန်။ Burmese 17467 256