၂၀၂၁
ယေရှုကကျွန်တော်တို့ကို ပွဲတော်ပေးခဲ့သည်
ဇွန် ၂၀၂၁


“ယေရှုကကျွန်တော်တို့ကို ပွဲတော်ပေးခဲ့သည်၊” မိတ်ဆွေ၊ ဇွန် ၂၀၂၁

လစဉ် မိတ်ဆွေ အမှာစကား၊ ဇွန် ၂၀၂၁

ယေရှုကကျွန်တော်တို့ကို ပွဲတော်ပေးခဲ့သည်

လုကာ ၂၂-၂၄

ရုပ်ပုံ
နောက်ဆုံးညနေစာ

ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ

ယေရှုဟာ မြေကြီးပေါ်မှာ သူ့အချိန် ကုန်လုနီးရှိတာကို သိခဲ့ပါတယ်။ သူ့တမန်တော်တွေကို နောက်ဆုံးညစာစားဖို့ စုဝေးခဲ့ပါတယ်။ သူတို့ကို ပွဲတော်ပေးပြီး၊ သူ့ကို အစဉ်အောက်မေ့ဖို့ ပြောခဲ့ပါတယ်။

ရုပ်ပုံ
ဂေသရှေမန်ဥယျာဉ်မှ ယေရှု

ယေရှုက ဆုတောင်းဖို့ ဥယျာဉ်တစ်ခုဆီကို သွားခဲ့ပါတယ်။ လူတိုင်းရဲ့ဘဝရှိ အပြစ်နဲ့ ဝမ်းနည်းစရာတွေအားလုံး အတွက် နာကျင်ခဲ့ပါတယ်။ အဲဒီနောက် လက်ဝါးကပ်တိုင်ပေါ်မှာသေပြီး၊ သင်္ချိုင်းဂူထဲမှာ သင်္ဂြိုဟ်ခံခဲ့ပါတယ်။

ရုပ်ပုံ
ယေရှုရဲ့ သင်္ချိုင်းဂူကို လာကြည့်သည့် အမျိုးသမီးများ

ယေရှုသေပြီးနောက် တနင်္ဂနွေမနက်ခင်းမှာ၊ အမျိုးသမီးအချို့ သင်္ချိုင်းဂူဆီကိုလာခဲ့ကြပါတယ်။ အပေါက်ဝက ကျောက်တုံးက အဝေးလိမ့်သွားခဲ့ပြီး၊ သင်္ချိုင်းဂူက ဗလာဖြစ်နေခဲ့ပါတယ်။ ယေရှုဘယ်မှာလဲ။

ရုပ်ပုံ
မာရိမာဂဒလ ကို စကားပြောနေသည့် ယေရှု

သူတစ်ဖန်အသက်ရှင်ပြီ။ မာရိကမာဂဒလက ယေရှုကိုမြင်ခဲ့ပါတယ်။ သူက သူ့တမန်တော်တွေ သူကောင်းကင်ဘုံကို ပြန်သွားပြီးနောက် ဧဝံဂေလိတရားတော်ကို သွန်သင်ဖို့ အဆင်သင့် ဖြစ်စေဖို့ သူတို့ဆီကို အကြည့်အရှုကြွခဲ့ပါတယ်။

ရုပ်ပုံ
ပွဲတော်သုံးဆောင်နေသောမိသားစု

ကျွန်တော်ပွဲတော်သုံးဆောင်တဲ့အခါ၊ ယေရှုကို အောက်မေ့ပါတယ်။ သူဟာ ကျွန်တော့်အတွက် အသက်ရှင်ခဲ့၊ သေခဲ့၊ ရှင်ပြန်ထမြောက်ခဲ့တာကို ကျွန်တော်အောက်မေ့ပါတယ်။

အရောင်ချယ်စာမျက်နှာ

ကျွန်တော့်မိသားစုဟာ ထူးမြတ်ပါတယ်။

ရုပ်ပုံ
ညစာစားပွဲမှ မိသားစု

ပုံနှိပ်သည်