၂၀၂၁
ဘုရားသခင်ဇာတိဆိုတာဘာလဲ။
ဇွန် ၂၀၂၁


“ဘုရားသခင်ဇာတိဆိုတာဘာလဲ။” Liahona,ဇွန် ၂၀၂၁

လစဉ် Liahona အမှာစကား၊ ဇွန်၂၀၂၁

ဘုရားသခင်ဇာတိဆိုတာဘာလဲ။

ကောင်းကင်ဘုံရှင်အဘ၊ ယေရှုခရစ်တော်၊ သန့်ရှင်းတော်ဝိညာဉ်တော်တို့ဟာ ရည်ရွယ်ချက်တစ်ခုရှိတဲ့ သီးခြားပုဂ္ဂိုလ်သုံးပါးဖြစ်ပါတယ်။

ရုပ်ပုံ
ပထမရူပါရုံ

ဂျွန်မက်နော့တန်၏ First Vision(ပထမရူပါရုံ) မှအသေးစိတ်

သတင်းစာ အယ်ဒီတာတစ်ယောက်က တစ်ခါက ပရောဖက်ဂျိုးဇက်စမစ်ကို ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်အသင်းသားတွေဘာကို ယုံကြည်သလဲလို့ မေးခဲ့ပါတယ်။ အဖြေအနေနဲ့၊ ပရောဖက်က ကျွန်တော်တို့ ယုံကြည်ခံယူချက်များလို့ခေါ်တဲ့ ယုံကြည်ခြင်းဖော်ပြချက် ၁၃ ချက်ကို ရေးခဲ့ပါတယ်။ ပထမအချက်ပြောတာက၊ “ကျွန်ုပ်တို့သည် ဘုရားသခင်၊ ထာဝရအဘနှင့် သူ၏သားတော် ယေရှုခရစ်တော်၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်ကို ယုံကြည်ပါသည်” (ယုံကြည်ခံယူချက်များ ၁း၁)။ ဒီသုံးပါးမှာ ကျွန်တော်တို့ ဘုရားသခင်ဇာတိလို့ခေါ်တဲ့အရာပါပါတယ်။

ထာဝရအဘ၊ ဘုရားသခင်

ဘုရားသခင်မှာ ရှင်ပြန်ထမြောက်တဲ့ အရိုးအသားနဲ့ ကိုယ်ခန္ဓာတစ်ခုရှိပါတယ်။ သူဟာ ကျွန်တော်တို့ဝိညာဉ်တွေရဲ့အဘဖြစ်ပါတယ်။ သူက သူ့သားသမီးအယောက်စီတိုင်းကို စုံလင်စွာချစ်ပါတယ်။ ဘုရားသခင်ကပြည့်စုံတယ်၊ အလုံးစုံသောတန်ခိုးရှိတယ်၊ အရာရာတိုင်းကိုလည်း သိပါတယ်။ သူကဖြောင့်မတ်တယ်၊ ကရုဏာကြီးတယ်၊ ကြင်နာတယ်။ ကျွန်တော်တို့ဟာ မမွေးခင်မှာ ဝိညာဉ်များအဖြစ် ဘုရားသခင်နဲ့အတူ နေခဲ့ပါတယ်။ သူကကျွန်တော်တို့ကို သင်ယူတိုးတက်စေဖို့ မြေကြီးသို့ လွှတ်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အကြီးဆုံးဆန္ဒကတော့ သူ့သားသမီးတိုင်း ကျွန်တော်တို့သေပြီးနောက် သူနဲ့အတူတစ်ဖန်နေရန် ပြန်လာဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားသခင့်မျက်မှောက်ကို ပြန်သွားဖို့ ယေရှုခရစ်တော်နောက်ကို လိုက်လျှောက်ရမယ်ဆိုတာကို ဘုရားသခင်က သွန်သင်ခဲ့ပါတယ်။

ရုပ်ပုံ
ဝိညာဉ်ကမ္ဘာ၌ ဟောပြောနေသောယေရှုခရစ်တော်

ရောဘတ်တီ၊ ဘာရက်၏ Christ Preaching in the Spirit World (ဝိညာဉ်ကမ္ဘာ၌ ဟောပြောနေသောယေရှု)

ယေရှုခရစ်တော်

ယေရှုမှာလည်း အရိုးအသားနဲ့ကိုယ်ခန္ဓာတစ်ခုရှိပါတယ်။ သူဟာ ဘုရားသခင်ရဲ့သားဦးဖြစ်ပါတယ်။ ကျွန်တော်တို့ မမွေးခင်မှာ၊ ဘုရားသခင်က သူ့ကို ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်အဖြစ်ရွေးချယ်ခဲ့ပါတယ်။ အဲဒါက ယေရှုဟာ ကျွန်တော်တို့အတွက် ပုံသက်သေတစ်ခုဖြစ်ဖို့၊ သူ့ဧဝံဂေလိတရားကို သွန်သင်ဖို့၊ ကျွန်တော်တို့အပြစ်တွေအတွက် အပြစ်ဖြေဖို့၊ ပြီးတော့ ကျွန်တော်တို့ကို သေခြင်းမှ ကယ်တင်ဖို့ မြေကြီးကိုလာခဲ့တယ်လို့ ဆိုလိုပါတယ်။ ကျွန်တော်တို့ဟာ နောင်တရတဲ့အခါ ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့အပြစ်တွေမှ ခွင့်လွှတ်ခံရနိုင်ပါတယ်။ ယေရှုဟာ ကျွန်တော်တို့ကို နားလည်နိုင်ဖို့နဲ့ ကူညီနိုင်ဖို့ များစွာသောအရာတို့ကိုလည်း ခံစားခဲ့ပါတယ်။ ယေရှုဟာ သေပြီး၊ တစ်ဖန်ရှင်ခဲ့ပါတယ်၊ လူတိုင်းတစ်ဖန်ရှင်ဖို့ဖြစ်နိုင်စေခဲ့ပါတယ်။

ရုပ်ပုံ
ခရစ်တော်၏သင်္ချိုင်း

Gettyပုံရိပ်မှ ဓာတ်ပုံ။

သန့်ရှင်းသောဝိညာဉ်တော်

သန့်ရှင်းသောဝိညာဉ်တော်ဟာ ဇာတိကိုယ်ခန္ဓာမရှိသူ၊ ဘုရားသခင်ဇာတိဝင်တွေထဲက တစ်ပါးဖြစ်ပါတယ်။ သူက ဝိညာဉ်ဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ရဲ့ဝိညာဉ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ သူက ကျွန်တော်တို့ကို ဘုရားသခင်ဟာ အစစ်အမှန်ဖြစ်တဲ့အကြောင်း၊ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဖြစ်တဲ့အကြောင်း သက်သေခံပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို ချစ်ခြင်းခံစားချက်တွေ၊ လမ်းညွှန်မှု၊ သို့မဟုတ် နှစ်သိမ့်ခြင်းကို ပေးဖို့ ဘုရားသခင်ရဲ့ တမန်အဖြစ်လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ဟာ ဗတ္တိဇံခံ၊ အတည်ပြုပြီးတဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဆုကျေးဇူးကို ရရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ ဗတ္တိဇံပြီးတဲ့နောက်မှာ၊ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို စောင့်ထိန်းကြတာနဲ့အမျှ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့နဲ့အတူ အမြဲနေနိုင်ပါတယ်။

ရုပ်ပုံ
ပထမရူပါရုံ

ဝေါ်လတာရိန်း၏ First Vision, (ပထမရူပါရုံ)

ဂျိုးဇက်စမစ်၏ပထမရူပါရုံ

အချိန်တွေကြာလာတာနဲ့အမျှ၊ လူတွေဟာ ဘုရားသခင်ဇာတိအကြောင်းကို ရှုပ်ထွေးခဲ့ကြပါတယ်။ လူတွေဟာ ဘုရားသခင်၊ ယေရှုခရစ်တော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်တို့ဆိုတာ ဘယ်လိုလဲဆိုတာနဲ့ ပတ်သက်လို့ သဘောကွဲလွဲခဲ့ကြပါတယ်။ ဒါက ဂျိုးဇက်စမစ် ရရှိခဲ့တဲ့ ပထမရူပရုံဟာ ဘာကြောင့်အရေးကြီးသလဲဆိုတာရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူက ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်တို့မှာ ကိုယ်ခန္ဓာတွေရှိကြပြီး၊ သီးခြားပုဂ္ဂိုလ်နှစ်ပါးဖြစ်ကြောင်းကို သိမြင်ခဲ့ကြပါတယ်။

ရုပ်ပုံ
နားထောင်ခြင်း

မိုက်ကယ် ဂျာဗစ်နယ်လဆင်၏ Listening (နားထောင်ခြင်း)၊

သီးခြားဖြစ်သော်လည်း စည်းလုံးပါတယ်။

ကျမ်းစာတွေနဲ့ ခေတ်ပေါ် ပရောဖက်တွေက ကျွန်တော်တို့ကို ဘုရားသခင်၊ ယေရှုခရစ်တော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်တို့ဟာ ရည်ရွယ်ချက်တစ်ခု၊ ကျွန်တော်တို့ရဲ့ သေခြင်းမရှိရာနဲ့ ထာဝရအသက် ရှိတဲ့ သီးခြားပုဂ္ဂိုလ်တွေဖြစ်တဲ့အကြောင်း သွန်သင်ပေးပါတယ် (ရှု မောရှေ ၁း၃၉)။ အသင်းအဖွဲ့တစ်ခုရဲ့ အသင်းသားတွေလိုပါပဲ၊ သူတို့ဟာ ကျွန်တော်တို့ကို ကူညီဖို့ အတူတကွအလုပ်လုပ်ကြပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့အပြစ်တွေမှနောင်တရ၊ အမှန်ကိုလုပ်ဖို့ ရွေးချယ်ကြတဲ့အခါ သူတို့နဲ့ပိုနီးတယ်လို့ခံစားရကြပါတယ်။

ဘုရားသခင်ဇာတိအကြောင်း ကျမ်းစာများ

  • ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်တို့ဟာ ရည်ရွယ်ချက်မှာ တစ်လုံးတစ်ဝတည်းဖြစ်ကြပါတယ် (ရှု ယောဟန် ၁၀း၃၀)။

  • ကောင်းကင်ဘုံရှင်အဘက သူ့သားတော်ကို ပြောပါတယ် (ရှု မဿဲ ၃း၁၆-၁၇)။

  • ယေရှုခရစ်တော်ကလည်း သူ့အဘကို ပြောပါတယ် (ရှု ယောဟန် ၁၁း၄၁)။

  • ယေရှုခရစ်တော်က ကျွန်တော်တို့ကို တစ်နေ့နေ့မှာ တစ်လုံးတစ်ဝတည်းဖြစ်ဖို့ ဆုတောင်းခဲ့ပါတယ် (ရှု ယောဟန် ၁၇း၁၁)။

  • ဂျိုးဇက်စမစ်က ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ကို မြင်ခဲ့ပါတယ် (ရှု ဂျိုးဇက်စမစ်—သမိုင်း ၁း၁၇)။

  • ယေရှုဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဖြစ်တဲ့အကြောင်း သန့်ရှင်းသောဝိညာဉ်တော်က သက်သေခံပါတယ်(ရှု ယောဟန် ၁၅း၂၆ )။

ပုံနှိပ်သည်