လီယဟိုနာ
လုလင်ပျိုစစ်သည်များ
သြဂုတ် ၂၀၂၄


“လုလင်ပျိုစစ်သည်များ၊” မိတ်ဆွေ၊ ဩဂုတ် ၂၀၂၄၊ ၂၆-၂၇။

လစဉ် မိတ်ဆွေ အမှာစကား၊ ဩဂုတ် ၂၀၂၄

လုလင်ပျိုစစ်သည်များ

ရုပ်ပုံ
သူတို့၏လက်နက်များကို တွင်းထဲတွင်ဝှက်နေသောလူများ

အန်ဒရူး ဘော့စလီ၏ သရုပ်ဖော်ပုံများ

အမ္မုန်နှင့်သူ၏ညီအစ်ကိုများ သွန်သင်ပေးခဲ့သောလူတို့သည် ယေရှုခရစ်တော်နောက်သို့ လိုက်လိုကြပါသည်။ သူတို့သည် လက်နက်များကို မြှုပ်နှံလိုက်ကြပြီး မည်သည့်အခါမျှထပ်မံတိုက်ခိုက်မည်မဟုတ်ကြောင်း ဘုရားသခင်အား ကတိပေးခဲ့ပါသည်။

ရုပ်ပုံ
လူငယ်တစ်စုသည် သက်ကြီးရွယ်အိုများစကားပြောနေသည့် အိမ်တစ်လုံးသို့ ချဉ်းကပ်လာကြပါသည်။

သို့သော် မကြာမီ သူတို့၏ မိသားစုများကို ကာကွယ်ရန် လိုအပ်လာပါသည်။ သူတို့၏လက်နက်များကို မြှုပ်နှံခဲ့သောဖခင်များသည် ဘုရားသခင်နှင့်ပြုထားသောကတိကို မချိုးဖောက်ချင်ခဲ့ကြပါ။ ထို့ကြောင့် သူတို့၏သားများက သူတို့နေရာတွင် တိုက်ခိုက်ရန်ပြင်ဆင်ကြပါသည်။ သူတို့ကို လုလင်ပျိုစစ်သည်နှစ်ထောင်ဟု ခေါ်ပါသည်။ လုလင်ပျို ဆိုသည်မှာ “ငယ်ရွယ်ခြင်း” ဖြစ်ပါသည်။

ရုပ်ပုံ
တစ်ခြားသောလူငယ်များ လက်နက်များဖြင့် စုဝေးနေစဉ် မိခင်ဖြစ်သူနှင့်အတူ ဆုတောင်းနေသောလူငယ်

လုလင်ပျိုစစ်သည်များသည် စစ်ပွဲတွင် မည်သည့်အခါမျှ မတိုက်ခိုက်ဖူးပါ။ သို့သော် သူတို့၏မိခင်များသည် သူတို့အားပြင်ဆင်ပေးပြီး ဘုရားသခင်ကိုယုံကြည်ရန် သွန်သင်ခဲ့ပါသည်။

ရုပ်ပုံ
ဟေလမန်သည် လုလင်ပျိုစစ်သည်များကို ဦးဆောင်ပြီး ချီတက်ခဲ့ပါသည်၊ လူငယ်တစ်ဦးသည် တခြားဒဏ်ရာရနေသော လူငယ်တစ်ဦးအား လမ်းလျှောက်ရန်ကူညီပေးပါသည်

သူတို့သည် ဟေလမန်အား သူတို့၏ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြပါသည်။ သူတို့သည် ရဲရင့်ခဲ့ကြပြီး၊ ဘုရားသခင်သည် သူတို့အားကူညီခဲ့ပါသည်။ သူတို့အားလုံးသည် ထိခိုက်ထားကြသော်လည်း၊ အချင်းချင်း ကူညီခဲ့ကြပါသည်။ ဘုရားသခင်သည် သူတို့၏ယုံကြည်ခြင်းအား ချီးမွမ်းခဲ့ပြီး၊ သူတို့အားလုံး အသက်ရှင်ခဲ့ကြပါသည်။

အရောင်ခြယ်စာမျက်နှာ

ကျမ်းစာများသည် ကျွန်ုပ်ကို နေ့စဉ်ကူညီပေးနိုင်ပါသည်။

ရုပ်ပုံ
အဖွင့်စာအုပ်တစ်အုပ်၏စာမျက်နှာများမှ ခုန်ထွက်လာသော မော်မုန်ကျမ်း၏အရောင်ခြယ်စာမျက်နှာရုပ်ပုံများ

အာဒမ် ကိုဖော့၏ သရုပ်ဖော်ပုံ

မည်သည့် ကျမ်းစာဇာတ်လမ်းကို သင်နှစ်သက်ပါသလဲ။

ပုံနှိပ်သည်