“၀။ နိဒါန်းအကျဉ်းချုပ်၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၀။ နိဒါန်းအကျဉ်းချုပ်၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၀။
နိဒါန်းအကျဉ်းချုပ်
၀၊ ၀
နိဒါန်း
ကိုယ်တော်ရှင်က သွန်သင်ခဲ့ပါသည်၊ “လူတိုင်းကို မိမိတာဝန်၊ ထို့အတူ မိမိခန့်အပ်ထားခံရသည့် အမှုအရာ၌ အလုံးစုံသော လုံ့လဝီရိယဖြင့် ဆောင်ရွက်ရန် သင်ယူစေလော့” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၉၉)။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၌ ခေါင်းဆောင်တစ်ဦးအနေဖြင့်၊ သင်သည် သင်၏အမှုတော်ဆောင်တာဝန်များကို သင်ယူရန်နှင့် ပြီးပြည့်စုံစေရန် ကူညီဖို့ ကိုယ်ပိုင်ဗျာဒိတ်တော်ကို ရှာရမည်။
ကျမ်းစာများနှင့် နောက်ပိုင်းကာလ ပရောဖက်တို့၏သွန်သင်ခြင်းများကို လေ့လာခြင်းက သင့်အား သင်၏တာဝန်များကို နားလည်စေရန်နှင့် ပြီးပြည့်စုံစေရန် ကူညီလိမ့်မည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေ့လာသည်နှင့်အမျှ၊ ဝိညာဉ်တော်၏လွှမ်းမိုးမှုကို ပိုပြီး သဘောပေါက် လက်ခံလွယ်လိမ့်မည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၈၅)။
သင်သည် ဤလက်စွဲစာအုပ်ရှိ လမ်းညွှန်ချက်များကို လေ့လာခြင်းဖြင့်လည်း သင်၏တာဝန်များကို သင်ယူပါလိမ့်မည်။ ဝိညာဉ်တော်၏လမ်းညွှန်မှုကိုရှာစဉ် အခြေခံသဘောတရားများ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များအကြောင်း နားလည်ခြင်းကို ပံ့ပိုးပေးရန် ဤလမ်းညွှန်ချက်များကို အသုံးပြုလျှင်၊ ဗျာဒိတ်တော်ကို ဖိတ်ခေါ်နိုင်ပါသည်။
၀၊ ၁
လက်စွဲစာအုပ်
အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သည် အသင်းတော် အထွေထွေနှင့် ဒေသန္တရခေါင်းဆောင်များအတွက် လမ်းညွှန်မှု ပံ့ပိုးပေးနိုင်ပါသည်။
ဤလက်စွဲစာအုပ်ရှိ ခေါင်းစဉ်များနှင့် ခေါင်းစဉ်ခွဲများမှာ အကြောင်းအရာများကို ရှာဖွေရာနှင့် ရည်ညွှန်းရာတွင် လွယ်ကူစေရန် နံပါတ်စဉ်တပ်ထားပါသည်။ ဥပမာအားဖြင့်၊ မည်သူသည် ဗိမာန်တော်တစ်ခု၌ တံဆိပ်ခတ်ခံရနိုင်သည်ဟူသည့်အကြောင်း လမ်းညွှန်ချက်ကို ၂၇၊ ၃၊ ၁တွင် ပေးထားပါသည်။ နံပါတ်၂၇ သည် အခန်းကို ရည်ညွှန်းပါသည်၊ နံပါတ်၃သည် ထိုအခန်းရှိ ကဏ္ဍတစ်ခုကို ရည်ညွှန်းပါသည်၊ နံပါတ်၁သည် ကဏ္ဍခွဲတစ်ခုကို ရည်ညွှန်းပါသည်။
၀၊ ၂
သင့်လျော်အောင်ပြုပြင်ခြင်းနှင့် ရွေးချယ်စရာရင်းမြစ်များ
ပန္နက်များနှင့် အသင်းတော်စုအားလုံး၌ တူညီသောလိုအပ်ချက်မရှိပါ။
ခေါင်းဆောင်များသည် အသင်းသားတို့၏လိုအပ်ချက်များကို ပြည့်စေရန် မည်သည့်လမ်းညွှန်ချက်များနှင့် ရွေးချယ်စရာ ရင်းမြစ်များကို အသုံးပြုရမည့်အကြောင်း လမ်းပြလှုံ့ဆော်ခြင်းကို ရှာကြပါသည်။
၀၊ ၄
လမ်းညွှန်ချက်များနှင့် ပတ်သက်သည့် မေးခွန်းများ
ကျမ်းစာများ၊ အသက်ရှင်သောပရောဖက်တို့၏စကားများ၊ သို့မဟုတ် ဤလက်စွဲစာအုပ်၌ ဖော်ပြမထားသည့် မေးခွန်းများပေါ်လာသောအခါ၊ အသင်းသားများသည် လမ်းညွှန်မှုအတွက် ဘုရားသခင်နှင့် ပြုထားသည့် မိမိတို့၏ပဋိညာဉ်များ၊ မိမိတို့ဒေသန္တရခေါင်းဆောင်များ၏အကြံဉာဏ်၊ ထို့အတူ ဝိညာဉ်တော်၏လမ်းပြလှုံ့ဆော်မှုကို အားထားရမည်။
ခေါင်းဆောင်များသည် ဤလက်စွဲစာအုပ်ရှိအချက်အလက်နှင့်ပတ်သက်၍၊ သို့မဟုတ် မဖြေရှင်းသည့် ပြဿနာများနှင့် ပတ်သက်၍ မေးခွန်းများရှိလျှင်၊ သူတို့၏အနီးကပ်ဦးစီးသည့် အခွင့်အာဏာရှိသူနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
၀၊ ၅
ပညာရပ်ဝေါဟာရ
တနည်းအားဖြင့် ဖော်ပြထားခြင်းမရှိလျှင်၊
-
ဤလက်စွဲစာအုပ်ရှိ သင်းအုပ်နှင့် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ ပညာရပ်ဝေါဟာရတို့သည် အသင်းတော်ခွဲဥက္ကဋ္ဌများနှင့် အသင်းတော်ခွဲ ဥက္ကဋ္ဌအဖွဲ့များကိုလည်းရည်ညွှန်းပါသည်။ ပန္နက်ဥက္ကဋ္ဌနှင့် ပန္နက်ဥက္ကဋ္ဌအဖွဲ့ပညာရပ်ဝေါဟာရများသည် ခရိုင်ဥက္ကဋ္ဌများနှင့် ခရိုင်ဥက္ကဋ္ဌအဖွဲ့ကို ရည်ညွှန်းပါသည်။ ခရိုင်ဥက္ကဋ္ဌများနှင့် ပန္နက်ဥက္ကဋ္ဌများ၏အခွင့်အာဏာ မည်သို့ကွဲပြားကြောင်းအနှစ်ချုပ်အတွက်၊ ရှု၆၊ ၃။
-
အသင်းတော်စုများနှင့် ပန္နက်များသို့ ရည်ညွှန်းချက်များသည် အများအားဖြင့် အသင်းတော်ခွဲများ၊ ခရိုင်များနှင့် သာသနာများသို့လည်း သက်ရောက်ပါသည်။
-
တနင်္ဂနွေသို့ ရည်ညွှန်းချက်များသည် ဒေသအလိုက် ဥပုသ်ကျင့်စောင့်သည့် နေ့တိုင်းကို သက်ရောက်ပါသည်။
-
နေရာပညာရပ်ဝေါဟာရသည် အသင်းတော်စုနှင့် အသင်းတော်ခွဲများသို့ ရည်ညွှန်းပါသည်။
-
မိဘများသို့ ရည်ညွှန်းချက်များသည် တရားဝင်အုပ်ထိန်းသူများသို့လည်း သက်ရောက်ပါသည်။
သင်းအုပ်နှင့် အသင်းတော်ခွဲဥက္ကဋ္ဌတို့၏အမှုတော်ဆောင်တာဝန်များသည် အခွင့်အာဏာနှင့် တာဝန်အရာ၌မတူညီပါ၊ ပန္နက်ဥက္ကဋ္ဌနှင့် ခရိုင်ဥက္ကဋ္ဌတို့၏အမှုတော်ဆောင်တာဝန်များနှင့်လည်း မတူညီပါ။ သင်းအုပ်သည် ယဇ်ပုရောဟိတ်အခွင့်၌ အမှုအရာတစ်ခုဖြစ်ပါသည်၊ ခန့်ထားခြင်းကို ပထမဥက္ကဋ္ဌအဖွဲ့အားဖြင့်သာ အခွင့်အာဏာပေးထားပါသည်။ ပန္နက်ဥက္ကဋ္ဌများကို အထွေထွေအခွင့်အာဏာရှိသူများနှင့် ဒေသခုနစ်ကျိပ်ဝင်တို့က ခေါ်သွင်းထားပါသည်။
၀၊ ၆
အသင်းတော်ရုံးချုပ်များ သို့မဟုတ် ဒေသရုံးကို ဆက်သွယ်ခြင်း
ဤလက်စွဲစာအုပ်ရှိ အခန်းအချို့တွင် အသင်းတော်ရုံးချုပ်များ သို့မဟုတ် ဒေသရုံးသို့ ဆက်သွယ်ရန် လမ်းညွှန်ချက်များ ပါဝင်ပါသည်။ အသင်းတော်ရုံးချုပ်များသို့ဆက်သွယ်ရန်လမ်းညွှန်ချက်သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ၌ ရှိသူများအတွက်သက်ရောက်ပါသည်။ ဒေသရုံးသို့ ဆက်သွယ်ရန် လမ်းညွှန်ချက်သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ အပြင်ဘက်ရှိ သူတို့အတွက်သက်ရောက်ပါသည်။