လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၃၆။ ဧရိယာအသစ်များကို ဖန်တီးခြင်း၊ ပြောင်းလဲခြင်းနှင့် အမည်ပေးခြင်း


“၃၆။ ဧရိယာအသစ်များကို ဖန်တီးခြင်း၊ ပြောင်းလဲခြင်းနှင့် အမည်ပေးခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ရွေးနုတ်ချက်များ (၂၀၂၃)။

“၃၆။ ဧရိယာအသစ်များကို ဖန်တီးခြင်း၊ ပြောင်းလဲခြင်းနှင့် အမည်ပေးခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ရွေးနုတ်ချက်များ

ပွဲတော်အစည်းအဝေး၌ စကားပြောနေသည့် အမျိုးသား

၃၆။

ဧရိယာအသစ်များကို ဖန်တီးခြင်း၊ ပြောင်းလဲခြင်းနှင့် အမည်ပေးခြင်း

၃၆၊ ၀

နိဒါန်း

အသင်းတော်အသင်းသားများသည် သူတို့နေထိုင်သည့်နေရာပေါ်အခြေခံ၍ ထိုနေရာရှိအသင်းတော်လူစုနှင့်သက်ဆိုင်ပါသည် (ရှု မောဇိယ ၂၅း၁၇-၂၄)။ ဤလူစုများသည် သင့်လျော်သည့် ယဇ်ပုရောဟိတ်အခွင့်အောက်တွင် အသင်းတော်၏အမှုကို စီစဉ်ခြင်းနှင့် လုပ်ဆောင်ခြင်းအတွက်လိုအပ်ပါသည်။

အသင်းတော်လူစုများ (ဧရိယာများဟုလည်း ခေါ်ပါသည်) တွင် ပန္နက်များ၊ ခရိုင်များ၊ အသင်းတော်စုများနှင့် အသင်းတော်ခွဲများ ပါဝင်ပါသည်။ ၎င်းတို့ကို လိုအပ်သည့်အတိုင်းသာ ဖန်တီးခြင်း၊ ပြောင်းလဲခြင်းနှင့် ရပ်တန့်ခြင်းတို့ကိုပြုပါသည်။

ခေါင်းဆောင်များသည် ဧရိယာသစ်တစ်ခုဖန်တီးရန် သို့မဟုတ် ဧရိယာနယ်နိမိတ်တစ်ခုအားပြောင်းလဲရန် အဆိုပြုခြင်းမတိုင်မီတွင် အသင်းသားတို့၏ ဝိညာဉ်ပကတိခွန်အားတိုးတက်စေရန် အလုပ်လုပ်ကြပါသည်။ လက်ရှိဧရိယာများ အလုံအလောက်အားကောင်းမှသာ ဧရိယာအသစ်များကို ဖန်တီးရမည်။

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတွင် အကူအညီအတွက် ၁-၈၀၁-၂၄၀-၁၀၀၇ သို့ခေါ်ပါ။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံအပြင်ဘက်တွင်၊ ဒေသရုံးကို ခေါ်ပါ။