လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၃၅။ အစည်းအဝေးအိမ်များကို ဂရုစိုက်ခြင်းနှင့် အသုံးပြုခြင်း


“၃၅။ အစည်းအဝေးအိမ်များကို ဂရုစိုက်ခြင်းနှင့် အသုံးပြုခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၃၅။ အစည်းအဝေးအိမ်များကို ဂရုစိုက်ခြင်းနှင့် အသုံးပြုခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

ပြတင်းပေါက်များကို ဆေးကြော၍ ဖုန်စုပ်စက်အသုံးပြုနေသည့်လူများ

၃၅။

အစည်းအဝေးအိမ်များကို ဂရုစိုက်ခြင်းနှင့် အသုံးပြုခြင်း

၃၅၊ ၁

ရည်ရွယ်ချက်

အသင်းတော်သည် အစည်းအဝေးအိမ်များကို ပံ့ပိုးပေးထားပါသည် ဝင်ရောက်လာသူအားလုံးအောက်ပါတို့ကို ဆောင်ရွက်နိုင်ခြင်းငှာဖြစ်ပါသည်၊

၃၅၊ ၂

ကဏ္ဍများနှင့် တာဝန်များ

၃၅၊ ၂၊ ၂

အသင်းတော်ပစ္စည်းပစ္စယ မန်နေဂျာ

အသင်းတော်မှငှားထားသည့် ပစ္စည်းပစ္စယမန်နေဂျာသည် ပန္နက်တစ်ခုချင်းစီကို အစည်းအဝေးအိမ်များ အဆင်ပြေလည်ပတ်စေရန် ကူညီပါသည်။ သူ သို့မဟုတ် သူမသည် အဓိကပြင်ဆင်မှုများ၊ အတွင်းကျကျသန့်ရှင်းရေးလုပ်ခြင်းများနှင့် ပုံမှန် အဆောက်အဦးထိန်းသိမ်းခြင်းတို့ကို စီစဥ်ပါသည်။

လိုအပ်သည့်အတိုင်း၊ ပစ္စည်းပစ္စယမန်နေဂျာသည် ပန္နက်နှင့် အသင်းတော်စု တာဝန်ခံတို့အား အဆောက်အဦးမည်သို့ သန့်ရှင်းရန်နှင့် အခြားဒေသန္တရလုပ်ငန်းများလုပ်ဆောင်ခြင်းတို့နှင့်ပတ်သက်၍ လမ်းညွှန်ကူညီပါသည်။ သူ သို့မဟုတ် သူမသည် လမ်းညွှန်ချက်များ၊ ပစ္စည်းများနှင့် ကိရိယာများကို ပံ့ပိုးပေးပါသည်။

သူ သို့မဟုတ် သူမသည် အဆောက်အဦးအသုံးစားရိတ်များကိုလည်း သင်းအုပ်နှင့်အတူ သုံးသပ်ပါသည်။

၃၅၊ ၂၊ ၇

သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ (သို့မဟုတ် အဆောက်အဦးတာဝန်ခံ) သည် အသင်းသားတို့အား အဆောက်အဦးကို မည်သို့ အသုံးပြုရန်၊ မည်သို့ ဂရုစိုက်ရန်၊ မည်သို့ လုံခြုံစေရန်သင်ကြားပေးပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည်လည်း အဆောက်အဦးသော့များကို အသင်းတော်စုခေါင်းဆောင်များသို့ ဝေပေးပါသည်။

သူတို့သည် အဆောက်အဦးအတွင်းနှင့် မြေပေါ်၌ ပြုလုပ်သည့် လှုပ်ရှားတတ်ကြွမှုပွဲများကို အန္တရာယ်ကင်းစွာလုပ်ဆောင်စေကြောင်းသေချာစေရမည် (ရှု ၂၀၊ ၇)။

သူတို့သည် ပြင်ဆင်ခြင်း၊ လည်ပတ်ရေးလိုအပ်ချက်များနှင့်ပတ်သက်၍ အသင်းတော် ပစ္စည်းပစ္စယမန်နေဂျာနှင့် ဆက်သွယ်ပါသည်။ သူတို့သည် ဆက်စပ်သည့် အသုံးစားရိတ်များကိုလည်း ပစ္စည်းပစ္စယမန်နေဂျာနှင့် သုံးသပ်နိုင်ပါသည်။

၃၅၊ ၂၊ ၉

အသင်းတော်စုအဆောက်အဦးတာဝန်ခံ

အသင်းတော်စုအဆောက်အဦးတာဝန်ခံတစ်ဦးခေါ်သွင်း မသွင်းကို သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့က ဆုံးဖြတ်ပါသည်။ သူတို့သည် အမှုဆောင်တာဝန်ကို ထပ်တိုးရန်ဆုံးဖြတ်လျှင်၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အရွယ်ရောက် ကျား သို့မဟုတ် မ အသင်းသားတစ်ဦးကို ခေါ်သွင်းနိုင်ပါသည်။ အသင်းတော်စု အဆောက်အဦးတာဝန်ခံတစ်ဦးကို ခေါ်သွင်းမထားလျှင်၊ သင်းအုပ်သည် ဤတာဝန်ကို မိမိအတိုင်ပင်ခံများထဲမှ တစ်ဦး၊ အသင်းတော်စု စာရေးသို့မဟုတ် အသင်းတော်စု အကူစာရေး၊ သို့မဟုတ် အမှုဆောင်အတွင်းရေးမှူးကို ခန့်အပ်နိုင်ပါသည်။

အသင်းတော်စုအဆောက်အဦး တာဝန်ခံသည် အဆောက်အဦးကို သန့်ရှင်းရန်နှင့် ထိန်းသိမ်းရန် အသင်းသားများနှင့် စေတနာ့ဝန်ထမ်းများကို စီစဉ်ပါသည်။ သူ သို့မဟုတ် သူမသည် ရရှိနိုင်သော ထောက်ပံ့မှုများ၊ ကိရိယာများနှင့် လုပ်ငန်းတစ်ခုချင်းကို မည်သို့ လုပ်ဆောင်ရမည့်အကြောင်း သူတို့ကို သင်ကြားပေးပါသည်။

၃၅၊ ၃

အစည်းအဝေးအိမ်များကို ပံ့ပိုးပေးခြင်း

အစည်းအဝေးအိမ်များသည် ဒေသလိုအပ်ချက်များနှင့် အခြေအနေများကို လိုက်၍ အရွယ်အစားပြောင်းလဲနိုင်ပါသည်။ အစည်းအဝေးအိမ်တစ်ခုသည် အသင်းတော်တည်ဆောက်ထားသော သို့မဟုတ် ဝယ်ယူထားသောနေရာတစ်ခု၊ အသင်းသားတစ်ဦး၏အိမ်၊ ဒေသန္တရကျောင်းတစ်ကျောင်း သို့မဟုတ် ရပ်ကွက်နေရာတစ်ခု၊ သို့ အခြားခွင့်ပြုရာနေရာတစ်ခု ဖြစ်နိုင်ပါသည်။

ဒေသဆိုင်ရာ နှင့် နယ်မြေခံခေါင်းဆောင်တို့သည် လက်ရှိအစည်းအဝေးအိမ်များကို အပြည့်အဝအသုံးပြုရန်နှင့် ထပ်တိုးနေရာကို ထောက်ခံရာတွင် ဉာဏ်ပညာရှိဖို့ ကြိုးစားကြပါသည်။

၃၅၊ ၄

အစည်းအဝေးအိမ်များကို ထိန်းသိမ်းခြင်း

၃၅၊ ၄၊ ၁

အစည်းအဝေးအိမ်များကို သန့်ရှင်းခြင်းနှင့် ထိန်းသိမ်းခြင်း

လူငယ်များအပါအဝင် နယ်မြေခံခေါင်းဆောင်များနှင့် အသင်းသားများသည် အဆောက်အဦးတစ်ခုချင်းစီကို သန့်ရှင်းပြီး အခြေအနေအကောင်း၌ ထိန်းထားရန်ကူညီဖို့ တာဝန်ရှိပါသည်။

သန့်ရှင်းရေးအချိန်ဇယားသည် အသင်းသားများအဖို့ ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်သင့်ပါ။ ဥပမာအားဖြင့်၊ အဆောက်အဦးသို့သွားခြင်းသည် ခက်ခဲမှုတစ်ခုဖြစ်လျှင် အသင်းသားများသည် အဆောက်အဦး၌ရောက်နေသည့်အချိန်တွင် အပတ်စဉ်အလုပ်များ၏တစ်စိတ်တစ်ပိုင်းအဖြစ် သန့်ရှင်းရေးလုပ်နိုင်ပါသည်။

၃၅၊ ၄၊ ၂

ပြင်ဆင်မှုများ တောင်းဆိုခြင်း

အသင်းတော်စုနှင့် ပန္နက်ကောင်စီဝင်များသည် အဆောက်အဦးပြင်ဆင်ခြင်းလိုအပ်ချက်များကို အစီရင်ခံနိုင်ပါသည်။ ဤအရာကို ပစ္စည်းပစ္စယပြဿနာအစီရင်ခံခြင်း (အက်ဖ်အိုင်အာရ်)ကိရိယာကို သုံး၍ လုပ်ဆောင်နိုင်ပါသည်။

၃၅၊ ၄၊ ၅

အန္တရယ်ကင်းခြင်းနှင့် လုံခြုံခြင်း

ခေါင်းဆောင်များနှင့် အသင်းသားများသည် အောက်ပါတို့ကို လုပ်ဆောင်ရမည်၊

  • ခန်းမလမ်းများ၊ လှေကားများ၊ ထွက်ပေါက်များနှင့် ရေမီးအခန်းများကို ဘေးကင်းစွာဝင်ထွက်ခြင်းအတွက် ရှင်းနေစေရမည်။

  • အန္တရာယ်များသော သို့မဟုတ် မီးလောင်လွယ်သောပစ္စည်းများကို အဆောက်အဦးအတွင်း မသုံးရ သို့မဟုတ် မသိုလှောင်ရ။

  • အဆောက်အဦးပိတ်ခြင်းအစီအစဉ်များကို တည်ဆောက်ပြီး လိုက်နာပါ။

  • အသင်းတော်ပိုင်ကိရိယာကို သူခိုးဘေးမှ ကာကွယ်ပါ။

  • ရေ၊ လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့ သို့မဟုတ် လောင်စာဆီ အစရှိသည်တို့ကို မည်သို့ပိတ်ရမည်ကို သိပါ။

လိုအပ်သည့်အတိုင်း၊ ပစ္စည်းပစ္စယမန်နေဂျာသည် မီးသတ်ဆေးဘူးများ၊ ရှေးဦးသူနာပြုပစ္စည်းများ၊ ရေမီးပိတ်သည့်နေရာများကိုပြသည့် မြေပုံတစ်ခုကို ပေးနိုင်ပါသည်။ အန္တရာယ်ကင်းခြင်းနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို “လုံခြုံရေးနှင့် ပိတ်ခြင်းအစီအစဉ်များ” “အစည်းအဝေးအိမ်များကို ထိန်းသိမ်းခြင်း” (အစည်းအဝေးအိမ် ပစ္စည်းပစ္စယလမ်းညွှန်) တွင် ရရှိနိုင်ပါသည်။ လည်းရှု ၂၀၊ ၇

၃၅၊ ၅

အသင်းတော်မြေရာအဆောက်အဦးကို အသုံးပြုခြင်းမူဝါဒများ

၃၅၊ ၅၊ ၁

ပန်းချီ

အစည်းအဝေးအိမ်များသည် ယေရှုခရစ်တော်အား ရိုသေခြင်းစိတ်ဓာတ်ကို ရောင်ပြန်ဟပ်ရမည်၊ ကိုယ်တော်၌ အသင်းသားတို့၏ယုံကြည်ခြင်းကို သက်သေခံရမည်။ ယေရှုခရစ်တော်ကို သရုပ်ဖော်သည့် ပန်းချီကို အစည်းအဝေးအိမ် အဝင်ခန်းမနေရာများတွင် ထားရမည်၊ အဓိကယုံကြည်မှုကိုပြရန် ကူညီဖို့ဖြစ်ပါသည်။

၃၅၊ ၅၊ ၂

အဆောက်အဦးကို အသုံးပြုခွင့်မပေးသည့်အရာများ

၃၅၊ ၅၊ ၂၁

စီးပွားရေးအသုံးပြုမှုများ

အသင်းတော်မြေကို စီးပွားရေးရည်ရွယ်ချက်များအတွက် အသုံးမပြုနိုင်ပါ။ ဥပမာအားဖြင့်၊ မည်သည့်စီးပွားရေးအမျိုးအစားကိုမျှ ထောက်ပံ့ရန်အသုံးမပြုနိုင်ပါ။ ထိုကဲ့သို့သော အသုံးပြုမှုသည် အသင်းတော်မြေရာအဆောက်အဦးများ၏ရည်ရွယ်ချက်နှင့် မကိုက်ညီပါ။ အသင်းတော်မြေရာအဆောက်အဦးအခွန်ကင်းလွတ်ခွင့်ကို ခွင့်ပြုနိုင်သည့် ဒေသန္တရ သို့မဟုတ် နိုင်ငံဥပဒေနှင့်လည်း သဘောကွဲလွဲမှု ဖြစ်နိုင်ပါသည်။

ပါဝင်သူများခေါ်ယူရန် စီစဥ်သောဟောပြောသူများနှင့် လမ်းညွှန်ဆရာများ၊ ဝယ်ယူသူများ သို့မဟုတ် ဖောက်သည်များကို စည်းရုံးသူများ၊ သင်ခန်းစာများပေး၍ အခရသူ၊ သင်ခန်းစာများ (သီးသန့် စန္ဒရား သို့မဟုတ် အော်ဂင်နည်းပြခြင်းမှလွဲ၍၊ ရှု ၁၉၊၇၊၂)၊ ကိုယ်လက်လေ့ကျင့်ခန်းသင်တန်းများနှင့် အခြားလှုပ်ရှားမှုများကို ခွင့်မပြုပါ။

၃၅၊ ၅၊ ၂၊ ၂

နိုင်ငံရေးရည်ရွယ်ချက်များ

အသင်းတော်မြေရာအဆောက်အဦးကို နိုင်ငံရေးရည်ရွယ်ချက်များအတွက် အသုံးမပြုနိုင်ပါ။ ဤအရာတို့တွင် နိုင်ငံရေးအစည်းအဝေးများ သို့မဟုတ် စည်းရုံးရေးပွဲများ ကျင်းပခြင်းတို့ ပါဝင်ပါသည်။ အသင်းတော်သည် နိုင်ငံရေးတွင် ဘက်မလိုက်ပါ (ရှု ၃၈၊ ၈၊ ၃၀)။

၃၅၊ ၅၊ ၂၊ ၃

အခြားအသုံးပြုမှုများ

ခွင့်မပြုသည့် အသင်းတော်မြေရာအဆောက်အဦး အခြားအသုံးပြုမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်၊

  • အသင်းတော်မှ ကမကထပြုမထားသည့် အားကစားအဖွဲ့လေ့ကျင့်ရေးများ သို့မဟုတ် အခြားပွဲများ ကျင်းပခြင်း။ ပတ်ဝန်းကျင် ဓမ္မတေးအဖွဲ့များနှင့် အရပ်ဘက်လက်ထပ်ခြင်းများသည် ချွင်းချက်ဖြစ်နိုင်ပါသည် (ရှု ၃၈၊ ၃၊ ၄ အရပ်ဘက်လက်ထပ်ခြင်းများအကြောင်း)။

  • ညအိပ်နေရာခွင့်ပြုခြင်း (အရေးပေါ်အခြေအနေများမှ လွဲ၍၊ ရှု ၃၅၊ ၅၊ ၄)။

  • ညအိပ်ခြင်းပါဝင်သည့် စခန်းချခရီးထွက်ခြင်း သို့မဟုတ် အခြားလှုပ်ရှားမှုများ။

အောက်ပါအသုံးပြုခြင်းများကို အများအားဖြင့် ခွင့်မပြုပါ။ နယ်မြေခံခေါင်းဆောင်များသည် ချွင်းချက်တစ်ခုလိုအပ်သည်ဟု ခံစားမိလျှင် ပစ္စည်းပစ္စယမန်နေဂျာကို ဆက်သွယ်ကြပါသည်။

  • အသင်းတော်အဆောက်အဦးများနှင့် မြေရာအဆောက်အဦးများကို ငှားရမ်းခြင်း သို့မဟုတ် အငှားချခြင်း

  • နိုင်ငံရေးမဲပေးသူမှတ်ပုံတင်ခြင်း သို့မဟုတ် မဲပေးနေရာများအဖြစ် မြေရာအဆောက်အဦး များကို အသုံးပြုခြင်း၊ သင့်လျော်သည့် အခြားနည်းမရှိသောအခါ၊ ပွဲသည်လည်း အသင်းတော်၏ဘက်မလိုက်ခြင်းပုံရိပ်ကို ထိခိုက်စေမည် မဟုတ်လျှင် အစိုးရ အရာရှိတစ်ဦး၏ တောင်းဆိုချက်ဖြင့် ချွင်းချက်တစ်ခု ပြုလုပ်နိုင်ပါသည် (ရှု ၃၈၊ ၈၊ ၃၀)

၃၅၊ ၅၊ ၄

အရေးပေါ်များ

အရေးပေါ်တစ်ခုအတစ်ခုအတွင်းတွင်၊ ပန္နက် ဥက္ကဋ္ဌသည် အသင်းတော်စုနှင့် ပန္နက်အစည်းအဝေးများ ကျင်းပမည်၊ မကျင်းပမည်ကို ဆုံးဖြတ်ပါသည်။ သူသည် အဆောက်အဦးများနှင့် အသင်းတော်မြေရာအဆောက်အဦးကို ကပ်ဘေးသက်သာရေးအဖွဲ့များအသုံးပြုဖို့နှင့် ဆက်စပ်အားထုတ်မှုများအတွက်လည်း ခွင့်ပြုနိုင်ပါသည်။

၃၅၊ ၅၊ ၁၀

ပွဲတော်အစည်းအဝေးအတွင်း၌ ဓာတ်ပုံရိုက်ခြင်းနှင့် ဗီဒီယိုရိုက်ခြင်းများ

ပွဲတော်အစည်းအဝေးများသည် သန့်ရှင်းမွန်မြတ်ပါသည်။ ဤအကြောင်းရင်းကြောင့်၊ ပွဲတော်အစည်းအဝေးအတွင်း ဓာတ်ပုံရိုက်ခြင်း သို့မဟုတ် မှတ်တမ်းတင်ခြင်းကို ခွင့်မပြုပါ။

ရုပ်သံလွှင့်ခြင်း သို့မဟုတ် ပွဲတော်အစည်းအဝေးနှင့် အခြားအစည်းအဝေးများကို တိုက်ရိုက်ထုတ်လွှင့်ခြင်းများအတွက်အချက်အလက်များအား၊ ရှု ၂၉၊၇