“၃၄၊ ဘဏ္ဍာရေးနှင့် စာရင်းစစ်များ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၃၄၊ ဘဏ္ဍာရေးနှင့် စာရင်းစစ်များ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၃၄။
ဘဏ္ဍာရေးနှင့် စာရင်းစစ်များ
၃၄၊ ၀
နိဒါန်း
ဆယ်ဖို့တစ်ဖို့နှင့် အလှူတော်စုများသည် ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုတော်ကို ဆက်လက်လုပ်ဆောင်ဖို့ အသင်းတော်ကို အခွင့်ပေးပါသည် (ရှု ၁၊ ၂)။ ဤရန်ပုံငွေများသည် သန့်ရှင်းမွန်မြတ်ပါသည်။ ၎င်းတို့သည် အသင်းတော် အသင်းသားတို့၏ စွန့်လွှတ်မှုနှင့် ယုံကြည်ခြင်းကို ကိုယ်စားပြုပါသည် (ရှု ရှင်မာကု ၁၂း၄၁-၄၄)။
၃၄၊ ၂
အသင်းတော်စုဘဏ္ဍာရေးခေါင်းဆောင်မှု
၃၄၊ ၂၊ ၁
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့
သင်းအုပ်တွင် အသင်းတော်စုဘဏ္ဍရေးအတွက် အောက်ပါတာဝန်များရှိပါသည်။ သူသည် ဤအလုပ်အချို့ကို သူ၏အတိုင်ပင်ခံများနှင့် စာရေးများကို လွှဲပေးပါသည်။
သင်းအုပ်သည်၊
-
အသင်းသားတို့အား ဆယ်ဖို့တစ်ဖို့ အပြည့်ပေးရန်နှင့် ရက်ရောသောအလှူတော်စုများပေးရန် သွန်သင်လမ်းပြလှုံ့ဆော်ပေးပါသည် (ရှု ၃၄၊ ၃)။
-
အသင်းတော်စုရန်ပုံငွေများကို သင့်လျော်စွာ ကိုင်တွယ်၍ ငွေစာရင်းသွင်းကြောင်းသေချာစေပါသည်( ရှု ၃၄၊ ၅)။
-
လစဉ်ဘဏ္ဍာရေးရှင်းတမ်းများစစ်ဆေး၍၊ ပြဿနာမှန်သမျှကို ချက်ချင်းဖြေရှင်းကြောင်း သေချာစေပါသည်။
-
အဖွဲ့အစည်းခေါင်းဆောင်များနှင့် စာရေးများ သန့်ရှင်းမွန်မြတ်သော အသင်းတော်ရန်ပုံငွေများအတွက် သူတို့တာဝန်ကို သင်ယူစေကြောင်းသေချာစေပါသည်။
-
အသင်းတော်စုနှစ်ပတ်လည် ရသုံးငွေစာရင်းကို ပြင်ဆင်၍ စီမံခန့်ခွဲပါသည် (ရှု ၃၄၊ ၆)။
-
အသင်းတော်စုအသင်းသားများ၏ဆယ်ဖို့တစ်ဖို့ကြေညာချက်ကို ရရှိရန် သူတို့နှင့် နှစ်စဉ်တွေ့ပါ။
၃၄၊ ၂၊ ၂
အသင်းတော်စုစာရေးများ
သင်းအုပ်သည် အသင်းတော်စု ဘဏ္ဍာရေးမှတ်တမ်းများ ထိန်းသိမ်းခြင်းအတွက် အသင်းတော်စုစာရေးသို့မဟုတ် အသင်းတော်စုအကူစာရေးတစ်ဦးကို ခန့်အပ်ပါသည်။ စာရေးများသည် အသင်းတော်ရန်ပုံငွေများကို ကာကွယ်ရန်နှင့် အသင်းတော်မှတ်တမ်းများ တိကျကြောင်း သေချာစေရန် လက်ရှိမူဝါဒများကို ဂရုတစိုက်လိုက်နာကြပါသည်။
စာရေးတွင် အောက်ပါတာဝန်များရှိပါသည်။
-
ရန်ပုံငွေရရှိသမျှကို သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနှင့်အတူ မှတ်တမ်းတင် ထည့်သွင်းပါသည်။
-
လစဉ်ဘဏ္ဍာရေးရှင်းတမ်းကို စစ်ဆေး၍ ပြဿနာမှန်သမျှ ချက်ချင်းဖြေရှင်းပြီးကြောင်း သေချာစေပါသည်။
-
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့အား နှစ်စဉ်ရသုံးငွေစာရင်းပြင်ဆင်ရန် ကူညီပါသည် (ရှု ၃၄၊ ၆၊ ၁နှင့် ၃၄၊ ၆၊ ၂)။
-
အသင်းသားများ သူတို့၏ ပါဝင်ထည့်ဝင်မှုဖော်ပြချက်များကိုကြည့်ရန်အခွင့်ရှိစေကြောင်းသေချာစေပါသည်၊ လိုအပ်သည့်အတိုင်း ကူညီပါသည်။
စာရေးများသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုကိုင်ဆောင်ရမည်၊ လက်ရှိဗိမာန်တော်ထောက်ခံချက်တစ်ခုရှိရမည်။
၃၄၊ ၃
ပါဝင်ထည့်ဝင်မှုများ
၃၄၊ ၃၊ ၁
ဆယ်ဖို့တစ်ဖို့
ဆယ်ဖို့တစ်ဖို့သည် လူတစ်ဦး၏ ဝင်ငွေ၏ ဆယ်ပုံတစ်ပုံကို ဘုရားသခင်၏အသင်းတော်သို့ လှူခြင်းဖြစ်ပါသည်( ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၁၉း၃-၄၊ တိုးလာသောအရာ ဆိုသည်မှာ ဝင်ငွေကိုဆိုလိုသည်ဟု နားလည်ရပါသည်)။ ဝင်ငွေရှိသောအသင်းသားအားလုံးသည် ဆယ်ဖို့တစ်ဖို့ ပေးသင့်ပါသည်။
၃၄၊ ၃၊ ၁၊ ၂
ဆယ်ဖို့တစ်ဖို့ ကြေညာချက်
သင်းအုပ်သည် နှစ်တိုင်းနောက်ဆုံးလအနည်းငယ်တွင် အသင်းသားတစ်ယောက်ချင်းကို သူ သို့မဟုတ် သူမ၏ ဆယ်ဖို့တစ်ဖို့ ကြေညာချက်အတွက် တွေ့ဆုံပါသည်။
အသင်းသားအားလုံးကို အောက်ပါတို့ကို လုပ်ဆောင်ရန် သင်းအုပ်နှင့် တွေ့ဖို့ ဖိတ်ခေါ်ပါသည်၊
-
ဆယ်ဖို့တစ်ဖို့ပေးသူများအဖြစ် သူတို့၏အခြေအနေကို ကြေညာခြင်း။
-
သူတို့၏ပါဝင်ထည့်ဝင်မှု မှတ်တမ်းများ တိကျကြောင်း သေချာစေခြင်း။
ဖြစ်နိုင်သည့်အခါတိုင်းတွင်၊ ကလေးများအပါအဝင် မိသားစုဝင်အားလုံးအတူတကွ တက်ရောက်ခြင်း။
၃၄၊ ၃၊ ၂
အစာရှောင်အလှူတော်စုများ
အသင်းတော်ခေါင်းဆောင်များသည် အသင်းသားများကို အစာရှောင်ခြင်းပညတ်ကို ကျင့်သုံးဖို့ အားပေးပါသည်။ ဤအရာတွင် ရက်ရောသော အစာရှောင်အလှူတော်စု ပေးခြင်းပါဝင်ပါသည် (ရှု ၂၂၊ ၂၊ ၂)။
အစာရှောင်အလှူတော်စုရန်ပုံငွေများ အသုံးပြုခြင်းအတွက် လမ်းညွှန်ချက်များကို ၂၂၊ ၅၊ ၂ တွင်ပေးထားပါသည်။
၃၄၊ ၃၊ ၃
သာသနာပြုရန်ပုံငွေများ
အသင်းတော်စု သာသနာပြုရန်ပုံငွေသို့ ပါဝင် ထည့်ဝင်ခြင်းများကို အဓိကအားဖြင့်၊ အသင်းတော်စုမှ အချိန်ပြည့်သာသနာပြုများအတွက် ပါဝင်ထည့်ဝင်ခြင်း ကတိကဝတ်ကို ပြည့်မီစေရန် အသုံးပြုပါသည်။
အထွေထွေသာသနာပြု ရန်ပုံငွေသို့ ပါဝင်ထည့်ဝင်ခြင်းများကို အသင်းတော်၏ သာသနာပြုခြင်းတစ်ခုလုံးအတွက် အသုံးပြုပါသည်။
၃၄၊ ၃၊ ၇
ပါဝင်ထည့်ဝင်ခြင်းများကို ပြန်မအမ်းနိုင်ပါ။
ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများကို အသင်းတော်သို့ ပေးပြီးသောအခါ၊ ၎င်းတို့ကို ကိုယ်တော်ရှင်ပိုင်ပါသည်။ ကိုယ်တော်သို့ ဆက်ကပ်ထားပါသည်။
ပန္နက်ဥက္ကဋ္ဌများနှင့် သင်းအုပ်များသည် ဆယ်ဖို့တစ်ဖို့ နှင့် အခြားအလှူတော်စုများ ပါဝင်ထည့်ဝင်သူတို့အား ဤပါဝင်ထည့်ဝင်မှုများကို ပြန်မအမ်းနိုင်ကြောင်းကို အသိပေးပါသည်။
၃၄၊ ၄
ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများသည် အတွင်းရေးဖြစ်ခြင်း
အလှူရှင်ပေးသည့် ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများ ပမာဏသည် အတွင်းရေးဖြစ်ပါသည်။ သင်းအုပ်၊ ဤပါဝင်ထည့်ဝင်ခြင်းများကို ကိုင်တွယ်ရန် သို့မဟုတ် ကြည့်ရှုရန် အခွင့်အာဏာရသူများသာ ဤအချက်အလက်သိရန်အခွင့်ရှိကြပါသည်။
၃၄၊ ၅
အသင်းတော်စုရန်ပုံငွေများကို ကိုင်တွယ်ခြင်း
ပန္နက်ဥက္ကဋ္ဌနှင့် သင်းအုပ်သည် အသင်းတော်ရန်ပုံငွေအားလုံးကို သင့်လျော်စွာ ကိုင်တွယ်ကြောင်း သေချာစေပါသည်။ သင်းအုပ်များနှင့် စာရေးတို့အား “သန့်ရှင်းမွန်မြတ်သောရန်ပုံငွေများ၊ သန့်ရှင်းမွန်မြတ်သောတာဝန်များ” ဗီဒီယိုကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကြည့်ရန် တိုက်တွန်းပါသည်။
၃၄၊ ၅၊ ၁
နှစ်ယောက်တွဲအခြေခံသဘောတရား
နှစ်ယောက်တွဲ အခြေခံသဘောတရားတွင်လူနှစ်ဦး— သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနှင့် စာရေးတစ်ဦး၊ သို့မဟုတ် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး—သည် အသင်းတော်ရန်ပုံငွေများကို မှတ်တမ်းတင်ခြင်းနှင့် ထုတ်ပေးခြင်း ပြုသောအခါ တက်ကြွစွာပါဝင်ရန် လိုအပ်ပါသည်။
ခေါင်းဆောင်များသည် မိမိတို့စကားဝှက်များကို ကာကွယ်ရမည်၊ ဘယ်တော့မျှ မဝေငှရပါ (ရှု ၃၃၊ ၉၊ ၁၊ ၁)။
၃၄၊ ၅၊ ၂
ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများကို လက်ခံရရှိခြင်း
ကိုယ်တော်ရှင်သည် သင်းအုပ်တို့အား သန့်ရှင်းသူတို့၏ ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများကို လက်ခံရရှိခြင်းနှင့် ငွေစာရင်းသွင်းခြင်းအတွက် သန့်ရှင်းမွန်မြတ်သော ယုံကြည်စိတ်ချမှုကို ပေးထားပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၂း၃၀-၃၃)၊ ၁၁၉)။ သင်းအုပ်နှင့် သူ၏အတိုင်ပင်ခံများသာ ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများကို လက်ခံရရှိနိုင်ပါသည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ၊ သူတို့၏ဇနီးများ၊ သူတို့မိသားစုများမှ အခြားမိသားစုဝင်များ၊ စာရေးများ၊ သို့မဟုတ် အခြားအသင်းတော်စုအသင်းသားများသည် ဤပါဝင်ထည့်ဝင်ခြင်းများကို လက်မခံရပါ။
၃၄၊ ၅၊ ၃
ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများကို အတည်ပြုခြင်းနှင့် မှတ်တမ်းတင်ခြင်း
ပါဝင်ထည့်ဝင်မှုများကို လက်ခံရရှိသည့် တနင်္ဂနွေနေ့တွင် အတည်ပြု၍ မှတ်တမ်းတင်ရမည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ အဖွဲ့ဝင်တစ်ဦးနှင့် စာရေးတစ်ဦး၊ သို့မဟုတ် သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့ အဖွဲ့ဝင်နှစ်ဦး စာအိတ်တစ်အိတ်ချင်းစီကို အတူတကွ ဖွင့်ကြပါသည်။ ထည့်ထားသည့် ရန်ပုံငွေများသည် ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများ ပုံစံတွင် ရေးထားသည့် ပမာဏနှင့် တူညီကြောင်း အတည်ပြုကြပါသည်။ သူတို့သည် လှူဒါန်းခြင်းတစ်ခုချင်းကို သင့်လျော်စွာ မှတ်တမ်းတင်ကြပါသည်။ ရန်ပုံငွေများနှင့် ရေးထားသောပမာဏကွဲပြားလျှင်၊ သူတို့သည် ကွာဟချက်ကို ဖြေရှင်းရန် လှူဒါန်းသူကို မြန်နိုင်သမျှမြန်မြန်ဆက်သွယ်ကြပါသည်။
၃၄၊ ၅၊ ၄
ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူတော်စုများကို ထည့်သွင်းခြင်း
မှတ်တမ်းတင်ထားသည့် ပမာဏနှင့် ရရှိသည့်ရန်ပုံငွေ ကိုက်ညီလျှင် ထည့်သွင်းခြင်းကို ပြင်ဆင်ထားရမည်။
၂၄ နာရီဘဏ်ငွေထည့်သွင်းခြင်း ရရှိနိုင်သည့်နေရာတွင် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ အဖွဲ့ဝင်နှင့် တခြားမေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတို့သည် ရန်ပုံငွေများကို ဖွင့်၍ အတည်ပြုသည့်တစ်နေ့တည်းတွင် ဘဏ်၌ ထည့်သွင်းကြပါသည်။
၂၄ နာရီဘဏ်ငွေထည့်သွင်းခြင်း မရရှိနိုင်၊ တနင်္ဂနွေနေ့ ဘဏ်ပိတ်သည့်နေရာတွင်၊ သင်းအုပ်သည် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးကို အလုပ်ဖွင့်သည့် နောက်နေ့တွင် ငွေထည့်သွင်းခြင်းပြုလုပ်ဖို့ တာဝန်ပေးပါသည်။ သူသည် အောက်ပါတို့ကို ပြုရမည်၊
-
ရန်ပုံငွေများ ထည့်သွင်းသည်အထိ လုံခြုံစေကြောင်း သေချာစေခြင်း။
-
ထည့်သွင်းသည့်ရက်စွဲနှင့် ပမာဏကိုပြသည့် ထည့်သွင်းပြေစာတစ်ခုကို ရရှိခြင်း။
၃၄၊ ၅၊ ၅
အသင်းတော်ရန်ပုံငွေများကို ကာကွယ်ခြင်း
ရန်ပုံငွေများအတွက် တာဝန်ရှိသူများသည် ထိုငွေများကို အစည်းအဝေးအိမ်၌ ညသိပ်မထားခဲ့ရ၊ သို့မဟုတ် အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင် မည်သည့်အချိန်တွင်မျှ မေ့မထားခဲ့ရပါ။
၃၄၊ ၅၊ ၇
ပန္နက်နှင့် အသင်းတော်စု ပေးချေမှုများကို စီမံခြင်း
မည်သည့် ပန္နက်သို့မဟုတ် အသင်းတော်စု အသုံးစားရိတ်ကိုမျှ ဦးစီးအရာရှိ၏ ခွင့်ပြုချက်မပါဘဲနှင့် မကောက်ခံရ သို့မဟုတ် မပေးရ။
ပေးချေမှုတစ်ခုချင်းကို အခွင့်အာဏာရှိခေါင်းဆောင်နှစ်ဦးက အတည်ပြုရမည်။ သူတို့အထဲမှတစ်ဦးသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့ သို့မဟုတ် သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်ရမည်။ အတိုင်ပင်ခံများသည် ပေးချေမှုများကို အတည်ပြုရန် အခွင့်အာဏာရှိသော်လည်း ပန္နက် ဥက္ကဋ္ဌ သို့မဟုတ် သင်းအုပ်သည် ပေးချေမှုတစ်ခုချင်းကို စစ်ဆေးရမည်။ ခေါင်းဆောင်များသည် ပေးချေမှုများကို သူတို့ဘာသာသူတို့ အတည်မပြုရ။
အစာရှောင်အလှူတော်စုကို သင်းအုပ်အသုံးမပြုမီ သို့မဟုတ် သင်းအုပ်ကိုယ်တိုင်အတွက်ဖြစ်စေ၊ သူ့မိသားစုအတွက်ဖြစ်စေ သင်းအုပ်၏ညွှန်ကြားချက်ကို အတည်မပြုမီ ပန္နက်ဥက္ကဋ္ဌ၏ ရေးသားအတည်ပြုမှု လိုအပ်ပါသည်။ အစာရှောင်အလှူတော်စုကို သင်းအုပ်အသုံးမပြုမီ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌအတွက်ဖြစ်စေ၊ သူ့မိသားစုအတွက်ဖြစ်စေ သင်းအုပ်၏ညွှန်ကြားချက်ကို အတည်မပြုမီ ဒေသဥက္ကဋ္ဌအဖွဲ့ အဖွဲ့ဝင်ထံမှ ရေးသားအတည်ပြုမှု လိုအပ်ပါသည်။ လမ်းညွှန်မှုများအတွက် ရှု ၂၂၊ ၅၊ ၁၊ ၂။
စိုက်ထားငွေတောင်းခံသောအသင်းသားတစ်ဦးသည် ပြေစာတစ်ခုခု သို့မဟုတ် တောင်းခံလွှာ စာရွက် သို့မဟုတ် အီလက်ထရောနစ်မိတ္တူတစ်ခုကို ပေးရမည်။ သူ သို့မဟုတ် သူမသည် ရည်ရွယ်ချက်၊ ပမာဏနှင့် ဝယ်ယူရက်စွဲတို့ကိုလည်း ပါဝင်စေရမည်။
ရန်ပုံငွေအတွက် မိမိငွေထုတ်သုံးထားလျှင်၊ အသင်းသားသည် ရည်ရွယ်ချက်၊ ပမာဏနှင့် နေ့စွဲတို့ကို ဖော်ပြလျက်၊ ပေးချေတောင်းခံလွှာပုံစံကို တင်သွင်းရမည်။ အသုံးစားရိတ်ကို ပေးချေပြီးလျှင်၊ အသင်းသားသည်၊ (၁) အသုံးပြုခဲ့သည့် ရန်ပုံငွေအတွက် ပြေစာများ သို့မဟုတ် တောင်းခံလွှာများကို ပေးပါသည် (၂) မသုံးသည့် ရန်ပုံငွေမှန်သမျှကို ပြန်ပေးပါသည်။ ပြန်ပေးသည့် ရန်ပုံငွေများကို ပြန်၍ထည့်သွင်းရမည်။
၃၄၊ ၅၊ ၉
ဘဏ္ဍာရေးမှတ်တမ်းများ ထိန်းသိမ်းခြင်း
ပန္နက်နှင့် အသင်းတော်စု တစ်ခုချင်းစီတိုင်းသည် လက်ရှိ၊ တိကျသော ဘဏ္ဍာရေးမှတ်တမ်းများကို ထိန်းသိမ်းထားရမည်။
မှတ်တမ်းများနှင့် အစီရင်ခံစာများ အသုံးပြုခြင်းနှင့် ထိန်းသိမ်းထားခြင်းတို့နှင့် ပတ်သက်သည့်အချက်အလက်အတွက်၊ စာရေးများသည် အသင်းတော်ရုံးချုပ် သို့မဟုတ် ဒေသရုံးမှ ညွှန်ကြားချက်များကို ရည်ညွှန်းရမည်။ ဘဏ္ဍာရေးမှတ်တမ်းများကို လက်ရှိနှစ်ကိုထပ်ပေါင်း၍ အနည်းဆုံး သုံးနှစ်ထိန်းသိမ်းထားရမည်။
၃၄၊ ၆
ရသုံးခန့်မှန်းငွေစာရင်းနှင့် အသုံးစားရိတ်များ
ရသုံးခန့်မှန်းခွင့်ပြုခြင်းအစီအစဉ်သည် ပန္နက်များနှင့် အသင်းတော်စုများ၏ လှုပ်ရှားမှုများနှင့် အစီအစဉ်များအတွက် ပေးရန် အသင်းတော်အထွေထွေ ရန်ပုံငွေကို ပေးပါသည်။
လှုပ်ရှားမှုအများစုသည် ရိုးရှင်းရမည်၊ ကုန်ကျစားရိတ် အနည်းငယ်သာ ရှိရမည်၊ သို့မဟုတ် ကုန်ကျစားရိတ်မရှိရ။
၃၄၊ ၆၊ ၁
ပန္နက်နှင့် အသင်းတော်စု ရသုံးခန့်မှန်းစာရင်းများ
ပန္နက်နှင့် အသင်းတော်စုတစ်ခုချင်းသည် နှစ်ပတ်လည် ရသုံးခန့်မှန်းချေစာရင်းတစ်ခုပြင်ဆင်၍ အလုပ်လုပ်ပါသည်။ ပန္နက်ဥက္ကဋ္ဌသည် ပန္နက်ရသုံးခန့်မှန်းစာရင်းကို စီမံ၍ သင်းအုပ်သည် အသင်းတော်စု ရသုံးခန့်မှန်းစာရင်းကို စီမံပါသည်။
လမ်းညွှန်ချက်များကို အောက်တွင် စာရင်းပြုစုထားပါသည်။
-
ထပ်တလဲလဲဖြစ်သည့် အသုံးစားရိတ်များကို ထည့်သွင်းစဉ်းစားကြောင်း သေချာစေရန် ယခင်နှစ်အတွင်းအသုံးပြုခဲ့သည့် ပမာဏများကို ပြန်လည်သုံးသပ်ပါ။
-
အဖွဲ့အစည်းများအား မိမိတို့၏ ရသုံးခန့်မှန်းလိုအပ်ချက်များကို အသေးစိတ် ခန့်မှန်းရန် တောင်းဆိုပါ။
-
ခွင့်ပြုထားသည့် ရသုံးခန့်မှန်းခြင်းအလေ့အကျင့်များကို သုံး၍ ရသုံးခန့်မှန်းစာရင်းကို ပြုစုပါ။
၃၄၊ ၆၊ ၂
ရသုံးခန့်မှန်းခွင့်ပြုချက်
၃၄၊ ၆၊ ၂၊ ၁
ရသုံးခန့်မှန်းငွေကို ခွဲဝေခြင်း
အောက်ပါကဏ္ဍများ၌ တက်ရောက်မှုကို အခြေခံ၍ ရသုံးခန့်မှန်းရန်ပုံငွေများကို သုံးလတစ်ကြိမ် ခွဲဝေပါသည်။
-
ပွဲတော်အစည်းအဝေး
-
လူငယ်အမျိုးသားများ
-
လူငယ်အမျိုးသမီးများ
-
အသက် ၇-၁၀ မူလတန်းကလေးများ
-
အိမ်ထောင်မရှိလူငယ်အရွယ်ရောက်များ
တက်ရောက်မှုကို တိကျစွာနှင့် အချိန်မီအစီရင်ခံဖို့ အရေးကြီးပါသည် (ရှု ၃၃၊ ၅၊ ၁၁)။
၃၄၊ ၆၊ ၂၊ ၂
ရသုံးခန့်မှန်းငွေကို သင့်လျော်သောအသုံးပြုမှု
ပန္နက်ဥက္ကဋ္ဌများနှင့် သင်းအုပ်များသည် ခွင့်ပြုရသုံးခန့်မှန်းငွေများကို ဉာဏ်ပညာရှိစွာ သုံးကြောင်း သေချာစေပါသည်။
ပန္နက်နှင့် အသင်းတော်စု ရသုံးခန့်မှန်းရန်ပုံငွေများကို လှုပ်ရှားမှုများ၊ အစီအစဉ်များ၊ လက်စွဲစာစောင်များအတွက်ပေးရန် အသုံးပြုရမည်။
၃၄၊ ၆၊ ၂၊ ၃
ပိုလွန်သောရသုံးခန့်မှန်းငွေ
ပိုလွန်သောရသုံးခန့်မှန်းခွင့်ပြုငွေကို မသုံးရပါ။ ပိုလွန်သောအသင်းတော်စုရန်ပုံငွေကို ပန္နက်သို့ ပြန်ပေးရမည်။
၃၄၊ ၇
စာရင်းစစ်များ
၃၄၊ ၇၊ ၁
ပန္နက်စာရင်းစစ်ကော်မတီ
ပန္နက်ဥက္ကဋ္ဌသည် ပန္နက်စာရင်းစစ်ကော်မတီတစ်ခုကို ခန့်အပ်ပါသည်။ ဤကော်မတီသည် ပန္နက်နှင့် အသင်းတော်စု ဘဏ္ဍာများကို အသင်းတော်မူဝါဒအတိုင်း ကိုင်တွယ်ကြောင်း သေချာစေပါသည်။
၃၄၊ ၇၊ ၃
ဘဏ္ဍာရေး စာရင်းစစ်
ပန္နက်စာရင်းစစ်များသည် ပန္နက်၊ အသင်းတော်စု ဘဏ္ဍာမှတ်တမ်းများနှင့် မိသားစုသမိုင်းဌာနများကို တစ်နှစ် နှစ်ကြိမ် စာရင်းစစ်ပါသည်။
စာရင်းစစ်စဉ်အတွင်း မေးခွန်းများကို ဖြေရန်ဘဏ္ဍာရေးသို့ ခန့်အပ်ထားသည့် ဧရိယာဦးစီးအရာရှိနှင့် စာရေးတို့သည် ရှိရမည်။
၃၄၊ ၇၊ ၅
အသင်းတော်ရန်ပုံငွေများ ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ အလွဲသုံးစားပြုခြင်း၊ မသင့်လျော်စွာသုံးခြင်း
အောက်ပါတို့ ဖြစ်ပျက်လျှင် ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် ပန္နက်စာရင်းစစ်ကော်မတီ သဘာပတိကို ချက်ချင်း အကြောင်းကြားပါ၊
-
အသင်းတော်ရန်ပုံငွေများ ပျောက်ဆုံးခြင်း သို့မဟုတ် အခိုးခံရခြင်း။
-
ခေါင်းဆောင်တစ်ဦး အသင်းတော်ရန်ပုံငွေများကို အလွဲသုံးစားပြုခြင်း သို့မဟုတ် မသင့်လျော်စွာသုံးခြင်း။