လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၃၃။ မှတ်တမ်းများနှင့် အစီရင်ခံစာများ


“၃၃။ မှတ်တမ်းများနှင့် အစီရင်ခံစာများ၊ ” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၃၃။ မှတ်တမ်းများနှင့် အစီရင်ခံစာများ၊ ”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

ကွန်ပျူတာကို ကြည့်နေသည့် အမျိုးသား

၃၃။

မှတ်တမ်းများနှင့် အစီရင်ခံစာများ

၃၃၊ ၀

နိဒါန်း

မှတ်တမ်းထားခြင်းသည် ကိုယ်တော်ရှင်၏အသင်းတော်၌ အမြဲအရေးကြီးပါသည်။ ဥပမာအားဖြင့်၊

အာဒံသည် “အောက်မေ့ဖွယ်ရာစာအုပ်တစ်အုပ်” မောရှေ ၆း၅ ကိုရေးခဲ့ပါသည်။

ခရစ်တော်၏အသင်းတော်၌ ဗတ္တိဇံခံသူတို့၏ အမည်များကို မှတ်တမ်းတင်ထားကြောင်း မော်ရော်နိုင်းက သွန်သင်ထားပါသည်၊ ထိုကဲ့သို့အားဖြင့် သူတို့ကို အောက်မေ့၍၊ ကောင်းမြတ်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ခံကြရစေခြင်းငှာ“ (မော်ရော်နိုင်း ၆း၄) ဖြစ်ပါသည်။

”ကိုယ်တော်ရှင်ရှေ့၌ မှန်သောမှတ်တမ်းတစ်ခုကို ပြုစု“နိုင်ခြင်းငှာ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၈း၂ မှတ်တမ်းတင်သူတစ်ဦးကို ခေါ်သွင်းရမည့်အကြောင်း ဂျိုးဇက်စမစ်က လမ်းညွှန်ခဲ့ပါသည်။

၃၃၊ ၁

အသင်းတော်မှတ်တမ်းများအကျဉ်း

အသင်းတော်မှတ်တမ်းများသည် သန့်ရှင်းမွန်မြတ်ပါသည်။ ၎င်းတို့၌ရှိသည့် သတင်းအချက်အလက်သည် သတိထားဖို့လိုအပ်၍၊ ကာကွယ်ထားရပါမည်။ အသင်းတော်မှတ်တမ်းစနစ်သည် အမှုဆောင်တာဝန်များအပေါ်အခြေခံ၍၊ ဝင်ရောက်ရာနည်းကို အခွင့်ပေးပါသည်။

မှတ်တမ်းများသည် ခေါင်းဆောင်များကို အောက်ပါတို့၌ ကူညီနိုင်ပါသည်။

  • မည်သူ အထူးဂရုစိုက်မှုလိုအပ်သည်ကို ပိုင်းခြားသိခြင်း။

  • မည်သည့် ကယ်တင်ခြင်း ဘိသိက်မင်္ဂလာကို လူတစ်ဦး ရရှိပြီးကြောင်း သို့မဟုတ် လိုအပ်နိုင်ကြောင်း ပိုင်းခြားသိခြင်း။

  • အသင်းသားများကို နေရာချခြင်း။

အသင်းတော်ဧရိယာများတွင် အောက်ပါမှတ်တမ်းအမျိုးအစားများကို ထိန်းသိမ်းထားပါသည်။

  • အသင်းသားပါဝင်မှု အစီရင်ခံစာများ (ရှု ၃၃၊ ၅)

  • အသင်းသားမှတ်တမ်းများ (ရှု ၃၃၊၆)

  • သမိုင်းမှတ်တမ်းများ (ရှု ၃၃၊ ၇)

  • ငွေကြေးမှတ်တမ်းများ ( ရှု အခန်း ၃၄)

၃၃၊ ၂

စာရေးများအတွက် အထွေထွေလမ်းညွှန်ချက်များ

သူတို့၌ လက်ရှိသက်တမ်းရှိဗိမာန်တော်ထောက်ခံချက်တစ်ခု ရှိရမည်။

စာရေးများသည် အသင်းတော်ရန်ပုံငွေများကို ကာကွယ်ရန်နှင့် အသင်းတော်မှတ်တမ်းများ မှန်ကန်ကြောင်း သေချာစေရန် လက်ရှိမူဝါဒများကို လိုက်နာရမည်။ စာရေးများသည် မလျော်ကန်မှုမှန်သမျှကို ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်တို့အား ချက်ချင်းအသိပေးရမည်။ မလျော်ကန်မှုများကို ဖြေရှင်းရာ၌ အခက်အခဲများ ဖြစ်လာလျှင်၊ စာ‌ရေးများသည် အသင်းတော်ဌာနချုပ်ရှိ လျှို့ဝှက်မှတ်တမ်းရုံးနှင့် ဆက်သွယ်ရမည်။

ဖုန်းနံပါတ် ၁-၈၀၁-၂၄၀-၂၀၅၃ သို့မဟုတ် ၁-၈၀၀-၄၅၃-၃၈၆၀၊ လိုင်းခွဲ ၂-၂၀၅၃

အဝေးပြောအခမဲ့ (ဂျီအက်စ်ဒီ ဖုန်း) ၈၅၅-၅၃၇-၄၃၅၇

အီးမေးလ်၊ ConfidentialRecords@ChurchofJesusChrist.org

စာရေးများ၏အမှုတော်ဆောင်ကာလသည် သူတို့၏တာဝန်များကို သင်ယူဖို့နှင့် သူတို့အလုပ်၌ အဆက်မပြတ်ရှိခြင်းကို ထိန်းသိမ်းရန် လုံလောက်ရမည်။ သူတို့သည် ပန္နက်ဥက္ကဋ္ဌအဖွဲ့သို့မဟုတ် သင်းအုပ်နှင့်အတိုင်ပင်ခံ အဖွဲ့ အဖွဲ့ဝင်များမဟုတ်သဖြင့် ပန္နက်ဥက္ကဋ္ဌအဖွဲ့သို့မဟုတ် သင်းအုပ်နှင့်အတိုင်ပင်ခံ အဖွဲ့တစ်ဖွဲ့ ပြန်လည်ဖွဲ့စည်းသောအခါ သူတို့ကိုဖြေလွှတ်ရန်မလိုပါ။

၃၃၊ ၄

အသင်းတော်စု မှတ်တမ်းများနှင့် အစီရင်ခံစာများ

၃၃၊ ၄၊ ၁

သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့

သင်းအုပ်သည် အသင်းတော်စုမှတ်တမ်းထိန်းသိမ်းခြင်းကို ကြီးကြပ်ပါသည်။

၃၃၊ ၄၊ ၂

အသင်းတော်စု စာရေး

အသင်းတော်စုတိုင်း၌ အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်သော စာရေးတစ်ဦး လိုအပ်ပါသည်။ သူသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၏ထောက်ခံမှုကို ခံရမည်၊ ပန္နက်ဥက္ကဋ္ဌအဖွဲ့ သို့မဟုတ် ခန့်အပ်ထားသည့် အတိုင်ပင်ခံမင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးအားဖြင့် ခွဲခန့်ထားခံရမည်။ သူသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ကိုင်ဆောင်ထားပြီး လက်ရှိသက်တမ်းရှိဗိမာန်တော်ထောက်ခံချက်တစ်ခုရှိရမည်။ သူသည် အသင်းတော်စုကောင်စီဝင်တစ်ဦးဖြစ်ရမည်။ သူသည် ၂၉၊ ၂ တွင်ဖော်ပြထားသည့်အတိုင်း အသင်းတော်စု အစည်းအဝေးများကို တက်ရမည်။

အသင်းတော်စုစာရေးသည် သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့၊ ပန္နက်စာရေးတို့အားဖြင့် ညွှန်ကြားခံရမည်။ ကူညီရန် အသင်းတော်စုအကူစာရေးများကိုလည်း ခေါ်သွင်းနိုင်ပါသည်။

၃၃၊ ၄၊ ၂၊ ၁

မှတ်တမ်းထိန်းသိမ်းခြင်းတာဝန်များ

အသင်းတော်စုစာရေး၊ သို့မဟုတ် ခန့်အပ်ထားသည့် အကူစာရေးတစ်ဦးတွင် အောက်ပါတာဝန်များ ရှိပါသည်။

  • တာဝန်ပေးခြင်းများနှင့် အသင်းတော်စု ခေါင်းဆောင်မှုအစည်းအဝေးများ၌ ပြုလုပ်သည့် ဆုံးဖြတ်ချက်များ၏ မှတ်တမ်းများကို ထိန်းသိမ်းရန်။

  • မှတ်တမ်းများနှင့် အစီရင်ခံစာများ တိကျရန်နှင့် အချိန်မီဖို့ သေချာစေရန်။

အသင်းတော်စု စာရေးသည် အသင်းတော်မှတ်တမ်းထိန်းသိမ်းခြင်း ကိရိယာများနှင့် အကျွမ်းဝင်လာသင့်ပါသည်(ရှု ၃၃၊ ၀)။ သူသည် အောက်ပါတို့ကို ခေါင်းဆောင်များ ပိုင်းခြားသတ်မှတ်ရန် ဤကိရိယာများကို အသုံးပြုပါသည်။

  • အသင်းသားများနှင့် အဖွဲ့အစည်းတို့၏ လိုအပ်ချက်များ။

  • ငွေကြေးအပါအဝင် ရင်းမြစ်များ ရရှိနိုင်မှု။

အသင်းတော်စု စာရေးများသည် အသင်းသားများအား သူတို့၏အသင်းသားအချက်အလက်၌ အမှားအယွင်းများရှိပါက သတင်းပို့ရန် တိုက်တွန်းပါသည်။

အခြားမှတ်တမ်းတင်ခြင်းတာဝန်များတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်၊

  • ဘိသိက်မင်္ဂလာများကို သင့်လျော်စွာနှင့် အချက်ချင်း မှတ်တမ်းတင်ဖို့ သေချာစေရပါမည်။

  • အသင်းတော်စု ညီလာခံအတွက် အရာရှိထောက်ခံပုံစံ ကို ပြင်ဆင်ခြင်း

  • အသင်းတော်စုအသင်းသားတိုင်ပင်ဆွေးနွေးခြင်းများအတွက် အချက်အလက် မှတ်တမ်းတင်ခြင်း။

  • ငွေကြေးမှတ်တမ်းများကို ထိန်းသိမ်းခြင်း ( ရှု ၃၄၊ ၂၊ ၂)။

၃၃၊ ၅

အသင်းသားပါဝင်မှု အစီရင်ခံစာများ

အသင်းသားပါဝင်မှု အစီရင်ခံစာများသည် ခေါင်းဆောင်တို့အား အသင်းသားတို့၏ တိုးတက်မှုများနှင့် လိုအပ်ချက်များကို အာရုံစိုက်ရာ၌ ကူညီပါသည်။

၃၃၊ ၅၊ ၁

အစီရင်ခံစာ အမျိုးအစားများ

၃၃၊ ၅၊ ၁၊၁

တက်ရောက်မှုအစီရင်ခံစာများ

ပွဲတော်အစည်းအဝေးများ၊ တနင်္ဂနွေယဇ်ပုရောဟိတ်နှင့် အဖွဲ့အစည်းအစည်းအဝေးများ၌ တက်ရောက်မှုကို အယ်လ်စီအာ သို့မဟုတ် အသင်းသားကိရိယာများကို အသုံးပြု၍ အီလက်ထရောစ်နစ်အားဖြင့် မှတ်တမ်းတင်ထားပါသည်။

ပွဲတော်အစည်းအဝေးများ ပွဲတော်အစည်းအဝေးတက်ရောက်မှုကို အသင်းတော်စုစာရေး သို့မဟုတ် အသင်းတော်စုအကူစာရေးက သတင်းပတ်တိုင်းမှတ်တမ်းတင်ထားပါသည်။ ရေတွက်ခြင်းမှာ ဧည့်သည်များအပါအဝင်၊ အစည်းအဝေးကို လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းဖြင့် တက်သည့် အရေအတွက်ဖြစ်ပါသည်။

တနင်္ဂနွေ အဖွဲ့နှင့် အဖွဲ့အစည်းအစည်းအဝေးများ။ တက်ရောက်မှုကို အဖွဲ့နှင့် အဖွဲ့အစည်း အတွင်းရေးမှူးများ၊ အကြံပေးများက သတင်းပတ်တိုင်း မှတ်တမ်းတင်ထားပါသည်။ တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၌ လူငယ်ခေါင်းဆောင်များကလည်း ကူညီနိုင်ပါသည်။ ရေတွက်ခြင်းမှာ ဧည့်သည်များအပါအဝင်၊ အစည်းအဝေးကို လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းဖြင့် တက်သည့် အရေအတွက်ဖြစ်ပါသည်။ မူလတိုင်း၌ သို့မဟုတ် အသင်းတော်စုအတွင်း၌ လူငယ်ခေါင်းဆောင်များအဖြစ် အမှုဆောင်နေသော အသင်းသားများသည်လည်း တက်ရောက်ခြင်း၌ ပါဝင်ပါသည်။

အသင်းတော်စု စာရေးသည် မည်သည့်အဖွဲ့အစည်းအတွက်ဖြစ်ဖြစ် တက်ရောက်မှုကို မှတ်တမ်းတင်ပါသည်။

၃၃၊ ၅၊ ၁၊ ၂

အမှုတော်ဆောင်ခြင်း လူတွေ့မေးမြန်းခြင်း အစီရင်ခံစာများ

ရှု ၂၁၊ ၃

၃၃၊ ၅၊ ၁၊ ၃

သုံးလပတ်အစီရင်ခံစာ

မှတ်တမ်းတစ်ခုထဲရှိ နံပါတ်တိုင်းသည် ထူးခြားသည့် လိုအပ်ခြင်းများရှိသည့် တကယ့်လူတစ်ဦးကို ကိုယ်စားပြုပါသည် ( ရှု ဟေလမန် ၁၅း၁၃)။

သုံးလပတ်အစီရင်ခံစာ တွင် ခေါင်းဆောင်များ သူတို့၏ အမှုတော်ဆောင်ခြင်း အားထုတ်မှုများနှင့် ပတ်သက်သည့် လမ်းပြလှုံ့ဆော်မှုကို ရှာစဉ်တွင် ပံ့ပိုးပေးနိုင်သည့် အသုံးဝင်သော အချက်အလက်ပါဝင်ပါသည်။

ပန္နက်နှင့် အသင်းတော်စုခေါင်းဆောင်များသည် တစ်ဦးချင်း၏တိုးတက်မှုကို ပုံမှန် သုံးသပ်ရန် သုံးလပတ်အစီရင်ခံစာကို ရည်ညွှန်းကြပါသည်။

အသင်းတော်စုတိုင်းသည် သုံးလပတ်အစီရင်ခံစာကို အသင်းတော်ဌာနချုပ်များသို့ ဖြည့်၍ တင်ပို့ကြပါသည်။ စာရေးသည် အစီရင်ခံစာကို သင်းအုပ်နှင့် အတူ သုံးသပ်၍ သုံးလပတ်တစ်ခုပြီးနောက် လ၏ ၁၅ ရက်မတိုင်မီ တင်ပို့ကြပါသည်။

၃၃၊ ၅၊ ၂

အသင်းသားစာရင်း

အသင်းတော်မှတ်တမ်းတင်ကိရိယာများသည် ခေါင်းဆောင်များအား အသင်းသားစာရင်းသို့ ဝင်ရောက်ခြင်းကို ပံ့ပိုးပေးပါသည်။ ဤစာရင်းများသည် ခေါင်းဆောင်တို့အား အောက်ပါတို့ကို ခွဲခြားသတ်မှတ်ရန် ကူညီနိုင်ပါသည်၊

  • အကျုံးဝင်သည့် ဘိသိက်မင်္ဂလာများကို မရရှိသေးသည့် အသင်းသားများ။

  • သာသနာပြုအမှုတော်ဆောင်ရန် အကျုံးဝင်သည့် လူငယ်အမျိုးသားများနှင့် အမျိုးသမီးများ။

  • လက်ရှိသက်တမ်းရှိ ဗိမာန်တော်ထောက်ခံချက်မရှိသည့် လူငယ်များ။

  • သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့နှင့် တွေ့ဖို့ အချိန်စာရင်းဆွဲရန် လိုအပ်သည့် လူငယ်များ။

အဖွဲ့နှင့် အဖွဲ့အစည်းခေါင်းဆောင်များသည် မိမိတို့ အဖွဲ့သို့မဟုတ် အဖွဲ့အစည်းနှင့်ဆိုင်သူတို့၏ စာရင်းသို့ ဝင်ရောက်ခြင်းရှိရမည်။

၃၃၊ ၆

အသင်းသားမှတ်တမ်းများ

အသင်းသားမှတ်တမ်းများတွင်၊ အသင်းသားတို့၏အမည်များ၊ အဆက်အသွယ်အချက်အလက်၊ ဘိသိက်မင်္ဂလာအသေးစိတ်နှင့် အခြား အရေးကြီးသတင်းအချက်အလက်တို့ပါဝင်သည်။

အသင်းသားမှတ်တမ်းများကို အသင်းသားနေထိုင်ရာ အသင်းတော်စုတွင် သိမ်းထားရမည်။ ခြွင်းချက်များ၊ ဖြစ်ခဲသည့်အရာများ၊ သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌတို့၏ ခွင့်ပြုချက်လိုအပ်ပါသည်။ ခြွင်းချက်တောင်းဆိုရာတွင်၊ ပန္နက်ဥက္ကဋ္ဌသည် ပထမဥက္ကဋ္ဌအဖွဲ့ရုံးသို့ တောင်းဆိုမှုကို တင်သွန်းရန် အယ်လ်စီအာကို အသုံးပြုပါသည်။

အောက်ပါတို့ကို ချက်ချင်းပြုလုပ်ရန် အရေးကြီးပါသည်၊

  • ဘိသိက်မင်္ဂလာအချက်အလက်ကို မှတ်တမ်းတင်ခြင်း။

  • အသင်းတော်စုထဲသို့ ဝင်လာသော သို့မဟုတ် အသင်းတော်စုမှ ထွက်သွားသော အသင်းသားတို့၏ မှတ်တမ်းများကို ပြောင်းရွှေ့ပါ။

  • အသင်းသားအသစ်များနှင့် အသင်းသားမိဘတို့၏ သားသမီးအသစ်များအတွက် မှတ်တမ်းများ ဖန်တီးပါ။

  • အသင်းသားတစ်ဦး၏သေဆုံးခြင်းကို မှတ်တမ်းတင်ပါ။

  • လက်ထပ်ခြင်းနှင့် အိမ်ထောင်စုအချက်အလက်ကို မှတ်တမ်းတင်ပါ။

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းသားတစ်ဦး အောက်ပါတို့ကို မရရှိမီ အသင်းသားမှတ်တမ်းမှာ သင့်လျော်သော အသင်းတော်စု၌ ရှိစေဖို့သေချာစေပါသည်။

  • အသင်းတော်အမှုတော်ဆောင်တာဝန်တစ်ခု။

  • ဗိမာန်တော်ထောက်ခံချက်တစ်ခု။

  • မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် သို့မဟုတ် ထိုယဇ်ပုရောဟိတ်အခွင့်၌ အမှုအရာတစ်ခုသို့ ခန့်အပ်ထားခြင်း။

မှတ်တမ်းတွင် အောက်ပါတို့မှ မည်သည့်အရာမျှ မပါဝင်စေရန်လည်း သေချာစေရမည်။

  • မှတ်ချက်တစ်ခု

  • တံဆိပ်ခတ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတစ်ခုအကြောင်း မှတ်ချက်တစ်ခု

  • သမားရိုးကျအသင်းသားကန့်သတ်ချက်များ

မည်သည့်အခြေအနေတွင်မျှ အသင်းသားမှတ်တမ်းများကို သင်းအုပ် သို့မဟုတ် စာရေးတစ်ဦးမှလွဲ၍ အခြားမည်သူ့ကိုမျှ မပေးရ သို့မဟုတ် မပြရပါ။

အသင်းသားများသည် သူတို့ကိုယ်တိုင်အတွက်နှင့် အိမ်၌နေသည့် မှီခိုသော ကလေးများအတွက် အသင်းသားအချက်အလက်ကို အသင်းသားကိရိယာများအက် တွင်ကြည့်နိုင်ပါသည်။ သူတို့သည် မိမိတို့တစ်ဦးချင်း၏ဘိသိက်မင်္ဂလာ အနှစ်ချုပ်များကိုလည်း စာရေးထံမှ တောင်းဆိုနိုင်ပါသည်။ အမှားများတွေ့ရလျှင်၊ စာရေးသည် အသင်းသားမှတ်တမ်းများ၌ ပြင်ထားစေကြောင်း သေချာစေရပါမည်။

၃၃၊ ၆၊ ၁

အသင်းတော်မှတ်တမ်းများ၌ အသုံးပြုသည့် အမည်များ

လူတစ်ဦး၏ တရားဝင်အမည်အပြည့်အစုံကို၊ ဒေသန္တရဥပဒေ သို့မဟုတ် ထုံးစံသတ်မှတ်ထားသည့်အတိုင်း အသင်းသားမှတ်တမ်းများနှင့် ဘိသိက်မင်္ဂလာလက်မှတ်များ၌ အသုံးပြုရမည်။

၃၃၊ ၆၊ ၂

မှတ်တမ်းဝင်အသင်းသားများ

အောက်ပါ ပုဂ္ဂိုလ်များသည် မှတ်တမ်းဝင် အသင်းသားများဖြစ်ပါသည်။

  • ဗတ္တိဇံခံပြီး၍ အတည်ပြုခံထားပြီးသောသူများ

  • အသက် ၉ နှစ်အောက် ကောင်းချီးခံပြီး၍၊ ဗတ္တိဇံမခံရသေးသောသူများ။

  • အသက်မည်မျှရှိသော်လည်း အသိဉာဏ်ချွတ်ယွင်းမှုများကြောင့် တာဝန်မယူနိုင်သောသူများ

  • အောက်ပါအချက်များနှင့်ညီလျက် ကောင်းချီးမပေးရသေးသည့် အသက် ၉ နှစ်အောက်ကလေးများ၊

    • အနည်းဆုံး မိဘတစ်ဦး သို့မဟုတ် အဘိုးအဘွားတစ်ဦးသည် အသင်းတော်အသင်းသား တစ်ဦးဖြစ်သည်။

    • မှတ်တမ်းတစ်ခု ပြုလုပ်ဖို့ မိဘနှစ်ဦးစလုံးက ခွင့်ပြုချက်ပေးသည်။ ( မိဘတစ်ဦးသာ ကလေးကို တရားဝင်အုပ်ထိန်းမှုရှိလျှင်၊ ထိုမိဘ၏ခွင့်ပြုချက်သည် လုံလောက်ပါသည်။)

အသက် ၉ နှစ်ကျော်၍ အသင်းသားမှတ်တမ်းရှိသော်လည်း ဗတ္တိဇံမခံရ၊ အတည်ပြုမခံရသေးသည့်သူတစ်ဦးသည် မှတ်တမ်းဝင်အသင်းသားမဟုတ်ပါ။ သို့သော်လည်း၊ ထိုအသင်းသားနေထိုင်သည့် အသင်းတော်စုသည် ထိုအသင်းသား အသက်၁၈ နှစ်ရောက်သည်အထိ အသင်းသားမှတ်တမ်းကို သိမ်းထားပါသည်။ ထိုအချိန်၌၊ ထိုသူသည် ဗတ္တိဇံမခံဖို့ ရွေးချယ်လျှင်၊ သင်းအုပ်သည် အသင်းသားမှတ်တမ်းကို ပယ်ဖျက်ပါသည်။ ပန္နက်ဥက္ကဠ ၏ခွင့်ပြုချက်လည်းလိုအပ်ပါသည်။

လူတစ်ဦး သို့မဟုတ် မိဘတစ်ဦးအပါအဝင်၊ တရားဝင်အုပ်ထိန်းသူက တောင်းဆိုမထားလျှင်၊ အသိဉာဏ်ချွတ်ယွင်းမှုကြောင့် ဗတ္တိဇံမခံရသေးသည့် သူတို့၏ မှတ်တမ်းများကို မပယ်ဖျက်ပါ။

၃၃၊ ၆၊ ၃

အသင်းတော်စုအသင်းသားအသစ်တို့၏ မှတ်တမ်းများ

အသင်းတော်စု စာရေး သို့မဟုတ် အကူစာရေးသည် အသင်းတော်စုအသင်းသားအသစ်တို့ကို တစ်ဦးချင်း ဘိသိက်မင်္ဂလာတိကျမှုကို သုံးသပ်ရန် သူတို့၏အသင်းသားမှတ်တမ်းများ ရောက်ပြီးမကြာမီတွင် ဆက်သွယ်ပါသည်။

၃၃၊ ၆၊ ၆

မိမိတို့နေရာအသင်းတော်စု အပြင်ဘက်၌ အမှုတော်ဆောင်နေသည့် အသင်းသားတို့၏မှတ်တမ်းများ

၃၃၊ ၆၊ ၆၊ ၂

အချိန်ပြည့်သာသနာပြုတို့၏ မှတ်တမ်းများ

ရှု ၂၄၊ ၆၊ ၂၊ ၈

၃၃၊ ၆၊ ၁၃

အိမ်ထောင်ကွဲ မိဘတို့၏သားသမီးတို့၏မှတ်တမ်းများ

အသင်းသားမှတ်တမ်းအားလုံးသည် ဒေသန္တရဥပဒေ သို့မဟုတ် ထုံးစံဖြင့် သတ်မှတ်ထားသည့် အတိုင်း လူတစ်ဦး၏ တရားဝင်အမည်ကို အသုံးပြုပါသည်။ ဤအရာတွင် အိမ်ထောင်ကွဲသည့် မိဘတို့၏ သားသမီးများ ပါဝင်ပါသည်။

အိမ်ထောင်ကွဲမိဘတို့၏သားသမီးများသည် မိဘနှစ်ဦးစလုံး၏ အသင်းတော်စု အစည်းအဝေးများ၌ တက်ရောက်ကြပါသည်။ နေရာတစ်ခုကသာ ကလေးတစ်ဦး၏ တရားဝင် အသင်းသားမှတ်တမ်းကို ထိန်းသိမ်းနိုင်သော်လည်း နေရာတစ်ခု အပြင်ဘက်မှ သူ သို့မဟုတ် သူမ တက်ရောက်သည့် အခြား အသင်းတော်စုက အသင်းသားမှတ်တမ်းကို ပြုလုပ်နိုင်ပါသည်။ ဤအရာက ကလေး၏ အမည်နှင့် အဆက်အသွယ် အချက်အလက်ကို အသင်းတော်စုစာရင်းများနှင့် အတန်းအမည်စာရင်းတွင် ပါဝင်ဖို့ အခွင့်ပေးပါသည်။

ဧရိယာအပြင်ဘက် မှတ်တမ်းရှိသော ကလေးများသည် ထိုဧရိယာ၌ အမှုတော်ဆောင်တာဝန်တစ်ခုကို ရရှိနိုင်ပါသည်။

၃၃၊ ၆၊ ၁၅

အသင်းသားမှတ်တမ်းများ၌ ကန့်သတ်ချက်များ ရွှေ့ပြောင်းခြင်း

အသင်းသားတစ်ဦးသည် သမားရိုးကျ အသင်းသားကန့်သတ်ချက်များ သို့မဟုတ် တခြားပြင်းထန်သော အလေးထားစရာကိစ္စတစ်ခု ဆိုင်းငံ့နေလျှင်၊ သင်းအုပ် သို့မဟုတ် အခွင့်အာဏာရှိ စာရေးသည် အသင်းသားမှတ်တမ်းရှိ ကန့်သတ်ချက်ကို ရွှေ့ပြောင်းနိုင်ပါသည်။ သူသည် ဤအရာကို လုပ်ဆောင်ရန် အယ်လ်စီအာကို အသုံးပြုပါသည်။

ရွှေ့ပြောင်း ကန့်သတ်ချက်ပါရှိသည့် မှတ်တမ်းတစ်ခုသည် ကန့်သတ်ချက်ကို ထားသည့် ယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်က ဖယ်ရှားရန် အခွင့်မပေးမချင်း ဧရိယာသစ်တစ်ခုသို့ ရွှေ့ပြောင်းမခံရပါ။

၃၃၊ ၆၊ ၁၆

“လိပ်စာမသိ” ဖိုင်မှ မှတ်တမ်းများ

အသင်းသားတစ်ဦးသည် တစ်ခါတစ်ရံတွင်၊ သူ သို့မဟုတ် သူမ၏ မှတ်တမ်း အသင်းတော် ဌာနချုပ်ရှိ “လိပ်စာမသိဖိုင်” တွင်ရှိနေခဲ့ပြီးမှ နေရာချခံရတတ်ပါသည်။ ဤအခြေအနေတွင်၊ အသင်းတော်စု စာရေးသည် အယ်လ်စီအာကိုသုံး၍ မှတ်တမ်းကို တောင်းဆိုပါသည်။

၃၃၊ ၆၊ ၁၇

ဘိသိက်မင်္ဂလာအချက်အလက်မှတ်တမ်းတင်ခြင်းနှင့် ပြင်ဆင်ခြင်း

ရှု အခန်း ၁၈

၃၃၊ ၆၊ ၁၉

အသင်းသားမှတ်တမ်း စာရင်းစစ်ခြင်းများ

နှစ်တိုင်းတွင် ပန္နက်စာရေး သို့မဟုတ် ပန္နက်အကူစာရေးတစ်ဦးသည် အသင်းတော်စုတိုင်း၌အယ်လ်စီအာ ကိုသုံး၍ အသင်းသားမှတ်တမ်း စာရင်းစစ်ခြင်း တစ်ခု လုပ်ဆောင်ကြောင်း သေချာစေပါသည်။ စာရင်းစစ်ခြင်းကို နှစ်တိုင်း ဇွန်လ ၃၀ ရက်နေ့တွင် ပြီးရပါမည်။

၃၃၊ ၇

သမိုင်းဝင်မှတ်တမ်းများ

၃၃၊ ၇၊ ၁

အသင်းတော်စုနှင့် ပန္နက်သမိုင်းများ

ကိုယ်တော်ရှင်သည် သူ၏အသင်းတော်နှင့် ပတ်သက်သည့် “အရေးကြီးသော သမိုင်းကိစ္စအားလုံး”ကို ရေးသားထားပြီး သိမ်းထားရမည့်( ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆၉း၃၊ လည်းရှု အခန်းငယ် ၅အယ်လမာ ၃၇း၂) အကြောင်း ပညတ်ခဲ့ပါသည်။

အသင်းတော်၌ ဌာနတိုင်းသည် ဌာနနှင့် ပတ်သက်သည့် အရေးကြီးသော ကိစ္စအားလုံးကို မှတ်တမ်းထားရမည်။

သမိုင်းတစ်ခုကို ထိန်းသိမ်းခြင်းသည် ထိုသမိုင်းကို ရေးသည့်၊ ဖတ်သည့်သူတို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးလိမ့်မည်။

ပန္နက်စာရေး သို့မဟုတ် ပန္နက်အကူစာရေးသည် ပန္နက် သမိုင်းကို ပြင်ဆင်ပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အသင်းတော်စုအတွက် အလားတူနည်းလမ်းကို လုပ်ဆောင်ပါသည်။ ညွှန်ကြားချက်များကို ပန္နက်၊ ခရိုင်နှင့် သာသနာနှစ်ပတ်လည်သမိုင်းများ၌ ရရှိနိုင်ပါသည်။ ChurchofJesusChrist.org.

၃၃၊ ၈

မှတ်တမ်းများ လျှို့ဝှက်မှု

အသင်းတော်၏ မှတ်တမ်းများကို စာရွက်ပေါ်၌ ရှိသည်ဖြစ်စေ၊ ဒီဂျစ်တယ်၌ ရှိသည်ဖြစ်စေ လျှို့ဝှက်ထားပါသည်။ ဤအရာတို့တွင် အောက်ပါတို့ ပါဝင်ပါသည်၊

  • အသင်းသားမှတ်တမ်းများ။

  • ငွေကြေးမှတ်တမ်းများ။

  • အစည်းအဝေးများမှ မှတ်စုများ။

  • တရားဝင်ပုံစံများနှင့် စာရွက်စာတမ်းများ ( အသင်းသားကောင်စီမှတ်တမ်းများအပါအဝင်)

ခေါင်းဆောင်များသည် အသင်းသားများထံမှ စုဆောင်းရရှိသည့် အချက်အလက်တွင် အောက်ပါတို့ ပါဝင်ကြောင်း သေချာစေရမည်၊

  • အသင်းတော်လိုအပ်သည့်အရာများကို ကန့်သတ်ထားခြင်း။

  • အသင်းတော်အတည်ပြု ရည်ရွယ်ချက်များအတွက်သာ အသုံးပြုခြင်း။

  • အသုံးပြုရန် အခွင့်ပေးခံရသည့်သူများသို့သာ ပေးခြင်း။

အီလက်ထရောနစ်အားဖြင့် သိမ်းထားသည့် အချက်အလက်ကို လုံခြုံစွာထားပြီး သင့်လျော်စွာ ကာကွယ်ထားရမည် (ရှု ၃၃၊ ၉၊ ၁)။

၃၃၊ ၉

မှတ်တမ်းများစီမံခန့်ခွဲမှု

၃၃၊ ၉၊ ၁

ကာကွယ်မှု

အသင်းတော်မှတ်တမ်းများအားလုံး၊ အစီရင်ခံချက်များနှင့် အချက်အလက်များကို အခွင့်မဲ့ဝင်ရောက်မှု၊ ပြောင်းလဲမှု၊ ဖျက်စီးမှု သို့မဟုတ် ဖော်ပြခြင်းများမှ ကာကွယ်ရမည်။ ဤအချက်အလက်ကို လုံခြုံသောနေရာတစ်ခု၌ သိမ်းထားရမည်။

အသင်းတော်ပိုင် ကိရိယာများ သို့မဟုတ် သိုလှောင်မီဒီယာများ ပျောက်ဆုံး သို့မဟုတ် အခိုးခံရပါက အောက်ပါနေရာတွင် ချက်ချင်းသတင်းပို့ရမည် incidents.ChurchofJesusChrist.org. အသင်းတော်အချက်အလက်ကို အလွဲသုံးစားပြုလုပ်မှုကိုလည်း သတင်းပို့ရမည်။

၃၃၊ ၉၊ ၁၊ ၁

အသုံးပြုသူအမည်များနှင့် လျှို့ဝှက်စကားလုံးများ

ပန္နက်ဥက္ကဋ္ဌများ၊ သင်းအုပ်များ၊ နှင့် အခြားခေါင်းဆောင်များသည် သူတို့၏ အသင်းတော် အသုံးပြုသူအမည်နှင့် လျှို့ဝှက်စကားလုံးများကို တိုင်ပင်ဖက်များ၊ စာရေးများ၊ အမှုဆောင်အတွင်းရေးမှူးများ၊ သို့မဟုတ် အခြားသူများနှင့် ဘယ်တော့မျှမဝေငှရပါ။

၃၃၊ ၉၊ ၁၊ ၃

အချက်အလက်အတွင်းရေး

နိုင်ငံများစွာသည် ကိုယ်ရေးအချက်အလက်များ လုပ်ဆောင်ခြင်းကို ထိန်းသိမ်းသည့် အချက်အလက်ကာကွယ်ရေးဥပဒေများကို ပြဋ္ဌာန်းထားပါသည်။ ဤအရာတွင် တစ်ဦးချင်းစီတိုင်းကို ပိုင်းခြားသတ်မှတ်သည့် အသင်းသားမှတ်တမ်းများနှင့် အသင်းတော်အခြားမှတ်တမ်းများ ပါဝင်ပါသည်။ အသင်းတော်မှတ်တမ်းများ ၏ ဒေသန္တရစီမံခန့်ခွဲမှု အချက်အလက်ကာကွယ်ရေးဥပဒေများကျင့်သုံးခြင်းနှင့် ပတ်သက်၍ မေးစရာရှိသောသူများသည် အသင်းတော်အချက်အလက်အတွင်းရေး ရုံးသို့ အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။ DataPrivacyOfficer@ChurchofJesusChrist.org.