“၃၂။ နောင်တရခြင်းနှင့် အသင်းတော်အသင်းသား တိုင်ပင်ဆွေးနွေးခြင်းများ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၃၂။ နောင်တရခြင်းနှင့် အသင်းတော်အသင်းသား တိုင်ပင်ဆွေးနွေးခြင်းများ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၃၂။
နောင်တရခြင်းနှင့် အသင်းတော်အသင်းသား တိုင်ပင်ဆွေးနွေးခြင်းများ
၃၂၊ ၀
နိဒါန်း
နောင်တရခြင်းအများစုမှာ ပုဂ္ဂိုလ်တစ်ဦးနှင့် ဘုရားသခင်၊ လူတစ်ဦး၏ အပြစ်ကြောင့် ထိခိုက်ခဲ့သူများကြားတွင် ဖြစ်ပျက်ပါသည်။ သို့ရာတွင်၊ တစ်ခါတစ်ရံ၌ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတစ်ဦးသည် အသင်းသားများကို သူတို့နောင်တရဖို့ အားထုတ်မှုများ၌ ကူညီရန် လိုအပ်ပါသည်။
အသင်းသားများကို နောင်တရခြင်းနှင့် ပတ်သက်၍ ကူညီသည့်အခါ၊ သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌတို့သည် ချစ်ခြင်းရှိပြီး၊ ဂရုစိုက်ကြပါသည်။ သူတို့သည် တစ်ဦးချင်းတို့ကို မြှင့်တင်၍ အပြစ်ကို ကျောခိုင်းရန်နှင့် ဘုရားသခင်ဆီသို့ လှည့်ရန် ကူညီသူ ကယ်တင်ရှင်၏ ပုံသက်သေနောက်ကို လိုက်လျှောက်ကြပါသည် (ရှု ရှင်မဿဲ ၉း၁၀-၁၃၊ ရှင်ယောဟန် ၈း၃-၁၁)။
၃၂၊ ၁
နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်း
ကိုယ်တော်၏ကရုဏာအစီအစဉ်ဖြစ်မြောက်ရန်၊ ကောင်းကင်ဘုံရှင်အဘသည်၊ ကိုယ်တော်၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်တော်ကို ကျွန်ုပ်တို့၏အပြစ်များအတွက် အပြစ်ဖြေရန် စေလွှတ်ခဲ့ပါသည် (ရှု အယ်လမာ ၄၂း၁၉)။ ကျွန်ုပ်တို့၏ အပြစ်များအတွက် တရားမျှတခြင်းပညတ်၌ လိုအပ်သည့် ပြစ်ဒဏ်ကို ယေရှုခံစားခဲ့ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၉း၁၅-၁၉၊ လည်းရှု အယ်လမာ ၄၂း၂၄-၂၅)။ ဤစွန့်လွှတ်ခြင်းအားဖြင့်၊ ခမည်းတော်နှင့် သားတော်နှစ်ဦးစလုံးသည် ကျွန်ုပ်တို့အတွက် သူတို့၏ အတိုင်းမသိသောချစ်ခြင်းကို ပြခဲ့ပါသည်( ရှု ရှင်ယောဟန် ၃း၁၆)။
ကျွန်ုပ်တို့သည် “နောင်တရခြင်းအလို့ငှာ၊” ယုံကြည်ခြင်းကို ကျင့်သုံးသောအခါ၊ ကောင်းကင်ဘုံရှင်အဘက ကျွန်ုပ်တို့ကို ခွင့်လွှတ်ပါသည်၊ ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ကရုဏာကိုလည်း ပေးပါသည် (ရှု အယ်လမာ ၃၄း၁၅၊ လည်းရှု အယ်လမာ ၄၂း၁၃)။ ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်၍၊ ခွင့်လွှတ်ခံရသောအခါ၊ နောက်ဆုံးတွင် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံနိုင်ကြပါသည် ( ရှု ဟေရှာယ ၁း၁၈၊ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၈း၄၂)။
နောင်တရခြင်းသည် အပြုအမူပြောင်းလဲခြင်းထက်ပိုပါသည်။ အပြစ်ကိုကျောခိုင်း၍ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်ထံ လှည့်ခြင်းဖြစ်ပါသည်။ နှလုံးသားနှင့် စိတ်ပြောင်းလဲခြင်းဆီသို့ ဦးတည်ပါသည် (ရှု မောဇိယ ၅း၂၊ အယ်လမာ ၅း၁၂-၁၄၊ဟေလမန် ၁၅း၇)။ နောင်တရခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် လူသစ်များဖြစ်လာကြပါသည်၊ ဘုရားသခင်နှင့် မိဿဟာယပြုကြပါသည် (ရှု ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၅း၁၇-၁၈၊ မောဇိယ ၂၇း၂၅-၂၆)။
နောင်တရခြင်းအခွင့်အလမ်းသည် ကောင်းကင်ဘုံရှင်အဘ သူ့သားတော်၏ဆုကျေးဇူးအားဖြင့် ကျွန်ုပ်တို့ကို ပေးသည့် အကြီးမြတ်ဆုံးကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်ပါသည်။
၃၂၊ ၂
အသင်းတော်အသင်းသား ကန့်သတ်ချက်များ သို့မဟုတ် ရုပ်သိမ်းခြင်း၏ ရည်ရွယ်ချက်များ။
အသင်းသားတစ်ဦး ပြင်းထန်သောအပြစ်တစ်ခု ကျူးလွန်လျှင် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ထိုသူ သို့မဟုတ် သူမကို နောင်တရဖို့ ကူညီပါသည်။ ထိုလုပ်ငန်းစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ်၊ သူသည် အသင်းတော်အသင်းသားအထူးအခွင့်အရေး အချို့ကို အချိန်တစ်ခုအထိ ကန့်သတ်ရန် လိုအပ်နိုင်ပါသည်။ အချို့သောအခြေအနေများတွင်၊ သူသည် လူတစ်ဦး၏အသင်းသားဖြစ်ခြင်းကို အချိန်တစ်ခုအထိ ရုပ်သိမ်းနိုင်ပါသည်။
လူတစ်ဦး၏အသင်းသားဖြစ်ခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းသည် အပြစ်ပေးရန်ရည်ရွယ်ခြင်းမဟုတ်ပါ။ ထိုအစား၊ လူတစ်ဦးအား နောင်တရ၍ စိတ်နှလုံးပြောင်းလဲခြင်းကို တွေ့ကြုံရစေရန် ကူညီဖို့ တစ်ခါတစ်ရံတွင် ဤလုပ်ဆောင်မှုများ လိုအပ်ပါသည်။ လူတစ်ဦးအား သူသို့မဟုတ် သူမ၏ ပဋိညာဉ်များကို တစ်ဖန်ပြု၍စောင့်ထိန်းဖို့ ဝိညာဉ်ပကတိပြင်ဆင်ရန် အချိန်လည်းပေးပါသည်။
အသင်းသားကန့်သန့်ခြင်းများနှင့် ရုပ်သိမ်းခြင်းတို့၏ ရည်ရွယ်ချက် သုံးခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၃၂၊ ၂၊ ၁
အခြားသူများကို ကာကွယ်ဖို့ ကူညီရန်
ပထမဦးဆုံးရည်ရွယ်ချက်မှာ အခြားသူများကို ကာကွယ်ရန် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် လူတစ်ဦးသည် ဇာတိပကတိ သို့မဟုတ်ဝိညာဉ်ပကတိခြိမ်းခြောက်မှုကို ဖြစ်စေပါသည်။ ကြမ်းတမ်းသောအပြုအမူများ၊ ကိုယ်ထိခိုက်မှု၊ လိင်နှိပ်စက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လိမ်လည်မှုနှင့် ဖောက်ပြန်သင်းကွဲခြင်းတို့သည် ဤအရာအားဖြင့် ဖြစ်နိုင်သည့် နည်းအချို့ဖြစ်ပါသည်။ လမ်းပြလှုံ့ဆော်မှုအားဖြင့်၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတစ်ဦးသည် တစ်စုံတစ်ဦးက ဤအရာများနှင့် အခြားပြင်းထန်သောနည်းတို့ဖြင့် ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်ပေါ်စေသောအခါ အခြားသူများကို ကာကွယ်ရန် လုပ်ဆောင်ပါသည် (ရှု အယ်လမာ ၅း၅၉-၆၀)။
၃၂၊ ၂၊ ၂
လူတစ်ဦးအား နောင်တရခြင်းအားဖြင့် ယေရှုခရစ်တော်၏ရွေးနှုတ်ခြင်းတန်ခိုးသို့ရောက်ရှိဖို့ ကူညီရန်
ဒုတိယရည်ရွယ်ချက်မှာ လူတစ်ဦးအား နောင်တရခြင်းအားဖြင့် ယေရှုခရစ်တော်၏ရွေးနှုတ်ခြင်းတန်ခိုးသို့ရောက်ရှိဖို့ ကူညီရန်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်အားဖြင့်၊ သူသို့မဟုတ် သူမသည် တစ်ဖန် သန့်ရှင်းလာနိုင်ပြီး၊ ဘုရားသခင်၏ကောင်းချီးမင်္ဂလာအားလုံးကို လက်ခံရရှိဖို့ ထိုက်တန်လာနိုင်ပါသည်။
၃၂၊ ၂၊ ၃
အသင်းတော်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်
တတိယရည်ရွယ်ချက်မှာ အသင်းတော်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်ဖြစ်ပါသည်။ သူသို့မဟုတ် သူမ၏ အပြုအမူသည် အသင်းတော်ကို သိသိသာသာထိခိုက်လျှင်၊ ထိုလူတစ်ဦး၏ အသင်းတော်အသင်းသားဖြစ်ခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း လိုအပ်နိုင်ပါသည် (ရှု အယ်လမာ ၃၉း၁၁)။ အသင်းတော်၏ဂုဏ်သိက္ခာကို ပြင်းထန်သောအပြစ်များအား ဖုံးထားပေးခြင်း သို့မဟုတ် နည်းစေခြင်းအားဖြင့် မကာကွယ်ပါ—ဖော်ပြခြင်းဖြင့်သာ ကာကွယ်ပါသည်။
၃၂၊ ၃
ဣသရေလအမျိုး၌ တရားသူကြီးတို့၏ ကဏ္ဍ
သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌတို့သည် ဣသရေလအမျိုး၌ တရားသူကြီးများအဖြစ် ခေါ်သွင်း၍ ခွဲခန့်ထားခံရပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၇း၇၂-၇၄)။ သူတို့သည် အသင်းတော်အသင်းသားတို့အား နောင်တရဖို့ကူညီရာ၌ ကိုယ်တော်ရှင်ကို ကိုယ်စားပြုရန် ယဇ်ပုရောဟိတ်အခွင့် သော့များကို ကိုင်ဆောင်ကြပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃း၁၊ ၁၀၇း၁၆-၁၈)။
သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌတို့သည် ကိုယ်ရေးအကြံပေးခြင်းဖြင့် နောင်တရခြင်းနှင့်ပတ်သက်၍ ကူညီကြပါသည်။ ဤကူညီမှုများတွင်၊ အသင်းတော်အသင်းသားဖြစ်ခြင်းအထူးအခွင့်အရေးအချို့ကို အချိန်တစ်ခုအထိ ပုံမှန်မဟုတ်သောကန့်သတ်ခြင်း ပါဝင်နိုင်ပါသည်။
အချို့ပြင်းထန်သောအပြစ်များအတွက် ခေါင်းဆောင်များသည် နောင်တရခြင်းနှင့်ပတ်သက်၍ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို ကျင်းပခြင်းဖြင့် ကူညီနိုင်ပါသည်(ရှု ၃၂၊ ၆)။ ဤကူညီမှုများတွင်၊ အသင်းတော်အသင်းသားဖြစ်ခြင်းအထူးအခွင့်အရေးအချို့ကို ပုံမှန်ကန့်သတ်ခြင်း သို့မဟုတ် လူတစ်ဦး၏အသင်းသားဖြစ်ခြင်းအား အချိန်တစ်ခုအထိ ရုပ်သိမ်းခြင်းတို့ ပါဝင်နိုင်ပါသည်။
သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌတို့သည် အသင်းသားများကို နောင်တရရန် ကူညီသောအခါ ချစ်ခြင်းရှိပြီး၊ ဂရုစိုက်ကြပါသည်။ သူတစ်ပါး သားမယားပြစ်မှားမှုဖြင့်တွေ့ခဲ့ရသည့် အမျိုးသမီးတစ်ဦးနှင့် ကယ်တင်ရှင် အပြန်အလှန်စကားပြောခြင်းမှာ လမ်းညွှန်တစ်ခု ဖြစ်ပါသည် (ရှု ရှင်ယောဟန် ၈း၃-၁၁)။ ကိုယ်တော်သည် သူမ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီဟု မပြောခဲ့သော်လည်း သူမကို ပြစ်ဒဏ်မချမှတ်ခဲ့ပါ။ ထိုအစား၊ ကိုယ်တော်သည် သူမအား “နောက်ထပ်အပြစ်မပြုတော့နှင့်”ဟုပြောခဲ့ပါသည်—နောင်တရ၍၊ သူမ၏ဘဝကို ပြောင်းလဲရန်ဖြစ်ပါသည်။
“ဝမ်းမြောက်ခြင်းရှိသည်ထက်…. နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း” (ရှင်လုကာ ၁၅း၇)ရှိကြောင်း ဤခေါင်းဆောင်တို့က သွန်သင်ပါသည်။ သူတို့သည် သည်းခံကြ၊ ထောက်မကြပြီး အကောင်းမြင်စိတ်ရှိကြပါသည်။ မျှော်လင့်ခြင်းကို လမ်းပြလှုံ့ဆော်ကြပါသည်။ ကယ်တင်ရှင်၏အပြစ်ဖြေခြင်းယဇ်ကြောင့် အားလုံးနောင်တရနိုင်ကြောင်းနှင့် သန့်ရှင်းလာနိုင်ကြောင်းသွန်သင်၍ သက်သေခံကြပါသည်။
သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌများသည် လူတစ်ဦးချင်းကို နောင်တရဖို့ မည်သို့ကူညီရမည်ကို သိရန် ဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာကြပါသည်။ အပြင်းထန်ဆုံးအပြစ်များအတွက်သာ အသင်းတော်၏ခေါင်းဆောင်များမည်သို့အရေးယူရန် အသင်းတော်၌ စံနှုန်းများ သတ်မှတ်ထားပါသည် (ရှု ၃၂၊ ၆)။ မည်သည့်အခြေအနေနှစ်ခုကမျှမတူညီပါ။ ခေါင်းဆောင်များပေးသည့် အကြံနှင့် သူတို့ပံ့ပိုးသည့် နောင်တရခြင်းလုပ်ငန်းစဉ်သည် လမ်းပြလှုံ့ဆော်ခံရမည်ဖြစ်ပြီး၊ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါသည်။
၃၂၊ ၄
ဝန်ခံခြင်း၊ နှုတ်စောင့်ခြင်း၊ အစိုးရအာဏာပိုင်များထံ အစီရင်ခံခြင်း
၃၂၊ ၄၊ ၁
ဝန်ခံခြင်း
နောင်တရခြင်းတွင် အပြစ်များကို ကောင်းကင်ဘုံရှင်အဘဆီသို့ ဝန်ခံဖို့လိုအပ်ပါသည်။ ယေရှုခရစ်တော်က မိန့်တော်မူခဲ့ပါသည်၊ “ဤသို့အားဖြင့် သင်တို့သည် လူတစ်ဦး မိမိအပြစ်များမှ နောင်တရမရကို သိနိုင်ကြ၏—ရှုလော့၊ သူသည် ၎င်းတို့ကို ဝန်ခံပြီး၊ စွန့်ပစ်လိမ့်မည်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၅၈း၄၃၊ လည်းရှုမောဇိယ ၂၆း၂၉)။
အသင်းတော်အသင်းသားများ ပြင်းထန်သောအပြစ်များ ကျူးလွန်သောအခါ၊ သူတို့၏နောင်တရခြင်းသည်လည်း သူတို့၏ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌထံ ဝန်ခံခြင်းတို့ပါဝင်ပါသည်။ သို့မှသာ သူသည် နောင်တရခြင်းဧဝံဂေလိတရားတော် သော့များကို ကျင့်သုံးနိုင်ပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း၁၃း၁၊ ၈၄း၂၆-၂၇၊ ၁၀၇း၁၈-၂၀)။ ဤအရာက သူတို့ကို ကယ်တင်ရှင်၏ အပြစ်ဖြေခြင်းမင်္ဂလာတန်ခိုးအားဖြင့် အနာငြိမ်းစေရန်နှင့် ဧဝံဂေလိတရားတော်လမ်းကြောင်းသို့ ပြန်လာရန် ကူညီပါသည်။
ဝန်ခံခြင်း၏ရည်ရွယ်ချက်မှာ အသင်းသားတို့အား သူတို့ကိုယ်သူတို့ ဝန်ပေါ့စေခြင်းဖြင့် ပြောင်းလဲခြင်းနှင့် အနာငြိမ်းစေခြင်း၌ ကိုယ်တော်ရှင်၏အကူအညီကို ပြည့်စုံစွာရှာနိုင်ကြရန် အားပေးဖို့ဖြစ်ပါသည်။ “ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်” ဖြစ်လာခြင်းသည် ဝန်ခံခြင်းအားဖြင့် အကူအညီရပါသည် (၂ နီဖိုင်း ၂း၇)။ အလိုအလျောက်ဝန်ခံခြင်းသည် လူတစ်ယောက်နောင်တရလိုသည့် ဆန္ဒရှိကြောင်းပြပါသည်။
အသင်းသားတစ်ဦး ဝန်ခံသောအခါ၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ၃၂၊ ၈ ရှိ အကြံပေးခြင်းအတွက် လမ်းညွှန်ချက်များကို လိုက်နာပါသည်။ သူသည် အသင်းသားနောင်တရရန် ကူညီခြင်းအတွက် သင့်လျော်သောအပြင်အဆင်နှင့် ပတ်သက်သည့် လမ်းညွှန်မှုကို ဆုတောင်းခြင်းထက်သန်စွာရှာပါသည်။ သူသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းက အကူအညီဖြစ်မဖြစ် စဉ်းစားပါသည်။ အသင်းတော်မူဝါဒ၌ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်လျှင်သူသည် ဤအရာကို ရှင်းပြပါသည် (ရှု ၃၂၊ ၆)။
တစ်ခါတစ်ရံတွင် အသင်းသားတစ်ဦးသည် အိမ်ထောင်ဘက် သို့မဟုတ် တခြားအရွယ်ရောက်သူတစ်ဦးကို အမှားလုပ်မိပါသည်။ နောင်တရခြင်း၏အစိတ်အပိုင်းအဖြစ်၊ သူသို့မဟုတ် သူမသည် အများအားဖြင့် ထိုလူအားဝန်ခံ၍ ခွင့်လွှင့်ခြင်းကို တောင်းပါသည်။ ပြင်းထန်သည် အပြစ်တစ်ခုကျူးလွန်သူလူငယ်တစ်ဦးကို အများအားဖြင့် သူသို့မဟုတ်သူမ၏ မိဘများနှင့် တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းပါသည်။
၃၂၊ ၄၊ ၄
နှုတ်စောင့်ခြင်း
သင်းအုပ်များ၊ ပန္နက်ဥက္ကဋ္ဌများနှင့် သူတို့၏အတိုင်ပင်ခံများသည် သူတို့နှင့်ဝေငှသည့် နှုတ်စောင့်ရသောအချက်အလက် အားလုံးကို ကာကွယ်ရန် သန့်ရှင်းမွန်မြတ်သည့် တာဝန်တစ်ခု ရှိပါသည်။ ဤအချက်အလက်များသည် လူတွေ့မေးမြန်းခြင်းများ၊ တိုင်ပင်ဆွေးနွေးခြင်းများနှင့် ဝန်ခံခြင်းများတွင် ရောက်လာနိုင်ပါသည်။ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် ပါဝင်သူအားလုံး၌ အလားတူနှုတ်စောင့်ခြင်းတာဝန် သက်ရောက်ပါသည်။ အသင်းသားများဝေငှသည့် အရာအားနှုတ်စောင့်ခြင်းကို ထိန်းမထားလျှင် သူတို့သည် အပြစ်များကို ဝန်မခံ၊ သို့မဟုတ် လမ်းညွှန်မှုကို မရှာဘဲနေကောင်းနေမည်ဖြစ်သောကြောင့်၊ နှုတ်စောင့်ခြင်း သည်မရှိမဖြစ်လိုအပ်ပါသည်။ ယုံကြည်မှုကို ချိုးဖောက်ခြင်းသည် အသင်းသားတို့၏ ယုံကြည်စိတ်ချမှုကို သစ္စာဖောက်ပါသည် သူတို့အား ခေါင်းဆောင်များအပေါ် ယုံကြည်မှုကို လျော့စေပါသည်။
သူတို့၏နှုတ်စောင့်ခြင်းတာဝန်နှင့်အညီ၊ သင်းအုပ်၊ ပန္နက်ဥက္ကဋ္ဌ၊ သို့မဟုတ် သူတို့၏တိုင်ပင်ဘက်များသည် ထိုကဲ့သို့သောအချက်အလက်ကို အောက်ပါအတိုင်းသာဝေငှနိုင်ပါသည်၊
-
သူတို့သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် ဆက်စပ်သည့်ကိစ္စများကို ကျင်းပခြင်းနှင့် ပတ်သက်၍ အသင်းသား၏ ပန္နက်ဥက္ကဋ္ဌ၊ သာသနာဥက္ကဋ္ဌ သို့မဟုတ် သင်းအုပ်နှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါသည်။
-
အသင်းသားလုပ်ဆောင်မှု သို့မဟုတ် အခြားပြင်းထန်သော ကိစ္စများဆိုင်းငံ့နေစဉ်အတွင်းအသင်းတော်စုအသစ်တစ်ခုသို့ ရွှေ့ပြောင်း (သို့မဟုတ် ယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်ဖြေလွှတ်ခံရ) သောအခါ။
-
အသင်းတော်စု သို့မဟုတ် သင်းအုပ် သို့မဟုတ် ပန္နက်အပြင်ဘက်၌ နေထိုင်သော အသင်းတော်အသင်းသားတစ်ဦး ပြင်းထန်သောအပြစ်တစ်ခု၌ ပါဝင်ပတ်သက်နိုင်ခဲ့ကြောင်း သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတစ်ဦး သိရသောအခါ။
-
အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအတွင်း၌ အချက်အလက်ကို ဖွင့်ဟရန် အရေးကြီးပါသည်။
-
အသင်းသားတစ်ဦးသည် ခေါင်းဆောင်အား အချက်အလက်ကို သတ်မှတ်ထားသောလူများနှင့် ဝေငှဖို့အခွင့်ပေးရန် ရွေးချယ်ပါသည်။
-
အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏ ဆုံးဖြတ်ချက်အကြောင်း အကန့်အသတ်ရှိအချက်အလက်ကို ဝေငှဖို့ လိုအပ်နိုင်ပါသည်။
အခြားသူများကို ကာကွယ်ခြင်းနှင့် ဥပဒေကို လိုက်နာခြင်း၌ ခေါင်းဆောင်များကို ကူညီရန် အသင်းတော်သည် လေ့ကျင့်ထားသောကျွမ်းကျင်သူများထံမှ အကူအညီများ ပံ့ပိုးပေးပါသည်။ ဤလမ်းညွှန်ချက်ကို ရရှိရန်၊ ခေါင်းဆောင်များသည် အသင်းတော်၏ နှိပ်စက်ခြင်းအရေးပေါ်အကူအညီဖုန်းကို ရရှိနိုင်သည့်နေရာတွင် ချက်ချင်းခေါ်ပါသည် (ရှု ၃၈၊ ၆၊ ၂၊ ၁)။ မရရှိနိုင်သည့်နေရာတွင် ပန္နက်ဥက္ကဋ္ဌသည် ဒေသရုံးရှိ ဒေသ တရားဝင်ရှေ့နေကိုဆက်သွယ်ပါသည်။
အခြေအနေတစ်ခု၌သာ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ထိုကဲ့သို့သောလမ်းညွှန်မှုပထမဆုံးမရှာဘဲနှုတ်စောင့်ရသော အချက်အလက်ကို ဖွင့်ဟပါသည်။ ထိုအခြေအနေမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှု သို့မဟုတ် ပြင်းထန်သောထိခိုက်မှုကို ကာကွယ်ရန်နှင့် လမ်းညွှန်မှုကိုရှာဖို့ အချိန်မရ၍ ဖွင့်ဟခြင်းလိုအပ်သောအခြေအနေ၌သာဖြစ်ပါသည်။ ထိုကဲ့သို့သောကိစ္စများတွင်၊ အခြားသူများကို ကာကွယ်ရမည့်တာဝန်သည် နှုတ်စောင့်ခြင်းတာဝန်ထက် ပို၍ အရေးကြီးပါသည်။ ခေါင်းဆောင်များသည် အရပ်ဘက်အခွင့်အာဏာရှိသူများကို ချက်ချင်းဆက်သွယ်ရမည်။
၃၂၊ ၆
အပြစ်၏ပြင်းထန်မှုနှင့် အသင်းတော်မူဝါဒ
အပြစ်တစ်ခု၏ပြင်းထန်မှုသည် (၁)အခြားသူများကို ကာကွယ်ရန်ကူညီမည့် (၂) လူတစ်ဦးကို နောင်တရရန် ကူညီမည့် အပြင်အဆင်ကို ဆုံးဖြတ်ခြင်း၌ အရေးကြီးသော စဉ်းစားချက်တစ်ခုဖြစ်ပါသည်။ ကိုယ်တော်ရှင်က သူသည် “အပြစ်တရားကို အနည်းဆုံးသောပမာဏဖြင့် အခွင့်ပေးခြင်းကိုပင် မစဉ်းစားနိုင်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁း၃၁၊ လည်းရှု မောဇိယ ၂၆း၂၉) ဟု မိန့်တော်မူခဲ့ပါသည်။ သူ၏အစေခံများသည် ပြင်းထန်သောအပြစ်၏ မြင်သာထင်ရှားခြင်းကို လျစ်လျူမရှုရပါ။
ပြင်းထန်သောအပြစ်များသည် တမင်ရည်ရွယ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ ပညတ်တရားများကို အဓိကဆန့်ကျင်ခြင်းဖြစ်ပါသည်။ ပြင်းထန်သောအပြစ်များ၏အမျိုးအစားများမှာ အောက်ပါအတိုင်း စာရင်းရှိပါသည်။
-
ကြမ်းတမ်းသောအပြုအမူများနှင့် နှိပ်စက်ခြင်း
-
လိင်အကျင့်စာရိတ္တပျက်ခြင်း
-
အယောင်ဆောင်အပြုအမူများ
-
ယုံကြည်စိတ်ချမှုကို ချိုးဖောက်ခြင်းများ
-
အခြားအပြုအမူများ
အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်သောအချိန်သို့မဟုတ် လိုအပ်ကောင်းလိုအပ်သည့်အချိန်
အပြစ်အမျိုးအစား |
အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်သည် |
အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်ကောင်း လိုအပ်သည် |
---|---|---|
အပြစ်အမျိုးအစား ကြမ်းတမ်းသောအပြုအမူများနှင့် နှိပ်စက်ခြင်း | အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်သည်
| အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်ကောင်း လိုအပ်သည်
|
အပြစ်အမျိုးအစား လိင်အကျင့်စာရိတ္တပျက်ခြင်း | အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်သည်
| အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်ကောင်း လိုအပ်သည်
|
အပြစ်အမျိုးအစား အယောင်ဆောင်သောအပြုအမူများ | အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်သည်
| အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်ကောင်း လိုအပ်သည်
|
အပြစ်အမျိုးအစား ယုံကြည်စိတ်ချမှုကို ချိုးဖောက်ခြင်း | အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်သည်
| အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်ကောင်း လိုအပ်သည်
|
အပြစ်အမျိုးအစား အခြားအပြုအမူအချို့ | အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်သည်
| အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်ကောင်း လိုအပ်သည်
|
၃၂၊ ၆၊ ၃
အသင်းသားတိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် အခြားလုပ်ဆောင်မှုလိုမလိုကို ပန္နက်ဥက္ကဋ္ဌက ဒေသဥက္ကဋ္ဌအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးသောအချိန်
အချို့ကိစ္စများတွင် အပိုသတိထားရခြင်းနှင့် လမ်းညွှန်မှု လိုအပ်ပါသည်။ မည်သို့ အကောင်းဆုံးကူညီရမည်ကို သိရန် ဤအခန်းရှိအခြေအနေများအကြောင်းကို ပန္နက်ဥက္ကဋ္ဌသည် ဒေသဥက္ကဋ္ဌအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးရမည်။
၃၂၊ ၆၊ ၃၊ ၂
ဖောက်ပြန်သင်းကွဲခြင်း
ဖောက်ပြန်သင်းကွဲခြင်းပြဿနာများသည် အသင်းတော်စု သို့မဟုတ် ပန္နက်တစ်ခု၏နယ်နိမိတ်အပြင်ဘက်အထိ သက်ရောက်မှုရှိတတ်ပါသည်။ အခြားသူများကို ကာကွယ်ရန် ထိုပြဿနာများကို ချက်ချင်းကိုင်တွယ်ရပါသည်။
သင်းအုပ်သည် အသင်းသားတစ်ဦး၏ အပြုအမူမှာ ဖောက်ပြန်သင်းကွဲခြင်းကို တည်ထောင်သည်ဟု ခံစားမိလျှင် ပန္နက်ဥက္ကဋ္ဌနှင့် တိုင်ပင်ဆွေးနွေးပါသည်။
ဤနေရာတွင် အသုံးပြုသည့်အတိုင်း၊ ဖောက်ပြန်သင်းကွဲခြင်းဆိုသည်မှာ အသင်းသားတစ်ဦး အောက်ပါတို့အထဲမှ တစ်ခုခုတွင် ပါဝင်ပတ်သက်နေခြင်းဖြစ်ပါသည်၊
-
အသင်းတော်၊ အသင်းတော်၏ ဩဝါဒ၊ မူဝါဒ သို့မဟုတ် ခေါင်းဆောင်များကို လူသိရှင်ကြား ရှင်းလင်းစွာတမင်သက်သက်ဆန့်ကျင်မှုကို ထပ်တလဲလဲပြုခြင်း
-
သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက ပြင်ပေးပြီးနောက် အသင်းတော်ဩဝါဒမဟုတ်သည့်အရာကို အသင်းတော်ဩဝါဒအဖြစ် သွန်သင်ခြင်း၌ အတင်းဇွတ်လုပ်ခြင်း။
-
အသင်းတော်အသင်းသားတို့၏ ယုံကြည်ခြင်းနှင့် လှုပ်ရှားမှုကို အားနည်းစေရန်တမင်သက်သက်လုပ်ဆောင်ခြင်းပုံစံတစ်ခုကို ပြခြင်း။
-
သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက ပြင်ပေးပြီးနောက် ဖောက်ပြန်သင်းကွဲသောသွန်သင်ခြင်းဂိုဏ်းများနောက်သို့ ဆက်၍လိုက်ခြင်း။
-
အခြားအသင်းတော်တစ်ခုနှင့် ပုံမှန်ပူးပေါင်း၍ ထိုအသင်းတော်၏သွန်သင်ခြင်းများကို မြှင့်တင်ခြင်း။
၃၂၊ ၆၊ ၃၊ ၃
အသင်းတော်ရန်ပုံငွေများကို အလွဲသုံးစားပြုခြင်း
အသင်းသားတစ်ဦး အသင်းတော်ရန်ပုံငွေများကို အလွဲသုံးစားပြုခြင်း၊ သို့မဟုတ် အသင်းတော်ပိုင် အဖိုးတန်ဥစ္စာကို ခိုးယူလျှင်၊ ပန္နက်ဥက္ကဋ္ဌသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတစ်ခု သို့မဟုတ် အခြားအရေးယူမှုတစ်ခု လိုမလိုနှင့်ပတ်သက်၍ ဒေသဥက္ကဋ္ဌအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါသည်။