လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၃၁။ အသင်းသားများနှင့် လူတွေ့မေးမြန်းခြင်းများနှင့် အခြားအစည်းအဝေးများ


“၃၁။ အသင်းသားများနှင့် လူတွေ့မေးမြန်းခြင်းများနှင့် အခြားအစည်းအဝေးများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၃၁။ အသင်းသားများနှင့် လူတွေ့မေးမြန်းခြင်းများနှင့် အခြားအစည်းအဝေးများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

လက်ဆွဲနှုတ်ဆက်နေကြသည့်အမျိုးသားများ

၃၁။

အသင်းသားများနှင့် လူတွေ့မေးမြန်းခြင်းများနှင့် အခြားအစည်းအဝေးများ

၃၁။၀

နိဒါန်း

ယေရှုခရစ်တော်သည် အခြားသူများကို တစ်ယောက်ချင်း အကြိမ်ကြိမ်အမှုတော်ဆောင်ခဲ့ပါသည် (ရှု၊ ဥပမာအားဖြင့်၊ ရှင်ယောဟန် ၄း၅-၂၆၃ နီဖိုင်း ၁၇း၂၁)။ ကိုယ်တော်သည် ဘုရားသခင်၏ သားသမီးတိုင်းကို ချစ်ပါသည်။ ကိုယ်တော်သည် သူတို့ကို တစ်ဦးချင်း ကူညီပါသည်။

ဤအခန်းသည် အသင်းသားတစ်ဦးချင်းတို့နှင့် တွေ့ဆုံရန် အခွင့်အရေးရှိသည့် ခေါင်းဆောင်အားလုံးတို့အား ကူညီနိုင်ပါသည်။

၃၁၊ ၁

လမ်းညွှန်ခြင်းအခြေခံသဘောတရားများ

၃၁၊ ၁၊ ၁

ဝိညာဉ်ပကတိပြင်ဆင်ခြင်း

ဆုတောင်းခြင်း၊ ကျမ်းစာများလေ့လာခြင်းနှင့် ဖြောင့်မတ်သောနေထိုင်ခြင်းတို့ဖြင့် သင့်ကိုယ်သင်ပြင်ဆင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ တိုးညှင်းစွာပြောခြင်းကို နားထောင်ပါ။

၃၂၊ ၁၊ ၂

အသင်းသားတို့အား ဘုရားသခင်၏ချစ်ခြင်း ခံစားနိုင်စေရန် ကူညီပါ။

အသင်းသားတစ်ဦး လူတွေ့မေးမြန်းခြင်းတစ်ခု သို့မဟုတ် ကိုယ်ပိုင်စိန်ခေါ်မှုတစ်ခုအတွက် သင့်ထံလာသည့်အခါ၊ သူတို့သိဖို့ အလိုအပ်ဆုံးအရာမှာ သူတို့ကို ကောင်းကင်ဘုံရှင်အဘချစ်ကြောင်းပင်ဖြစ်ပါသည်။

ကျမ်းစာများနှင့် နောက်ပိုင်းကာလပရောဖက်တို့၏စကားများသည် ဝိညာဉ်တော်ကို ဖိတ်ခေါ်၍၊ စင်ကြယ်သောဩဝါဒကို သွန်သင်ပေးပါသည်။ လမ်းပြလှုံ့ဆော်ရန်နှင့် အားပေးရန် ၎င်းတို့ကို အသုံးပြုပါ၊ ပြစ်ဒဏ်ချမှတ်ရန်၊ အကျပ်ကိုင်ရန်နှင့် အကြောက်တရားဖြစ်စေရန် မဟုတ်ပါ (ရှု ရှင်လုကာ ၉း၅၆)။

၃၁၊ ၁၊ ၃

အသင်းသားများကို ကယ်တင်ရှင်၏တန်ခိုးကို ချဉ်းကပ်ဖို့ အားပေးပါ။

အသင်းသားများကို ကိုယ်တော်ထံလှည့်ဖို့ အားပေးပါ။ သူတို့ကို ခွန်အားဖြည့်ပေးရန်၊ နှစ်သိမ့်ရန်နှင့် ရွေးနှုတ်ရန် ကိုယ်တော်၏တန်ခိုးသို့ ချဉ်းကပ်ဖို့ အားပေးပါ။

၃၁၊ ၁၊ ၄

အသင်းသားတို့ကို သက်သာခြင်းနှင့် ဘေးကင်းခြင်းခံစားဖို့ ကူညီပါ

အသင်းသားကို လူတွေ့မေးမြန်းခြင်း သို့မဟုတ် အစည်းအဝေးတစ်ခုအတွင်း အခြားတစ်စုံတစ်ဦးရှိခြင်း ရွေးချယ်မှုကို ပေးပါ။ ဆန့်ကျင်ဘက်လိင် အသင်းသားတစ်ဦး၊ ကလေးတစ်ဦး၊ သို့မဟုတ် လူငယ်တစ်ဦးနှင့်တွေ့သောအခါ မိဘတစ်ဦး သို့မဟုတ် တခြားအရွယ်ရောက်သူတစ်ဦးနှင့်အတူရှိကြောင်းသေချာပါစေ။ သူ သို့မဟုတ် သူမသည် အစည်းအဝေး၌ ပါဝင်နိုင်သည် သို့မဟုတ် အခန်းအပြင်ဘက်တွင် စောင့်နိုင်ပါသည်၊ သင်တွေ့ဆုံနေသည့် အသင်းသား၏ နှစ်သက်မှုအပေါ် မူတည်ပါသည်။

အသင်းသားက အခွင့်ပေးမထားလျှင်နှုတ်စောင့်ရသည့် အချက်အလက်ကို —သင်၏အိမ်ထောင်ဘက် သို့မဟုတ် အသင်းတော်အခြားခေါင်းဆောင်များ အပါအဝင်—မည်သူနှင့်မျှ မဝေငှပါနှင့်။

၃၁၊ ၁၊ ၅

လမ်းပြလှုံ့ဆော်သောမေးခွန်းကို မေးပါ၊ ဂရုတစိုက်နားထောင်ပါ

အသင်းသားတစ်ဦးနှင့် တွေ့သောအခါ၊ သူ သို့မဟုတ် သူမ၏ အခြေအနေကို သင်နားလည်နိုင်ရန် ကူညီသည့် မေးခွန်းများမေးပါ။

အသင်းသားစကားပြောနေသည့်အခါ ဂရုတစိုက်အာရုံစိုက်နားထောင်ပါ။

၃၁၊ ၁၊ ၆

ကိုယ်ထူကိုယ်ထခြင်းကို အားပေးပါ

အသင်းသားများအပေါ်တွင်ရှိသော သင်၏ချစ်ခြင်းကြောင့်၊ သင်သည် သူတို့၏ပြဿနာများအတွက် အဖြေများ ချက်ချင်း ကမ်းလှမ်းကောင်း ကမ်းလှမ်းလိုပေမည်။ သို့သော်လည်း၊ သင်သည် သူတို့ကို သူတို့၏ကိုယ်ပိုင်အဖြေများရှာဖို့နှင့် သူတို့၏ကိုယ်ပိုင် ဆုံးဖြတ်ချက်များပြုဖို့ (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၉း၈) ကူညီခြင်းဖြင့် ပို၍ကောင်းချီးပေးနိုင်ပါသည်။

၃၁၊ ၁၊ ၇

နောင်တရဖို့ အထောက်အမ အားထုတ်မှုများ

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည်သာ လူတစ်ဦးကို ပြင်းထန်သောပြဿနာများဖြေရှင်းပေးဖို့ ကူညီနိုင်ပါသည်။ ဤအရာတို့အထဲမှ အချို့ကို ၃၂၊ ၆တွင် စာရင်းပြုစုထားပါသည်။ အသင်းသားသည် ဤအပြစ်များထဲမှ တစ်ခုခုကို ကျူးလွန်ထားလျှင်၊ သူ သို့မဟုတ် သူမသည် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌနှင့် ချက်ချင်းတွေ့ရမည်။

၃၁၊ ၁၊ ၈

နှိပ်စက်ခြင်းကို သင့်လျော်စွာ တုန့်ပြန်ပါ

နှိပ်စက်ခြင်းကို မည်သည့်ပုံစံမျိုးဖြင့်မှ လက်မခံနိုင်ပါ။ နှိပ်စက်ခြင်း အစီရင်ခံစာများကို အလေးအနက်ထားပါ။ သင်သည် တစ်စုံတစ်ဦး နှိပ်စက်ခံရသည်ကို သတိထားမိလျှင်၊ နှိပ်စက်ခြင်းကို အရပ်ဘက် အခွင့်အာဏာရှိသူများထံ အစီရင်ခံ၍ သင်းအုပ်နှင့် တိုင်ပင်ဆွေးနွေးပါ။ နှိပ်စက်ခြင်းအတွက် အစီရင်ခံခြင်းနှင့် တုံ့ပြန်ခြင်းအတွက် လမ်းညွှန်မှုများကို ၃၈၊ ၆၊ ၂တွင် ပံ့ပိုးပေးထားပါသည်။

၃၁၊ ၂

လူတွေ့မေးမြန်းခြင်းများ

၃၁၊ ၂၊ ၁

လူတွေ့မေးမြန်းခြင်း၏ရည်ရွယ်ချက်များ

ယေဘုယျအားဖြင့်၊ အသင်းတော်ခေါင်းဆောင်များသည် အသင်းသားများကို အောက်ပါအခြေအနေများ ရှိမရှိကို ဆုံးဖြတ်ရန် လူတွေ့မေးမြန်းပါသည်၊

  • ဘိက်သိက်မင်္ဂလာတစ်ခုကို ရရှိရန်နှင့် ပါဝင်ရန်ပြင်ဆင်ထားမှုရှိခြင်း။

  • အသင်းတော်၌ နေရာတစ်ခုသို့ ခေါ်သွင်းသင့်ခြင်း။

၃၁၊ ၂၊ ၂

လူတွေ့မေးမြန်းခြင်း အမျိုးအစားများ

လူတွေ့မေးမြန်းခြင်း ဆောင်ရွက်နိုင်သူ

လူတွေ့မေးမြန်းခြင်း၏ရည်ရွယ်ချက်

လူတွေ့မေးမြန်းခြင်း ဆောင်ရွက်နိုင်သူ

သင်းအုပ်တစ်ဦးတည်းသာ

လူတွေ့မေးမြန်းခြင်း၏ရည်ရွယ်ချက်

  • သူ သို့မဟုတ် သူမ၏ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းမှု ရရှိမည့် သို့မဟုတ် အိမ်ထောင်ဘက်နှင့် တံဆိပ်ခတ်မည့်သူတစ်ဦးကို ဗိမာန်တော်ထောက်ခံချက် ထုတ်ပေးပါသည် (ရှု ၂၆၊ ၃၊ ၁)။

  • ပြောင်းလဲသူအသစ်တစ်ဦးအား ဗိမာန်တော်ထောက်ခံချက်တစ်ခု ထုတ်ပေးပါသည် (ရှု ၂၆၊ ၄၊ ၂)။

  • ပြောင်းလဲသူအသစ်အမျိုးသားတစ်ဦးကို အာရုန်ယဇ်ပုရောဟိတ်အခွင့်သို့ ခန့်ထားပါသည်။

  • လူငယ်အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသားတစ်ဦးကို ယဇ်ပုရောဟိတ်အမှုအရာသို့ ခန့်ထားပါသည် ( ရှု ၁၈၊ ၁၀၊ ၂))။

  • အမျိုးသားတစ်ဦးကို အသင်းလူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ဖို့ ထောက်ခံပါသည် (ရှု ၃၁၊ ၂၊ ၆)။ ဤလူတွေ့မေးမြန်းခြင်းကို ပြုလုပ်ရန် ပန္နက်ဥက္ကဋ္ဌအဖွဲ့၏ခွင့်ပြုချက် လိုအပ်ပါသည်။

  • အသင်းသားတစ်ဦးကို အချိန်ပြည့်သာသနာပြုတစ်ဦးအဖြစ် အမှုတော်ဆောင်ရန် ထောက်ခံပါသည် (ရှု ၂၄၊ ၄၊ ၂)။

  • အသင်းသားတစ်ဦးကို အသင်းတော်စုအဖွဲ့အစည်း ဥက္ကဋ္ဌတစ်ဦးအဖြစ် အမှုတော်ဆောင်ရန် ခေါ်သွင်းပါသည်။

  • ယဇ်ပုရောဟိတ်တစ်ဦးကို ယဇ်ပုရောဟိတ်အဖွဲ့၌ အကူတစ်ဦးအဖြစ်အမှုတော်ဆောင်ရန် ခေါ်သွင်းပါသည်။

  • အသင်းသားတစ်ဦးကို ပြင်းထန်သောအပြစ်မှ နောင်တရဖို့ ကူညီပါသည် (ရှု အခန်း ၃၂)။

  • အသင်းသားတစ်ဦးအား အဆက်မပြတ်ပညာရေးရရှိနိုင်သည့်နေရာတွင် ရရှိရန် ထောက်ခံချက်ပေးပါသည်။

  • အသင်းသားတစ်ဦးအား ဆယ်ဖို့တစ်ဖို့ ပေးသူအဖြစ် သူသို့မဟုတ် သူမ၏ အခြေအနေကို ကြေညာခွင့် ပေးပါသည် (ရှု ၃၄၊ ၃၊ ၁၊ ၂)။

  • အစာရှောင်အလှူတော်စု ရန်ပုံငွေကို အသုံးပြုခွင့်ပေးပါသည် (ရှု ၂၂၊ ၆၊ ၁)။

လူတွေ့မေးမြန်းခြင်း ဆောင်ရွက်နိုင်သူ

သင်းအုပ် သို့မဟုတ် သူခန့်အပ်သည့် အတိုင်ပင်ခံတစ်ဦး

လူတွေ့မေးမြန်းခြင်း၏ရည်ရွယ်ချက်

  • ဗိမာန်တော်ထောက်ခံချက်တစ်ခုကို သက်တမ်းတိုးပါသည် (ရှု ၂၆၊ ၃၊ ၁)။

  • ကိုယ်စားဗတ္တိဇံများနှင့် အတည်ပြုခြင်းများ၌ ပါဝင်ရန် ဗိမာန်တော်ထောက်ခံချက်တစ်ခု ထုတ်ပေးပါသည် (ရှု ၂၆၊ ၄၊ ၃)။

  • မိဘများနှင့် တံဆိပ်ခတ်ရန် သို့မဟုတ် မွေးချင်းတို့၏မိဘများနှင့် တံဆိပ်ခတ်ခြင်းကို သက်သေပြုရန် ဗိမာန်တော်ထောက်ခံချက်တစ်ခုကို ထုတ်ပေးပါသည် ( ၂၆၊ ၄၊ ၄)။

  • အသင်းသားတစ်ဦးကို အသင်းတော်စုအမှုတော်ဆောင်တာဝန်၌ အမှုတော်ဆောင်ရန် ၃၀၊ ၈တွင်ပြထားသည့်အတိုင်း ခေါ်သွင်းပါသည်။

  • မှတ်တမ်းဝင်အသင်းသားဖြစ်သည့် သို့မဟုတ် အသင်းသားအုပ်ထိန်းသူ သို့မဟုတ် အသင်းသားမိဘတစ်ဦးရှိသည့် ၈ နှစ်သားတစ်ဦးအား ဗတ္တိဇံ နှင့် အတည်ပြုခြင်းအတွက် အခွင့်ပေးပါသည် (ရှု ၃၁၊ ၂၊ ၃၊ ၁)။

  • လူငယ်အမျိုးသားတစ်ဦးအား သင်းထောက် သို့မဟုတ် ဆရာ အမှုအရာသို့ ခန့်ထားခြင်းအတွက် အခွင့်ပေးပါသည် (ရှု ၁၈၊ ၁၀၊ ၂)။

  • မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာထောက်ခံချက်တစ်ခုကို ထုတ်ပေးပါသည် (ရှု ၁၈၊ ၁၇)။

  • ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦး ဗိမာန်တော်ထောက်ခံချက် မရှိလျှင်၊ တခြားအသင်းတော်စုတစ်ခု၌ ယဇ်ပုရောဟိတ်အခွင့် ဘိသိက်မင်္ဂလာဆောင်ရွက်ရန် အခွင့်ပေးပါသည်။ (ရှု ဘိသိက်မင်္ဂလာပုံစံတစ်ခုကို ဆောင်ရွက်ရန် ထောက်ခံပါသည်)။

၃၁၊ ၂၊ ၃

ဗတ္တိဇံနှင့် အတည်ပြု လူတွေ့မေးမြန်းခြင်းများ

၃၁၊ ၂၊ ၃၊ ၁

အသင်းသားမှတ်တမ်းဝင်ကလေးများ

သင်းအုပ်သည် သူ၏အသင်းတော်စုမှ အသင်းသားမှတ်တမ်းဝင် ၈ နှစ်သားများကို ဗတ္တိဇံပေးခြင်းအတွက် ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်ပါသည်။ ဤအကြောင်းရင်းကြောင့်၊ သူ သို့မဟုတ် ခန့်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် အောက်ပါလူများကို ဗတ္တိဇံအတွက် လူတွေ့မေးမြန်းခြင်း ပြုလုပ်ပါသည်။

  • အသင်းသားမှတ်တမ်းဝင် ၈-နှစ်သားကလေးများ။

  • မှတ်တမ်းဝင်မဟုတ်သော်လည်း အသင်းသားမိဘ သို့မဟုတ် အုပ်ထိန်းသူရှိသည့် ၈-နှစ်သားကလေးများ

  • အသိဉာဏ်ချို့တဲ့မှုကြောင့် ဗတ္တိဇံနှောင့်နှေးရသူ ၉-နှစ်နှင့် အထက် မှတ်တမ်းဝင်အသင်းသားများ။

လူတွေ့မေးမြန်းခြင်းတွင်၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်သည် ဗတ္တိဇံရည်ရွယ်ချက်ကို ကလေးနားလည်ကြောင်း သေချာစေပါသည် (ရှု ၂ နီဖိုင်း ၃၁း ၅-၂၀)။ သူသည် ထိုကလေး ဗတ္တိဇံပဋိညာဉ်များကို နားလည်ကြောင်းနှင့် နေထိုင်ရန် ကတိကဝတ်ပြုကြောင်းကိုလည်း သေချာစေပါသည် (ရှု မောဇိယ ၁၈း၈-၁၀)။ သူသည် အထူးသီးသန့် မေးခွန်းစာရင်းတစ်ခုအသုံးပြုရန်မလိုအပ်ပါ။ ဤအရာသည် ထိုက်တန်မှုကို ဆုံးဖြတ်သည့် လူတွေ့မေးမြန်းခြင်း မဟုတ်ပါ၊ “ကလေးများ နောင်တရခြင်း မလို” (မော်ရော်နိုင်း ၈း၁၁) သောကြောင့် ဖြစ်ပါသည်။

၃၁၊ ၂၊ ၃၊ ၂

ပြောင်းလဲသူများ

ပြောင်းလဲသူများကို ဗတ္တိဇံပေးရန် သာသနာပြုဥက္ကဋ္ဌသည် ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်ပါသည်။ ဤအကြောင်းရင်းကြောင့်၊ အချိန်ပြည့်သာသနာပြုတစ်ဦးသည် အောက်ပါလူတို့ကို လူတွေ့မေးမြန်းပါသည်၊

  • ဗတ္တိဇံမခံဖူးသေးသော၊ အတည်ပြုမခံဖူးသေးသော အသက် ၉-နှစ်အထက်ရှိသူများ။ ရှု ၃၁၊ ၂၊ ၃၊ ၁ အသိဉာဏ်ချို့တဲ့သူများအတွက် ချွင်းချက်။

  • မိဘများအသင်းသားမဟုတ်သည့် အသက် ၈-နှစ်နှင့် အထက်ကလေးများ။

  • ဗတ္တိဇံခံပြီး၊ အတည်ပြုပြီးသည့် မိဘတစ်ဦးရှိသည့် အသက် ၈-နှစ်အထက်ရှိကလေးများ။

၃၁၊ ၂၊ ၄

အာရုန်ယဇ်ပုရောဟိတ်အခွင့်ရှိ အမှုအရာတစ်ခုသို့ ခန့်ထားခြင်းအတွက် လူတွေ့မေးမြန်းခြင်းများ

နောက်ထပ်အချက်အလက်များအတွက်၊ ရှု ၁၈၊ ၁၀၊ ၂

၃၁၊ ၂၊ ၅

ဗိမာန်တော်ထောက်ခံချက်လူတွေ့မေးမြန်းခြင်း

ဗိမာန်တော်သည် ကိုယ်တော်ရှင်၏ အိမ်တော်ဖြစ်ပါသည်။ ဗိမာန်တော်ထဲသို့ ဝင်ရောက်ခြင်းနှင့် ဘိက်သိက်မင်္ဂလာများ၌ ပါဝင်ခြင်းသည် သန့်ရှင်းမွန်မြတ်သည့် အထူးအခွင့်အရေးတစ်ခုဖြစ်ပါသည်။ ဤအထူးအခွင့်အရေးသည် ဝိညာဉ်ပကတိပြင်ဆင်ထားပြီး အခွင့်အာဏာရှိယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်များ ဆုံးဖြတ်သည့်အတိုင်း ကိုယ်တော်ရှင်၏ စံနှုန်းများကို နေထိုင်ရန် ကြိုးစားနေကြသူများအတွက် သီးသန့်ထားပါသည်။

ဤဆုံးဖြတ်ချက်ကို ပြုလုပ်ရန်၊ ယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်များသည် အယ်လ်စီအာရ် မှ မေးခွန်းများကိုအသုံးပြုပြီးအသင်းသားများအား လူတွေ့မေးမြန်းခြင်းပြုလုပ်သည် (လည်းရှု ၂၆၊ ၃ရှိလမ်းညွှန်ချက်များ)။

၃၁၊ ၂၊ ၆

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ရှိ အမှုအရာတစ်ခုသို့ ခန့်ထားခြင်းအတွက် လူတွေ့မေးမြန်းခြင်းများ

ပန္နက်ဥက္ကဋ္ဌသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းခြင်းအတွက် ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်ပါသည်။ သူသည် အသင်းလူကြီးနှင့် ယဇ်ပုရောဟိတ်မင်းအမှုအရာများသို့ ခန့်ထားခြင်းအတွက် သော့များကိုလည်း ကိုင်ဆောင်ပါသည်။

ပန္နက်ဥက္ကဋ္ဌအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သင်းအုပ်သည် မေလခိဇေဒက်ယဇ်ပု‌ရောဟိတ်အခွင့် ခန့်ထားခြင်းမှတ်တမ်းတွင် ဖော်ပြထားသည့် မေးခွန်းများကို သုံး၍ လူတွေ့မေးမြန်းပါသည်။

၃၁၊ ၃

အသင်းသားများနှင့် တွေ့ဆုံရန် ခေါင်းဆောင်တို့၏ အခြားအခွင့်အရေးများ

  • အသင်းသားများသည် ဝိညာဉ်ပကတိလမ်းညွှန်ချက်လိုသောအခါ သို့မဟုတ် လေးလံသောပုဂ္ဂလိကပြဿနာများရှိသောအခါ အသင်းတော်ခေါင်းဆောင်တစ်ဦးနှင့်တွေ့ဖို့ တောင်းဆိုနိုင်ပါသည်။

  • သင်းအုပ် သို့မဟုတ် သူခန့်အပ်သည့် တစ်စုံတစ်ဦးသည် ဇာတိပကတိလိုအပ်ချက်များရှိသူအသင်းသားများကို တွေ့ဆုံပါသည် (ရှု ၂၂၊၆)။

  • သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးသည် ၁၁-နှစ်သားအယောက်တိုင်းကို သူ သို့မဟုတ် သူမ မူလတန်းမှ သင်းထောက်အဖွဲ့သို့ သို့မဟုတ် လူငယ်အမျိုးသမီးအဖွဲ့သို့ ပြောင်းသည့်အချိန်တွင် တွေ့ဆုံပါသည်။

၃၁၊ ၃၊ ၁

လူငယ်များနှင့်တွေ့ဆုံခြင်း

သင်းအုပ် သို့မဟုတ် သူ၏အတိုင်ပင်ခံများထဲမှ တစ်ဦးသည် လူငယ်တစ်ဦးချင်းစီနှင့် တစ်နှစ်လျှင် နှစ်ကြိမ်တွေ့ဆုံပါသည်။ ဤတွေ့ဆုံခြင်းများထဲမှ အနည်းဆုံးတစ်ခုသည် သင်းအုပ်နှင့် ဖြစ်ရပါမည်။ လူငယ်များ ၁၆-နှစ်သို့ရောက်သည့်နှစ်မှစ၍ ထိုနှစ်တွင် တွေ့ဆုံခြင်းနှစ်ခုစလုံးသည် ဖြစ်နိုင်လျှင် သင်းအုပ်နှင့် ဖြစ်ရမည်။

လူငယ်အမျိုးသမီးဥက္ကဋ္ဌသည်လည်း လူငယ်အမျိုးသမီးတစ်ဦးချင်းစီကို အမှုတော်ဆောင်ရန် တာဝန်တစ်ခုရှိပါသည်။ သူမသည် ဤတာဝန်ကို လူငယ်အမျိုးသမီးများနှင့် တစ်ယောက်ချင်း (သို့မဟုတ် တခြားအရွယ်ရောက်တစ်ဦးရှေ့တွင်) တွေ့ဆုံခြင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။

၃၁၊ ၃၊ ၁၊ ၂

ဆွေးနွေးရမည့် အကြောင်းအရာများ

လူငယ်များနှင့် တွေ့ဆုံခြင်း၏အဓိကရည်ရွယ်ချက်မှာ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတည်ဆောက်ရန်နှင့် လူငယ်များ သူတို့နောက်လိုက်လျှောက်ရန် ကူညီဖို့ဖြစ်ပါသည်။ ဤအစည်းအဝေးများသည် ဝိညာဉ်ပကတိအတွေ့အကြုံများကို မြှင့်တင်သည့်အတွေ့အကြုံများဖြစ်ရမည်။

၃၁၊ ၃၊ ၂

အိမ်ထောင်မရှိသောလူငယ်အရွယ်ရောက်များနှင့် တွေ့ဆုံခြင်း

သင်းအုပ်သည် မိမိအသင်းတော်စုရှိ အိမ်ထောင်မရှိသောလူငယ်အရွယ်ရောက်များ၏ဝိညာဉ်ပကတိတိုးတက်မှုကို မြင့်စွာဦးစားပေးပါသည်။ သူ သို့မဟုတ် ခန့်အပ်ထားသည့် တိုင်ပင်ဖက်တစ်ဦးသည် အိမ်ထောင်မရှိလူငယ်အရွယ်ရောက်သူတိုင်းနှင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ်တွေ့ဆုံပါသည်။

၃၁၊ ၃၊ ၃

အသင်းသားများ၏ အမှုတော်ဆောင်ခြင်းများနှင့် တာဝန်များကို ဆွေးနွေးရန် သူတို့နှင့် တွေ့ဆုံခြင်း

ပန္နက်ဥက္ကဋ္ဌအဖွဲ့များ၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့များ၊ အခြားခေါင်းဆောင်များသည် သူတို့ကို အမှုတော်ဆောင်တာဝန်များအကြောင်း အစီရင်ခံသူ အသင်းသားများနှင့် တစ်ဦးချင်းတွေ့ဆုံကြပါသည်။

ခေါင်းဆောင်သည် အသင်းသား၏ အမှုတော်‌ဆောင်ခြင်းကိုကျေးဇူးတင်ကြောင်းဖော်ပြပြီး၊ အားပေးတိုက်တွန်းခြင်းပြုလုပ်ပါသည်။

၃၁၊ ၃၊ ၆

ပညာရှင်အကြံပြုခြင်းနှင့် ရောဂါကုထုံး

အသင်းတော် ခေါင်းဆောင်များသည် ပညာရှင်အကြံပေးများဟု အခေါ်ခံရဖို့မဟုတ် သို့မဟုတ် ကုထုံးများပေးဖို့လည်းမဟုတ်ပါ။ သူတို့ပေးသည့်အကူအညီမှာ ဝိညာဉ်ပကတိဖြစ်ပါသည်၊ ယေရှုခရစ်တော်၏ ခွန်အားဖြည့်ပေးခြင်း၊ နှစ်သိမ့်ခြင်းနှင့် ရွေးနှုတ်ခြင်းတန်ခိုးကိုလည်း အာရုံစိုက်ပါသည်။ ဤအရေးကြီးလမ်းပြလှုံ့ဆော်သည့် အကူအညီကို ထပ်လောင်းခြင်းအဖြစ် အသင်းသားအချို့သည် ရရှိနိုင်သည့်နေရာတွင် ပညာရှင်အကြံပြုခြင်းမှ အကျိုးကျေးဇူးရရှိနိင်ပါသည်။

၃၁၊ ၄

အသင်းသားများနှင့် အွန်လိုင်းတွင် တွေ့ဆုံခြင်း

အများအားဖြင့်၊ ခေါင်းဆောင်များသည် ဝိညာဉ်ပကတိအကူအညီနှင့် အမှုတော်‌ဆောင်ခြင်းပံ့ပိုးပေးဖို့ အသင်းသားများနှင့် ကိုယ်တိုင်လူတွေ့မေးမြန်းခြင်းအတွက် တွေ့ဆုံကြပါသည်။ သို့သော်လည်း၊ ချွင်းချက်တစ်ခုအဖြစ်၊ သူတို့သည် ကိုယ်တိုင်တွေ့ဆုံခြင်း လက်တွေ့မဖြစ်နိုင်သောအခါ အွန်လိုင်းဖြင့်လည်း တွေ့ဆုံနိုင်ကြပါသည်။