“၃၀။ အသင်းတော်၌အမှုတော်ဆောင်တာဝန်များအထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ(၂၀၂၃)။
“၃၀။ အသင်းတော်၌အမှုတော်ဆောင်တာဝန်များအထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၃၀။
အသင်းတော်၌အမှုတော်ဆောင်တာဝန်များ
၃၀။
နိဒါန်း
အမှုတော်ဆောင်တာဝန်များသည် အသင်းသားတို့အား ဘုရားသခင်၏သားသမီးများကို အစေခံခြင်းအားဖြင့် ကိုယ်တော်ကိုအစေခံခြင်း၏ ဝမ်းမြောက်မှုကို ခံစားစေဖို့ အခွင့်အရေးများ ပေးပါသည် (ရှု မောဇိယ ၂း၁၇)။ အမှုတော်ဆောင်တာဝန်များသည် အသင်းသားတို့အား သူတို့၏ယုံကြည်ခြင်းကို တိုးစေရန်နှင့် ကိုယ်တော်ရှင်နှင့် ပိုနီးရာသို့ ချဉ်းကပ်ရန် ကူညီပါသည်။
အသင်းတော်၌ အထူးသီးသန့် အမှုတော်ဆောင်တာဝန်တစ်ခုကို ဆန္ဒပြင်းစွာတောင်းတခြင်းသည် မသင့်လျော်ပါ (ရှု ရှင်မာကု ၁၀း၄၂-၄၅၊ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၁း ၃၄-၃၇)။ အသင်းတော်အသင်းသားများသည် အမှုတော်ဆောင်တာဝန်တစ်ခုမှ တခြားတစ်ခုသို့ “တက်လှမ်းခြင်း’မျိုးမရှိနိုင်ပါ။ အမှုတော်ဆောင်တာဝန်၌ သစ္စာရှိစွာ အစေခံခြင်းသည် အမှုတော်ဆောင်တာဝန်မှာ မည်သည့်အရာ ဖြစ်သည်ဆိုသည်ထက် ပို၍ အရေးကြီးပါသည်။ ကိုယ်တော်ရှင်သည် သူ၏အသင်းတော်၌ အစေခံသူအားလုံး၏ ဆက်ကပ်မှုကို ဂုဏ်ပြုပါသည်။
၃၀၊ ၁
မည်သူအားခေါ်သွင်းရမည်ကို ဆုံးဖြတ်ခြင်း
၃၀၊ ၁၊ ၁
အထွေထွေလမ်းညွှန်ချက်များ
အသင်းတော်၌ အစေခံသူများသည် ဘုရားသခင်ခေါ်သွင်းထားသူများဖြစ်ပါသည် (ရှု ဟေဗြဲဩဝါဒစာ ၅း၄၊ ယုံကြည်ခံယူချက်များ ၁း၅)။ ခေါင်းဆောင်များသည် မည်သူအားခေါ်သွင်းရမည်ကို ဆုံးဖြတ်ခြင်း၌ ဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာကြပါသည် (လည်းရှု ၄၊ ၂၊ ၆)။ သူတို့သည် အောက်ပါတို့ကိုလည်း ဆင်ခြင်သုံးသပ်ကြပါသည်၊
-
အသင်းသား၏ ထိုက်တန်မှု (လူတွေ့မေးမြန်းခြင်း၌ ဆုံးဖြတ်ထားသည့်အတိုင်း)။
-
အခြားသူများကို ကောင်းချီးပေးဖို့ အသင်းသား၌ရှိသည့် သို့မဟုတ် ဖွံ့ဖြိုးလာနိုင်သည့် ဆုကျေးဇူးများနှင့် စွမ်းရည်များ။
-
အသင်းသား၏ ပုဂ္ဂိုလ်ရေးအခြေအနေများ၊ သူ သို့မဟုတ် သူမ၏ ကျန်းမာရေးနှင့် အလုပ်။
-
အသင်းသား၏ အိမ်ထောင်ရေးနှင့် မိသားစုအပေါ် အမှုတော်ဆောင်တာဝန် သက်ရောက်နိုင်သည့်အချက်။
အသင်းသားများသည် အသင်းတော်၌ အစေခံဖို့ သူတို့ စွန့်လွှတ်သည့်အရာအတွက် ကောင်းချီးခံစားကြရပါသည်။ သို့သော်လည်း၊ အမှုတော်ဆောင်တာဝန်တစ်ခုသည် တစ်ဦးချင်းများနှင့် မိသားစုများအပေါ် လွန်ကဲသောဝန်များ မရောက်စေရပါ။ အမှုတော်ဆောင်တာဝန်များသည် အသင်းသားတို့အတွက် သူတို့၏အလုပ်အကိုင်တာဝန်များ ပြီးပြည့်စုံခြင်းကို မခက်ခဲစေရပါ။
အများအားဖြင့်၊ အသင်းသားတစ်ဦးချင်းစီတိုင်းသည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး၏အမှုတော်ဆောင်သူတစ်ဦးဖြစ်ခြင်းအပြင်၊ တစ်ကြိမ်တွင် အမှုတော်ဆောင်တာဝန် တစ်ခုတည်းသာ အစေခံဖို့ ခေါ်သွင်းခံရပါသည်။
အိမ်ထောင်ရှိအသင်းသားတစ်ဦးသို့ အမှုတော်ဆောင်တာဝန်တစ်ခု ကမ်းလှမ်းသောအခါ၊ ခေါင်းဆောင်များသည် အမှုတော်ဆောင်တာဝန်၌ အိမ်ထောင်ဘက် သတိပြုမိကြောင်းနှင့် ထောက်မကြောင်း သေချာစေပါ။ အမှုတော်ဆောင်တာဝန်တစ်ခုကို လူငယ်အမျိုးသား သို့မဟုတ် လူငယ်အမျိုးသမီးတစ်ဦးအား ကမ်းလှမ်းသောအခါ၊ ခေါင်းဆောင်များသည် သူ သို့မဟုတ်သူမ၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများထံမှ ခွင့်ပြုချက်ရယူရမည်။
အမှုတော်ဆောင်တာဝန်တစ်ခုကို မကမ်းလှမ်းမီ၊ သင်းအုပ်သည် ထိုသူ၏အသင်းသားမှတ်တမ်း၌ မှတ်ချက် သို့မဟုတ် ပုံမှန်အသင်းသား ကန့်သတ်ချက်များ မပါကြောင်း အတည်ပြုရန် ဂရုတစိုက်စစ်ဆေးပါသည်။
၃၀၊ ၁၊ ၂
အသင်းသားအသစ်များအတွက် အမှုတော်ဆောင်တာဝန်များ
အစေခံရန်အခွင့်အရေးများသည် အသင်းသားများအား ဝိညာဉ်ပကတိတိုးတက်ဖို့ ကူညီပါသည်။
အသင်းတော်စုခေါင်းဆောင်များသည် အသင်းသားအသစ်တို့ကို ဗတ္တိဇံနှင့် အတည်ပြုခြင်းပြီးမကြာမီတွင် အစေခံဖို့ အခွင့်အရေးများပေးပါသည်။
၃၀၊ ၁၊ ၃
အသင်းသားမဟုတ်သူများအတွက် အမှုတော်ဆောင်တာဝန်များ
အသင်းသားမဟုတ်သောသူများသည် နေရာအချို့၌ ခေါ်သွင်းခံရနိုင်ပါသည်၊ အော်ဂင်တီး၊ တေးဂီတ ညွှန်ကြားရေးမှူး၊ သို့မဟုတ် လှုပ်ရှားမှုများကိုစီစဉ်ရန် အမှုတော်ဆောင်တာဝန်တစ်ခု စသည်တို့ဖြစ်ပါသည်။ သို့သော်လည်း၊ သူတို့သည် ဆရာများ၊ အဖွဲ့ သို့မဟုတ် အဖွဲ့အစည်း ဥက္ကဋ္ဌအဖွဲ့ဝင်များ၊ သို့မဟုတ် မူလတန်း တေးဂီတခေါင်းဆောင်များအဖြစ် ခေါ်သွင်းမခံရပါ။
၃၀၊ ၁၊ ၄
နှုတ်စောင့်ခြင်း
အမှုတော်ဆောင်တာဝန်များနှင့် ဖြေလွှတ်ခြင်းများသည် သန့်ရှင်းမွန်မြတ်ပါသည်။ ဤအရာကြောင့်၊ ခေါင်းဆောင်များသည် အမှုတော်ဆောင်တာဝန်များ အကြံပြုခြင်းနှင့် ဖြေလွှတ်ခြင်းတို့နှင့် ပတ်သက်သည့် အချက်အလက်ကို နှုတ်စောင့်ခြင်းအဖြစ်ထိန်းသိမ်းကြပါသည်။
၃၀၊ ၁၊ ၅
အမှုတော်ဆောင်တာဝန်များအတွက်ထောက်ခံခြင်းများနှင့် အတည်ပြုခြင်းများ
အမှုတော်ဆောင်တာဝန်များ ဇယားသည် အမှုတော်ဆောင်တာဝန်တစ်ခုချင်းစီကို မည်သူထောက်ခံချက်များ ပြုလုပ်ကြောင်းနှင့် မည်သူအတည်ပြုကြောင်း ဖော်ပြပါသည် (ရှု ၃၀၊ ၈)။
သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌများသည် ထောက်ခံချက် တစ်ခုစီတိုင်းကို ဂရုတစိုက်သုံးသပ်ဆင်ခြင်ကြပါသည်၊ ဆုတောင်းခြင်းထက်သန်စွာနှင့် ပြုထားကြောင်းကိုလည်း အသိအမှတ်ပြုကြပါသည်။ သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် မည်သူအား ခေါ်သွင်းရမည့်အကြောင်းနှင့် ပတ်သက်၍ လမ်းပြလှုံ့ဆော်မှု ရရှိရန် နောက်ဆုံးတာဝန်ရှိပါသည်။
၃၀၊ ၂
အမှုတော်ဆောင်တာဝန်တစ်ခုကို ကမ်းလှမ်းခြင်း
အစေခံဖို့ အမှုတော်ဆောင်တာဝန်တစ်ခု ရရှိခြင်းသည် အသင်းသားတစ်ယောက်အတွက် အဓိပ္ပာယ်ရှိသော ဝိညာဉ်ပကတိအတွေ့အကြုံတစ်ခု ဖြစ်ရပါမည်။
ခေါင်းဆောင်တစ်ဦးသည် အမှုတော်ဆောင်တာဝန်တစ်ခုကို ကမ်းလှမ်းသောအခါ၊ ထိုအရာမှာ ကိုယ်တော်ရှင်ထံမှ လာခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။
ခေါင်းဆောင်သည် အောက်ပါတို့ကိုလည်း ပြုလုပ်နိုင်ပါသည်၊
-
အမှုတော်ဆောင်တာဝန်၏ ရည်ရွယ်ချက်၊ အရေးကြီးမှုနှင့် တာဝန်များကို ရှင်းပြခြင်း။
-
အမှုတော်ဆောင်တာဝန်ကို ပြီးပြည့်စေရာ၌ ကိုယ်တော်ရှင်၏ ဝိညာဉ်တော်ကို ရှာကြဖို့ အသင်းသားများကို တိုက်တွန်းခြင်း။
-
သစ္စာရှိစွာ အစေခံခြင်းအတွက် အသင်းသားကို ကိုယ်တော်ရှင် ကူညီမည့်အကြောင်းနှင့် သူ သို့မဟုတ် သူမကို ကောင်းချီးပေးမည့်အကြောင်းကို သက်သေခံခြင်း။
-
အမှုတော်ဆောင်တာဝန်အတွက် မည်သူက လေ့ကျင့်ရေးပေးမည်၊ ထောက်မမည်အကြောင်း အသင်းသားကို ပြောခြင်း။
-
သူ သို့မဟုတ် သူမ တက်ရမည့်အစည်းအဝေးမှန်သမျှနှင့် ရရှိနိုင်သော ရင်းမြစ်မှန်သမျှကို အသင်းသားအား အသိပေးခြင်း။
၃၀၊ ၃
အမှုတော်ဆောင်တာဝန်များ၌ အသင်းသားများကို ထောက်မခြင်း
အသင်းတော်နေရာအများစုသို့ ခေါ်သွင်းခံရသူတို့သည် အစေခံခြင်းမစမီ ထောက်မခြင်းအတွက် ဖော်ပြရမည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၈း၁၃၊ ၄၂း၁၁)။
ထောက်မခြင်းကို ဆောင်ရွက်သူသည် လက်ရှိနေရာ (ရှိလျှင်) မှ မည်သူကို ဖြေလွှတ်ကြောင်း ဦးစွာကြေညာပါသည်။ သူသည် ထိုလူ၏အစေခံခြင်းအတွက် ကျေးဇူးတင်ခြင်းကို ဖော်ပြဖို့ အသင်းသားများကို ဖိတ်ခေါ်ပါသည်။ (ရှု ၃၀၊ ၆)။
ထောက်မခြင်းအတွက် လူတစ်ဦးကို ဖော်ပြသောအခါ၊ အခွင့်အာဏာရှိ ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်သည် သူ သို့မဟုတ် သူမကို မတ်တပ်ရပ်ရန် ဖိတ်ခေါ်ပါသည်။ ခေါင်းဆောင်သည် အောက်ပါကဲ့သို့သောစကားအသုံးအနှုန်းကို အသုံးပြုနိုင်ပါသည်၊
“[အမည်] ကို [နေရာ] အဖြစ် ခေါ်သွင်းပါသည်။ [သူ သို့မဟုတ် သူမ] ကို ထောက်မလိုသူများ လက်ကို မြှောက်၍ ဖော်ပြပေးပါ။ [ခဏဆိုင်းငံ့ပါ။] ကန့်ကွက်သူများ၊ ရှိလျှင်လည်း၊ ဖော်ပြနိုင်ပါတယ်။ [ခဏဆိုင်းငံ့ပါ။]”
နာမည်ကောင်းရှိသောအသင်းသားတစ်ဦး အမှုတော်ဆောင်တာဝန်ကို ကန့်ကွက်လျှင်၊ ဦးစီးခေါင်းဆောင် သို့မဟုတ် ခန့်အပ်ထားသည့် တခြားယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်သည် အစည်းအဝေးအပြီးတွင် ထိုသူ သို့မဟုတ် သူမနှင့် သီးသန့်တွေ့ပါသည်။
၃၀၊ ၄
အသင်းသားများကို အမှုတော်ဆောင်တာဝန်များ၌ အစေခံရန် ခွဲခန့်ခြင်း
နောက်ထပ်အချက်အလက်အတွက် ၊ ရှု ၁၈၊ ၁၁။
၃၀၊ ၆
အသင်းသားများကို အမှုတော်ဆောင်တာဝန်များမှ ဖြေလွှတ်ခြင်း
ဥက္ကဋ္ဌ သို့မဟုတ် သင်းအုပ်တစ်ဦး ဖြေလွှတ်ခံရသောအခါ၊ သူ သို့မဟုတ် သူမ၏ အတိုင်ပင်ခံများသည် အလိုအလျောက် ဖြေလွှတ်ခံရပါသည်။
ဖြေလွှတ်ခြင်းတစ်ခုကို ကမ်းလှမ်းခြင်းသည်ကျေးဇူးတရားကို ဖော်ပြရန်နှင့် အသင်းသား၏ အစေခံခြင်း၌ ဘုရားသခင်၏ လက်တော်ကို အသိအမှတ်ပြုရန် ခေါင်းဆောင်တစ်ဦးအတွက် အရေးကြီးသော အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ခေါင်းဆောင်သည် သူ သို့မဟုတ် သူမအား ဖြေလွှတ်ခြင်းကို အများသိမကြေညာမီ၊ အသိပေးရန် အသင်းသားအား ကိုယ်တိုင်တွေ့ပါသည်။ ဖြေလွှတ်ခြင်းအကြောင်း သိဖို့လိုသောသူများကိုသာ မကြေညာမီအသိပေးပါသည်။
အခွင့်အာဏာရှိသော ခေါင်းဆောင်တစ်ဦးသည် ထိုသူထောက်မခံရသည့် အလားတူအဆင်အပြင်တွင် ဖြေလွှတ်ခြင်းကို ကြေညာပါသည်။ ခေါင်းဆောင်သည် အောက်ပါကဲ့သို့သော စကားလုံးများကို အသုံးပြုနိုင်ပါသည်၊
“ [အမည်] ကို [နေရာ ]အဖြစ်မှ ဖြေလွှတ်ပါသည်။ [သူ သို့မဟုတ် သူမ၏] အစေခံခြင်းအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြလိုသောသူများ လက်မြှောက်၍ ပြနိုင်ပါသည်။”
ခေါင်းဆောင်သည် ကန့်ကွက်သူတစ်စုံတစ်ဦးရှိမရှိကို မမေးပါ။
၃၀၊ ၈
အမှုတော်ဆောင်တာဝန်များဇယား
၃၀၊ ၈၊ ၁
အသင်းတော်စု အမှုတော်ဆောင်တာဝန်များ
အမှုတော်ဆောင်တာဝန် |
ကထောက်ခံထားပါသည် |
ကခွင့်ပြုထားပါသည် |
ကထောက်မထားပါသည် |
က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် |
---|---|---|---|---|
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့၊ အယ်လ်စီအာကို အသုံးပြု၍ | ကခွင့်ပြုထားပါသည် ပထမဥက္ကဋ္ဌအဖွဲ့နှင့် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် ပထမဥက္ကဋ္ဌအဖွဲ့ထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ပန္နက် ဥက္ကဋ္ဌ |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ် | ကခွင့်ပြုထားပါသည် ပထမဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသည့်အတိုင်ပင်ခံ |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကခွင့်ပြုထားပါသည် ပထမဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသည့် အတိုင်ပင်ခံတစ်ဦး သို့မဟုတ် အတိုင်ပင်ခံမင်း |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကခွင့်ပြုထားပါသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦး သို့မဟုတ် အတိုင်ပင်ခံမင်း |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့ (သင်းအုပ်နှင့် တိုင်ပင်ခြင်းဖြင့်) | ကခွင့်ပြုထားပါသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် ပန္နက်ဥက္ကဋ္ဌ |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် အဖွဲ့ ဥက္ကဋ္ဌ (သင်းအုပ်နှင့် တိုင်ပင်ခြင်းဖြင့်) | ကခွင့်ပြုထားပါသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦး သို့မဟုတ် အတိုင်ပင်ခံမင်း |
အမှုတော်ဆောင်တာဝန် အသင်းလူကြီးများအဖွဲ့ အခြား အမှုတော်ဆောင်တာဝန်များ | ကထောက်ခံထားပါသည် အဖွဲ့ဥက္ကဋ္ဌအဖွဲ့ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အဖွဲ့ အဖွဲ့ဝင်များ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသည့်အတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် အသင်းတော်စုအဖွဲ့အစည်းဥက္ကဋ္ဌများ | ကထောက်ခံထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် |
အမှုတော်ဆောင်တာဝန် အသင်းတော်စုအဖွဲ့အစည်းဥက္ကဋ္ဌအဖွဲ့များရှိအတိုင်ပင်ခံများ | ကထောက်ခံထားပါသည် အဖွဲ့အစည်းဥက္ကဋ္ဌ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသည့် အတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် အသင်းတော်စုလူမှုသက်သာရေးအဖွဲ့ အခြားအမှုတော်ဆောင်တာဝန်များ | ကထောက်ခံထားပါသည် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် လူမှုသက်သာရေးအဖွဲ့ အဖွဲ့သားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသော အတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် အသင်းတော်စု အခြားလူငယ်အမျိုးသမီးအဖွဲ့၊ မူလတန်း၊ တနင်္ဂနွေကျောင်း အမှုတော်ဆောင်တာဝန်များ | ကထောက်ခံထားပါသည် အဖွဲ့ အစည်း ဥက္ကဋ္ဌအဖွဲ့ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ်ခန့်အပ်ထားသော အတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့( အသင်းလူကြီးများအဖွဲ့၊ လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တိုင်ပင်၍) | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသော အတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ သို့မဟုတ် အသင်းလူကြီးများအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌများ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသော အတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ (အသင်းလူကြီးများအဖွဲ့၊ လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တိုင်ပင်ဆွေးနွေးလျက်) | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသော အတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ် (ယဇ်ပုရောဟိတ်များ ဥက္ကဋ္ဌအဖြစ်) | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အဖွဲ့ အဖွဲ့ဝင်များ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အဖွဲ့ အဖွဲ့ဝင်များ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသည့်အတိုင်ပင်ခံ တစ်ဦးအားဖြင့် ခေါ်သွင်းခံရပါသည်၊ သင်းအုပ်အားဖြင့် ခွဲခန့်ခံရပါသည် |
အမှုတော်ဆောင်တာဝန် ဆရာများနှင့် သင်းထောက်များအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များ၊ အဖွဲ့အတွင်းရေးမှူးများရှိ အတိုင်ပင်ခံများ | ကထောက်ခံထားပါသည် အဖွဲ့ဥက္ကဋ္ဌ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အဖွဲ့ အဖွဲ့ဝင်များ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ (လူငယ်အမျိုးသမီးများအဖွဲ့ဥက္ကဋ္ဌအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးလျက်) | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အတန်းသားအဖွဲ့ဝင်များ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် လူငယ်အမျိုးသမီးများအတန်းဥက္ကဋ္ဌအဖွဲ့များနှင့် အတန်းအတွင်းရေးမှူးများရှိ အတိုင်ပင်ခံများ | ကထောက်ခံထားပါသည် အတန်းဥက္ကဋ္ဌ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အတန်းသားအဖွဲ့ဝင်များ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦး |
အမှုတော်ဆောင်တာဝန် အသင်းတော်စု အခြားအမှုတော်ဆောင်တာဝန်များ | ကထောက်ခံထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကခွင့်ပြုထားပါသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ | ကထောက်မထားပါသည် အသင်းတော်စုအဖွဲ့ဝင်များ | က ခေါ်သွင်း၍ ခွဲ့ခန့်ထားပါသည် သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦး |
၃၀၊ ၈၊ ၂
အသင်းတော်ခွဲ အမှုတော်ဆောင်တာဝန်များ
အမှုတော်ဆောင်တာဝန် |
ကထောက်ခံထားသည် |
က အတည်ပြုထားသည် |
ကထောက်မထားသည် |
က ခေါ်သွင်း၍ခွဲခန့်ထားသည် | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားသည် ပန္နက်၊ သာသနာ၊ သို့မဟုတ် ခရိုင်ဥက္ကဋ္ဌအဖွဲ့ | က အတည်ပြုထားသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း သို့မဟုတ် သာသနာဥက္ကဋ္ဌအဖွဲ့ | ကထောက်မထားသည် အသင်းတော်စုအသင်းသားများ | က ခေါ်သွင်း၍ခွဲခန့်ထားသည် ပန္နက် သို့မဟုတ် သာသနာဥက္ကဋ္ဌ (သို့မဟုတ် ခန့်အပ်ထားလျှင် ခရိုင်ဥက္ကဋ္ဌ) | ||||||||||||
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားသည် အသင်းတော်ခွဲ ဥက္ကဋ္ဌ | က အတည်ပြုထားသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း သို့မဟုတ် သာသနာဥက္ကဋ္ဌအဖွဲ့ (သို့မဟုတ်၊ သာသနာဥက္ကဋ္ဌ၊ ခရိုင်ဥက္ကဋ္ဌက အခွင့်အာဏာပေးသောအခါ) | ကထောက်မထားသည် အသင်းတော်ခွဲအသင်းသားများ | က ခေါ်သွင်း၍ခွဲခန့်ထားသည် ပန္နက်၊ သာသနာ၊ သို့မဟုတ် ခရိုင်ဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦး | ||||||||||||
အမှုတော်ဆောင်တာဝန် အသင်းတော်ခွဲ စာရေး၊ အကူစာရေးများနှင့် အမှုဆောင်အတွင်းရေးမှူး | ကထောက်ခံထားသည် အသင်းတော်ခွဲဥက္ကဋ္ဌအဖွဲ့ | က အတည်ပြုထားသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း သို့မဟုတ် သာသနာဥက္ကဋ္ဌအဖွဲ့ (သို့မဟုတ်၊သာသနာဥက္ကဋ္ဌ၊ ခရိုင်ဥက္ကဋ္ဌက အခွင့်အာဏာပေးသောအခါ) | ကထောက်မထားသည် အသင်းတော်ခွဲအသင်းသားများ | က ခေါ်သွင်း၍ခွဲခန့်ထားသည် ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦး သို့မဟုတ် အတိုင်ပင်ခံမင်း (ပန္နက်များရှိ အသင်းတော်ခွဲများအတွက်)၊ ခရိုင်ဥက္ကဋ္ဌ သို့မဟုတ် သူခန့်အပ်သည့် ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင် (သာသနာများရှိ အသင်းတော်ခွဲများအတွက်) | ||||||||||||
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားသည် ပန္နက်၊ ခရိုင်၊ သို့မဟုတ် သာသနာဥက္ကဋ္ဌအဖွဲ့ (အသင်းတော်ခွဲ ဥက္ကဋ္ဌနှင့် တိုင်ပင်လျက်) | က အတည်ပြုထားသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း သို့မဟုတ် သာသနာဥက္ကဋ္ဌအဖွဲ့(သို့မဟုတ်၊သာသနာဥက္ကဋ္ဌ၊ ခရိုင်ဥက္ကဋ္ဌအဖွဲ့က အခွင့်အာဏာပေးသောအခါ) | ကထောက်မထားသည် အသင်းတော်ခွဲအသင်းသားများ | က ခေါ်သွင်း၍ခွဲခန့်ထားသည် ပန္နက် သို့မဟုတ် သာသနာဥက္ကဋ္ဌ (သို့မဟုတ် ခန့်အပ်ထားလျှင် ခရိုင်ဥက္ကဋ္ဌ) | ||||||||||||
အမှုတော်ဆောင်တာဝန် | ကထောက်ခံထားသည် အဖွဲ့ဥက္ကဋ္ဌ (အသင်းတော်ခွဲ ဥက္ကဋ္ဌနှင့် တိုင်ပင်လျက်) | က အတည်ပြုထားသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် အတိုင်ပင်ခံမင်း သို့မဟုတ် သာသနာဥက္ကဋ္ဌအဖွဲ့(သို့မဟုတ်၊သာသနာဥက္ကဋ္ဌ၊ ခရိုင်ဥက္ကဋ္ဌအဖွဲ့က အခွင့်အာဏာပေးသောအခါ) | ကထောက်မထားသည် အသင်းတော်ခွဲအသင်းသားများ | က ခေါ်သွင်း၍ခွဲခန့်ထားသည် ပန္နက် သို့မဟုတ် သာသနာဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသည့် တိုင်ပင်ဖက်တစ်ဦး (သို့မဟုတ် ခရိုင်ဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားလျှင် တခြားယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်) | ||||||||||||
အမှုတော်ဆောင်တာဝန် အသင်းတော်ခွဲ အခြားအမှုတော်ဆောင်တာဝန်များ | ကထောက်ခံထားသည် ရှု ၃၀၊ ၈၊ ၁၊ အစားထိုးခြင်း အသင်းတော်ခွဲဥက္ကဋ္ဌ သင်းအုပ်အတွက် နှင့် အသင်းတော်ခွဲ အသင်းတော်စု အတွက်။ | က အတည်ပြုထားသည် ရှု ၃၀၊ ၈၊ ၁၊ အစားထိုးခြင်း အသင်းတော်ခွဲဥက္ကဋ္ဌ သင်းအုပ်အတွက် နှင့် အသင်းတော်ခွဲ အသင်းတော်စု အတွက်။ | ကထောက်မထားသည် ရှု ၃၀၊ ၈၊ ၁၊ အစားထိုးခြင်း အသင်းတော်ခွဲဥက္ကဋ္ဌ သင်းအုပ်အတွက် နှင့် အသင်းတော်ခွဲ အသင်းတော်စု အတွက်။ | က ခေါ်သွင်း၍ခွဲခန့်ထားသည် ရှု ၃၀၊ ၈၊ ၁၊ အစားထိုးခြင်း အသင်းတော်ခွဲဥက္ကဋ္ဌ သင်းအုပ်အတွက် နှင့် အသင်းတော်ခွဲ အသင်းတော်စု အတွက်။ |